menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

Waste toner & iR






Waste toner & iR

ပီးခဲ့တဲဆောင်းပါးတွေမှာလည်း အသေးစိတ်ရေးထားခဲ့ပီးပါပြီ သင်္ကြန် ကာလအပြီး ဒီနေ့မနက်ရောက်လာတဲ့စက် ၂လုံး ဖြစ်ပုံအတူတူပါ တစ်လုံးက ကုမ္ပဏီ ၊နောက်တစ်လုံးက ဌာနဆိုင်ရာကပါ

ဝန်ထမ်းများစွာနဲ့ များပြားလှတဲ့အလုပ်တွေကိုမနားတမ်းကူးပါတယ် စက်ကလည်းသူ့တာဝန်ကျေပွန်စွာ ဆေးအဟောင်းပြည့်လို့ သွန်ဘို့စာတေပေါ်ပါတယ် အေးဆေးပါကူးလို့ရတယ် စာရွကထွက်တယ် ဘာမှမဖြစ်ဘူး



IR 1600, 2016,2020,2018,2022,2030,2202,2318,2420 ဆေးအဟောင်းကန်က drum unitထဲဝင်ပါတယ် စက်အကြီးတွေလို အဟောင်းကန်ကအပြင်မှာမထားတာ သတိပြုရပါမယ် နောက်ဆုံးထွက်စရာမရှိတဲ့ဆေးအဟောင်း အပြင်ထွက်ကျပါတယ်







2525, 2535,3570,4570,3035,3045,3235,3245 အုပ်စုတွေက အဟောင်းကန်အပြင်မှာထားလို့ တော်ရုံနဲ့မပြည့်ပါ သူကမှအေးဆေးပါ

ဒီနေ့ 2020ကတော့

Drum unit လဲ လက်နဲ့လှည့်မရလောက်အောင်တင်းကြပ်နေပါတယ် စက်မောင်းလိုက်ရင် ကျိုက်ထီးရိုး ကသေနတ်လို တဒက်ဒက်အော် ဆေးတွေပေကျံ စက္ကူ ညပ်မှ အကူးရပ်ပါတော့တယ် ကျွန်တော်ပြောတဲ့ maintain ဆိုတာအဲဒါပါ

ဆေးတွေ စက္ကူ မှုန်တွေဆို့နေတာကြောင့် drum ခမျာ ငါးခူဒါးနဲ့မွှန်းခံရသလိုအစင်းတွေနဲ့ နာကုန်ပါတယ် ဆေးဟောင်းတွေက တံခါးထဲက transfer roller, Regrastration roller, paper feed roller စက္ကူ တက်မဲ့လမ်းကြောင်းတွေဆီ ဆင်းကုန်တာကြောင့် စက္ကူ ညပ်ပါတယ် ထွက်လာတော့လည်း ဆေးတွေပေကြံ ပုံထွက်ပါကြောင်ကုန်ပါတယ်

အမျိုးတွေအနေနဲ့ အလုပ်ကောင်းတုံး ကူးလဲကူးပါ Panel ပေါ်မှာပေါ်လာတဲ့သတိပေးစာလေးတွေလည်းဖတ်ပါ၊ ရိုက်ချက်များလာရင် Drum unit လေးဆွဲထုတ် ဆေးဟောင်းသွန် ပိတ်ဆို့နေတဲ့ စက္ကူ မှုန်လေးတွေရှင်းကြမယ်ဆိုရင် စက္ကူ မညပ်၊ ပစ္စည်း မလဲရ ၊ ငွေမကုန် ၊ အလုပ်မပျက်ချီတက်လို့ ရပါကြောင်း ဒီနေ့အတွေ့အကြုံကို ဝေမျှလိုက်ပါတယ်

ရဲမြင့်ဇော်

ပြည်







Waste toner & iR
ပီးခဲ့တဲေဆာင္းပါးေတြမွာလည္း အေသးစိတ္ေရးထားခဲ့ပီးပါၿပီ သၾကၤန္​ ကာလအၿပီး ဒီေန႔မနက္ေရာက္လာတဲ့စက္ ၂လုံး ျဖစ္ပုံအတူတူပါ တစ္လုံးက ကုမၸဏီ ၊ေနာက္တစ္လုံးက ဌာနဆိုင္ရာကပါ
ဝန္ထမ္းမ်ားစြာနဲ႔ မ်ားျပားလွတဲ့အလုပ္ေတြကိုမနားတမ္းကူးပါတယ္ စက္ကလည္းသူ႔တာဝန္ေက်ပြန္စြာ ေဆးအေဟာင္းျပည့္လို႔ သြန္ဘို႔စာေတေပၚပါတယ္ ေအးေဆးပါကူးလို႔ရတယ္ စာရြကထြက္တယ္ ဘာမွမျဖစ္ဘူး

IR 1600, 2016,2020,2018,2022,2030,2202,2318,2420 ေဆးအေဟာင္းကန္က drum unitထဲဝင္ပါတယ္ စက္အႀကီးေတြလို အေဟာင္းကန္ကအျပင္မွာမထားတာ သတိျပဳရပါမယ္ ေနာက္ဆုံးထြက္စရာမ႐ွိတဲ့ေဆးအေဟာင္း အျပင္ထြက္က်ပါတယ္

 
2525, 2535,3570,4570,3035,3045,3235,3245 အုပ္စုေတြက အေဟာင္းကန္အျပင္မွာထားလို႔ ေတာ္႐ုံနဲ႔မျပည့္ပါ သူကမွေအးေဆးပါ
ဒီေန႔ 2020ကေတာ့
Drum unit လဲ လက္နဲ႔လွည့္မရေလာက္ေအာင္တင္းၾကပ္ေနပါတယ္ စက္ေမာင္းလိုက္ရင္ က်ိဳက္​ထီးရိုး ကေသနတ္လို တဒက္ဒက္ေအာ္ ေဆးေတြေပက်ံ စကၠဴ ညပ္မွ အကူးရပ္ပါေတာ့တယ္ ကြၽန္ေတာ္ေျပာတဲ့ maintain ဆိုတာအဲဒါပါ
ေဆးေတြ စကၠဴ မႈန္ေတြဆို႔ေနတာေၾကာင့္ drum ခမ်ာ ငါးခူဒါးနဲ႔မႊန္းခံရသလိုအစင္းေတြနဲ႔ နာကုန္ပါတယ္ ေဆးေဟာင္းေတြက တံခါးထဲက transfer roller, Regrastration roller, paper feed roller စကၠဴ တက္မဲ့လမ္းေၾကာင္းေတြဆီ ဆင္းကုန္တာေၾကာင့္ စကၠဴ ညပ္ပါတယ္ ထြက္လာေတာ့လည္း ေဆးေတြေပၾကံ ပုံထြက္ပါေၾကာင္ကုန္ပါတယ္
အမ်ိဳးေတြအေနနဲ႔ အလုပ္ေကာင္းတုံး ကူးလဲကူးပါ Panel ေပၚမွာေပၚလာတဲ့သတိေပးစာေလးေတြလည္းဖတ္ပါ၊ ႐ိုက္ခ်က္မ်ားလာရင္ Drum unit ေလးဆြဲထုတ္ ေဆးေဟာင္းသြန္ ပိတ္ဆို႔ေနတဲ့ စကၠဴ မႈန္ေလးေတြ႐ွင္းၾကမယ္ဆိုရင္ စကၠဴ မညပ္၊ ပစၥည္​း မလဲရ ၊ ေငြမကုန္ ၊ အလုပ္မပ်က္ခ်ီတက္လို႔ ရပါေၾကာင္း ဒီေန႔အေတြ႔အၾကံဳကို ေဝမ်ွလိုက္ပါတယ္
ရဲျမင့္ေဇာ္
ျပည္


No comments:

Post a Comment

မင်္ဂလာပါ..