menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

Riso အကြောင်းတစ်စေ့တစောင်း

မိတ္တူ ဖိတ်စာလုပ်ငန်းလုပ်နေကြတဲ့အမျိုးတွေ တော်တော်လဲအတွေ့အကြုံရသလို အခက်အခဲတွေကြားနေရလို့ဒီစာလေးဝေမျှပါတယ်

အရင်ခေတ်တုံးကတော့လက်နှိပ်စက်ပေါ်daito ဖယောင်းတင်ရိုက် ပီးတော့မှလက်လှည့် Gestetner နဲ့ မှင်လေးညှစ်ချလိုက် လှည့်လိုက်နဲ့ ပင်ပန်းစွာလုပ်ရပါတယ် အသေးစားပုံနှိပ်လေးပေါ့

တိုးတက်လာတဲ့နည်းပညာကြောင့် Duplicator/ Copy Printer ခေါ်တဲ့ စက်တေဝင်လာရာမှာ နာမည်ကြီး Gestetner ကိုအရင်ဆုံး သုံးဘူးပါတယ် Function နဲတာ Display မှာ မီးမပါတာကလွဲလို့ တော်တော်အကြမ်းခံပြီး ဗမာလိုလုပ်ချင်တိုင်းလုပ်ရတဲ့စက်ပါ



စဝင်ကာစက A4, ပါ နောက်မှ B4 စက်ဝင်လာပါတယ် LGL ရိုက်မရလို့ ဆိုင်ရှင် တွေဂျီကျတာနဲ့. ဆရာသမားနဲ့ကျွန်တော်ယောက်ပေါင်းကြံစည်ရာမှာ အောင်မြင်သွားပါတယ်

A4 စက္ကူ တိုင်ပင် Cam ကို B4 ဆိုက်ရအောင်တွင်ခုံမှာနမူနာပေးဖြတ် setting တွေပြောင်း Drum unitကို B4ချိန်းပီး စမ်းသပ်ရာအဆင်ပြေသွားပါတယ် မှင်ကလည်း စက္ကူ ခွက်နဲ့ ရိုးရှင်းလှတာမို့ လက်နဲ့အပြင်ကညှစ်ထဲ့ ၂ယောက်သားဟုတ်နေပါတယ် နောက်ပိုင်း Main PCB နဲ့ ကေဘယ်ဝယ်မရ Risoဝင်လာလို့သာနားလိုက်ရပေမဲ့ စက်ကကောင်းတုံးပါ သာမယ်ဟက်ကလည်းအမြင်ကပ်လောက်အောင်ကောင်းပါတယ်

Riso နံမည်နဲ့ဝင်လာပါပြီ Error ကင်းပေမဲ့မော်ဒယ်နိမ့်ပါတယ် မူရင်းကိုမှန်ပေါ်တင်မရ ဖယောင်းဖောက်ခါနီးမူရင်းလွှတ်ရင် ရင်တုန်ရပါတယ်

မူရင်းစောင်းရင် မူရင်း ညံ့ရင် ဖယောင်းတရွက်ဆုံးပါတယ် ၂နှစ်လောက်သုံးပြီးမှ GR 2750 တွေဝင်လာပါတယ်





ကုမ္ပဏီ ကြီးတွေမှာ Duplo တွေရှိပေမဲ့ ဈေးမတတ်နိုင်လို့မဝယ်နိုင်ဘဲ GR2750နဲ့ အဆင်ပြေသွားပါတယ် ခုအချိန်မှာလည်း Riso စက်မျိုးစုံဝင်နေဆဲပါ ဝင်လာတဲ့အထဲမှာ GR 2750ထက်မြင့်တယ်ဆိုပြီး GR2950ရောက်လာပြန်ပါတယ်

စက်ကတော်တော်လှသလို Functionလဲစုံ ဝိုင်းအားပေးကြပြန်ပါတယ် 2950 ဟာသုံးကောင်းသလိုError ဖြစ်ရင်ရင်လည်းတော်တော်ပြင်ယူရပါတယ် ကျန်တဲ့ Errorရှင်းလို့ရပေမဲ့ T98- နဲ့စလာရင်မလွယ်ပါ



အင်တာနက်မှာမူးနောက်နေအောင်ရှာပေမဲ့မရှိပါ 2950 မရှိ တရုပ်ပြည်လူလည်ကျပြီး 27ထက်မြင့်တဲ့ 29လုပ်လိုက်တော့အတော်ဒုက္ခရောက်ပါတယ် သူ့ရဲ့မူရင်းစက်က RP 215,255 ပါ နောက်ပိုင်းမှ စက်ထဲကစတစ်ကာတွေ့မှ Services Manual တွေ အသည်းအသန်ဒေါင်းရပါတော့တယ်

T98- ကို Hardware Error လို့သာပြောထားပါတယ် ပြင်လို့မရ Main PCB ၃ချပ်တွဲလဲမှပျောက်ပါတယ် PCB တွေက မျိုးစုံဖြစ်နေလို့ မတူ ဆော့ကက်ပင်တွေသေခြာပြောပီးဝယ်ရပါတယ်

Error ပြတဲ့စက်ထဲ PCB ထည့်စမ်းမိလို့ ကဒ်အကောင်းပါ အဆစ်ပါ Errorက ကဒ်အသစ်ထဲ ကူးသွားတာလဲကြုံဘူးပါတယ် စက်ထဲကအပစ်ကြောင့် main pcb က farmware ပျက်တာပါ

ကွန်ပြူတာတွေ စက်တွေနဲ့တွဲပီး ပြန်ရေးမှပျောက်ပါတယ် စက်အတွင်းပိုင်း Error မကင်းရင် T89 ပြန်တက်လာပါတယ် တော်တော်ခေါင်းကိုက်ပါတယ်

နောက်ပိုင်း ရိုးရှင်းတဲ့ GR 2750က ဆက်လက်ဦးဆောင်ထားနိုင်ပါတယ် ပြင်ရလွယ် ပစ္စည်း ပေါပါတယ် ခုနောက်ပိုင်းသက်တမ်းရလာ စက်ကရှားလာနဲ့ တရုပ်ပြည်မှာစုပေါင်းစပ်ပေါင်း ဆေးပြန်မှုတ်ထား နီကယ်စိမ်ထားတာတေကလည်း တပုံတပင် ဝင်လာပါတယ်

သူ့ထက်ကောင်း စက်ပိုသန့်တဲ့ RZ , EZ တွေလည်းဝင်လာပါတယ် ဆေးပါးပါးနဲ့ ပုံထွက်ပိုလှပါတယ် Print ထုတ်ရင်လည်းတော်တော်လှပီး ဆေးကုန်သက်သာ စာရွက်Drum မှာမကပ်ပါဘူး

Riso တစ်လုံး ပုံထွက်ကောင်းဘို့ အပေါ်က Scanner မီးတန်း သန့်ရှင်းဘို့လိုပါတယ်

အပူပေးဖယောင်းဖောက်တဲ့ Thermial Print Head အစင်းမရှိဘို့လိုပါတယ် ဖယောင်းဖောက်တဲ့လမ်းကြောင်းဖုန် သဲရှိရင် အစင်းဖြစ်ကာ ဖယောင်းမှာ အဖြူစင်းလေးတွေပေါ်လာပါတယ်

ဂရုစိုက်ပါမှ သက်တမ်းရှည်မှာပါ သုံးပီးသား ဟက်တခုကို 350000 ( 300 dpi)ပေးရသလို

450000 ( 400 dpi) ဝယ်ရပါတယ် ဒါကပုံထွက်အပိုင်းပါ

စက္ကူ သွားမဲ့လမ်းကြောင်းကတော့ one way pick up roller ကြီး၂လုံးနဲ့ စတင်ဆွဲပါတယ်

သူ့အောက်မှာ စက္ကူ အထပ်လိုက်မပါစေဘို့ stripper plate ခေါ် ရာဘာပြားနဲ့ထိမ်းထားပါတယ် ပရင်တာ၊ မိတ္တူ လက်ထိုးဗန်း သဘောတရားအတိုင်းပါ

ရိုက်ချက်များလို့ အောက်ကရာဘာပြားစားမယ် ခွက်လာမယ်ဆိုရင်မလိုအပ်ပဲ တချက်ရိုက်၅ရွက် အပိုပါလာပါတယ် ဒါထက်များလာရင် စတင်ပုံဖော်မဲ့ regristration roller မှာစုပြုံညပ် မော်တာက အရှိန်နဲ့ဆွဲလို့ နောက်က စက်မှုပိုင်းဆိုင်ရာက်ုbelt ကြိုးတချောင်းထဲနဲ့ ထိမ်းထားရာ Belt ကြိုးက အထစ်တွေကျော် စက္ကူ အဝင်နဲ့ Drum timming တွေလွဲကုန်ပါတယ်

Timming လွှဲရင်ပုံထွက်က margin မကိုက် ၂လက်မ ၃လက်မလောက်လွဲသွားပါတယ်

ကျွမ်းကျင်တဲ့စက်ပြင်က belt ကြိုးကိုလျော့ချ Drum နဲ့ စက္ကူ အဝင်ကို timming ပြန်ချိန်မှ တိကျတဲ့ပုံထွက်ရရှိမှာဖြစ်ပါတယ် သာမန်ဆိုင်သမားအနေနဲ့ တော်တော်ကြိုးစားရပါလိမ့်မယ်

ဒုတိယအနေနဲ့ စက္ကူ ဝင်လာပါပြီ Regrastration ကိုဖြတ်ပါပြီ Sensor ကလည်း စက္ကူ ဖြတ်လာကြောင်းသတင်းပို့ပါပြီ ဝင်လာတဲ့စက္ကူကို timmimg ကိုက်လည်လာတဲ့ Drum အောက်ကတက်လာတဲ့ pressure / impression roller တို့ ၂ခုစက္ကူပေါ်ဖယောင်းက စိမ့်ထွက်လာတဲ့ မှင်အရည်နဲ့ ပုံဖော်ပေးပါတယ် ပုံဖော်တဲ့နေရာမှာ အောက်က pressure roller မှာမှင်တွေ စက္ကူ မှုန်တွေ ချိုးကပ်နေရင်ဖြုတ်ပီးသန့်ရှင်းရေးလုပ်ဘို့လိုပါတယ်

Drum အောက်စက္ကူဖြတ်လို့ပုံဖော်ပါပြီ ထွက်လာပါပြီ မှင်အရည်နဲ့သုံး Speed ကမြန်နဲ့ စက္ကူ Drum မှာကပ်မှာစိုးလို့ စက်နောက်မှာထားတဲ့ လေထိုးတံက timmimg ကိုက် တရှူးရှူးနဲ့ စက္ကူ ထိပ်ပိုင်းကို လေမှုတ်ပီးခွာချပါတယ်

အပေါ်ဖရိန်ထဲမှာထည့်ထားတဲ့ ပန်ကာ၂လုံးကလည်းအပြိုင်လေပေးသလို့ Feeder ခါးပတ်ကလည်းစက္ကူကို သယ်သွားပါတယ် စက္ကူ ဖြောင့်ဖြောင့်တန်းတန်းသွားဘို့ Feeder ပေါ်မှာကပ်နေဘို့ ဗိုက်ထဲကပန်ကာကြီးတစ်လုံးကလေအားနဲ့ဆွဲကပ်ထားပါတယ် ဒါမှသာ ပုံထွက်ကောင်း စက္ကူ မညပ်ပဲ အပြင်က ဗန်းထဲ တစ်မီးနစ် ၆၀ မှ ၁၂၀ ထွက်လာမည်ဖြစ်ကြောင်း ဝေမျှလိုက်ပါတယ်

စက္ကူ အဆွဲမမှန်ပါက သွားမရှိတော့တဲ့ ဖိုးဖိုးလိုဖြစ်နေတဲ့ Pick up roller ၂လုံးလဲပါ

သူ့အောက်က ရာဘာပြားအသစ်လဲပါ

ရာဘာပြားအဝါကတော့ မရောင်းရဘဲ အရည်ပျော်လို့မကြိုက်ပါ

နောက်ဝင်လာတဲ့ ၈၀၀၀ တန်သကလပ်သားပါတဲ့ stipper plate ကတော့ သိန်းချီရိုက်လို့ရပါတယ် ဆိုတဲ့အကြောင်း ထပ်လောင်းဝေမျှလိုက်ပါတယ်

ရဲမြင့်ဇော်

ပြည်





ရဲမြင့်ဇော်
ပြည်

No comments:

Post a Comment

မင်္ဂလာပါ..