menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

Printer စက္ကူညပ်ခြင်းနှင့် ပုံထွက်မကောင်းခြင်းအကြောင်း



မိတ္တူ ကူးစက်နဲ့ပတ်သက်ပြီး အကြောင်းအရာလေးတွေမဝေမျှနိုင်တာလဲကြာပြီဖြစ်လို့ ဒီကနေ့အမျိုးတွေအခက်အခဲရှိနေတာလေး မေးမြန်းစုံစမ်းကြည့်တဲ့အခါ ထုံးစံအတိုင်း

၁။ စက္ကူ ညပ်တာရယ်

၂။ ပုံထွက်မကောင်းတာ

အများဆုံးကြံတွေ့ရပါတယ်

၁။ စက္ကူ ညပ်တဲ့အကြောင်းစဉ်းစားကြည့်ရအောင်ပါ

အခြေခံသဘောတရားအရ စာရွက်တရွက်တက်လာဘို့ စက်အသေးအုပ်စုမှာ pick up လခြမ်းနဲ့ကောက်ပါတယ်



စက်အကြီးတွေက Rotatory စနစ် ရာဘာလုံးနဲ့ကောက်ပါတယ် စဆွဲပြီးရင် သဘောတရားအားလုံးတူဖြစ်တဲ့ feeder roller ရာဘာ၂လုံးနဲ့ ညှပ်ဆွဲယူသွားပါတယ်

စက္ကူ တရွက်ကောင်းကောင်းမွန်မွန်ကောက်ဘို့ ရာဘာခြမ်း၊အလုံးတေသန့်ရှင်းဘို့လိုပါတယ် အမျိုးတေမနက်ဆိုင်ဖွင့်ရင် ဘယ်နှစ်ယောက်လောက် ရာဘာလုံးတေကို အရက်ပျံ၊ ရေစိုဝတ်လေးနဲ့သန့်ရှင်းရေးလုပ်ကြပါသလဲ

စက်သေး၊ လတ်၊ ကြီးအားလုံး pick up ဗန်းယူနစ်တွေဟာ ဂီယာအထပ်ထပ် ကို ဆိုလိုနိုက်တွေနဲ့ထိမ်းချုပ်ထားတာမို့ သာမာန်ဆိုင်သမားများ ကျွမ်းကျင်စွာဖြုတ်ပြင်နိုင်ဘို့ ခက်ခဲပါတယ်

ဖုန်တေ၊ဆေးတေ သန့်ရှင်းဘို့လိုသလို သတ်မှတ်တဲ့ ချောဆီပြန်လည်ဖြည့်တင်းဘို့လိုပါတယ်

နောက်တစ်ဆင့် vertical roller က ထပ်ဆွဲယူသွားပြီး စတင်ပုံဖော်မဲ့ Registration sensor.ဆီဖြတ်ပါတယ် တက်လာတဲ့စက္ကူကို ဆင်ဆာရဲ့သတင်းပို့မှုကြောင့် နောက်ကအများခေါ်နေကြတဲ့ R clutch အလုပ်စတင်လုပ်လို့စက္ကူကို ထပ်ဆွဲပြီးစတင် ပုံဖော်ပါတယ်

အများဆုံးခက်ခဲကြုံတွေ့နေရတဲ့ Heater unit ဆီရောက်ပါတယ် စက္ကူ ပေါ်ဆေးမှုန့်တင်ပေးလိုက်ရုံပါ Heater unitထဲကိုဖြတ်မှ စက္ကူပေါ်ဆေးသားခိုင်တာပါ





အမေးများတဲ့ကိစ္စကတော့ စာလုံးတေဖွာတယ်၊ အစွယ်ထွက်တယ်၊ပြန့်တယ် ဖလင်ဆီထည့်ထားတယ်ပြောကြပါတယ် စာလုံးကျစ်လစ်မှုမရှိ အစွယ်ထွက်တာဟာ ဖလင်နဲ့ ပရက်ရှာရိုလာစစ်ဆေးရပါမယ်

ဖလင်မပျက်စီးသေးပေမဲ့ သက်တမ်းကုန်ရင် မရပါဘူး ဖလင်ကတောင့်တင်းဘို့လိုပါတယ် ပျော့အိနေရင် စာလုံးမပြတ်သားသလို ညပ်လဲညပ်ပါတယ်

Pressure roller ကလည်း တောင့်တင်းကျစ်လစ်ဘို့လိုပါတယ်

စက်ရုံကထုတ်လိုက်တည်းက သုံးလာတဲ့ roller ကိုယ့်လက်ထဲရောက်လို့ ရေရှည်ခိုင်းမှ အပြစ်ရှိမရှိ ပေါ်လာတာပါ ပစ္စည်း တော်တော်များများကို တစ်ထစ်ချယုံကြည်လို့မရပါ

အမြဲပြင်နေတဲ့စက်ဆရာများကိုယ်တိုင် ပစ္စည်း ကိုယုံမိလို့တော်တော်နဲ့အပြစ်ရှာမရ လဲလိုက်မှကောင်းသွားတာမျိုး ကြုံတွေ့ရပါတယ် အကောင်းကြီးရှိသေးတယ် ထင်တောင်မထင်ဘူးကွာ သိမ်းထားရအခက် လွှင့်ပစ်ရအခက်ပါ

၂။ ပုံထွက်မကောင်းတာ

ပီးခဲ့တဲ့ဆောင်းပါးတေမှာလဲ နည်းမျိုးစုံရေးခဲ့ပီးပါပြီ

စက်ကိုင်တွယ်အသုံးပြုနေတဲ့အမျိုးများ drum , blade, charging roller တွေကို အသစ်နဲ့အဟောင်း မျက်လုံးထဲ စွဲနေအောင်လေ့လာထားဘို့လိုပါတယ်

Drum unit.စက်ထဲကဆွဲထုတ်ပီးတာနဲ့ ငါ့drum တော်တော်ရိုက်ထားပီးတာပဲ ၊ အစက်၊ အစင်းတေဖြစ်နေပါရောလား၊ ဘေးသား coating တေ လန်နေပါလား ၊ စသဖြင့်သုံးသပ်ဖို့လိုပါတယ်

မှတ်မှတ်ရရ လပြည့်ကျော်တစ်ရက်နေ့ကမှလဲထားတာမကြာသေးဘူး

အမဝမ်းကွဲ ကလေးမျက်နှာမြင်တုံးက လဲထားတာမှတ်မိတယ်မကြာသေးဘူး

Drumဖြုတ်ကြည့်တော့ အရောင်အဆင်းမရှိတော့ ဒဏ်ရာဗလပွနဲ့

ရွက်ရေ ကောင်တာမေးတော့ အင်းအဲ မမှတ်လိုက်ရဘူး drum တေဈေးပေါပါတယ် နှမြောမနေနဲ့လဲလိုက်ပါတော့

ပုံထွက်မကောင်းတဲ့ ဆေးကန်

Developer unit အကြောင်းလဲ iR နဲ့ developer ဆိုတဲ့ဆောင်းပါးရေးခဲ့ပီးပါပြီ ဆေးကန်မှာ toner ခေါ်ဆေးမှုန့်တေထိမ်းသိမ်းသိုလှောင်ထားပါတယ် သံလိုက်ချောင်းကို scapper ခေါ် doctor blade နဲ့ ဆေးတေ အပုံလိုက်မထွက်အောင် ထိန်းညှိပီးမှ ထုတ်ပေးထားပါတယ်

ဘေးမှာ ball bearing ၂ လုံးနဲ့ ဖရိမ်ထဲထိုင်ထားပါတယ်

မိတ္တူ ကူးနေစဉ် ဆေးကန်နဲ့ drum နီးကပ်နေမှ ပုံဖော်နိုင်မှာဖြစ်ပါတယ် ဆေးကန်နဲ့ drum ထိမှာစိုးလို့ space ခြားထားတဲ့ spacer roller နဲ့ထောက်ထားပါတယ်

ပုံထွက်မကောင်းဖြူလျော်လျော်ဖြစ်နေမယ်ဆိုရင် ဆေးကန်ဖြုတ်ဆေးရပါတော့မယ် ball.,spacer ၄ ခုလုံးထစ်နေလို့ ကြပ်နေလို့မရပါဘူး ဓာတ်ဆီစိမ်ပြီးဆေးပါ၊ မရရင်အသစ်လဲပါ

ပုံထွက်မကောင်းတဲ့ဆေးကန်ကို ဆေးတေသွန်ချပါ

နှမြောရင်အပေါ်တောင့်ထဲ ပြန်ထည့်ပါ

လက်ကျန်ဆေးတေ အကုန်မှုတ်ထုတ်ပါ ဆေးတေသန့်စဉ်သွားမှ သံလိုက်ကို ဓာတ်ဆီနဲ့တိုက်ပါ ၊ ခြောက်သွားတော့မှ ဆေးသစ်ထည့်ပါ

ဆေးထုပ်ကို ပုံမှန်တံဆိပ်သာထည့်ပါ တခါဝယ်တံဆိပ်တစ်မျိုး ထည့်ရင်ပုံထွက်မငြိမ်ပါဘူး

နောက်ဆုံးအဆင့်ကတော့ လေဆာယူနစ်သန့်ရှင်းရေးလုပ်ရပါမယ်

တခါမှမလုပ်ဘူးသူများ စက်ပြင်ဆရာပြပါ နောက်ဆက်တွဲကုန်သွားတာလေးတွေ ပေါ်လာမှာစိုးလို့ဖြစ်ကြောင်း ဝေမျှလိုက်ပါတယ်

ရဲမြင့်ဇော်

ပြည်



မိတၱဴ ကူးစက္​နဲ႔ပတ္​သက္​ၿပီး အ​ေၾကာင္​းအရာ​ေလး​ေတြမ​ေဝမ်ွႏိုင္​တာလဲၾကာၿပီျဖစ္​လို႔ ဒီက​ေန႔အမ်ိဳး​ေတြအခက္​အခဲ႐ွိ​ေနတာ​ေလး ​ေမးျမန္​းစုံစမ္​းၾကည္​့တဲ့အခါ ထုံးစံအတိုင္​း
၁။ စကၠဴ ညပ္​တာရယ္​
၂။ ပုံထြက္​မ​ေကာင္​းတာ
အမ်ားဆုံးၾကံ​ေတြ႔ရပါတယ္​
၁။ စကၠဴ ညပ္​တဲ့အ​ေၾကာင္​းစဥ္​းစားၾကည္​့ရ​ေအာင္​ပါ
အ​ေျခခံသ​ေဘာတရားအရ စာရြက္​တရြက္​တက္​လာဘို႔ စက္အ​ေသးအုပ္​စုမွာ pick up လျခမ္​းနဲ႔​ေကာက္​ပါတယ္​

စက္​အႀကီး​ေတြက Rotatory စနစ္​ ရာဘာလုံးနဲ႔​ေကာက္​ပါတယ္​ စဆြဲၿပီးရင္​ သ​ေဘာတရားအားလုံးတူျဖစ္​တဲ့ feeder roller ရာဘာ၂လုံးနဲ႔ ညႇပ္​ဆြဲယူသြားပါတယ္​
စကၠဴ တရြက္​​ေကာင္​း​ေကာင္​းမြန္​မြန္​​ေကာက္​ဘို႔ ရာဘာျခမ္​း၊အလုံး​ေတသန္​႔႐ွင္​းဘို႔လိုပါတယ္​ အမ်ိဳး​ေတမနက္​ဆိုင္​ဖြင္​့ရင္​ ဘယ္​ႏွစ္​​ေယာက္​​ေလာက္​ ရာဘာလုံး​ေတကို အရက္​ပ်ံ၊ ​ေရစိုဝတ္​​ေလးနဲ႔သန္​႔႐ွင္​း​ေရးလုပ္​ၾကပါသလဲ
စက္​​ေသး၊ လတ္​၊ ႀကီးအားလုံး pick up ဗန္​းယူနစ္​​ေတြဟာ ဂီယာအထပ္​ထပ္​ ကို ဆိုလိုႏိုက္​​ေတြနဲ႔ထိမ္​းခ်ဳပ္​ထားတာမို႔ သာမာန္​ဆိုင္​သမားမ်ား ကြၽမ္​းက်င္​စြာျဖဳတ္​ျပင္​ႏိုင္​ဘို႔ ခက္​ခဲပါတယ္​
ဖုန္​​ေတ၊​ေဆး​ေတ သန္​႔႐ွင္​းဘို႔လိုသလို သတ္​မွတ္​တဲ့ ​ေခ်ာဆီျပန္​လည္​ျဖည္​့တင္​းဘို႔လိုပါတယ္​
​ေနာက္​တစ္​ဆင္​့ vertical roller က ထပ္​ဆြဲယူသြားၿပီး စတင္​ပုံ​ေဖာ္​မဲ့ Registration sensor.ဆီျဖတ္​ပါတယ္​ တက္​လာတဲ့စကၠဴကို ဆင္​ဆာရဲ႕သတင္​းပို႔မႈ​ေၾကာင္​့ ​ေနာက္​ကအမ်ား​ေခၚ​ေနၾကတဲ့ R clutch အလုပ္​စတင္​လုပ္​လို႔စကၠဴကို ထပ္​ဆြဲၿပီးစတင္ ​ပုံ​ေဖာ္​ပါတယ္​
အမ်ားဆုံးခက္​ခဲ​ၾကံဳ​ေတြ႔​ေနရတဲ့ Heater unit ဆီ​ေရာက္​ပါတယ္​ စကၠဴ ​ေပၚ​ေဆးမႈန္​႔တင္​​ေပးလိုက္​႐ုံပါ Heater unitထဲ​ကိုျဖတ္​မွ စ​ကၠဴေပၚ​ေဆးသားခိုင္​တာပါ

အ​ေမးမ်ားတဲ့ကိစၥက​ေတာ့ စာလုံး​ေတဖြာတယ္​၊ အစြယ္​ထြက္​တယ္​၊ျပန္​႔တယ္​ ဖလင္​ဆီထည္​့ထားတယ္​​ေျပာၾကပါတယ္​ စာလုံးက်စ္​လစ္​မႈမ႐ွိ အစြယ္​ထြက္​တာဟာ ဖလင္​နဲ႔ ပရက္​႐ွာ႐ိုလာစစ္​ေဆးရပါမယ္​
ဖလင္​မပ်က္​စီး​ေသး​ေပမဲ့ သက္​တမ္​းကုန္​ရင္​ မရပါဘူး ဖလင္​က​ေတာင္​့တင္​းဘို႔လိုပါတယ္​ ​ေပ်ာ့အိ​ေနရင္​ စာလုံးမျပတ္​သားသလို ညပ္​လဲညပ္​ပါတယ္​
Pressure roller ကလည္​း ​ေတာင္​့တင္​းက်စ္​လစ္​ဘို႔လိုပါတယ္​
စက္​႐ုံကထုတ္​လိုက္​တည္​းက သုံးလာတဲ့ roller ကိုယ္​့လက္​ထဲ​ေရာက္​လို႔ ​ေရ႐ွည္​ခိုင္​းမွ အျပစ္​႐ွိမ႐ွိ ​ေပၚလာတာပါ ပစၥည္​း ​ေတာ္​​ေတာ္​မ်ားမ်ားကို တစ္​ထစ္​ခ်ယုံၾကည္​လို႔မရပါ
အျမဲျပင္​​ေနတဲ့စက္​ဆရာမ်ားကိုယ္​တိုင္​ ပစၥည္​း ကိုယုံမိလို႔​ေတာ္​​ေတာ္​နဲ႔အျပစ္​႐ွာမရ လဲလိုက္​မွ​ေကာင္​းသြားတာမ်ိဳး ၾကံဳ​ေတြ႔ရပါတယ္​ အ​ေကာင္​းႀကီး႐ွိ​ေသးတယ္​ ထင္​​ေတာင္​မထင္​ဘူးကြာ သိမ္​းထားရအခက္​ လႊင္​့ပစ္​ရအခက္​ပါ
၂။ ပုံထြက္​မ​ေကာင္​းတာ
ပီးခဲ့တဲ့​ေဆာင္​းပါး​ေတမွာလဲ နည္​းမ်ိဳးစုံ​ေရးခဲ့ပီးပါၿပီ
စက္​ကိုင္​တြယ္​အသုံးျပဳ​ေနတဲ့အမ်ိဳးမ်ား drum , blade, charging roller ​ေတြကို အသစ္​နဲ႔အ​ေဟာင္​း မ်က္​လုံးထဲ စြဲ​ေန​ေအာင္​​ေလ့လာထားဘို႔လိုပါတယ္​
Drum unit.စက္​ထဲကဆြဲထုတ္​ပီးတာနဲ႔ ငါ့drum ​ေတာ္​​ေတာ္​႐ိုက္​ထားပီးတာပဲ ၊ အစက္​၊ အစင္​း​ေတျဖစ္​​ေနပါ​ေရာလား၊ ​ေဘးသား coating ​ေတ လန္​​ေနပါလား ၊ စသျဖင္​့သုံးသပ္​ဖို႔လိုပါတယ္​
မွတ္​မွတ္​ရရ လျပည္​့​ေက်ာ္​တစ္​ရက္​ေန႔ကမွလဲထားတာမၾကာ​ေသးဘူး
အမဝမ္​းကြဲ က​ေလးမ်က္​ႏွာျမင္​တုံးက လဲထားတာမွတ္​မိတယ္​မၾကာ​ေသးဘူး
Drumျဖဳတ္​ၾကည္​့​ေတာ့ အ​ေရာင္​အဆင္​းမ႐ွိ​ေတာ့ ဒဏ္​ရာဗလပြနဲ႔
ရြက္​​ေရ ​ေကာင္​​တာ​ေမး​ေတာ့ အင္​းအဲ မမွတ္​လိုက္​ရဘူး drum ​ေတ​ေစ်း​ေပါပါတယ္​ ႏွ​ေျမာမ​ေနနဲ႔လဲလိုက္​ပါ​ေတာ့
ပုံထြက္​မ​ေကာင္​းတဲ့ ​ေဆးကန္​
Developer unit အ​ေၾကာင္​းလဲ iR နဲ႔ developer ဆိုတဲ့​ေဆာင္​းပါး​ေရးခဲ့ပီးပါၿပီ ​​ေဆးကန္​မွာ toner ​ေခၚ​ေဆးမႈန္​႔​ေတထိမ္​းသိမ္​းသို​ေလွာင္​ထားပါတယ္​ သံလိုက္​​ေခ်ာင္​းကို scapper ​ေခၚ doctor blade နဲ႔ ​ေဆး​ေတ အပုံလိုက္​မထြက္​​ေအာင္​ ထိန္​းညႇိပီးမွ ထုတ္​​ေပးထားပါတယ္​
​ေဘးမွာ ball bearing ၂ လုံးနဲ႔ ဖရိမ္​ထဲထိုင္​ထားပါတယ္​
မိတၱဴ ကူး​ေနစဥ္​ ​ေဆးကန္​နဲ႔ drum နီးကပ္​​ေနမွ ပုံ​ေဖာ္​ႏိုင္​မွာျဖစ္​ပါတယ္​ ​ေဆးကန္​နဲ႔ drum ထိမွာစိုးလို႔ space ျခားထားတဲ့ spacer roller နဲ႔​ေထာက္​ထားပါတယ္​
ပုံထြက္​မ​ေကာင္​းျဖဴ​ေလ်ာ္​​ေလ်ာ္​ျဖစ္​​ေနမယ္​ဆိုရင္​ ​ေဆးကန္​ျဖဳတ္​​ေဆးရပါ​ေတာ့မယ္​ ball.,spacer ၄ ခုလုံးထစ္​​ေနလို႔ ၾကပ္​​ေနလို႔မရပါဘူး ဓာတ္​ဆီစိမ္​ၿပီး​ေဆးပါ၊ မရရင္​အသစ္​လဲပါ
ပုံထြက္​မ​ေကာင္​းတဲ့​ေဆးကန္​ကို ​ေဆး​ေတသြန္​ခ်ပါ
ႏွ​ေျမာရင္​အ​ေပၚ​ေတာင္​့ထဲ ျပန္​ထည္​့ပါ
လက္​က်န္​​ေဆး​ေတ အကုန္​မႈတ္​ထုတ္​ပါ ​ေဆး​ေတသန္​႔စဥ္​သြားမွ သံလိုက္​ကို ဓာတ္​ဆီနဲ႔တိုက္​ပါ ၊ ​ေျခာက္​သြား​ေတာ့မွ ​ေဆးသစ္​​ထည္​့ပါ
​ေဆးထုပ္​ကို ပုံမွန္​တံဆိပ္​သာထည္​့ပါ တခါဝယ္​တံဆိပ္​တစ္​မ်ိဳး ထည္​့ရင္​ပုံထြက္​မၿငိမ္​ပါဘူး
​ေနာက္​ဆုံးအဆင္​့က​ေတာ့ ​ေလဆာယူနစ္​သန္​႔႐ွင္း​ေရးလုပ္​ရပါမယ္​
တခါမွမလုပ္​ဘူးသူမ်ား စက္​ျပင္​ဆရာျပပါ ​ေနာက္​ဆက္​တြဲကုန္​သြားတာ​ေလး​ေတြ ​ေပၚလာမွာစိုးလို႔ျဖစ္​​ေၾကာင္​း ​ေဝမ်ွလိုက္​ပါတယ္​
ရဲျမင္​့​ေဇာ္​
ျပည္​

No comments:

Post a Comment

မင်္ဂလာပါ..