ဆော့ဝဲလ်တွေကို Cmd ဖြင့် ထည့်နည်း၊ ပြန်ဖြုတ်နည်း
++++++++++++++
ကွန်ပျူတာဆော့ဝဲလ်တွေကို ပုံမှန်လုပ်နေကျ User Interface ကနေ
Install & Uninstall လုပ်တာတွေကို ငြီးငွေ့နေပြီး ဆရာကျကျ အဆင့်
မြင့်မြင့် ပြုလုပ်တတ်ချင်တဲ့ Advanced - Super Users တွေအတွက်
Command Prompt(cmd) ဖြင့် ဆော့ဝဲလ် Install & Uninstallation
လုပ်ခြင်းကို လေ့လာရမှာဖြစ်ပါတယ်။ Application Software တွေကို
Double Click နှိပ်ပြီး Install လုပ်ကြပါတယ်။ Windows OS တွေမှာ
(.exe) အပြင် (msi-microsoft installer) Setup File လည်းရှိပါတယ်။
Cmd ကနေ Software တွေကို Install လုပ်တဲ့အခါ (.exe) ကို Install
လုပ်ချင်ရင်တော့ အရင်ဦးဆုံး အဲ့ဒီ (.exe) ကို Converter တစ်ခုနဲ့
(msi) format အဖြစ် ပြောင်းပေးရပါမယ်။ Exetomsiconverter ဆိုတဲ့
ဆော့ဝဲလ်နဲ့ပြောင်းနိုင်ပါတယ်။ Download - http://www.exemsi.com/
Application Software တွေကို (CLI- Command Line Interface)
ကနေ Install လုပ်တဲ့ Command ကတော့ C:\Windows\System32
အောက်မှာရှိသော msiexec ဆိုတဲ့ Program လေးဖြစ်ပါတယ်။
အဲ့ဒီ
Program လေးကို Cmd မှာ အသုံးပြုပြီး (msi) Setup File တွေကို
Install လုပ်ပုံကို လေ့လာရမှာဖြစ်ပါတယ်။ Cmd ကို Admin နဲ့ဖွင့်
လိုက်ပြီး C:\Users\User Name> ဒီလိုဖြစ်နေတယ်ဆိုရင် ခုနက
Program msiexec ရှိတဲ့ Path လမ်းကြောင်းအောက်ကို အရင်ဝင်
ရပါမယ်။ အဲ့ဒါကြောင့် cd C:\Windows\System32 ကိုရိုက်ထည့်ပါ။
ကျွန်တော့်စက်ရဲ့D:\Software အောက်မှာရှိတဲ့ ShweyoeDictionaryကို
Install လုပ်ပြပါမယ်။ C:\Windows\System32> မှာ အောက်ပါ
command အတိုင်း ရိုက်ထည့်ပြီး Enter နှိပ်လိုက်ပါတယ်။
msiexec.exe /i "D:\Software\Shweyoe Dictionary Version 3.0.msi" /qn
အထက်ပါ Command မှာ /i ဆိုတာက Install လုပ်မယ်ဆိုတာကိုပြောတာပါ။
D:\Software\Shweyoe Dictionary Version 3.0.msi ကတော့ Dictionary
ရှိနေရာပါ။ သူ့ကို (" ") လေးထည့်ပေးရပါမယ်။ အဲ့ဒီ File Location ကိုလည်း
အတိကျထည့်ပေးရပါမယ်။ အဲ့ဒီ Dictionary Location ထဲကို ဝင်ပြီး Copy ကူး၊
Cmd မှာ Paste ချရင် ပိုအဆင်ပြေနိုင်ပါတယ်။ /qn ဆိုတာကတော့ Next,OK တို့
ဘာမှမမေးစေပဲ နောက်ကွယ်မှာ Auto Install လုပ်ခိုင်းတဲ့ Command ဖြစ်ပါတယ်။
Shweyoe Dictionary ကို တကယ် Install လုပ်ပြီးသွားပြီလား ပြန်စစ်ဖို့ အောက်ပါ
Command ကိုရိုက်ထည့်ပြီး စစ်ကြည့်နိုင်ပါတယ်။ wmic product list full
Windows Key + R \ Run Box မှာ appwiz.cpl ကို လည်းရိုက်ထည့်နိုင်ပါတယ်။
ကွန်ပျူတာမှာ Install လုပ်ထားတဲ့ Program စာရင်းတွေကို တွေ့ရမှာဖြစ်ပါတယ်။
Software တစ်ခုကို Cmd ကနေ Uninstall လုပ်ချင်ရင်တော့ ဖြုတ်ချင်တဲ့
ဆော့ဝဲလ်ရဲ့ Product Code Number ကို သိရှိဖို့လိုအပ်ပါတယ်။အပေါ်မှာ
wmic product list full ကိုရိုက်ထည့်တုန်းက IdentifyingNumber ဘေးက
Code Number တွေကို Copy ကူးပြီး အောက်ပါအတိုင်း ရိုက်ထည့်လိုက်ပါ။
msiexec /uninstall {..IdentifyingNumber..ဘေးက နံပါတ်တွေကိုကူးထည့်..}
တကယ် Uninstall ဖြစ်မဖြစ် သိချင်ရင် wmic product get name ကိုရိုက်ထည့်ပါ။
#crd
NetComplus
No comments:
Post a Comment
မင်္ဂလာပါ..