menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

Intel CPU i-Series တွေရဲ့ အက္ခရာတွေအကြောင်း




ကွန်ပျူတာဝယ်တဲ့အခါ အဓိက ကြည့်ကြတာက CPU, RAM, Graphic နဲ့ Storage ပါပဲ.. ကျွန်တော်တို့ ခုလက်ရှိအသုံးများနေတာက Desktop PC မှာရော Laptop မှာပါ Intel ရဲ့ CPU တွေပါ.. အဲဒီထဲက i-Series
တွေဟာ အသုံးအများဆုံးပါပဲ..ကွန်ပျူတာ CPU ကိုသာကြည့်ကြတာ CPU တွေနဲ့ပတ်သက်တဲ့ အချက်အလက် တွေကိုတော့ တော်တော်များများ မသိကြပါဘူး။.. CPU တွေထဲက Intel ရဲ့ i-Series CPU တွေမှာပါတဲ့ အက္ခရာအကြောင်း ဖတ်မိသလောက် ပြန်လည် မျှဝေပါမယ်..



Desktop CPU

Desktop CPU ကတွက်ကတော့ အထွေအထူး မရှိပါဘူး။ K ပါတာနဲ့ မပါတာ ဒီ ၂ နှစ်ခုဘဲ ရှိပါမယ်။

ရိုးရိုးက official default core clock နဲ့ K ပါရင်တော့ unlock core clock ပေ့ါ။

ဥပမာ Intel® Core™ i7-8700 Processor ဒါဆိုရင် i7 ပေ့ါ ၊ 8700 လို့ ရေးထားတဲ့အတွက် generation က 8th gen ပေ့ါ။ ဒီကောင်မှာဆိုရင် Processor Base Frequency က 3.20 GHz ကနေစပြီးတော့ Max Turbo Frequencyကတော့ 4.60 GHz အထိ သုံးနိုင်ပါတယ်။

(Max လို့ရေး ထားပေမယ့်လည်း Unlock မဟုတ်တဲ့အတွက် အပြည့်အ၀ သုံးနိုင်မယ်လို့ မပြောနိုင်ပါဘူး )..
Intel® Core™ i7-8700K Processor ဒီကောင်ကတော့ official unlock cpu ပါ။ Processor Base Frequency က 3.70 GHz ကနေစပြီးတော့ Max Turbo Frequency ကတော့ 4.70 GHz အထိ သုံးနိုင်ပါတယ်။ သူကတော့ unlock version ဖြစ်တဲ့အတွက် အပြည့်အ၀ အသုံးချနိုင်ပါတယ်။

ကြုံတုန်းလေး ထပ်ပြောဦးမယ်ဗျ.
CPU ဆိုတာနဲ့ သူ့ချည်းလည်း မပြီးသေးဘူး။ ဥပမာ ခင်ဗျားက cpu ကို တကယ်အပြည့်အ၀ အသုံးချချင်လို့ ရိုးရိုးထက် ဈေးကြီးတဲ့ K ( unlock version ) ဝယ်လိုက်ပြီဆိုပါစို့ ......

သူ့ကို support ပေးမယ့် motherboard ကလည်း အရေးကြီး လာပြီ။ K version CPU ကြီး ဝယ်ပြီး B Series motherboard ကြီး ဝယ်မိရင်လည်း CPU ရဲ့ လုပ်ဆောင်နိုင်စွမ်းကို motherboard က အပြည့်အ၀ မထောက်ပံ့နိုင်ဘဲနဲ့ သာမန် K မပါတဲ့ version CPU လောက်ဘဲ သုံးနိုင်ပါလိမ့်မယ်။

ဥပမာအနေနဲ့ လိုက်ဖက်ညီတဲ့ cpu + mobo ဆိုရင် ......... Core i7-7700K + asus z170k ပေ့ါ။

Core i7-7700K + gigabyte b150 ဆိုရင် ဂွမ်းပြီပေ့ါ...

----------------------------------

Mobile CPU (laptop CPU )

ဒီအတွက်ကျတော့ အတော်လေး ကွဲတယ်ဗျ.

Desktop လို မလွယ်တော့ဘူး နောက်မှာက အက္ခရာတွေအတော်များတာ ... ဒီနေရာမှာ ကျနော် intel cpu တွေကို ရေးပေးသွားပါမယ်။ amd အတွက်တော့ မထည့်ပေးတော့ ပါဘူး။ ၁ ခု ကို သိပြီ ဆိုရင် ကျန်တဲ့ တစ်ခုကလည်း သိပ်မ ကွာတာမို့ သဘောပေါက်လောက်မယ် ထင်ပါတယ်။ မြန်မာလိုတော့ မရေးတော့ဘူးဗျာမူရင်းအတိုင်း E လို ရေးပေးလိုက် တာက ပိုပြီးတော့ အဆင်ပြေပါလိမ့်မယ်။

Alpha Suffix >>> K
Description >>> Unlocked
Example >>> 8th Gen Intel® Core™ i7-8700K processor
Alpha Suffix >>> U
Description >>> Ultra-low power
Example >>> 8th Gen Intel® Core™ i7-8650U processor
#Alpha Suffix_Description_Example
#K_Unlocked_i7-7700K
#T_Power_optimized_lifestyle_i7-7700T processor
#H_High_performance_graphics_i3-7100H processor
#HK_High_performance_graphics_unlocked_i7-7820HK processor
#HQ_High_performance_graphics_quadcore_i7-7920HQ processor
#M_Mobile_i3-4000M processor
#Y_Extremely_low_power_i7-7Y75 processor
#U_Ultra-low_power_i7-7500U processor
အခု ရေးပြထားတဲ့အတိုင်း ဆိုရင် ကျနော်တို့ အနေနဲ့ ရှောင်ရမှာကY နဲ့ U ပါ။ သူက power အစား သက်သာ အောင် battery သက်တမ်း ပိုပြီးခံအောင် လုပ်ထားတာ မို့လို့ ၊ ဥပမာ ဆိုပါစို့ ကျနော်တို့ photoshop လေးလည်း သုံးချင်တယ်။ adobe primire လေးနဲ့ video edit လည်း တည်းဖြတ်ချင်တယ်။ ဆိုရင်တော့ Y နဲ့ U ကို ဝေးဝေး သာရှောင်ပါ။ ကျနော် အခု လက်ရှိသုံးနေတဲ့ လက်တော့ လေးက lenovo G410 ပါ။ CPU i3 4000M (2 core /4 thread ) နဲ့ RAM 4 GB / intel HD Graphic 4600 ( 1 GB ) ပါ။ photoshop / adobe primire တို့ကို မထစ်မငေ့ါ သုံးနိုင်တဲ့အပြင် Prototype 2 လို ဂိမ်းကို လည်း မထစ်မငေါ့ နဲ့ ဆော့နိုင်ပါတယ်။ (ဒီစက်လေး ဝယ်ထားတာ 2014 / 10 လ ပိုင်းလောက်တည်းကပါ။

အခုအချိန်ထိ up to date ဂိမ်းအတော်များများကို ဆော့နိုင်တုန်းပါဘဲ။ ဒါဆိုရင် ကျနော်တို့ ကွန်ပျူတာ ဝယ်တဲ့ အခါ ဒီ ကွန်ပျူတာ/လက်တော့ တစ်လုံးမှာ ဘာ cpu ဘာသုံးထားလဲသိရအောင် ဘယ်လို စစ်ဆေးကြမလဲ။ (My computer > properties ကနေ ကြည့်မယ်လို့မပြောကြေး ငိငိ ၊ အဲကနေ ကြည့်တာက အသေးစိတ်မသိရပါဘူး) software နဲ့ သုံးပြီး စစ်မယ်ဆိုရင်တော့

https://www.cpuid.com/softwares/cpu-z.html

ကို အသုံးပြုပြီး စစ်ဆေးနိုင်ပါတယ်။ ဆိုပါစို့ ကျနော်တို့အနေနဲ့ software တင်ဖို့ ခွင့်မပြုတဲ့အခါမျိုးမှာရော ဘယ်လို စစ်ဆေး ကြမလဲ .. ဆိုင်တိုင်းကတော့ ကွန်ပျူတာကို power ဖွင့်ပေးပြီး ကြည့် ခွင့်ပေးပါတယ်။ Power ဖွင့်ပြီး window တက်လာတာနဲ့ ..... ကီးဘုတ်ကနေ window logo key + R လေးကို နှိပ်ပြီး dxdiag လို့ ရိုက်ပြီး enter ခေါက်လိုက်ပါ။ DirectX Diagnostic Tool လေး ပေါ်လာပါမယ်။ System tab အောက်က processor

နေရာမှာ အသေးစိတ် ဖေါ်ပြထားပါတယ်။

Display Tab အောက်မှာ တော့ Graphic နဲ့ ပတ်သက်တာ တွေ ရေးပေးထားပါတယ်။

ကဲ.. ဒီလောက်ဆို နည်းနည်း သဘောပေါက်လောက်ပြီပေါ့...

Intel CPU မော်ဒယ်တစ်ခုနဲ့တစ်ခု ဘာကွာသလဲ…

အက်ဒမင်တို့ကွန်ပျူတာတစ်လုံးဝယ်တော့မယ်ဆိုရင် မဖြစ်မနေ ရွေးချယ်ရမယ့်အစိတ်အပိုင်းတစ်ခုက CPU (Central Processing Unit) ဖြစ်ပါတယ်။ ကွန်ပျူတာစနစ်တစ်ခုရဲ့ တွက်ချက်မှုတွေကို ပြုလုပ်ပေးတဲ့ အစိတ်အပိုင်းဖြစ်လို့အရေးပါပါတယ်။ ကွန်ပျူတာရဲ့ စွမ်းဆောင်ရည် မြန်ခြင်းနှေးခြင်းကို လွန်စွာသက်ရောက်မှုရှိပါတယ်။

⚙️ ၁။ Personal Computer (PC) တွေမှာ အဓိကအသုံးပြုတဲ့ CPU အမှတ်တံဆိပ်နှစ်ခုရှိပါတယ်။ တစ်ခုက Intel ဖြစ်ပြီး နောက်တစ်ခုက AMD ဖြစ်ပါတယ်။ AMD ရဲ့ CPU တွေကို မြန်မာနိုင်ငံမှာ အသုံးအလွန်နည်းပါတယ်။ ယေဘုယျအားဖြင့် Intel CPU တွေက စွမ်းဆောင်ရည်ပိုကောင်းတယ်လို့ဆိုနိုင်ပါတယ်။ ဒါပေမယ့် Intel ဆိုတိုင်း ပိုကောင်းတယ်၊ AMD ဆိုတိုင်း ညံံ့တယ်ဆိုရင် လုံးဝမှားပါတယ်။ မော်ဒယ်အလိုက်၊ ဈေးနှုန်းအလိုက်အားသာချက်၊ အားနည်းချက်တွေရှိပါတယ်။

⚙️ ၂။ Intel က သူရဲ့ CPU တွေကို အသုံးပြုသူတွေ နားလည်လွယ်အောင် စီးရီးတွေ ခွဲခြားထုတ်လုပ်ပါတယ်။

🎆 စွမ်းဆောင်ရည်အနိမ့်ဆုံးစီးရီးကို အက်တမ် (Atom) စီးရီးနဲ့ ဆယ်လီရွန် (Celeron) စီးရီး

🎆 ဒုတိယအနေနဲ့ ပင်တီယမ် (Pentium) စီးရီး၊

🎆 Core i3/ Core i5/ Core i7 စသည်ဖြင့် စွမ်းဆောင်ရည်အဆင့်ဆင့် သတ်မှတ်ရောင်းချပါတယ်။

🎆 Desktop CPU တွေမှာ Core i9 ကို ၂၀၁၈ ခုနှစ်မှာစတင်ထုတ်လုပ်ပါတယ်။

🎆 အလွန်ပါးလွှာတဲ့ လက်တော့ (Ultra-book) နဲ့ တက်ဘလက်တွေအတွက် ပါဝါစားသက်သာတဲ့ Core m စီးရီးလည်းရှိပါသေးတယ်။ စွမ်းဆောင်ရည်က အကြမ်းအားဖြင့်တော့ Core i3 စီးရီး ဝန်းကျင်ရှိပါတယ်။ ဘက်ထရီစားသက်သာဖို့နဲ့အပူစွန့်ထုတ်မှုနည်းအောင်အဓိကထားပါတယ်။

(Pentium စီးရီးဟုဆိုရာတွင် ယခင် Pentium III/ Pentium IV/ Pentimum D ကဲ့သို့ မော်ဒယ်ဟောင်းများကို ဆိုလိုခြင်းမဟုတ်ပါ။ ၂၀၀၆ ခုနှစ်မှ စတင်ထုတ်လုပ်တဲ့ Pentium များကိုဆိုလိုပါတယ်။)

(အထူးအသုံးပြုပုံတွေအတွက် အခြား CPU စီးရီးများလည်းရှိပါသေးသည်။ ပုံမှန်အသုံးပြုသော စီးရီးများကိုသာ ရွေးချယ်ဖော်ပြထားပါသည်။)

⚙️ ၃။ နောက်တစ်ခုက Core i7 တိုင်းက Core i5 ထက်ကောင်းတယ်။ Core i3 တိုင်းက Pentium ထက်ကောင်းတယ်လို့မှတ်ထားရင် လုံးဝမှားပါတယ်။ CPU ရဲ့ စွမ်းဆောင်ရည်မှာ Core i3/ Core i5 စသည်ဖြင့် သိရှိရန်လိုသလို ထွက်ရှိတဲ့ ခုနှစ် (Generation) နဲ့မော်ဒယ်နံပါတ်ကလည်း အရေးကြီးပါတယ်။ ဥပမာအားဖြင့် ၂၀၁၈ မှာထွက်ရှိတဲ့ ဒေါ်လာ ၁၃၀ တန် Core i3 8100 က ၂၀၁၀ ခုနှစ်က ထွက်ရှိတဲ့ ဒေါ်လာ ၅၀၀ ကျော်တန်ခဲ့တဲ့ Core i7 880 ထက် စွမ်းဆောင်ရည် ၆၀% လောက်ပိုမြန်ပါတယ်။

⚙️ ၄။ Intel Core CPU (i3/ i5/ i7) တွေမှာ အရှေ့ဆုံးနံပါတ်က ထွက်ရှိတဲ့အမှတ်စဉ် (Generation) ကိုဖော်ပြပါတယ်။ ဥပမာ i3-8100 ဆိုတာ 8th Generation ဖြစ်ပြီး i3-7100 ဆိုတာ 7th Generation ဖြစ်ပါတယ်။ i3-6100 ဆိုရင်တော့ 6th Generation ပါ။

အနောက်မှာပါဝင်တဲ့ အက္ခရာတွေမှာလည်း ဆိုလိုချက်တွေရှိပါတယ်။

🎆 “u” ဆိုတာ လက်တော့ မှာသုံးတဲ့ စီးရီးဖြစ်ပါတယ်။ (i3-7100u)

🎆 “HQ” ဆိုတာ လက်တော့မှာသုံးတဲ့ စွမ်းဆောင်ရည်မြင့် High Performance စီးရီးဖြစ်ပါတယ်။ (i7-7700HQ)

🎆 ရိုးရိုး Desktop CPU တွေမှာ မည်သည့် အက္ခရာမှ ပါလေ့မရှိပါ။ (i3-7100)

🎆 “T” ဆိုတာ Desktop CPU ကို ပါဝါစားနဲ့အပူထွက်ရှိမှုသက်သာတဲ့ အမျိုးအစားဖြစ်ပါတယ် (အဆင်သင့် တပ်ဆင်ပြီး ကွန်ပျူတာတွေမှာ တွေ့ရတတ်ပါတယ်။ အပြင်ဈေးကွက်မှာ တွေ့ရလေ့မရှိပါ။) (i3-7100T)

🎆 “K” ဆိုရင် Desktop ရဲ့စွမ်းဆောင်ရည်မြင့်မော်ဒယ်ပါ။ အမြန်နှုန်းမြှင့်တင်ခြင်း (Overclocking) ကို အသုံးပြုနိုင်တဲ့ စီးရီးဖြစ်ပါတယ်။ (i7-7500K)

⚙️ ၅။ ကွန်ပျူတာတစ်ခုမှာ CPU အပြင် Memory၊ Storage (Hard Disk, SSD)၊ Graphic Card (GPU) နဲ့အခြားအစိတ်အပိုင်းတွေရှိပါသေးတယ်။ ဒါ့အပြင် Operating System (Windows/ Mac/ Linus) နဲ့အသုံးပြုထားတဲ့ ဆော့ဝဲလ် (ဥပမာအားဖြင့် Antivirus လို့ဆော့ဝဲလ်) ကိုလည်းထည့်သွင်း စဉ်းစားရမှာပါ။ ကွန်ပျူတာ တစ်လုံးထဲကိုပဲ မတူတဲ့ Windows ဗားရှင်း (ဥပမာ Windows 10 နှင့် Windows 7) အသုံးပြုရင် အမြန်နှုန်းကွာခြားပါတယ်။ Antivirus သွင်းထားတာနဲ့မသွင်းထားတာ အမြန်နှုန်းမတူပါဘူး။ စာဖတ်သူအနေနဲ့ သဘောပေါက်ရမှာက Core i7 သုံးလိုက်ရုံနဲ့ ချက်ချင်း လိပ်က ဒုံးပျံဖြစ်ချင်မှဖြစ်မယ်။ အခြားအစိတ်အပိုင်းတွေကလည်း Core i7 နဲ့ လိုက်မှီအောင်အလုပ်လုပ်နိုင်မှ အပြည့်အဝ အမြန်နှုန်းကို ရရှိမှာပါ။ (ဥပမာအားဖြင့် လုပ်သားတစ်ယောက်က မုန့်ဖုတ်တယ်။ နောက်တစ်ယေက်က မုန့်ကို ပါကင်ထုပ်တယ်ဆိုပါစို့။ လုပ်သားတစ်ယောက်ကို သုံးဆပိုမြန်တဲ့ သူနဲ့အစားထိုးလိုက်ရင် မုန့်သုံးဆ ပိုရမှာလား။ နောက်တစ်ယောက်ပေါ်လည်း မူတည်တယ်မဟုတ်လားဗျ။)

⚙️ ၆။ ကွန်ပျူတာတစ်လုံးကို မြန်တယ်လို့ပြောချင်ရင် ဘာတွေမြန်တာလဲဆိုတာရှိပါတယ်။ Windows တက်တာ (ကွန်ပျူတာဖွင့်တာ) မြန်ချင်တာလား။ ဂိမ်းတွေ ဆော့ဝဲလ်တွေ ဖွင့်လိုက်ရင် ချက်ချင်းပွင့်ချင်တာလား။ ဂိမ်းဆော့ရင် မထစ်ချင်တာလား။ Photoshop တို့၊ Video Editing တို့မှာ လုပ်ဆောင်ချက်မြန်ချင်တာလား စသည်ဖြင့်အမျိုးမျိုးရှိပါတယ်။ အသုံးပြုသူပေါ်မူတည်ပြီး လိုအပ်ချက်တွေကွာခြားပါတယ်။ အားလုံးကောင်းတဲ့ ကွန်ပျူတာမရှိဘူးလားဆိုတော့ ရှိပါတယ်။ ဈေးလည်းအကြီးဆုံးဖြစ်မှာပါ။

ဒါပေမယ့် ကွန်ပျူတာအသုံးပြုသူတွေက ဖန်ရှင်အားလုံးကို အသုံးမပြုသလို ဈေးအကြီးဆုံးကိုလည်းမဝယ်ကြပါဘူး။ ဒီတော့ လိုအပ်တဲ့ဖန်ရှင်ပေါ်မူတည်ပြီး ပိုမိုအလေးပေးသင့်တဲ့ အပိုင်းတွေကို ဖော်ပြလိုက်ပါတယ်။

🎆 တွက်ချက်မှု (Photo editing, Video editing, Auto CAD rendering,…) တွေအတွက် CPU ရဲ့ စွမ်းဆောင်ရည်ပေါ်ပိုမိုမူတည်ပါတယ်။

🎆 ဂိမ်းဆော့ဖို့အတွက်ဆိုရင် Graphic Card ရဲ့ စွမ်းဆောင်ရည်က ပိုပြီးအရေးပါပါတယ်။

🎆 ဖွင့်တာ ပိတ်တာ (Windows တက်တာ၊ ဂိမ်းနဲ့ ဆော့ဝဲလ်တွေစတင်တာ) မြန်ချင်တယ်ဆိုရင် SSD (Solid State Drive) က ပိုအရေးကြီးပါတယ်။ Hard Disk Drive (HDD) တွေက ဖွင့်တာပိတ်တာ နှေးပါတယ်။

🎆 ဆော့ဝဲလ်တွေအများကြီးပြိုင်တူသုံးမယ်၊ ဆော့ဝဲလ်အကြီးတွေသုံးမယ်၊ ပရောဂျက်အကြီးတွေလုပ်မယ်၊ အင်တာနက် ဗရောက်စာ (Internet Explorer, Chrome, Firefox, …) မှာ Tab တွေအများကြီးသုံးမယ်ဆိုရင် RAM များဖို့လိုပါတယ်။

⚙️ ၇။ CPU တစ်ခုမှာ မော်ဒယ်နံပါတ်ကို သိရင် သူ့ရဲ့အချက်အလက် (Specification) တော်တော်များများကို သိနိုင်ပါတယ်။ ဈေးကွက်ထဲမှာအပြောများတဲ့ အမြန်နှုန်း (GHz) အပြင် အခြားအရေးကြီးတဲ့အချက်တွေလည်းရှိပါသေးတယ်။ တည်ဆောက်ထားတဲ့ နည်းပညာ (နာနိုမီတာ)၊ ပါဝါစားနှုန်း (TDP/ Watt)၊ CPU အစိတ်အပိုင်းအရေအတွက် (Cores/ Threads)၊ Cache Memory၊ တွဲဖက်ပါရှိတဲ့ internal GPU တို့ကိုမူတည်ပြီး စွမ်းဆောင်ရည်၊ အသုံးဝင်ပုံနဲ့ရွေးချယ်မှုတို့ကွာခြားနိုင်ပါတယ်။

စာဖတ်သူတို့လည်း လိုအပ်ချက်နဲ့ဘက်ဂျက်ကို ချိန်ဆပြီး မိမိအတွက် အကောင်းဆုံး ကွန်ပျူတာများကို အသုံးပြုနိုင်ကြပါစေ။

-----

✨ မြန်မာ ကွန်ပျူတာဈေးကွက်ထဲမှာ အတွေ့များတဲ့ CPU အချို့ရဲ့စွမ်းဆောင်ရည်အမှတ်တွေကို ဖော်ပြပေးထားပါတယ်။ အမှတ်များရင် စွမ်းဆောင်မှုပိုကောင်းတယ်လို့ မှတ်ယူနိုင်ပါတယ်။ (Benchmark အမှတ်တွေက တစ်ကယ်အသုံးပြုရတဲ့ အတွေ့အကြုံတိုင်းကို ကိုယ်စားမပြုနိုင်ဘူးဆိုပေမယ့် အလွယ်ကူဆုံးနဲ့ နားလည်အလွယ်ဆုံးဖြစ်ပါတယ်။)
Celeron (Notebook)
N3060 (2016) – 997
N3350 (2016) – 1129
N4000 (2018) – 1542
---
Celeron (Desktop)
J3060 (2016) – 985
J4050 (2018) – 1566
G3930 (2018) – 3050
---
Pentium (Notebook)
N3700 (2015) – 1843
N4200 (2016) – 2033
N5000 (2018) – 2807
---
Pentium (Desktop)
G4400 (2015) – 3571
G4560 (2016) – 4889
G5500 (2018) – 5137
---
Core i3 (Notebook)
i3 6100u (2015) – 3582
i3 7100u (2016) – 3830
i3 8130u (2018) – 5353
---
Core i3 (Desktop)
i3 6100 (2015) – 5493
i3 7100 (2017) – 5790
i3 8130 (2017) – 8050
---
Core i5 (Notebook)
i5 6200u (2015) – 4014
i5 7200u (2016) – 4641
i5 8250u (2017) – 7649
---
Core i5 (Desktop)
i5 6400 (2015) – 6760
i5 7400 (2017) – 7392
i5 8400 (2017) – 11780
---
Core i7 (Notebook)
i7 6500u (2015) – 4433
i7 7500u (2016) – 5196
i7 8550u (2017) – 8336
i7 6700HQ (2015) – 8140
i7 7700HQ (2016) – 8861
---
Core i7 (Desktop)
i7 6700K (2015) – 11113
i7 7700K (2016) – 12060
i7 8700K (2017) – 16031
i7 6700 (2015) – 10012
i7 7700 (2016) – 10782
i7 8700 (2017) – 15269
---
Core i9 (Laptop)
i9 8950HK (2018) - 14812
---
Core i9 (Desktop)
i9 7900X (2017) - 22098
---
Core m (Notebook)
m3-6Y30 (2015) – 3051
m5-6Y64 (2015) – 3359
m3-7Y30 (2016) – 3555
---
ကိုယ်ရဲ့ CPU တွေရဲ့ Benchmark အမှတ်ကိုသိချင်ရင် ဖြစ်ဖြစ်၊ အခြား CPU နဲ့စွမ်းဆောင်ရည်နှိုင်းယှဉ်ချင်ရင်ဖြစ်ဖြစ် Google မှာရှာဖွေနိုင်ပါတယ်။

(ဥပမာ Intel i5 6200u vs 7200u လို့ရှာလို့ရပါတယ်။)

⭐⭐⭐ "Celeron CPU က တစ်ကယ်အလုပ်ဖြစ်ရဲ့လား"ဆိုတာ ကို စမ်းသပ်ပြီး ဖော်ပြပေးသွားမှာဖြစ်လို့ Like & Share လုပ်ထားပြီး ဆက်လက်အားပေးကြဦးနော်…

Tips: 👀 👀 👀

နည်းပညာများသည် အစဉ်ပြောင်းလဲတိုးတက်လျှက်ရှိသောကြောင့် အရာအားလုံးကို လှေနံဓားထစ်မှတ်ယူထားခြင်းထက် အမြဲမပြတ်လေ့လာနေရန်လိုအပ်ပါသည်။ ကျွန်တော်တို့တူတူ ဆက်လက်သင်ယူကြပါစို့။

#CrdMyanmar Engineering Community

#MEC

Credit to Maung Pauk (ဆရာမောင်ပေါက်)

No comments:

Post a Comment

မင်္ဂလာပါ..