menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

Web Developer ဖြစ်ဖို့အတွက်


ကျွန်တော်မကြာခဏအမေးခံရသောမေးခွန်းတစ်ခုရှိသည်။ ထိုမေးခွန်းမှာ
“ကျွန်တော် Web Developer ဖြစ်ချင်တယ်။ ဘယ်ကစလေ့လာရမလဲ”
ဆိုသောမေးခွန်းဖြစ်သည်။
မေးမြန်းသူအများစု၏ ပြဿနာမှာ HTML,CSS, JavaScript, PHP, Java,.NET,SQL စသည့် Markup Language,Programming Language များ၏ အမည်များကြားတွင်ပိတ်မိနေပြီး ဘယ်ဟာကဘယ်လို စလေ့လာရမှန်းမသိဖြစ်နေကြခြင်းဖြစ်သည်။
နားလည်ပြီးသူများအဖို့ ဘာမှမခက်ခဲသော်လည်း ယခုမှ စတင် လေ့လာမည့်လူတစ်ယောက်အတွက်တော့ ထိုမြောက်များလှစွာသော နည်းပညာအမည်များသည် စိတ်ရှုပ် စရာဖြစ်သည်။
ကျွန်တော်သည် ဤဆောင်းပါးထဲတွင် “Web Developer” တစ်ယောက်ဖြစ်လာဖို့ ဘယ်နည်းပညာတွေကို လေ့လာဖို့လိုသလဲ၊ ဘယ်နည်းပညာတွေက ဘယ်နေရာများတွင်အသုံးဝင်သလဲ၊ မည်သည့်သင်ကြားမှုလမ်းစဉ်က Web Developer တစ်ယောက်ဖြစ်လာဖို့ အလွယ်ကူဆုံးနည်းလမ်းဖြစ်မလဲ စသည်တို့ကို ကျွန်တော်တက်နိုင်သမျှ အားထုတ်ရှင်းလင်းသွားပါမည်။
Web Application တွေကိုဘယ်လိုတည်ဆောက်ထားသလဲ ?

အသုံးပြုသည့်နည်းပညာများအကြောင်းမပြောခင် Web Application တွေဘယ်လိုတည်ဆောက်ထားသလဲ ဆိုသည့် အကြောင်းကိုအရင်နည်းနည်းပြောဖို့လိုမည်ဟုထင်ပါသည်။
Web Application တိုင်းတွင် များသော အားဖြင့် Server-side နှင့် Client-side ဆို၍ အပိုင်းနှစ်ပိုင်းပါတတ်သည်။
သို့ဆိုလျှင် "အဲ့ဒါကြီးတွေက ဘာကြီးတွေတုန်း" ဟုမေးစရာရှိပါသည်။
အလွယ်ကူဆုံးဥပမာတစ်ခုပေးရလျှင် Web Application တစ်ခုသည်ကျွန်တော် တို့ အသုံးပြုနေသော ကွန်ပျူတာတစ်လုံးနှင့်တူသည်။
ကွန်ပျူတာတစ်လုံးတွင် System Unit သည် အရေးကြီး သောတွက်ချက်မှုများ၊ Input/Output Operation များ ပြုလုပ်ပေးသကဲ့သို့ပင် Web Application တစ်ခုတွင် server-side သည် အရေးကြီးသည့်လုပ်ဆောင်မှုများအားလုံးကိုဆောင်ရွက်သည်။
Client-side သည် ကျွန်တော် တို့ ကွန်ပျူတာများတွင်တပ်ထားသော Keyboard, Mouse, Monitor စသည့်ကြားခံပစ္စည်း များနှင့်တူသည်။ ထိုပစ္စည်းများသည် အရေးကြီးတွက်ချက်မှုများကိုမပြုလုပ်နိုင်သော်လည်း ကွန်ပျူတာတစ်လုံး ကို ကောင်းစွာအသုံးပြုနိုင်ရန် ထိုပစ္စည်းများက အထောက်အပံ့ပေးထားသကဲ့သို့ client-side သည် အသုံးပြုသူ နှင့် Server-side ကြားတွင် လွယ်လင့်တကူဆက်သွယ်အသုံးပြုနိုင်ရန်အထောက်အပံ့ပေးထားသည်။
သို့ဆိုလျှင် ..
Web Application တစ်ခုရဲ့ Client-side ကဘာလဲ ?
Website တစ်ခုကိုကျွန်တော်တို့ဖွင့်လိုက်ချိန်တွင် Browser ထဲတွင်မြင်နေရသော Web Page တစ်ခုလုံးသည် Client-side ဖြစ်သည်။
ကျွန်တော်တို့သည် Website တစ်ခုကိုဖွင့်လိုက်ချိန်တွင် Menu များ, Link များ နှင့် Username, Password ထည့်၍ Login ဝင်နိုင်သည့် ခလုတ်စသည်တို့ကိုတွေ့နိုင်သည်။
သို့သော် အသုံးပြုသူထည့်သွင်းပေးလိုက်သည့် Username, Password မှန်၊မမှန်ကို ထို Textbox နှင့် ခလုတ်က စစ်ဆေးမပေးနိုင်ပါ။
အလွန်ဆုံး ခလုတ်နှိပ်လိုက်ချိန်တွင် Username နှင့် Password ထည့်သွင်းရမည့် box နှစ်ခု အလွတ်ကြီး ဖြစ်မနေရေးလောက်သာ စစ်ဆေးပေးနိုင်သည်။
အကယ်၍အလွတ်ကြီးဖြစ်မနေလျှင် server ထံသို့ပို့၍ မှန်၊မမှန်စစ်ဆေးပြီး server မှပြန်လည်ပေးပို့လာသော အချက်အလက်ကို အသုံးပြုသူထံ ပြန်လည် ဖော်ပြပေးရုံလောက် သာ တတ်နိုင်သည်။
အောက်ပါ Code ကို .html file အဖြစ် သိမ်းပြီး browser ဖြင့်ဖွင့်ကြည့်လျှင် အရိုးရှင်း ဆုံး Client ကိုတွေ့ရနိုင်သည်။ ထို Page တွင် username နှင့် password ရိုက်ထည့်နိုင်သော box နှစ်ခု နှင့် ခလုတ်တစ်ခုပါရှိသော်လည်း မည်သည့်အလုပ်မျှလုပ်လိမ့်မည်မဟုတ်ပေ။ သို့သော် အသုံးပြုသူများ၏ username နှင့် password ကိုအလွယ်တကူ ထည့်သွင်းနိုင်ရန် နေရာတစ်ခု ဖန်တီးပေးထားသည်။
ဖြည့်စွက်
Sublime Text Editor ကို Download ရယူကာ အောက်ပါ Code ကို စမ်းကြည့်နိုင်သည်။
Sublime Text Editor Download :
http://www.sublimetext.com/3
<!DOCTYPE html>
<html>
<head lang="en">
<meta charset="UTF-8">
<title></title>
</head>
<body>
<label>Username: <input type="text"></label>
<label>Password: <input type="password"></label>
<input type="button" value="Login">
</body>
</html>
ထိုကဲ့သို့သော Client များကိုဖန်တီးသူများအား Web Designer, Frontend developer, Client side developer စသည်ဖြင့် အမျိုးမျိုးခေါ်ဝေါ်ကြပြီး HTML, CSS နှင့် Javascript စသည်တို့ကို မဖြစ်မနေသိထား ရန်လိုအပ်သည်။
အကယ်၍သင်သည် Web design လှလှလေးများကိုလုပ်လိုသူဖြစ်ပြီး အလှအပ အမြင်ဓာတ် ခံရှိသူဆိုလျှင် ဤလမ်းကြောင်းသည် သင့်အတွက်လမ်းကြောင်းမှန်ဖြစ်နိုင်ပါသည်။
သို့သော်သင့်အနေဖြင့် အရေးတကြီးမှတ်ထားစရာရှိသည့်အချက်မှာ Frontend Developer တိုင်းသည် Web Design လှလှလေးများ သာဆွဲတက်သူများမဟုတ်ဆိုသည့်အချက်ဖြစ်သည်။
Client-side တွင် Javascript ကိုအကြီးအကျယ်သုံးသော Application များသည် သာမန် server-side application တစ်ခုထက် ပိုမိုရှုပ်ထွေးနိုင်သည်။(သို့သော် ထိုအကြောင်းအရာသည် ဤဆောင်းပါးတွင်ထည့်သွင်းဆွေးနွေးရန်အတွက်ကျယ်ပြန့်လွန်းသောကြောင့် Frontend Developer တိုင်းသည် Web design လှလှလေးများဆွဲတက်သူများသာမဟုတ်ဟု မှတ်ယူထားစေ လိုပါသည်။)
Server-side
ကျွန်တော်တို့သည် Client-side ကိုအထိုက်အလျောက်လေ့လာပြီးဖြစ်သဖြင့် Server-side ကိုနားလည်ရန် သိပ်မခဲယဉ်းတော့ဟုယူဆပါသည်။
Client-side သည် အသုံးပြုသူများထံမှာ အချက်အလက်များ ရယူပေးရန်၊ အချက်အလက်များပြန်လည်ဖော်ပြပေးရန်သာလုပ်ဆောင်နိုင်သဖြင့် ကျွန်တော်တို့သည် ပီပီပြင်ပြင် Web Application တစ်ခုဖြစ်လာရန်အတွက် အသုံးပြုသူများပေးပို့လိုက်သော အချက်အလက်များကို စစ်ဆေးရန်၊ သိမ်းဆည်းရန် စသည်တို့ကိုလုပ်ဆောင်နိုင်ရန်အတွက် Server-side application တစ်ခုလိုအပ်ပါသည်။
ထို Server-side application များကို များသောအားဖြင့် C#.Net, PHP, Java, Python, Node.js စသည့် Server-side programming language တစ်ခုခုနှင့် MySQL, Oracle, Microsoft SQL,Mongo စသည့် Database Server တစ်ခုခု တို့ကို တွဲဖက်၍ ရေးသားလေ့ရှိကြသည်။
အကယ်၍သင်သည် Web Design လှလှများကိုဖန်တီးရန် ထက် ပဟေဠိပုစ္ဆာများကို ဖြေရှင်းရန် ပိုအားသန်သူဆိုလျှင်တော့ ဤလမ်းကြောင်းသည် သင့်အတွက်လမ်း ကြောင်းမှန်ဖြစ်ပါလိမ့်မည်။
သို့သော် သင်သည် Server-side developer တစ်ယောက်အဖြစ်ရွေးချယ်လိုက် သဖြင့် HTML, CSS, Javascript စသည်တို့ကို လုံးဝသိရန်မလိုတော့ဟုမဆိုလိုပါ။
Server-side developer တစ်ယောက်သည် web design လှလှများဖန်တီးတက်ရန်မလိုသော်လည်း HTML, CSS, Javascript ကို အခြေခံလောက်တော့သိထားဖို့လိုအပ်ပါသည်။ အဘယ်ကြောင့်ဆိုသော် သင်ရေးနေသော Server-side application သည် ထိုအရာများနှင့် ချိတ်ဆက်အလုပ်လုပ်ရမည်ဖြစ်သောကြောင့်ဖြစ်သည်။
ဘယ်ကစရင်ကောင်းမလဲ ?
ကျွန်တော်သည်အထက်ပါအတိုင်း လူတော်တော်များများကို ရှင်းပြခဲ့ဖူးပါသည်။ ရှင်းပြပြီးတိုင်းကျွန်တော်ထပ်ရ လေ့ရှိသည့်မေးခွန်းမှာ “အဲ့တော့ ဘယ်က စလေ့လာရင်အလွယ်ဆုံးဖြစ်မလဲ” ဆိုသည့်မေးခွန်းဖြစ်သည်။
ကျွန်တော့် အမြင်သီးသန့်ကိုဆိုရလျှင် HTML, CSS, Javascript ကစ၍လေ့လာသင့်ပါသည်။ HTML နှင့် CSS ကို တော်တော်လေးပိုင်ပိုင်နိုင်နိုင်ရှိလာပြီဆိုလျှင် Javascript ကို ထဲထဲဝင်ဝင်လေ့လာသင့်ပါသည်။
ယခင်က Server-side Application များကို Javascript မဟုတ်သည့် အခြား Programming Language များအသုံးပြု၍ ရေးသားရသော်လည်း ယခုအချိန်တွင် Node.js ကို အသုံးပြု၍ Server-side Application များကို Javascript သုံး၍ပင် ရေးနိုင်နေပြီဖြစ်သည်။
ထို့ကြောင့် သင်သည် Javascript ကို ပိုင်ပိုင်နိုင်နိုင်သိ၍ ကျွမ်းကျင်လျှင် အခြား Server-side Programming Language များဖြစ်သည့် C#.Net, PHP, Java, Python စသည်တို့ကို လေ့လာနေရန် မလို တော့ဘဲ HTML, CSS, Javascript သုံးခုတည်းဖြင့်သာ Client-side ရော Server-side ပါ ရေးနိုင်မည်ဖြစ်သည်။
ထို့အပြင် ထိုနည်းပညာသုံးခုအတွဲသည် ယခုနောက်ပိုင်းတွင် အလွန်ခေတ်စား၍ အသုံးပြုရလွယ်ကူသော နည်းပညာများဖြစ်သည်။
HTML, CSS နှင့် Javascript ကို ပိုင်ပိုင်နိုင်နိုင်အသုံးချနိုင်လျှင် Web Application များ သာမက Windows 8 app များနှင့် Android, iPhone တို့အတွက် Mobile Application များကိုပါ ရေးသား နိုင်မည်ဖြစ်သည်။
အားလုံး မိမိနှင့် သင့်တင့်သောလမ်းကြောင်းကို ရှာတွေ့ပါစေဟု ဆုမွန်ကောင်းတောင်းလိုက်ပါသည်။
Credit to ကိုသန့်စင်

No comments:

Post a Comment

မင်္ဂလာပါ..