menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

iR & Blower




ဒီနေ့ ပြောပြချင်တဲ့ခေါင်းစဉ်ကတော့ iR နဲ့ Blower ပါ

မိတ္တူ စက်ပိုင်ရှင် အမျိုးများကို အကြံပေးချင်တာကတော့ စက်ကိုဘယ်လို maintain လုပ်ရမလဲ ခနခနမေးလို့ ဒီစာလေးရေးပါတယ် မနက်ပိုင်းဆိုင်ဖွင့်တော့မယ်ဆိုရင် မနေ့ကတနေ့လုံး တညလုံးသုံးထားတဲ့စက်ကို လက်လှမ်းမှီသလောက် သန့်ရှင်းရေးလုပ်ကြရပါမယ် သန့်နေရင်တော့ ၃ရက်တခါလောက်ပေါ့

Power မဖွင့်ခင် Document Feeder ( မူရင်းထည့်ဆွဲရန် )

ကိုအဖုံးဖွင့်စစ်ပါ အထဲက အမဲဖုံးလဲ ဖွင့်စစ်ပါ တချို့က feeder မသုံးကြဘူး ညပ်မှာကြောက်လို့ သုံးရကောင်းမှန်းမသိလို့ ပျကိနေလို့ ထားလိုက်ပါ ဒါကပိုင်ရှင်သဘောပါ



အော်ဒါရိုက်သူများအတွက် A4, LGL အထပ်လိုက်လာရင် Feeder ထဲထည့် အစုံရေလေး counter ပေး ပီးထိုင်ကြည့်နေရုံမို့ လူအလွန်သက်သာပါတယ် ညကသုံးထားလို့ စက္ကူ အမှုန် စတက်ပလာ ပင်များ ၊ ချုပ်စက်၊ ဘောပင်များလည်းဝင်နေတတ်ပါတယ် စစ်လိုက်ပါ

ဗန်းထဲစက္ကူထည့်တော့မယ် သံပြားချိတ်တွေ log တွေမှန်မလားစစ်ပါ စက္ကူ ဆွဲမဲ့ pick up လခြမ်းလေးတွေရေပတ်နဲ့ တိုက်လိုက်ပါ သူ့ရှေ့က feeder roller လေးတွေ ရေပတ်နဲ့တိုက်လိုက်ပါ

ဆေးမှုန့်ထွက်ကျတဲ့စက်များ ပိုဂရုစိုက်ပါ တနေကုန်သုံးမှာဖြစ်လို့ သန့်ရှင်းရေးလုပ်ပါ

ဆေးတောင့်ထဲ ဆေးရှိသေးလား ထုတ်စစ်ပါ



တံခါးဖွင့် Drum Unit ဆွဲထုတ် ပလပ်စတစ်အဖုံးလေးခွာ ဆေးအဟေါင်းသွန်လိုက်ပါ ဘေးတံခါးမှာ ညစ်ပေနေတဲ့ ဆေးတွေ သန်ရှင်းရေးလုပ်ပါ လေဘူးလေးနဲ့ မှုတ်ပါ

ကွန်ုပြူတာကမှားလို့ ခနခန correction pin နဲ့တို့ ဆေးမခြောက်သေးပဲမှန်ပေါ်တင်ကူးမိလို့ မှန်ပေါ်ကအဖြူစက်တွေ ၊ အသုပ်လေးစား လဖက်ရည်ခွက် စက်ပေါ်တင်သောက်လို့ ကိုရွှေယင်ကောင်ရဲ့ အညစ်အကြေးကလည်းမှန်ပေါ်ရှိနေလို့ သန့်ရှင်းရေးလုပ်ပါ ကျွန်တော့မူရင်းကသန့်တယ် ဘယ်ကအစက်ပါလာတာတုံး ကြုံရမှာပါ

အဓိကပြောချင်တာကတော့ စက်ဆရာတွေယူလာတဲ့ လေမှုတ်စက် blower လေးသဘောကျပြီး တော်တော်များများဝယ်ထားပါတယ် ဖုန်တွေ ဆေးတွေများနေပြီ လုပ်အုံးမှပဲ တံခါးဖွင့်

drum unit ထုတ်ပီး blower နဲ့ အသကုန်သုတ်ပါတော့တယ်

အင်း ခုမှသန့်သွားတော့တယ်

စက္ကူ လေးပြန်ဖြည့် မိတ္တူ ကူးပါတယ် တောက် တင်းတောင် တင်းတင်းတောင် စက္ကူ ညပ်ပါပြီ ဟူ ခုနအကောင်းပါ ကျွန်တော်အကြံပေးထားတော့ အဝတ်စလေးရေဆွတ် ဟိုပွတ်ဒီပွတ် OK စာရွက်ထွက်ပီကွ ကျေးဇူး ကိုရဲမြင့်ဇော် ပြောထားလို့

ဟာ ."""""" အမဲကြီးထွက်လာပါလား ဒုက္ခ မနေ့ညကကူးပါသေးတယ် ကြွက်များကိုက်လား ဆေးမှားထည့်သေးလား ချွေးပြန်ပါပြီ

အမျိုးများရေ သေချာပါတယ် Blower အစွမ်းနဲ့ စက်ထဲမှာကျနေတဲ့ toner တွေဟာ စက်ဗိုက်ထဲဖွက်ထားတဲ့ power Supply , Hight Voltage ဆားကစ်တွေထဲ အကုန်ရောက်သွားတာပါ ဆေးမှုန်တွေ Hight voltage ပေါ်ရောက်ရင် ရှော့ဖြစ်ပြီး ဗို့ထွက်မမှန် စာရွက်မှာအမဲတွေထွက်ပါတယ်

လေဆာယူနစ်ကမှန်ပြားမှာ ဆေးတွေပေရင် ၊ အတွင်းက laser motor ပေါ်လီဂွန် ၆ထောင့်မှပေရင် ၊ laser bean မှာပေရင် ပုံရိပ်ဖြူပါတယ် ကွက်တိကွက်ကြားထွက်ပါတယ် ၊ စိုးရိမ်ပီး Drum အသစ် ဆေးအသစ်ထည့် မရပါဘူး

စက်အနောက်က DC controller, IP board တွေထဲအထိ ဆေးတွေ ရောက်ပါတယ်လသတိထားပါ

ဆားကစ်တွေ လေဆာယူနစ်တွေကို ကျွမ်းကျင်တဲ့စက်ဆရာနဲ့ ပြသဆေးကျောမှသာ ပုံထွက်ကောင်းကောင်းပြန်ရမှာဖြစ်ပါကြောင်း ထပ်မံ အကြံပေးလိုက်ပါတယ်

မှတ်ချက် ...... စက်တခုလုံးဖြုတ်ချ ဖရိမ်လေးသာကျန်မှ လေမှုတ်တာ အန္တရာယ်ကင်းပါတယ်

ရဲမြင့်ဇော်

The Friend

Copier Sale & Services

ပြည်




ဒီေန႔ ေျပာျပခ်င္တဲ့ေခါင္းစဥ္ကေတာ့ iR နဲ႔ Blower ပါ
မိတၱဴ စက္ပိုင္႐ွင္ အမ်ိဳးမ်ားကို အၾကံေပးခ်င္တာကေတာ့ စက္ကိုဘယ္လို maintain လုပ္ရမလဲ ခနခနေမးလို႔ ဒီစာေလးေရးပါတယ္ မနက္ပိုင္းဆိုင္ဖြင့္ေတာ့မယ္ဆိုရင္ မေန႔ကတေန႔လုံး တညလုံးသုံးထားတဲ့စက္ကို လက္လွမ္းမွီသေလာက္ သန္႔႐ွင္းေရးလုပ္ၾကရပါမယ္ သန္႔ေနရင္ေတာ့ ၃ရက္တခါေလာက္ေပါ့
Power မဖြင့္ခင္ Document Feeder ( မူရင္းထည့္ဆြဲရန္ )
ကိုအဖုံးဖြင့္စစ္ပါ အထဲက အမဲဖုံးလဲ ဖြင့္စစ္ပါ တခ်ိဳ႕က feeder မသုံးၾကဘူး ညပ္မွာေၾကာက္လို႔ သုံးရေကာင္းမွန္းမသိလို႔ ပ်ကိေနလို႔ ထားလိုက္ပါ ဒါကပိုင္႐ွင္သေဘာပါ
ေအာ္ဒါ႐ိုက္သူမ်ားအတြက္ A4, LGL အထပ္လိုက္လာရင္ Feeder ထဲထည့္ အစုံေရေလး counter ေပး ပီးထိုင္ၾကည့္ေန႐ုံမို႔ လူအလြန္သက္သာပါတယ္ ညကသုံးထားလို႔ စကၠဴ အမႈန္ စတက္ပလာ ပင္မ်ား ၊ ခ်ဳပ္စက္၊ ေဘာပင္မ်ားလည္းဝင္ေနတတ္ပါတယ္ စစ္လိုက္ပါ
ဗန္းထဲစကၠဴထည့္ေတာ့မယ္ သံျပားခ်ိတ္ေတြ log ေတြမွန္မလားစစ္ပါ စကၠဴ ဆြဲမဲ့ pick up လျခမ္းေလးေတြေရပတ္နဲ႔ တိုက္လိုက္ပါ သူ႔ေ႐ွ႕က feeder roller ေလးေတြ ေရပတ္နဲ႔တိုက္လိုက္ပါ
ေဆးမႈန္႔ထြက္က်တဲ့စက္မ်ား ပိုဂ႐ုစိုက္ပါ တေနကုန္သုံးမွာျဖစ္လို႔ သန္႔႐ွင္းေရးလုပ္ပါ
ေဆးေတာင့္ထဲ ေဆး႐ွိေသးလား ထုတ္စစ္ပါ

တံခါးဖြင့္ Drum Unit ဆြဲထုတ္ ပလပ္စတစ္အဖုံးေလးခြာ ေဆးအေဟါင္းသြန္လိုက္ပါ ေဘးတံခါးမွာ ညစ္ေပေနတဲ့ ေဆးေတြ သန္႐ွင္းေရးလုပ္ပါ ေလဘူးေလးနဲ႔ မႈတ္ပါ
ကြႏ္ုျပဴတာကမွားလို႔ ခနခန correction pin နဲ႔တို႔ ေဆးမေျခာက္ေသးပဲမွန္ေပၚတင္ကူးမိလို႔ မွန္ေပၚကအျဖဴစက္ေတြ ၊ အသုပ္ေလးစား လဖက္ရည္ခြက္ စက္ေပၚတင္ေသာက္လို႔ ကိုေရႊယင္ေကာင္ရဲ႕ အညစ္အေၾကးကလည္းမွန္ေပၚ႐ွိေနလို႔ သန္႔႐ွင္းေရးလုပ္ပါ ကြၽန္ေတာ့မူရင္းကသန္႔တယ္ ဘယ္ကအစက္ပါလာတာတုံး ၾကံဳရမွာပါ
အဓိကေျပာခ်င္တာကေတာ့ စက္ဆရာေတြယူလာတဲ့ ေလမႈတ္စက္ blower ေလးသေဘာက်ၿပီး ေတာ္ေတာ္မ်ားမ်ားဝယ္ထားပါတယ္ ဖုန္ေတြ ေဆးေတြမ်ားေနၿပီ လုပ္အုံးမွပဲ တံခါးဖြင့္
drum unit ထုတ္ပီး blower နဲ႔ အသကုန္သုတ္ပါေတာ့တယ္
အင္း ခုမွသန္႔သြားေတာ့တယ္
စကၠဴ ေလးျပန္ျဖည့္ မိတၱဴ ကူးပါတယ္ ေတာက္ တင္းေတာင္ တင္းတင္းေတာင္ စကၠဴ ညပ္ပါၿပီ ဟူ ခုနအေကာင္းပါ ကြၽန္ေတာ္အၾကံေပးထားေတာ့ အဝတ္စေလးေရဆြတ္ ဟိုပြတ္ဒီပြတ္ OK စာရြက္ထြက္ပီကြ ေက်းဇူး ကိုရဲျမင့္ေဇာ္ ေျပာထားလို႔
ဟာ ."""""" အမဲျကီးထြက္လာပါလား ဒုကၡ မေန႔ညကကူးပါေသးတယ္ ႂကြက္မ်ားကိုက္လား ေဆးမွားထည့္ေသးလား ေခြၽးျပန္ပါၿပီ
အမ်ိဳးမ်ားေရ ေသခ်ာပါတယ္ Blower အစြမ္းနဲ႔ စက္ထဲမွာက်ေနတဲ့ toner ေတြဟာ စက္ဗိုက္ထဲဖြက္ထားတဲ့ power Supply , Hight Voltage ဆားကစ္ေတြထဲ အကုန္ေရာက္သြားတာပါ ေဆးမႈန္ေတြ Hight voltage ေပၚေ႐ာက္ရင္ ေ႐ွာ့ျဖစ္ၿပီး ဗို႔ထြက္မမွန္ စာရြက္မွာအမဲေတြထြက္ပါတယ္
ေလဆာယူနစ္ကမွန္ျပားမွာ ေဆးေတြေပရင္ ၊ အတြင္းက laser motor ေပၚလီဂြန္ ၆ေထာင့္မွေပရင္ ၊ laser bean မွာေပရင္ ပုံရိပ္ျဖဴပါတယ္ ကြက္တိကြက္ၾကားထြက္ပါတယ္ ၊ စိုးရိမ္ပီး Drum အသစ္ ေဆးအသစ္ထည့္ မရပါဘူး
စက္အေနာက္က DC controller, IP board ေတြထဲအထိ ေဆးေတြ ေရာက္ပါတယ္လသတိထားပါ
ဆားကစ္ေတြ ေလဆာယူနစ္ေတြကို ကြၽမ္းက်င္တဲ့စက္ဆရာနဲ႔ ျပသ​ေဆးေက်ာမွသာ ပုံထြက္ေကာင္းေကာင္းျပန္ရမွာျဖစ္ပါေၾကာင္း ထပ္မံ အၾကံေပးလိုက္ပါတယ္
မွတ္ခ်က္ ...... စက္တခုလုံးျဖဳတ္ခ် ဖရိမ္ေလးသာက်န္မွ ေလမႈတ္တာ အနၱရာယ္ကင္းပါတယ္
ရဲျမင့္ေဇာ္
The Friend
Copier Sale & Services
ျပည္

No comments:

Post a Comment

မင်္ဂလာပါ..