menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

IR & Pressure Roller


IR & Pressure Roller

ဒီကနေ့ ပြောပြချင်တာကတော့ Heater Unit က Pressure roller / Lower Roller ကိစ္စပါ

ကျွန်တော့ အမျိုးတွေလက်ထဲမှာ iR စက်အကြီးတွေတော်တော်များများရှိကြပါတယ်

ဥပမာ

2270,2870,4570,3035,3045,3235,3245vအထပ်မြင့်စက်ကြီးတွေပါ ၊ပုံထွက်မှာ စာလုံးလေးတွေ ဝါးတယ်၊ ပြားတယ်၊ စာလုံးဖောင့်ကျစ်ကျစ်လစ်လစ်မရှိပဲ အစွန်းလေးတွေထွက်နေတယ် ခနခနမေးပါတယ်

အဓိကဖြစ်တာက Pressure Rollerကြောင့်ပါ



သူ့ကိုထိုင်ထားတဲ့ ball bearing ကြပ်ရင် ၊ ပုံမပျက်အထဲမှာ ကြွေနေရင်လည်းဖြစ်ပါတယ်

Film ကိုသာဆီထည့်တယ် လဲတယ် pressure roller ကို အထိုင်ကတောင်မဖြုတ်ပဲ မေ့နေကြပါတယ်

ဆီထည့်ရင်း တခါတည်းစစ်လိုက်ပါ ball bearing ၂ခုလုံးဖြုတ် လက်နဲ့လှည့်ကြည့်ပါ ကြပ်နေမယ် ထစ်နေမယ်ဆိုရင်လဲလိုက်ပါ အသစ်မရှိရင် ဓာတ်ဆီစိမ်ဆေးပါ စီလီကွန်ပြန်ထည့်ပါ

Pressure Roller ကိုသေချာကြည့်ပါ အသစ်က မာတင်းနေပါတယ် သုံးလက်စမှာ နိုင်ငံခြားမှာဘယ်လောက်ရိုက်ထားမှန်းမသိ ကိုယ်ကဘယ်လောက်ရိုက်ထားမှန်းမသိနဲ့ အောက်ကတက်လာတဲ့ စက္ကူ ပေါ်ကဆေးကို ကောင်းကောင်းမဖိနိုင် မကြိတ်နိုင်ရင်တော့ စာလုံးတွေပြားမယ် ဝါးမယ် အစွန်းအစ တွေထွက်ပါလိမ့်မယ်





Pressure Roller မှာ အစင်းတွေ လှိုင်းထနေမယ် လက်နဲ့ဖျစ်ကြည့်ပါ ပျော့နေမယ်ဆို အသစ်သာလဲလိုက်ပါ ဆက်သုံးရင် ဘယ်ကဖြစ်မှန်းမသိ စိတ်ညစ်ရပါတယ်

Roller အသစ်ထည့်ပြီးကာစစက်တွေမှာ စာရွက်ထွက်လာရင် A4 ဆို အောက်ရောက်ရင် ခုံးခုံးလေးဖြစ်နေသလို LGLဆို အရှည်လိုက် ကော့ပြန်နေပါလိမ့်မယ် ဒါဟာရိုလာအသစ်ကြောင့်ပါ

ပုံမှာနမူနာပြထားတာကတော့ မွန်ပြည်နယ်က ညီလေးတယောက်မေးလိုက် ဖြေလိုက်နဲ့ နောက်ဆုံး Pressure Roller လဲမှကောင်းသွားပါပြီဆိုပြီး ဖြုတ်လိုက်တဲ့အဟောင်း ဓာတ်ပုံပို့ပေးလိုက်ပါတယ်

ကဲ

ဝါးနေသူ ၊ ပြားနေသူ၊ စာလုံးတွေ အစွန်းထွက်နေသူများ အတွက် ဝေမျှလိုက်ပါတယ်

ရဲမြင့်ဇော်


\\IR & Pressure Roller
ဒီကေန႔ ေျပာျပခ်င္တာကေတာ့ Heater Unit က Pressure roller / Lower Roller ကိစၥပါ
ကြၽန္ေတာ့ အမ်ိဳးေတြလက္ထဲမွာ iR စက္အႀကီးေတြေတာ္ေတာ္မ်ားမ်ား႐ွိၾကပါတယ္
ဥပမာ
2270,2870,4570,3035,3045,3235,3245vအထပ္ျမင့္စက္ႀကီးေတြပါ ၊ပုံထြက္မွာ စာလုံးေလးေတြ ဝါးတယ္၊ ျပားတယ္၊ စာလုံးေဖာင့္က်စ္က်စ္လစ္လစ္မ႐ွိပဲ အစြန္းေလးေတြထြက္ေနတယ္ ခနခနေမးပါတယ္
အဓိကျဖစ္တာက Pressure Rollerေၾကာင့္ပါ
သူ႔ကိုထိုင္ထားတဲ့ ball bearing ၾကပ္ရင္ ၊ ပုံမပ်က္အထဲမွာ ေႂကြေနရင္လည္းျဖစ္ပါတယ္
Film ကိုသာဆီထည့္တယ္ လဲတယ္ pressure roller ကို အထိုင္ကေတာင္မျဖဳတ္ပဲ ေမ့ေနၾကပါတယ္
ဆီထည့္ရင္း တခါတည္းစစ္လိုက္ပါ ball bearing ၂ခုလုံးျဖဳတ္ လက္နဲ႔လွည့္ၾကည့္ပါ ၾကပ္ေနမယ္ ထစ္ေနမယ္ဆိုရင္လဲလိုက္ပါ အသစ္မ႐ွိရင္ ဓာတ္ဆီစိမ္ေဆးပါ စီလီကြန္ျပန္ထည့္ပါ
Pressure Roller ကိုေသခ်ာၾကည့္ပါ အသစ္က မာတင္းေနပါတယ္ သုံးလက္စမွာ ႏိုင္ငံျခားမွာဘယ္ေလာက္႐ိုက္ထားမွန္းမသိ ကိုယ္ကဘယ္ေလာက္႐ိုက္ထားမွန္းမသိနဲ႔ ေအာက္ကတက္လာတဲ့ စကၠဴ ေပၚကေဆးကို ေကာင္းေကာင္းမဖိႏိုင္ မႀကိတ္ႏိုင္ရင္ေတာ့ စာလုံးေတြျပားမယ္ ဝါးမယ္ အစြန္းအစ ေတြထြက္ပါလိမ့္မယ္

Pressure Roller မွာ အစင္းေတြ လိႈင္းထေနမယ္ လက္နဲ႔ဖ်စ္ၾကည့္ပါ ေပ်ာ့ေနမယ္ဆို အသစ္သာလဲလိုက္ပါ ဆက္သုံးရင္ ဘယ္ကျဖစ္မွန္းမသိ စိတ္ညစ္ရပါတယ္
Roller အသစ္ထည့္ၿပီးကာစစက္ေတြမွာ စာရြက္ထြက္လာရင္ A4 ဆို ေအာက္ေရာက္ရင္ ခုံးခုံးေလးျဖစ္ေနသလို LGLဆို အ႐ွည္လိုက္ ေကာ့ျပန္ေနပါလိမ့္မယ္ ဒါဟာ႐ိုလာအသစ္ေၾကာင့္ပါ
ပုံမွာနမူနာျပထားတာကေတာ့ မြန္ျပည္နယ္က ညီေလးတေယာက္ေမးလိုက္ ေျဖလိုက္နဲ႔ ေနာက္ဆုံး Pressure Roller လဲမွေကာင္းသြားပါၿပီဆိုၿပီး ျဖဳတ္လိုက္တဲ့အေဟာင္း ဓာတ္ပုံပို႔ေပးလိုက္ပါတယ္
ကဲ
ဝါးေနသူ ၊ ျပားေနသူ၊ စာလုံးေတြ အစြန္းထြက္ေနသူမ်ား အတြက္ ေဝမ်ွလိုက္ပါတယ္
ရဲျမင့္ေဇာ္

No comments:

Post a Comment

မင်္ဂလာပါ..