..........
Notebook / Laptop ၀ယ္စဥ္ကပါလာတ႔ဲ battery ေတြဟာ အရည္အေသြး ေကာင္းေပမယ္႔ ေဆာင္ရန္-ေရွာင္ရန္ေလးေတြ မသိထားတာ ေၾကာင္႔ သက္တမ္းၿပည့္ ( ၄-၆ ႏွစ္ေလာက္အထိ ) မသုံးရဘဲ အခ်ိန္တုိအတြင္း battery cell ေတြပ်က္စီးၿပီး ေနာက္ထပ္အသစ္ လဲရတာမ်ိဳဳးေတြ ၿဖစ္တတ္ပါတယ္။
ေအာက္ပါ ေဆာင္ရန္-ေရွာင္ရန္ အခ်က္ေလးေတြကုိ သိထားၿပီး လိုက္နာက်င္႔ သုံးမယ္ဆုိရင္ မိမိတုိ႔ notebook battery ေတြၾကာရွည္အသုံးခံမွာၿဖစ္ပါတယ္။
.
၁) Notebook အသုံးၿပဳတဲ႔အခါ battery အား လုံး၀ကုန္သြားတဲ႔အထိ မသုံးပါနဲ႔။ လက္က်န္အား 20% ေလာက္ အၿမဲခ်န္သုံးပါ။ Battery လက္က်န္ အားရွိေနရင္ အားၿပန္သြင္းတဲ႔အခါ normal current နဲ႔အားၿပန္သြင္းတဲ႔အ တြက္ battery မနာပါဘဲ ၾကာၾကာခံပါတယ္။
Battery လက္က်န္အားနည္းေနရင္ အားသြင္းတဲ႔အခါ high current နဲ႔သြင္းမွာ ၿဖစ္လုိ႔ အပူပုိထြက္ၿပီး battery cell နဲ႔ notebook hardware ေတြကုိပါ ထိခိုက္ မႈ ၿဖစ္ေစႏိုင္ပါတယ္။
.
၂) Battery လက္က်န္အား 20% ေအာက္ေရာက္ေအာင္ သုံးမိတဲ႔အခါ အားၿပန္သြင္းရင္ power plug ကုိဆက္တိုက္တပ္ၿပီး မသြင္းပါနဲ႔။ ၁၅-မိနစ္ခန္႔ သြင္းၿပီးသြားရင္ power plug ကုိ ၁၀-မိနစ္ေလာက္ၿပန္ၿဖဳတ္ .... အားသြင္းလိုက္-ၿပန္ၿဖဳတ္လိုက္ ၃-ၾကိမ္ေလာက္ လုပ္ၿပီးသြားရင္ လက္က်န္အားရွိသြားၿပီၿဖစ္လုိ႔ ဆက္တိုက္အားသြင္းႏိုင္ၿပီး battery cell ေတြကုိ ထိခိုက္မႈ မရွိပါဘူး။
.
၃) Power Plug အၿမဲတပ္မသုံးပါနဲ႔။ Battery ရဲ႕သဘာ၀က အားသြင္းလိုက္ ၿပန္ထုတ္သုံးလိုက္ အၿမဲရွိေနမွ battery cell ေတြက ပုံမွန္အတိုင္း အလုပ္လုပ္ မွာၿဖစ္ၿပီး ၾကာရွည္ခံပါမယ္။ Power plug အၿမဲတပ္သုံးေနရင္ battery cell ေတြဟာ အခ်ိန္တုိအတြင္း အလုပ္မလုပ္တဲ႔ dead cell ေတြၿဖစ္သြားမွာပါ။
.
၄) Battery အားသြင္းတာၿပည့္သြားရင္ power plug ကုိၿပန္ၿဖဳတ္ထားပါ။ Plug ၿဖဳတ္ထားလို္ကရင္ battery cell ထဲကအားၿပန္ထုတ္သုံးမွာၿဖစ္လုိ႔ battery cell ေတြရဲ႕သက္တမ္း ပုိၾကာေစမွာ ၿဖစ္ပါတယ္။
.
၅) Notebook ရဲ႕ battery ကုိၿဖဳတ္ၿပီး (ျဖဳတ္လုိ႔မလြယ္ရင္ ျဖဳတ္စရာမလုိပါ) metal contact ေတြမွာ ညစ္ေပေနတာ ေတြကုန္သြားေအာင္ သြားတိုက္တံကုိ အရက္ၿပန္ / တင္ဒါ နဲ႔ ၃-လတစ္ၾကိမ္ေလာက္ ပုံမွန္ေဆးေပးပါ။ အဲလုိေဆးေပးၿခင္းၿဖင္႔ battery အားသြင္းတဲ႔အခါ ပုိမုိ၀င္မွာၿဖစ္ၿပီး battery နဲ႔သုံးရင္လည္း အားပုိခံေစပါတယ္။
.
၆) Notebook သုံးတဲ႔အခါ ေလ၀င္-ေလထြက္စနစ္ကုိ တားဆီးႏိုင္တဲ႔ ေစာင္ - ေခါင္းဦး .. တုိ႔ေပၚမွာတင္သုံးတာမိ်ဳးကုိေရွာင္ၿပီး ေလ၀င္
ေလထြက္ ေကာင္းေအာင္ကူညီေပးတဲ႔ cooling pad ခံသုံးရင္ပုိေကာင္းပါ တယ္။
Notebook အတြင္း ဖုန္ေတြမ်ားေနရင္ air-flow မေကာင္းတဲ႔အတြက္ ပုိပူလာ ၿပီး battery နဲ႔အၿခား hardware ေတြကုိ ထိခိုက္ေစႏိုင္တဲ႔အတြက္ notebook အဖုံးကုိဖြင္႔ၿပီး ေလမႈတ္-ေလစုပ္စက္တုိ႔နဲ႔ တစ္ႏွစ္ ၁-ၾကိမ္ေလာက္ သန္႔ရွင္းေရး လုပ္ေပးရင္ air-flow ေကာင္းသြားတဲ႔အတြက္ အပူသက္သာၿပီး hardware ထိခိုက္မႈလည္းနဲၿပီး battery သက္တမ္းလည္းပုိခံေစပါတယ္။
.
၇) အထက္ေဖာ္ၿပပါ အခ်က္(၆)ခ်က္က battery cell ေတြသက္တမ္း ပုိၾကာေအာင္ လုပ္ေပးႏိုင္ေပမယ္႔ battery နဲ႔အသုံးၿပဳတဲ႔အခါ ၾကာၾကာ အသုံးခံ ေအာင္ ေအာက္ပါ OS / Software tuning ေတြပါ လုပ္ေပး သင္႔ပါတယ္။
.
>>> Hard disk ကုိပုံမွန္ file system error check လုပ္ၿပီး defrag လုပ္ေပးရင္ read / write performance ပုိေကာင္းသြားတဲ႔အတြက္ battery အစားသက္ သာေစပါတယ္။
.
>>> Power အသုံးမ်ားတဲ႔ device ေတြ (e.g. monitor, hard disk, CD/ DVD) ေတြေၾကာင္႔ battery ကုန္တာ သက္သာေစဖုိ႔ Control Panel> Power Management ထဲမွာ power settings ကုိခ်ိန္ေပးပါ။
.
>>> Hard disk ကုိအၿမဲလုိလုိ read / write လုပ္ေနတတ္တဲ႔ background services, start up applications ေတြကုိလည္း ပိတ္ေပးပါ။
.
>>> WiFi အသုံးၿပဳဖုိ႔မလုိလွ်င္ battery စားသက္သာေအာင္ WiFi ကုိပိတ္ထားပါ
>>> Battery နဲ႔သုံးတဲ႔အခါ LCD အလင္းအားကုိ ေလ်ာ႔ေပးပါ
>>> Battery နဲ႔သုံးစဥ္ DVD, Sound တုိ႔ကုိမသုံးပါနဲ႔
.
အထက္ပါ အခ်က္အလက္ေတြကုိ ေသခ်ာလိုက္နာရင္ သင္႔ notebook ရဲ႕ battery အသုံးခံၿပီး ၾကာရွည္ခံေစမွာ ၿဖစ္ပါတယ္။
Myanmar Engineering Community
#MEC
Credit to Penguin Millennium Computer Training & Services Center
Notebook / Laptop ဝယ်စဉ်ကပါလာတဲ့ battery တွေဟာ အရည်အသွေး ကောင်းပေမယ့် ဆောင်ရန်-ရှောင်ရန်လေးတွေ မသိထားတာ ကြောင့် သက်တမ်းပြည့် ( ၄-၆ နှစ်လောက်အထိ ) မသုံးရဘဲ အချိန်တိုအတွင်း battery cell တွေပျက်စီးပြီး နောက်ထပ်အသစ် လဲရတာမျိုုးတွေ ဖြစ်တတ်ပါတယ်။
အောက်ပါ ဆောင်ရန်-ရှောင်ရန် အချက်လေးတွေကို သိထားပြီး လိုက်နာကျင့် သုံးမယ်ဆိုရင် မိမိတို့ notebook battery တွေကြာရှည်အသုံးခံမှာဖြစ်ပါတယ်။
.
၁) Notebook အသုံးပြုတဲ့အခါ battery အား လုံးဝကုန်သွားတဲ့အထိ မသုံးပါနဲ့။ လက်ကျန်အား 20% လောက် အမြဲချန်သုံးပါ။ Battery လက်ကျန် အားရှိနေရင် အားပြန်သွင်းတဲ့အခါ normal current နဲ့အားပြန်သွင်းတဲ့အ တွက် battery မနာပါဘဲ ကြာကြာခံပါတယ်။
Battery လက်ကျန်အားနည်းနေရင် အားသွင်းတဲ့အခါ high current နဲ့သွင်းမှာ ဖြစ်လို့ အပူပိုထွက်ပြီး battery cell နဲ့ notebook hardware တွေကိုပါ ထိခိုက် မှု ဖြစ်စေနိုင်ပါတယ်။
.
၂) Battery လက်ကျန်အား 20% အောက်ရောက်အောင် သုံးမိတဲ့အခါ အားပြန်သွင်းရင် power plug ကိုဆက်တိုက်တပ်ပြီး မသွင်းပါနဲ့။ ၁၅-မိနစ်ခန့် သွင်းပြီးသွားရင် power plug ကို ၁၀-မိနစ်လောက်ပြန်ဖြုတ် .... အားသွင်းလိုက်-ပြန်ဖြုတ်လိုက် ၃-ကြိမ်လောက် လုပ်ပြီးသွားရင် လက်ကျန်အားရှိသွားပြီဖြစ်လို့ ဆက်တိုက်အားသွင်းနိုင်ပြီး battery cell တွေကို ထိခိုက်မှု မရှိပါဘူး။
.
၃) Power Plug အမြဲတပ်မသုံးပါနဲ့။ Battery ရဲ့သဘာဝက အားသွင်းလိုက် ပြန်ထုတ်သုံးလိုက် အမြဲရှိနေမှ battery cell တွေက ပုံမှန်အတိုင်း အလုပ်လုပ် မှာဖြစ်ပြီး ကြာရှည်ခံပါမယ်။ Power plug အမြဲတပ်သုံးနေရင် battery cell တွေဟာ အချိန်တိုအတွင်း အလုပ်မလုပ်တဲ့ dead cell တွေဖြစ်သွားမှာပါ။
.
၄) Battery အားသွင်းတာပြည့်သွားရင် power plug ကိုပြန်ဖြုတ်ထားပါ။ Plug ဖြုတ်ထားလိုကရင် battery cell ထဲကအားပြန်ထုတ်သုံးမှာဖြစ်လို့ battery cell တွေရဲ့သက်တမ်း ပိုကြာစေမှာ ဖြစ်ပါတယ်။
.
၅) Notebook ရဲ့ battery ကိုဖြုတ်ပြီး (ဖြုတ်လို့မလွယ်ရင် ဖြုတ်စရာမလိုပါ) metal contact တွေမှာ ညစ်ပေနေတာ တွေကုန်သွားအောင် သွားတိုက်တံကို အရက်ပြန် / တင်ဒါ နဲ့ ၃-လတစ်ကြိမ်လောက် ပုံမှန်ဆေးပေးပါ။ အဲလိုဆေးပေးခြင်းဖြင့် battery အားသွင်းတဲ့အခါ ပိုမိုဝင်မှာဖြစ်ပြီး battery နဲ့သုံးရင်လည်း အားပိုခံစေပါတယ်။
.
၆) Notebook သုံးတဲ့အခါ လေဝင်-လေထွက်စနစ်ကို တားဆီးနိုင်တဲ့ စောင် - ခေါင်းဦး .. တို့ပေါ်မှာတင်သုံးတာမျိုးကိုရှောင်ပြီး လေဝင်
လေထွက် ကောင်းအောင်ကူညီပေးတဲ့ cooling pad ခံသုံးရင်ပိုကောင်းပါ တယ်။
Notebook အတွင်း ဖုန်တွေများနေရင် air-flow မကောင်းတဲ့အတွက် ပိုပူလာ ပြီး battery နဲ့အခြား hardware တွေကို ထိခိုက်စေနိုင်တဲ့အတွက် notebook အဖုံးကိုဖွင့်ပြီး လေမှုတ်-လေစုပ်စက်တို့နဲ့ တစ်နှစ် ၁-ကြိမ်လောက် သန့်ရှင်းရေး လုပ်ပေးရင် air-flow ကောင်းသွားတဲ့အတွက် အပူသက်သာပြီး hardware ထိခိုက်မှုလည်းနဲပြီး battery သက်တမ်းလည်းပိုခံစေပါတယ်။
.
၇) အထက်ဖော်ပြပါ အချက်(၆)ချက်က battery cell တွေသက်တမ်း ပိုကြာအောင် လုပ်ပေးနိုင်ပေမယ့် battery နဲ့အသုံးပြုတဲ့အခါ ကြာကြာ အသုံးခံ အောင် အောက်ပါ OS / Software tuning တွေပါ လုပ်ပေး သင့်ပါတယ်။
.
>>> Hard disk ကိုပုံမှန် file system error check လုပ်ပြီး defrag လုပ်ပေးရင် read / write performance ပိုကောင်းသွားတဲ့အတွက် battery အစားသက် သာစေပါတယ်။
.
>>> Power အသုံးများတဲ့ device တွေ (e.g. monitor, hard disk, CD/ DVD) တွေကြောင့် battery ကုန်တာ သက်သာစေဖို့ Control Panel> Power Management ထဲမှာ power settings ကိုချိန်ပေးပါ။
.
>>> Hard disk ကိုအမြဲလိုလို read / write လုပ်နေတတ်တဲ့ background services, start up applications တွေကိုလည်း ပိတ်ပေးပါ။
.
>>> WiFi အသုံးပြုဖို့မလိုလျှင် battery စားသက်သာအောင် WiFi ကိုပိတ်ထားပါ
>>> Battery နဲ့သုံးတဲ့အခါ LCD အလင်းအားကို လျော့ပေးပါ
>>> Battery နဲ့သုံးစဉ် DVD, Sound တို့ကိုမသုံးပါနဲ့
.
အထက်ပါ အချက်အလက်တွေကို သေချာလိုက်နာရင် သင့် notebook ရဲ့ battery အသုံးခံပြီး ကြာရှည်ခံစေမှာ ဖြစ်ပါတယ်။
Myanmar Engineering Community
#MEC
Credit to Penguin Millennium Computer Training & Services Center
No comments:
Post a Comment
မင်္ဂလာပါ..