menu
@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..
Printer မနိုးတဲ့ပြဿနာ
ဒီဆောင်းပါးရဲ့နာမည်က အိမ်မပြန်တဲ့ Scanner
Credit;; ရဲမြင့်ဇော် (ပြည်)
မိတ္တူ ကူးစက်ပိုင်ရှင်အမျိုးများ သိကြမှာပါ
Canon စက်တလုံး စပြီး Power On ရင် အရင်ဆုံး Mechnical ပိုင်းစတက်လည်ပါတယ် နေုက်တဆင့် Key board မီးလင်းပါတယ် window တက်လာပါတယ်
အပေါ်ကအဖုံး / Document Feeder ရှိနေလို့် မမြင်လိုက်တဲ့ Scanner / Reader မီးတန်း ရောင်စုံလေးတွေလင်းလာပြီး အပြင်ကိုခနထွက် ပြီးရင် Sensor ရှိရာ Home position ကိုပြန်ဝင်သွားပါတယ် စက်ကိုင် Operator start ဆိုတာတဲ့ မှန်ပေါ်တင်ထားတဲ့ မူရင်းကိုထွက်ပြီးဖတ်မယ် ဖြူတယ် ၊ မဲတယ်၊ အိမ်ထောင်စုဇယား ညိုညစ်ညစ် ဟေ့ဆေးအိမ်က ဆေးနဲနဲလျှော့ဟ လက်ရေးမှင် အပြာနု နဲနဲဆေးတင်ပေးလိုက် သူ့တာဝန်ထမ်းဆောင်ဘို့ပါ
ဒါ ကပုံမှန် Error ကင်းနေတဲ့စက်ပါ ကျွန်တော်တို့နေ့စဉ်စက်တွေပြင်နေရင်းနဲ့ကြံတွေ့ရတဲ့ Fault တခုကတော့ Scanner မီးတမ်းဟာ Home positiom ကနေအပြင်မထွက်တာရယ် အပြင်ရောက်နေတဲ့ Scanner အိမ်ပြန်မရောက် အလည်လွန်ပြီး A3အဆုံးမှာ တဒုံးဒုံးမည်ပြီးအော်နေတာ ကြောက်စရာပါ သွာားစရာမရှိ မော်တာကမောင်းလို့ ရှေ့ဆက်တိုးနေတဲ့ Scanner လန့်ပြီးပါဝါပိတ်မှရပ်ပါတယ်
ပစ်ချက်တော်တော်ခေါင်းကိုက်စရာပါ
၁။ မီးအားကြောင့် Volt သာပြည့်ပြီး frequency မပြည့်တာပါ
Circuit တွေထဲ Volt အောင်းတဲ့ပုံစံပါ
၂ ။ Scanner / Reader ကဒ်ပျက်တာပါ ၊ ကြွက်သေပန်းပါတယ်
အိမ်မြှောင်ကဒ်ပေါ်မှာ သေနေပါတယ်၊ Circuit မသန့် ဖုန်ရေငွေ့ ဆားပေါက်၊ မှိုတွေပွင့် မျိုးစုံပါ
၃။ Data Cbble ၃ချောင်းရှိပါတယ် Scanner to Reader Circuit တစ်ချောင်း
Reader Circuit to iP ကဒ် Mother board
ဒီ Cable တွေတချို့ပြတ်ပါတယ် ၊ ဆားပေါက်ကြေးငုတ်တွေ အစလန်ပါတယ် ၊ တခါတရံ မီတာနဲ့ တချောင်းခြင်းတိုင်း Connection ရှိပါတယ် ပြန်တတ် မကောင်းပါဘူး
Scanner motor ပျက်ခဲတယ် ရှားတယ်
ဘာလုပ်ရမလဲ ... Cable တွေထိပ်က ငွေလိုင်းလေးတွေကို သားသားမီးမီးတွေ ဆီက ခဲဖျက်ငှါးပီး အညှိတက်နေတာတွေကို တိုက်လိုက်ပါ ၊ Circuit ထဲ Volt အောင်းမှာစိုးရင် ခနစောင်ပြီး သေခြာပြန်တတ်ပါ နောက်ကဖလင်ပြားအပြာလေးကို ခွာမပြစ်နဲ့ မကွာစေနဲ့
Cable ၃ချောင်းလုံးစစ်ပြီး ၅မီးနစ်လောက် နားထားပီးပြန်ဖွင့်ကြည့်ပါ ...Scanner အိမ်ပြန်သွားရင်တော့ ဟေးးး ငါကွအော်လိုက်ပါ ...ထူးမခြားနားဆိုရင်တော့ မျက်နှာငယ်လေးနဲ့ iP ကဒ်နဲ့ Reader ကဒ် ကိုဆက်သွယ်ထားတဲ့ Cable အကြီးတခေါင်း အသေးတချောင်း တခုချင်းလဲလိုက် ဖွင့်လိုက်စမ်းကြည့်ပါ
Scanner နဲ့ Reader မှန်အောက်က Cable လဲကြည့်ပါ
နောက်ဆုံးပုံမှာလပြထားတဲ့ ကဒ်အစိမ်း ( မှန်ထဲတဝက် နေုက်ခြမ်းတဝက် ) Reader ကဒ်လဲကြည် လိုက်ပါလို့ အကြံပေး ဝေမျှလိုက်ပါတယ်
ထပ်မံဖြည့်စွက်လိုတာကတော့ စက်ဝယ်ရင် မှန်ပေါ်ကချောင်းကြည့် နောက်ဖုံးဖွင့်ကြည့် တရုပ်ပြည်သုံးပီးသားတေမှာ ဆားတေရော ငံပြာရည်တေရော မှိုတွေ ပါပွင့်နေတတ်လို့ပါ
Scanner အလည်လွန် အိမ်ပြန်မရောက်တဲ့ဒုက္ခကင်းဝေးနိုင်ကြပါစေ
ရဲမြင့်ဇော်
ရဲမြင့်ဇော်
No comments:
Post a Comment
မင်္ဂလာပါ..