menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

Printer Drum Unit ကို Maintain လုပ်ပုံ



#Drum unit maintain#

ဒီနေ့ပြောပြချင်တာကတော့ Drum Unit ကို Maintain လုပ်ပုံနဲ့ သိသင့်တာလေးပါ

စက် Model ကွာပေမဲ့ သဘောတရားအတူတူပါ

User များအနေနဲ့ မိတ္တူ သာကူးပါတယ် waste toner ဆေးအဟောင်းထုတ်ဘို့ သတိမရပါဘူး သန့်ရှင်းရေးလုပ်ဘို့ မေ့နေပါတယ် တချို့ display မှာပေါ်တဲ့စာ လုံးဝမဖတ်ပါဘူး တခုခုဖြစ်ရင် မီးနီပြတယ် ကူးမရဘူးဆိုပြီးဖုန်းတွေဆက် အတင်းခေါ်ပါတယ်

Digital စက်တွေမှာ စက္ကူမရှိတာကအစ စာတွေပေါ်ပါတယ် English လိုပေါ်ပါတယ် ၊ Canon မိတ္တူ ကူးစက်တွေမှာ ကူးလိုက်ရင် ဆေး 70% ကစာရွက်ပေါ်ပါသွားပေမဲ့ အဟောင်းကန်ထဲ 30% ရောက်သွားပါတယ် Drum ပေါ်ကကျန်တဲ့ဆေးကို Cleaning Blade က သိမ်းပြီး အဟောင်းကန်ထဲပို့လိုက်တာပါ



ရိုက်ချက်များလာရင် စက္ကူ အမှုန်တွေ Blade ပေါ်

နဲ့ အဟောင်းကန်ကြားမှာ အမျှင်လေးတွေတောင်တန်းပြီး ဆို့နေလို့ Drum သက်တန်းမကုန်ပဲ အစင်းတွေဖြစ်ပီး လဲလိုက်ရပါတယ်





Drum ရဲ့အပေါ်မှာ Charging Roller ရာဘာရှပ်အမဲလုံးတတ်ထားပါသေးတယ် Highvoltage Circuit ကနေ volt ပေးထားတာပါ ဒီ Roller ကလည်းDrum နဲ့ထိနေလို့ ဆေးချိုးတွေ စက္ကူ မှုန်တွေ ကပ်နေပါတယ် သန့်ရှင်းရေးလုပ်မှ Drumသက်တန်း ရှည်ပါတယ် ၊ Digital စက်ကDrum က Coating ပါးပါးလေးဖြစ်လို့ ရိုက်ချက် ၃ သောင်းရရင် တော်တော်ဂရုစိုက်လို့ပါ

Charging Roller ကို ပလပ်စတစ်ပုခက်စပရင်နဲ့ထိုင်ထားပါတယ် တခုကအမဲရောင် လျှပ်စစ်ကူးမြန်ဘို့ ဖိုက်ဘာနဲ့သံမှုန်ရောထားတဲ့ လျှပ်ကူးပါ Hight voltage ကနေ voltပေးတာဖြစ်လို့ အဖြူနဲ့အနက် မှားတတ်လို့မရပါဘူး ပုခက်အနက်ရှိတဲ့အောက်မှာ စတီးပြားတပတ်လည် ခံထားပါတယ်

အမျိုးများအလုပ်အားရင် Drum သက်တန်းရှည်ဘို့ သန့်ရှင်းရေးလုပ်ကြပါလို့ အကြံပေးလိုက်ပါတယ်

Drum Unit ထုတ်လိုက်ပါ

စတီးပင် ပလက်ယာချွန်နဲ့ ထုတ်ပါ

Drum ဖြုတ်လိုက်ပါ Charging Roller ဖြုတ်ပါ အဝတ်ရေစိုနဲ့ ပြောင်အောင်တိုက်ပါ

Cleaning Blade ဖြုတ်ပါ သန့်ရှင်းရေးလုပ်ပါ ဆေးအသစ် Blade ပေါ်ပြန်သုတ်ပါ ပြန်တတ်ရင် လန်ပီးပါသွားတတ်လို့ပါ

ဆေးအဟောင်းတေသွန်ပါ

ဆေးအဟောင်းတွေကြပ်ရင် တောက်တောက်အသံမည်ပါတယ် Error တက်ပါတယ်

အထဲက ဆေးဟောင်းမွှေတဲ့ ရှပ်တန်းကျိုးပါတယ်

စက္ကူတက်လာမဲ့လမ်းကြောင်းပေါ် ဆေးတွေထွက်ကျ စာရွက်ညပ်သလို ပုံထွက်ပါမသန့် ဖြစ်လာပါတယ် ။

အမျိုးတေအားလုံး
Drum သက်တန်းကုန်အောင်ရိုက်ရပါစေ
ရဲမြင့်ဇော်

The Friend

Copier Sale & Services

ပြည်မြို့


#Drum unit maintain#

Drum Unit ထုတ်လိုက်ပါ
ဆေးအဟောင်းတေသွန်ပါ

အမျိုးတေအားလုံး
ရဲမြင့်ဇော်
The Friend
Copier Sale & Services
ပြည်မြို့

No comments:

Post a Comment

မင်္ဂလာပါ..