menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

Pc မှာ internet data ချွေတာနည်း






Windows 10 မှာ Internet Data လေလွင့်မှုသက်သာအောင် ဘယ်လိုလုပ်မလဲ???

ပထမဦးဆုံးအချက်အနေနဲ့

Internet ကို Package ဝယ်ယူပြီးအသုံးပြုပါခင်ဗျ

Windows 10 ဟာ Windows 8, 8.1 တွေထက် Data စားသုံးမှုက 3 ဆကျော်တာ အားလုံးသိပြီးဖြစ်မှာပါ။ ကိုယ်တိုင်လည်း Internet Data ချွေတာချင်တဲ့အခါ Windows 8.1 ကိုသာပြောင်းသုံးနေခဲ့ဖူးပါတယ်။ ဒါကိုသိပ်ဘဝင်မကျတာကြောင့် Internet Data စားသက်သာအောင် မလိုအပ်တဲ့ ဘယ် Settings တွေ Background Data တွေပိတ်ရမလဲ ဆိုတာ အမြဲစမ်းသပ်လေ့လာခဲ့ရင်းအောက်ပါနည်းလမ်းကိုရခဲ့တယ်ဗျ။ Windows 8, 8.1 တွေလိုမျိုး Data စားသုံးမှုနည်းပါသွားစေမယ့်နည်းလမ်းတွေကတော့...



၁။ Windows Update Services ကိုပိတ်ပါ (Windows Logo+R >> Type "services.msc" and Enter နှိပ်ပြီး Services ထဲက Windows Update မှာ Double click နှိပ်ပါ။ ပြီးရင် Startup type မှာ Disable ရွေး Save လိုက်ပါ။

၂။ Defer Windows Updates (Settings >> Update & Security >> Advanced options >> Choose how updates are delivered >> Updates from more than one place ကို On ပါ။ ပြီးရင် PCs on my local network ကိုရွေးပေးလိုက်ပါ)

၃။ Turn off Background Apps (Settings >> Privacy >> Background apps မှာ Off ပေးလိုက်ပါ)

၄။ Disable PC Synchronization (Settings >> Accounts >> Sync your settings >> Sync settings ကို Off ပေးပါ)

၅။ Set connection as metered (Settings >> Network & internet >> Wi-fi >> မိချိတ်ဆက်ထားတဲ့ Wifi name ကို Click ပြီး Set as metered connection ကို On ပေးလိုက်ပါ။

၆။ Deactivate Live tiles (Windows Key

Icon ကိုနှိပ်ရင် Start Screen ပေါ်လာလိမ့်မယ်။ အဲဒီက live feed app တွေပေါ် Right Click >> More ကနေ Turn Live Tile off ကိုနှိပ်ပေးလိုက်ပါ)

၇။ Disable Auto Update Offline Maps (Settings >> Offline maps >> Metered connections ကို On ပေးလိုက်ပြီး Automatically update maps ကို Off ပေးလိုက်ပါ)

၈။ Disable MS store Auto Update (Open Microsoft Store >> Click on See more (...) >> Settings ကိုသွားပြီး App updates, Live Tile, Video Autoplay တွေကို Off ပေးလိုက်ပါ)

၉။ Disable Onedrive (အကယ်၍ Onedrive ကိုမသုံးလို ပိတ်ချင်တယ်ဆိုရင် Right click on Taskbar >> Task Manager >> Stratup >> Microsoft OneDrive ကို Disable လုပ်ထားလိုက်ပါ)

အထက်ကအချက် (၉)ချက်ကိုလုပ်ဆောင်ပြီးတဲ့အခါ Windows ကို တကြိမ် Restart ချပြီး သုံးကြည့်လိုက်ပါ။ မလိုအပ်ပဲ Internet Data လေလွင့်ကုန်ကျမှုတွေ များစွာလျော့နည်းသွားပါလိမ့်မယ်။

......

Credit To: Ko Yan

Windows 10 မွာ Internet Data ေလလြင့္မႈသက္သာေအာင္ ဘယ္လိုလုပ္မလဲ???
ပထမဦးဆံုးအခ်က္အေနနဲ႔
Internet ကို Package ဝယ္ယူျပီးအသံုးျပဳပါခင္ဗ်
Windows 10 ဟာ Windows 8, 8.1 ေတြထက္ Data စားသံုးမႈက 3 ဆေက်ာ္တာ အားလံုးသိၿပီးျဖစ္မွာပါ။ ကိုယ္တိုင္လည္း Internet Data ေခၽြတာခ်င္တဲ့အခါ Windows 8.1 ကိုသာေျပာင္းသံုးေနခဲ့ဖူးပါတယ္။ ဒါကိုသိပ္ဘဝင္မက်တာေၾကာင့္ Internet Data စားသက္သာေအာင္ မလိုအပ္တဲ့ ဘယ္ Settings ေတြ Background Data ေတြပိတ္ရမလဲ ဆိုတာ အၿမဲစမ္းသပ္ေလ့လာခဲ့ရင္းေအာက္ပါနည္းလမ္းကိုရခဲ့တယ္ဗ်။ Windows 8, 8.1 ေတြလိုမ်ိဳး Data စားသံုးမႈနည္းပါသြားေစမယ့္နည္းလမ္းေတြကေတာ့...

၁။ Windows Update Services ကိုပိတ္ပါ (Windows Logo+R >> Type "services.msc" and Enter ႏွိပ္ၿပီး Services ထဲက Windows Update မွာ Double click ႏွိပ္ပါ။ ၿပီးရင္ Startup type မွာ Disable ေရြး Save လိုက္ပါ။
၂။ Defer Windows Updates (Settings >> Update & Security >> Advanced options >> Choose how updates are delivered >> Updates from more than one place ကို On ပါ။ ၿပီးရင္ PCs on my local network ကိုေရြးေပးလိုက္ပါ)
၃။ Turn off Background Apps (Settings >> Privacy >> Background apps မွာ Off ေပးလိုက္ပါ)
၄။ Disable PC Synchronization (Settings >> Accounts >> Sync your settings >> Sync settings ကို Off ေပးပါ)
၅။ Set connection as metered (Settings >> Network & internet >> Wi-fi >> မိခ်ိတ္ဆက္ထားတဲ့ Wifi name ကို Click ၿပီး Set as metered connection ကို On ေပးလိုက္ပါ။
၆။ Deactivate Live tiles (Windows Key
Icon ကိုႏွိပ္ရင္ Start Screen ေပၚလာလိမ့္မယ္။ အဲဒီက live feed app ေတြေပၚ Right Click >> More ကေန Turn Live Tile off ကိုႏွိပ္ေပးလိုက္ပါ)
၇။ Disable Auto Update Offline Maps (Settings >> Offline maps >> Metered connections ကို On ေပးလိုက္ၿပီး Automatically update maps ကို Off ေပးလိုက္ပါ)
၈။ Disable MS store Auto Update (Open Microsoft Store >> Click on See more (...) >> Settings ကိုသြားၿပီး App updates, Live Tile, Video Autoplay ေတြကို Off ေပးလိုက္ပါ)
၉။ Disable Onedrive (အကယ္၍ Onedrive ကိုမသံုးလို ပိတ္ခ်င္တယ္ဆိုရင္ Right click on Taskbar >> Task Manager >> Stratup >> Microsoft OneDrive ကို Disable လုပ္ထားလိုက္ပါ)
အထက္ကအခ်က္ (၉)ခ်က္ကိုလုပ္ေဆာင္ၿပီးတဲ့အခါ Windows ကို တႀကိမ္ Restart ခ်ၿပီး သံုးၾကည့္လိုက္ပါ။ မလိုအပ္ပဲ Internet Data ေလလြင့္ကုန္က်မႈေတြ မ်ားစြာေလ်ာ့နည္းသြားပါလိမ့္မယ္။
......
Credit To: Ko Yan

No comments:

Post a Comment

မင်္ဂလာပါ..