menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

Printer များ စက္ကူညှပ်လျှင်




IR 2016,2020,2018,2022,2025,2030 နဲ့ paper jam

ဒီတခါမျှဝေမဲ့စာကတော့ စက္ကူ ခဏခဏ ညပ်လို့မေးနေကြတဲ့ အမျိုးတွေ ဖတ်ကြည့်ကြပါ တတ်နိင်သလောက် photo လေးတွေရှာထားပါတယ် သိနေတဲ့ဆရာများ ကျော်သွားကြပေါ့

စက်ဆရာဝေးတဲ့ နယ်ပေါင်းစုံက စက္ကူ ညပ်လို့ ခေါင်းတွေကုတ် ချွေးတွေုပြန်နေတဲ့ အမျိုးတွေအတွက်ပါ

အလုပ်စတော့မယ်ဆိုရင် မနေ့ကလုပ်ငန်းသိမ်းရင်း ဟိုကျန်ဒီကျန် A4, LGL စက္ကူ တွေ စုပေါင်းပီး ဗန်းထဲပြန်ထည့်တတ်ကြပါတယ် A4 တရွက် ၇ကျပ်ဟ ကြေမွနေတာလေးလက်နဲ့ပြန်ပွတ် ဗန်းထဲထည့် ၂ရွက်ထပ်ပါလာလို့ ကော့ပြန်နေတာလေး ပြန်ထည့်ကြပါတယ် မလုပ်ပါနဲ့ သပ်သပ်ဖယ်ထားပြီး A4 ထုပ်နဲ့ဖိထား တရွက်စ ၂ရွက်စလာမှ လက်ထိုးဗန်းပေါ်တင်ကူးလိုက်ပါ

မိုးရွာ လေတိုက်ထဲထားလို့ Moisture ရှိပါတယ် မမြင်ရတဲ့ရေငွေ့ရိုက်နေလို့ စက္ကူ တွေပျော့နေရင် ဗန်းထဲကကူးတဲ့အခါညပ်ပါတယ်

နွေရာသီကြိုက်သလိုထားပါ မိုးတွင်းအခါ မသုံးရင်အထပ်လိုက်A4 အိပ်ခွံထဲပြန်ထည့်ထားပါ လိုသလောက် အိပ်ထဲကထုတ်ရိုက်ပါ ဒါက Moisture စက္ကူ အစိုပြန် ကာကွယ်နည်းပါ



ဗန်းထဲကကူးရင်း စက္ကူ ညပ်ပါပြီ ဗန်းထုတ်ကြည့်ပါ စက္ကူ အစွန်၂ဖက် ဗနိးကသံချိတ်မိရဲ့လား တဖက်ပြုတ်နေလား စက္ကူ ကို log ချထားတဲ့ မောင်းလေး လိုင်းထဲဝင်ရဲ့လား ဘေးကlog မကျ ချောင်နေရင် အထပ်လိုက်ထွက်ပါတယ် ညပ်ပါတယ် OK

နောက်တဆင့် pick up ကစက္ကူ ကောက်ပြီး feeder roller ကညှပ်ပီး ဆွဲယူသွားပါတယ် pick up ရာဘာလခြမ်း ၂လုံးရှိရပါမယ်

သန့်ရှင်းရပါမယ် ဆွဲယူသွားမဲ့ feeder roller ရာဘာတောင့် ၂လုံးကောင်းရပါမယ် ရိုက်ချက်များလို့ ပြောင်ချောနေမယ် ချိုင့်နေမယ် ခွက်နေမယ် မဆွဲနိုင်ဘဲ စက္ကူ လုံးထွေးပီးညပ်ပါတယ်

Feeder roller ကောင်းနေရင်အသစ်ဆိုရင် မျက်နှာပြင်ကြမ်းရှရှ လေးဖြစ်နေပါတယ် Ok

စက္ကူ အပေါ်ရောက်လာပါပြီ စတင်ပုံဖော်မဲ့ Regstration Sensorဆီရောက်ပါပြီ ပုံမှာပြထားတဲ့မောင်းတံ အမဲလေးကိုထိလိုက်တာနဲ့ အောက်က Sensor နဲ့ထိမ်းထားလို့ Sensor က သတင်းပို့လိုက်တာနဲ့ စာရွက်ကို စတီးရှပ်ကဆွဲ ဆေးအိမ်ကလည်းDrum ပေါ်ဆေးတင် Drum က စက္ကူ ပေါ်ဆေးတင်လိုက်ပါတယ်

စာရွက်ကညပ်ပြီ Sensor ငုတ်ဟာမြန်မာပြည်မှာမသုံးရသေးတဲ့စက်ပုံမှန်ပါ မစားသေး မတိုသေးပါဘူး ရိုက်ချက်များလာရင် စာရွက်တခါတက်တိုင်း စက္ကူ သွားလို့မပီးမချင်း ပွတ်တိုက်သွားလို့ ကြာရင် ငုတ်တိုလေးသာကျန်ပါတော့တယ် အရမ်းတိုရင်စက္ကူနဲ့ကောင်းကောင်းမထိလို့ Sensorက သတင်းမပို့ နောက်က Clutch Motor မပွင့် စတီးရှပ်မလည် အောက်က Feeder rollerကတွန်း စက္ကူ ခမျာ တွန်ခေါက်ကုန်ပါတယ်

သက်တမ်းရတဲ့စက်တွေကို User များသေချာကြည့်ပါ ငုတ်လေးကို မ တင်လိုက်ရင် စတီးရှပ်နဲ့ အရမ်းကွာနေပါမယ် အသစ်ဆိုရင် စတီးရှပ်နဲ့ ကပ်ပီးလွတ်ရုံလေးဖြစ်နေပါတယ် ငုတ်တိုလေးဖြစ်နေရင် စာရွက်ထွက်လာပေမဲ့ Chain Paper Size တင်းတောင် တင်းတောင်နဲ့ အော်ပါတယ် မောင်းတံလဲလိုက်ပါ သူ့ကိုဖုံးထားတဲ အဖုံးမဲလေးခွာပြီး မောင်းတံအထိုင်တဖက်ကိုဟပြီးလဲလိုက်ပါ

သူ့မှာစပရိန်လေးပါတာမို့ သတိထားပြီးပြန်တတ်ပါ OK

တဆက်တည်း Sensor ကြားမှာပိတ်နေ ညစ်ပတ်နေတဲ့ စက္ကူ အမှုန်တွေကို လေဘောလုံးလေးနဲမှုတ်ပေးလိုက်ပါ

နောက်နေ့မှ Heater Unit ဆီရောက်မှ စက္ကူ ညပ်တဲ့အကြောင်း ဆက်ကြတာပေါ့

အားလုံးအဆင်ပြေကြပါစေ

ရဲမြင့်ဇော်


IR 2016,2020,2018,2022,2025,2030 နဲ႔ paper jam
ဒီတခါမ်ွေဝမဲ့စာကေတာ့ စကၠဴ ခဏခဏ ညပ္လို႔ေမးေနၾကတဲ့ အမ်ိဳးေတြ ဖတ္ၾကည့္ၾကပါ တတ္နိင္သေလာက္ photo ေလးေတြ႐ွာထားပါတယ္ သိေနတဲ့ဆရာမ်ား ေက်ာ္သြားၾကေပါ့
စက္ဆရာေဝးတဲ့ နယ္ေပါင္းစုံက စကၠဴ ညပ္လို႔ ေခါင္းေတြကုတ္ ေခြၽးေတြဳျပန္ေနတဲ့ အမ်ိဳးေတြအတြက္ပါ
အလုပ္စေတာ့မယ္ဆိုရင္ မေန႔ကလုပ္ငန္းသိမ္းရင္း ဟိုက်န္ဒီက်န္ A4, LGL စကၠဴ ေတြ စုေပါင္းပီး ဗန္းထဲျပန္ထည့္တတ္ၾကပါတယ္ A4 တရြက္ ၇က်ပ္ဟ ေၾကမြေနတာေလးလက္နဲ႔ျပန္ပြတ္ ဗန္းထဲထည့္ ၂ရြက္ထပ္ပါလာလို႔ ေကာ့ျပန္ေနတာေလး ျပန္ထည့္ၾကပါတယ္ မလုပ္ပါနဲ႔ သပ္သပ္ဖယ္ထားႁပီး A4 ထုပ္နဲ႔ဖိထား တရြက္စ ၂ရြက္စလာမွ လက္ထိုးဗန္းေပၚတင္ကူးလိုက္ပါ
မိုးရြာ ေလတိုက္ထဲထားလို႔ Moisture ႐ွိပါတယ္ မျမင္ရတဲ့ေရေငြ႔႐ိုက္ေနလို႔ စကၠဴ ေတြေပ်ာ့ေနရင္ ဗန္းထဲကကူးတဲ့အခါညပ္ပါတယ္
ေႏြရာသီႀကိဳက္သလိုထားပါ မိုးတြင္းအခါ မသုံးရင္အထပ္လိုက္A4 အိပ္ခြံထဲျပန္ထည့့္ထားပါ လိုသေလာက္ အိပ္ထဲကထုတ္႐ိုက္ပါ ဒါက Moisture စကၠဴ အစိုျပန္ ကာကြယ္နည္းပါ

ဗန္းထဲကကူးရင္း စကၠဴ ညပ္ပါၿပီ ဗန္းထုတ္ၾကည့္ပါ စကၠဴ အစြန္၂ဖက္ ဗနိးကသံခ်ိတ္မိရဲ႕လား တဖက္ျပဳတ္ေနလား စကၠဴ ကို log ခ်ထားတဲ့ ေမာင္းေလး လိုင္းထဲဝင္ရဲ႕လား ေဘးကlog မက် ေခ်ာင္ေနရင္ အထပ္လိုက္ထြက္ပါတယ္ ညပ္ပါတယ္ OK
ေနာက္တဆင့္ pick up ကစကၠဴ ေကာက္ၿပီး feeder roller ကညႇပ္ပီး ဆြဲယူသြားပါတယ္ pick up ရာဘာလျခမ္း ၂လုံး႐ွိရပါမယ္
သန္႔႐ွင္းရပါမယ္ ဆြဲယူသြားမဲ့ feeder roller ရာဘာေတာင့္ ၂လုံးေကာင္းရပါမယ္ ႐ိုက္ခ်က္မ်ားလို႔ ေျပာင္ေခ်ာေနမယ္ ခ်ိဳင့္ေနမယ္ ခြက္ေနမယ္ မဆြဲႏိုင္ဘဲ စကၠဴ လုံးေထြးပီးညပ္ပါတယ္
Feeder roller ေကာင္းေနရင္အသစ္ဆိုရင္ မ်က္ႏွာျပင္ၾကမ္း႐ွ႐ွ ေလးျဖစ္ေနပါတယ္ Ok
စကၠဴ အေပၚေရာက္လာပါၿပီ စတင္ပုံေဖာ္မဲ့ Regstration Sensorဆီေရာက္ပါၿပီ ပုံမွာျပထားတဲ့ေမာင္းတံ အမဲေလးကိုထိလိုက္တာနဲ႔ ေအာက္က Sensor နဲ႔ထိမ္းထားလို႔ Sensor က သတင္းပို႔လိုက္တာနဲ႔ စာရြက္ကို စတီး႐ွပ္ကဆြဲ ေဆးအိမ္ကလည္းDrum ေပၚေဆးတင္ Drum က စကၠဴ ေပၚေဆးတင္လိုက္ပါတယ္
စာရြက္ကညပ္ၿပီ Sensor ငုတ္ဟာျမန္မာျပည္မွာမသုံးရေသးတဲ့စက္ပုံမွန္ပါ မစားေသး မတိုေသးပါဘူး ႐ိုက္ခ်က္မ်ားလာရင္ စာရြက္တခါတက္တိုင္း စကၠဴ သြားလို႔မပီးမခ်င္း ပြတ္တိုက္သြားလို႔ ၾကာရင္ ငုတ္တိုေလးသာက်န္ပါေတာ့တယ္ အရမ္းတိုရင္စကၠဴနဲ႔ေကာင္းေကာင္းမထိလို႔ Sensorက သတင္းမပို႔ ေနာက္က Clutch Motor မပြင့္ စတီး႐ွပ္မလည္ ေအာက္က Feeder rollerကတြန္း စကၠဴ ခမ်ာ တြန္ေခါက္ကုန္ပါတယ္
သက္တမ္းရတဲ့စက္ေတြကို User မ်ားေသခ်ာၾကည့္ပါ ငုတ္ေလးကို မ တင္လိုက္ရင္ စတီး႐ွပ္နဲ႔ အရမ္းကြာေနပါမယ္ အသစ္ဆိုရင္ စတီး႐ွပ္နဲ႔ ကပ္ပီးလြတ္႐ုံေလးျဖစ္ေနပါတယ္ ငုတ္တိုေလးျဖစ္ေနရင္ စာရြက္ထြက္လာေပမဲ့ Chain Paper Size တင္းေတာင္ တင္းေတာင္နဲ႔ ေအာ္ပါတယ္ ေမာင္းတံလဲလိုက္ပါ သူ႔ကိုဖုံးထားတဲ အဖုံးမဲေလးခြာၿပီး ေမာင္းတံအထိုင္တဖက္ကိုဟၿပီးလဲလိုက္ပါ
သူ႔မွာစပရိန္ေလးပါတာမို႔ သတိထားၿပီးျပန္တတ္ပါ OK
တဆက္တည္း Sensor ၾကားမွာပိတ္ေန ညစ္ပတ္ေနတဲ့ စကၠဴ အမႈန္ေတြကို ေလေဘာလုံးေလးနဲမႈတ္ေပးလိုက္ပါ
ေနာက္ေန႔မွ Heater Unit ဆီေရာက္မွ စကၠဴ ညပ္တဲ့အေၾကာင္း ဆက္ၾကတာေပါ့
အားလုံးအဆင္ေျပၾကပါေစ
ရဲျမင့္ေဇာ္

No comments:

Post a Comment

မင်္ဂလာပါ..