menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

Printer Riso & T4 Error





ဒီရက်ပိုင်းအတွင်း မြင်တွေ့ကြားနေရတဲ့ Error ကတော့ T4 Call စက်ဆရာပါ အမျိုးတွေလဲ ခနခနကြုံပီးပါပြီ ပီးခဲ့တဲ့ GR နဲ့အတွင်းကဒ်အပြင်ကဒ်ဆောင်းပါးထဲမှာလဲရေးခဲ့ပီးပါပြီ သတိရပီးထပ်တွေ့တာလေးပြောချင်လို့ပါ

Riso စက်ပိုင်အမျိုးများ အထူးသဖြင့် ရောင်စုံdrum unit တစ်လုံးပီး တစ်လုံးချိန်းရိုက်သူများအနေနဲ့ Drum ကို စက်ထဲထည့်တဲ့အခါ အရှိန်နဲ့ ဒုန်း ဒုန်း မည်အောင်ဆောင့်မထည့်ကြဘို့အကြံပေးချင်ပါတယ်

ထည့်တော့ဘာဖြစ်လဲ ဟုတ်ကဲ့ဖြစ်ပါတယ် drum မှာတတ်ထားတာ အဖိုဆော့ကက်၊ စက်မှာထိုင်ထားတာ အမဆော့ကက်ပါ အရှိန်နဲ့ပစ်ထည့်ရင် စက်မှာထိုင်ထားတဲ့အမ ဆော့ကက်ထဲက ကြေးငုတ်တွေ ကျိုးပါတယ် တချို့ အထဲမှာကွေးကောက်လိမ်သွားပါတယ်

Drum unitမှာ ထည့်ထားတဲ့ ink sensor, ink motor, Drum size, ပတ်သက်သမျှ Error တွေပြပါတယ် T4 ပြတိုင်းလဲ ink sensor PCB လို့ ပြောမရပါ နောက်စက်တလုံးထဲထည့်စမ်းမှသေချာတာပါ

ဆော့ကက်ထဲကကြေးငုတ် ပါးပါးလေးပါ အရှိန်နဲ့ ဝိတ်အလေးကြီးနဲ့ဝင်အဆောင့်ခံရတဲ့ ကြေးငုတ်တချိန်မှာကျိုးမှာ သေချာပါတယ် မိတ္တူ ဖြစ်စေ Riso ဖြစ်စေတံခါးတွေ အဖုံးတွေ မှာ log ချတဲ့ ချိတ်ရှိမယ် စက်ထဲမှာ micro switch တွေရှိတာ သူ့သီအိုရီပါ

စက္ကူ ကညပ် အလုပ်ကရှုပ် စိတ်ကတို ဝုန်းဒိုင်းဆောင့်ပိတ် တံခါးငုတ်တွေကျိုး၊ Switch တွေပြုတ် sensor တွေပြုတ်ကျ စက်က ဖြစ်တဲ့အပစ်ထက်လူကြောင့်ဖြစ်လို့ user fault လို့ခေါ်ပါတယ် မလုပ်ပါနဲ့ ပစ္စည်း အားလုံးနေရာတကျ အထိုင်ကျရင် စက်ထဲက ကလစ်ဆိုတဲ့ အသံကြားရရင် display ပေါ်က စာပျောက်ရင်ပီးပါတယ်

တချို့ဆိုင်တွမှာတွေ့ဘူးပါတယ် စက္ကူ ဖြည့်ပီးရင် ဗန်းတွေကို အရှိန်နဲ့ဆောင့်ထည့်တယ် လက်ဝှေ့သမားများလို ဒူးနဲ့တောင်တိုက်ပိတ်လိုက်ပါသေးတယ် အားလုံးဟာပလပ်စတစ် ကော်ကျွတ်တွေချည်းမို့ ကျိုးပဲ့သွားတာသာ အဖတ်တင်ပါတယ်

Riso 2750 အုပ်စုမှာ Drum unit နဲ့ချိတ်ဆက်တဲ့ ဆော့ကက် ၂ခုတွဲဟာစက်ဗိုက်ထဲကနေ နောက်က main pcb ကိုတခါတည်းဆက်သွယ်ထားလို့ ဆော့ကက်ထဲကကြေးငုတ်တွေကျိုးရင် အစုံလိုက်လဲရပါတယ် ဈေးလဲကြီးပါတယ်

ဝယ်လို့ရတာပဲကျေးဇူးတင်နေရပါတယ်

နောက်တခု T4 Call စက်ဆရာ ပေါ်ရင်အမျိုးတေအနေနဲ့ ဆေးတောင့်လေးဖြုတ် အထဲကိုဓာတ်မီးနဲ့ထိုးကြည့်ပါ အရေးပေါ်ရိုက်နေတုံးပေါ့ ကဒ်ပေါ်မှာ sensor ၂ချောင်းရှိပါတယ် တိုင်ရှည်ကမှင်ရှိမရှိ ကြည့်ပါတယ် တိုင်တိုက မှင်တွေလိုအပ်တာထက်များလာရင် သတိပေးဘို့ပါ

မှင်တွေအပုံလိုက်ဖြစ်နေရင် စက်ပြင်ကလည်းရုတ်တရက်ခေါ်မရတဲ့အချိန် မှင်တောင့်ထုတ် ဓာတ်မီးနဲ့ထိုးကြည့် သံချောင်းသေးသေး / တုတ်သေးသေးနဲ့ sensor နဲ့လွတ်အောင် အနောက်ဖက်တွန်းချပီး ဆက်ရိုက်လို့ရပါတယ် ဗမာလိုပေါ့

Drum ကိုလက်ကိုင်ကနေတန်းလန်းဆွဲထားပြီး နဲနဲအပေါ်အောက်ခါလိုက်ရင်လည်း မှင်တွေ တဖက်ပြိုကျသွားရင်ဆက်သုံးလို့ရပါတယ်

အကြံပေးကောင်းလို့ အမျိုးတယောက်ကတော့ကြမ်းပြင်ပော်ကိုင်ဆောင့်လိုက်တာနောက်က သတ္တုဖလန်းကွဲသွားပာတယ် အတွေးမချော် လေထဲတင်ခာချကြပာလို့

တချို့တိုင်ရှည်ဟာ ကွေးပီးဘေးကိုရောက်နေရင် မှင်မရှိဘူးထင်ပီးမော်တာကအများကြီးမောင်းချပါတယ် ဖြုတ်တတ် လုပ်ရင်း တိုင်ရှည်ကိုပြန်ဖြောင့်ပါ မှင်ခြေလုံးနဲ့တည့်အောင်ချိန်ပါ

နောက်တချက် မှင်တောင့်ဝယ်တဲ့အခါ ရက်လွန်ပြီးရေထွက်နေတဲ့ အရမ်းပျော့နေတဲ့ မှင်တောင့် မထည့်ပါနဲ့ မှင်တောင့်ကသက်တမ်း အများဆုံး ၄လလောက်သာထားလို့ရပါတယ် ဘာတွေနဲ့ဖျော်စပ်ထားလဲ ဓာတ်ခွဲခန်းတင်မှအတိအကျသိမှာပါ သုံးထားတဲ့ chemical ကြောင့်အလိုလိုရေတွေသီးထွက်လာတာပါ

ရေထွက်ရင် တချိန်လုံးလည်နေတဲ့drumထဲမှာ ရေတွေဟာ motor, pump, ink sensor ကဒ်တွေပေါ်ကျပါတယ် အထဲမှာ အစိုပြန်၊ ဆားပေါက်၊ သံချးကိုက် ဖြုတ်မရအတော် ဒုက္ခရောက်ပါတယ်

GR 2750 ဟာတော်တော်မာသလို ဗမာလိုလုပ်ရကိုင်ရလွယ်ပါတယ် ရေတွေများနေရင် drum နောက်ဖက်က ပလပ်စတစ်ပြား ဒါးနဲ့ဖောက် Drum လေးထောင်ပီးရေထုတ် မှင်တွေအနောက်ဖက် လျောကျ sensor  နဲ့လွတ် T4လဲပျောက် တတ်ပါတယ်လို့ အကြံပေး ဝေမျှလိုက်ပါတယ

Drum ကို ကြမ်းပြင်မှာကိုင်မဆောင့်ကြေးနော်

ရဲမြင့်ဇော်

ပြည်



ဒီရက္ပိုင္းအတြင္း ျမင္ေတြ႔ၾကားေနရတဲ့ Error ကေတာ့ T4 Call စက္ဆရာပါ အမ်ိဳးေတြလဲ ခနခနၾကဳံပီးပါၿပီ ပီးခဲ့တဲ့ GR နဲ႔အတြင္းကဒ္အျပင္ကဒ္ေဆာင္းပါးထဲမွာလဲေရးခဲ့ပီးပါၿပီ သတိရပီးထပ္ေတြ႔တာေလးေျပာခ်င္လို႔ပါ
Riso စက္ပိုင္အမ်ိဳးမ်ား အထူးသျဖင့္ ေရာင္စုံdrum unit တစ္လုံးပီး တစ္လုံးခ်ိန္း႐ိုက္သူမ်ားအေနနဲ႔ Drum ကို စက္ထဲထည့္တဲ့အခါ အ႐ွိန္နဲ႔ ဒုန္း ဒုန္း မည္ေအာင္ေဆာင့္မထည့္ၾကဘို႔အၾကံေပးခ်င္ပါတယ္
ထည့္ေတာ့ဘာျဖစ္လဲ ဟုတ္ကဲ့ျဖစ္ပါတယ္ drum မွာတတ္ထားတာ အဖိုေဆာ့ကက္၊ စက္မွာထိုင္ထားတာ အမေဆာ့ကက္ပါ အ႐ွိန္နဲ႔ပစ္ထည့္ရင္ စက္မွာထိုင္ထားတဲ့အမ ေဆာ့ကက္ထဲက ေၾကးငုတ္ေတြ က်ိဳးပါတယ္ တခ်ိဳ႕ အထဲမွာေကြးေကာက္လိမ္သြားပါတယ္

Drum unitမွာ ထည့္ထားတဲ့ ink sensor, ink motor, Drum size, ပတ္သက္သမ်ွ Error ေတြျပပါတယ္ T4 ျပတိုင္းလဲ ink sensor PCB လို႔ ေျပာမရပါ ေနာက္စက္တလုံးထဲထည့္စမ္းမွေသခ်ာတာပါ
ေဆာ့ကက္ထဲကေၾကးငုတ္ ပါးပါးေလးပါ အ႐ွိန္နဲ႔ ဝိတ္အေလးႀကီးနဲ႔ဝင္အေဆာင့္ခံရတဲ့ ေၾကးငုတ္တခ်ိန္မွာက်ိဳးမွာ ေသခ်ာပါတယ္ မိတၱဴ ျဖစ္ေစ Riso ျဖစ္ေစတံခါးေတြ အဖုံးေတြ မွာ log ခ်တဲ့ ခ်ိတ္႐ွိမယ္ စက္ထဲမွာ micro switch ေတြ႐ွိတာ သူ႔သီအိုရီပါ
စကၠဴ ကညပ္ အလုပ္က႐ႈပ္ စိတ္ကတို ဝုန္းဒိုင္းေဆာင့္ပိတ္ တံခါးငုတ္ေတြက်ိဳး၊ Switch ေတြျပဳတ္ sensor ေတြျပဳတ္က် စက္က ျဖစ္တဲ့အပစ္ထက္လူေၾကာင့္ျဖစ္လို့ user fault လို႔ေခၚပါတယ္ မလုပ္ပါနဲ႔ ပစၥည္​း အားလုံးေနရာတက် အထိုင္က်ရင္ စက္ထဲက ကလစ္ဆိုတဲ့ အသံၾကားရရင္ display ေပၚက စာေပ်ာက္ရင္ပီးပါတယ္
တခ်ိဳ႕ဆိုင္တြမွာေတြ႔ဘူးပါတယ္ စကၠဴ ျဖည့္ပီးရင္ ဗန္းေတြကို အ႐ွိန္နဲ႔ေဆာင့္ထည့္တယ္ လက္ေဝွ့သမားမ်ားလို ဒူးနဲ႔ေတာင္တိုက္ပိတ္လိုက္ပါေသးတယ္ အားလုံးဟာပလပ္စတစ္ ေကာ္ကြၽတ္ေတြခ်ည္းမို႔ က်ိဳးပဲ့သြားတာသာ အဖတ္တင္ပါတယ္
Riso 2750 အုပ္စုမွာ Drum unit နဲ႔ခ်ိတ္ဆက္တဲ့ ေဆာ့ကက္ ၂ခုတြဲဟာစက္ဗိုက္ထဲကေန ေနာက္က main pcb ကိုတခါတည္းဆက္သြယ္ထားလို႔ ေဆာ့ကက္ထဲကေၾကးငုတ္ေတြက်ိဳးရင္ အစုံလိုက္လဲရပါတယ္ ေစ်းလဲႀကီးပါတယ္
ဝယ္လို႔ရတာပဲေက်းဇူးတင္ေနရပါတယ္
ေနာက္တခု T4 Call စက္ဆရာ ေပၚရင္အမ်ိဳးေတအေနနဲ႔ ေဆးေတာင့္ေလးျဖဳတ္ အထဲကိုဓာတ္မီးနဲ႔ထိုးၾကည့္ပါ အေရးေပၚ႐ိုက္ေနတုံးေပါ့ ကဒ္ေပၚမွာ sensor ၂ေခ်ာင္း႐ွိပါတယ္ တိုင္႐ွည္ကမွင္႐ွိမ႐ွိ ၾကည့္ပါတယ္ တိုင္တိုက မွင္ေတြလိုအပ္တာထက္မ်ားလာရင္ သတိေပးဘို႔ပါ
မွင္ေတြအပုံလိုက္ျဖစ္ေနရင္ စက္ျပင္ကလည္း႐ုတ္တရက္ေခၚမရတဲ့အခ်ိန္ မွင္ေတာင့္ထုတ္ ဓာတ္မီးနဲ႔ထိုးၾကည့္ သံေခ်ာင္းေသးေသး / တုတ္ေသးေသးနဲ႔ sensor နဲ႔လြတ္ေအာင္ အေနာက္ဖက္တြန္းခ်ပီး ဆက္႐ိုက္လို႔ရပါတယ္ ဗမာလိုေပါ့
Drum ကိုလက္ကိုင္ကေနတန္းလန္းဆြဲထားၿပီး နဲနဲအေပၚေအာက္ခါလိုက္ရင္လည္း မွင္ေတြ တဖက္ၿပိဳက်သြားရင္ဆက္သုံးလို႔ရပါတယ္
အၾကံေပးေကာင္းလို႔ အမ်ိဳးတေယာက္ကေတာ့ျကမ္းျပင္ေပာ္ကိုင္ေဆာင့္လိုက္တာေနာက္က သတၱုဖလန္းကြဲသြားပာတယ္ အေတြးမေခ်ာ္ ေလထဲတင္ခာခ်ျကပာလို့
တခ်ိဳ႕တိုင္႐ွည္ဟာ ေကြးပီးေဘးကိုေရာက္ေနရင္ မွင္မ႐ွိဘူးထင္ပီးေမာ္တာကအမ်ားႀကီးေမာင္းခ်ပါတယ္ ျဖဳတ္တတ္ လုပ္ရင္း တိုင္႐ွည္ကိုျပန္ေျဖာင့္ပါ မွင္ေျခလုံးနဲ႔တည့္ေအာင္ခ်ိန္ပါ
ေနာက္တခ်က္ မွင္ေတာင့္ဝယ္တဲ့အခါ ရက္လြန္ၿပီးေရထြက္ေနတဲ့ အရမ္းေပ်ာ့ေနတဲ့ မွင္ေတာင့္ မထည့္ပါနဲ႔ မွင္ေတာင့္ကသက္တမ္း အမ်ားဆုံး ၄လေလာက္သာထားလို႔ရပါတယ္ ဘာေတြနဲ႔ေဖ်ာ္စပ္ထားလဲ ဓာတ္ခြဲခန္းတင္မွအတိအက်သိမွာပါ သုံးထားတဲ့ chemical ေၾကာင့္အလိုလိုေရေတြသီးထြက္လာတာပါ
ေရထြက္ရင္ တခ်ိန္လုံးလည္ေနတဲ့drumထဲမွာ ေရေတြဟာ motor, pump, ink sensor ကဒ္ေတြေပၚက်ပါတယ္ အထဲမွာ အစိုျပန္၊ ဆားေပါက္၊ သံခ်းကိုက္ ျဖဳတ္မရအေတာ္ ဒုကၡေရာက္ပါတယ္
GR 2750 ဟာေတာ္ေတာ္မာသလို ဗမာလိုလုပ္ရကိုင္ရလြယ္ပါတယ္ ေရေတြမ်ားေနရင္ drum ေနာက္ဖက္က ပလပ္စတစ္ျပား ဒါးနဲ႔ေဖာက္ Drum ေလးေထာင္ပီးေရထုတ္ မွင္ေတြအေနာက္ဖက္ ေလ်ာက် sensor နဲ႔လြတ္ T4လဲေပ်ာက္ တတ္ပါတယ္လို႔ အၾကံေပး ေဝမ်ွလိုက္ပါတယ
Drum ကို ၾကမ္းျပင္မွာကိုင္မေဆာင့္ေၾကးေနာ္
ရဲျမင့္ေဇာ္
ျပည္

No comments:

Post a Comment

မင်္ဂလာပါ..