menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

Printer မိတ္တူကူးစက် ရေရည်ခံအောင်


Copier & Condition

မိတ္တူ ကူးစက်တစ်လုံးရေရှည်အသုံးပြုဘို့ ပြန်လည်ပြင်ဆင်ပစ္စည်းတွေလဲပြီး ရေရှည်အသုံးပြုနိုင်ဘို့ စက်ရဲ့ Condition သန့်ဘို့ အရမ်းခိုင်းထားတဲ့စက်မဖြစ်ဘို့လိုပါတယ် စက်ရွေးချယ်တတ်ဘို့လဲလိုပါတယ် အပြင်ကာဗာဖွေးဖွေးမြင်ရင် သဘောကျတာ သဘာဝပါ အထဲကတော့ဘယ်လောက်သုံးထားလဲကြည့်တတ်ဘို့လိုပါတယ်

နောက်ကိုင်တွယ်အသုံးပြုတဲ့ Operator ကမိမိစက်ကို သားသမီးလို ဂရုတစိုက်ရှိဘို့ အသန့်အပြန့်ကြိုက်သူဖြစ်ဘို့လဲလိုပါတယ် အလုပ်အားချိန်တိုင်းဖုန်၊ ဆေးမှုန့် တွေသန့်ရှင်းရေးလုပ်မယ် စက္ကူ ဆွဲ Pick Up တွေ စက္ကူ တက်လာမဲ့လမ်းကြောင်းတွေကို အားရင်သန့်ရှင်းရေးလုပ်သင့်ပါတယ်



ဆိုင်ကိုရောက်လာတဲ့စက်တွေကြည့်လိုက်ရင် မြေနီ၊ ဖုန်၊ ပင့်ကူအိမ်၊ဆေးမှုန့်၊ စတက်ပလာကလစ်၊ ရောင်စုံကလစ်မျိုးစုံ ၊ နေကြာစေ့ခွံ၊ ဇီးစေ့၊ အစားသောက်မျိုးစုံအိပ်ခွံ တွေလက်ဆောင်ပါလာပါတယ် Auto document feederထဲသုံးမရဘူးပြောလို့ကြည့်လိုက်ရင် ဘောပင်၊ ဘောပင်အဖုံး၊ ပိုးကောင်မျိုးစုံပါလာပါတယ် အထူးသဖြင့်မီးချောင်း မီးလုံးတွေရဲ့အောက်တည့်တည့်မှာ စက်ထားတော့ ပိုးကောင်မျိုးစုံကျရင် စက်ပစ္စည်းတွေပေါ် တည့်တည့်ဖြစ်လို့် ဖြစ်နိုင်ရင်ရွေံထားလိုက်ပါ

ဌာနဆိုင်ရာစက်ပိုဆိုးပါတယ် အလုပ်လုပ်ချိန် sectionပေါင်းစုံကဝိုင်းကူးကြပေမဲ့ ဖုံတချက်သုပ်ဖို့ ဘယ်သူမှမလုပ်ပါ ပျက်ရင်လူကြီးပြင်ပါလိမ့်မယ်ဆိုသလို ဖုန်တွေမြင်မကောင်း ပြင်ထားတာ တစ်လမကြာသေးဘူး ဘယ်လိုဖြစ်တာလဲ



တံခါးဖွင့်ကြည့်တဲ့အခါ ၄လပတ်အစီရင်ခံစာ.စအုပ်ကိုဆွဲဖြုတ်ပီး တဖက်လွတ်ထည့်ကူးထားလို့ စတက်ပလာကလစ်တောင်ပါလာပါတယ်

စက္ကူ ကို ကူးမဲ့ရွက်ရေနဲ့တိုင်းတာထုတ်ပေးတဲ့နေရာတွေတောင်ရှိပါတယ် paper work တွေအများအပြားနဲ့အလုပ်လုပ်နေရပေမဲ့ ဘာပစ္စည်းမှထုတ်မပေး ထောက်ပံ့ထားတာမရှိလေတော့ အကုန်ဝယ်သုံးနေရတာများပါတယ် ဝန်ထမ်းများအဖို့ အလုပ်တွေအချိန်မီပြီးစီးဘို့လုပ်နေရတဲ့အတွက် ကွန်ပြူတာ ၊ပရင်တာ၊ မိတ္တူ စက်တွေ တသသ လုပ်မနေနိုင်တာလဲ အပြစ်မဆိုသာ

ဒီနေ့ရောက်လာတဲ့ iR 2016 ကတော့ ရောင်းထားတာ ၄နှစ်ကျော်သွားပါပြီ ဆေးတွေကျနေလို့တခါတည်း overhaul ဆေးလိုက်ပါတယ် အချိန်ကာလလည်းမနည်းသုံးထားပြီပြီဆိုတော့ လုပ်သင့်ပါပြီ စရောင်းပေးတည်းက တော်တော်သန့်တဲ့စက်လေးပါ စက်ကိုကားလမ်းနဲ့ဝေးတဲ့ ရုံးခမ်းအတွင်း အဲကွန်းနဲ့ထားတာဖြစ်လို့ ဖုန်မရှိ မညစ်ပတ်ပါ

ပြင်ရတဲ့စက်ဆရာ သက်သာသလို အချိန်ကုန်လဲသက်သာ ကြီးကြီးမားမားError မရှိ စိတ်ချမ်းသာစရာကောင်းပါတယ်

စက်ထားတဲ့နေရာမလုံခြုံရင်လည်း ဆိုင်အဝင်မှာ Air Cutting တတ်ထားနိုင်ရင်ပိုကောင်းပာတယ် စက်ကိုလက်လှမ်းမီသလောက်သန့်ရှင်းရေးလုပ်နိုင်မယ် သန့်သန့်ရှင်းရှင်း ဖုန်ကင်းကင်းထားမယ်ဆိုရင်တော့အကောင်းဆုံးပါ Conditions ကောင်းကောင်းဝယ် စက်ကိုသန့်သန့်ကိုင်တွယ်အသုံးပြုမယ်ဆိုရင်တော့ မပျက်သင့်တာမပျက် ရေရှည်အသုံးပြုလို့ရမဲ့ စက်တစ်လုံးပိုင်ဆိုင်မှာပါ

Overhaul လုပ်ပီးတဲ့အချိန်မှာ သင်္ဘောကျ ဖွေးဖွေးရွရွလေး ပြန်ဖြစ်လာပါမယ်ဆိုတဲ့အကြောင်း ထပ်လောင်းဝေမျှလိုက်ပါတယ်

ရဲမြင့်ဇော်

ပြည်






Copier & Condition
မိတၱဴ ကူးစက္တစ္လုံးေရ႐ွည္အသုံးျပဳဘို႔ ျပန္လည္ျပင္ဆင္ပစၥည္းေတြလဲၿပီး ေရ႐ွည္အသုံးျပဳႏိုင္ဘို႔ စက္ရဲ႕ Condition သန္႔ဘို႔ အရမ္းခိုင္းထားတဲ့စက္မျဖစ္ဘို႔လိုပါတယ္ စက္ေရြးခ်ယ္တတ္ဘို႔လဲလိုပါတယ္ အျပင္ကာဗာေဖြးေဖြးျမင္ရင္ သေဘာက်တာ သဘာဝပါ အထဲကေတာ့ဘယ္ေလာက္သုံးထားလဲၾကည့္တတ္ဘို႔လိုပါတယ္
ေနာက္ကိုင္တြယ္အသုံးျပဳတဲ့ Operator ကမိမိစက္ကို သားသမီးလို ဂ႐ုတစိုက္႐ွိဘို႔ အသန္႔အျပန္႔ႀကိဳက္သူျဖစ္ဘို႔လဲလိုပါတယ္ အလုပ္အားခ်ိန္တိုင္းဖုန္၊ ေဆးမႈန္႔ ေတြသန္႔႐ွင္းေရးလုပ္မယ္ စကၠဴ ဆြဲ Pick Up ေတြ စကၠဴ တက္လာမဲ့လမ္းေၾကာင္းေတြကို အားရင္သန္႔႐ွင္းေရးလုပ္သင့္ပါတယ္
ဆိုင္ကိုေရာက္လာတဲ့စက္ေတြၾကည့္လိုက္ရင္ ေျမနီ၊ ဖုန္၊ ပင့္ကူအိမ္၊ေဆးမႈန္႔၊ စတက္ပလာကလစ္၊ ေရာင္စုံကလစ္မ်ိဳးစုံ ၊ ေနၾကာေစ့ခြံ၊ ဇီးေစ့၊ အစားေသာက္မ်ိဳးစုံအိပ္ခြံ ေတြလက္ေဆာင္ပါလာပါတယ္ Auto document feederထဲသုံးမရဘူးေျပာလို႔ၾကည့္လိုက္ရင္ ေဘာပင္၊ ေဘာပင္အဖုံး၊ ပိုးေကာင္မ်ိဳးစုံပါလာပါတယ္ အထူးသျဖင့္မီးေခ်ာင္း မီးလုံးေတြရဲ႕ေအာက္တည့္တည့္မွာ စက္ထားေတာ့ ပိုးေကာင္မ်ိဳးစုံက်ရင္ စက္ပစၥည္းေတြေပၚ တည့္တည့္ျဖစ္လို္႔ ျဖစ္ႏိုင္ရင္ေရြံထားလိုက္ပါ
ဌာနဆိုင္ရာစက္ပိုဆိုးပါတယ္ အလုပ္လုပ္ခ်ိန္ sectionေပါင္းစုံကဝိုင္းကူးၾကေပမဲ့ ဖုံတခ်က္သုပ္ဖို႔ ဘယ္သူမွမလုပ္ပါ ပ်က္ရင္လူႀကီးျပင္ပါလိမ့္မယ္ဆိုသလို ဖုန္ေတြျမင္မေကာင္း ျပင္ထားတာ တစ္လမၾကာေသးဘူး ဘယ္လိုျဖစ္တာလဲ

တံခါးဖြင့္ၾကည့္တဲ့အခါ ၄လပတ္အစီရင္ခံစာ.စအုပ္ကိုဆြဲျဖဳတ္ပီး တဖက္လြတ္ထည့္ကူးထားလို႔ စတက္ပလာကလစ္ေတာင္ပါလာပါတယ္
စကၠဴ ကို ကူးမဲ့ရြက္ေရနဲ႔တိုင္းတာထုတ္ေပးတဲ့ေနရာေတြေတာင္႐ွိပါတယ္ paper work ေတြအမ်ားအျပားနဲ႔အလုပ္လုပ္ေနရေပမဲ့ ဘာပစၥည္းမွထုတ္မေပး ေထာက္ပံ့ထားတာမ႐ွိေလေတာ့ အကုန္ဝယ္သုံးေနရတာမ်ားပါတယ္ ဝန္ထမ္းမ်ားအဖို႔ အလုပ္ေတြအခ်ိန္မီၿပီးစီးဘို႔လုပ္ေနရတဲ့အတြက္ ကြန္ျပဴတာ ၊ပရင္တာ၊ မိတၱဴ စက္ေတြ တသသ လုပ္မေနႏိုင္တာလဲ အျပစ္မဆိုသာ
ဒီေန႔ေရာက္လာတဲ့ iR 2016 ကေတာ့ ေရာင္းထားတာ ၄ႏွစ္ေက်ာ္သြားပါၿပီ ေဆးေတြက်ေနလို႔တခါတည္း overhaul ေဆးလိုက္ပါတယ္ အခ်ိန္ကာလလည္းမနည္းသုံးထားၿပီၿပီဆိုေတာ့ လုပ္သင့္ပါၿပီ စေရာင္းေပးတည္းက ေတာ္ေတာ္သန္႔တဲ့စက္ေလးပါ စက္ကိုကားလမ္းနဲ႔ေဝးတဲ့ ႐ုံးခမ္းအတြင္း အဲကြန္းနဲ႔ထားတာျဖစ္လို႔ ဖုန္မ႐ွိ မညစ္ပတ္ပါ
ျပင္ရတဲ့စက္ဆရာ သက္သာသလို အခ်ိန္ကုန္လဲသက္သာ ႀကီးႀကီးမားမားError မ႐ွိ စိတ္ခ်မ္းသာစရာေကာင္းပါတယ္
စက္ထားတဲ့ေနရာမလုံျခံဳရင္လည္း ဆိုင္အဝင္မွာ Air Cutting တတ္ထားႏိုင္ရင္ပိုေကာင္းပာတယ္ စက္ကိုလက္လွမ္းမီသေလာက္သန္႔႐ွင္းေရးလုပ္ႏိုင္မယ္ သန္႔သန္႔႐ွင္း႐ွင္း ဖုန္ကင္းကင္းထားမယ္ဆိုရင္ေတာ့အေကာင္းဆုံးပါ Conditions ေကာင္းေကာင္းဝယ္ စက္ကိုသန္႔သန္႔ကိုင္တြယ္အသုံးျပဳမယ္ဆိုရင္ေတာ့ မပ်က္သင့္တာမပ်က္ ေရ႐ွည္အသုံးျပဳလို႔ရမဲ့ စက္တစ္လုံးပိုင္ဆိုင္မွာပါ
Overhaul လုပ္ပီးတဲ့အခ်ိန္မွာ သေဘၤာက် ေဖြးေဖြးရြရြေလး ျပန္ျဖစ္လာပါမယ္ဆိုတဲ့အေၾကာင္း ထပ္ေလာင္းေဝမ်ွလိုက္ပါတယ္
ရဲျမင့္ေဇာ္
ျပည္


No comments:

Post a Comment

မင်္ဂလာပါ..