menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

Drum Unit ဆေးတွေကျနေလား




အမျိုးတို့ရေ မိတ္တူ စက်ကဘေးတံခါးဖွင့်လိုက်ရင် စက္ကူ တက်လာ

မဲ့လမ်းကြောင်းပေါ်ဆေးတွေကျလို့ တချိန်လုံးအဝတ်စနဲ့သုတ် စွတ်ကျယ်အဟောင်း အလစ်မှာယူဖြဲသုတ်နေရလား အဖေတွေဘအကိုတွေ မောင်တွေ စွပ်ကျယ်ယူသမလို့ ရန်ဖြစ်နေကြလား

Drum Unitကို Drum ,blade အသစ် တစ်လုံးပီးတလုံးလဲရိုက်ကြပါတယ် ဆေးအဟောင်းလဲသွန်တတ်ကြပါပြီ 2520 စီးရီး 3035,3045, 3570,4570, 3235,3245 ဖိုက်တာအုပ်စုမှာ ဆေးအဟောင်းထွက်ဖို့ ဘေးမှာ ပလပ်စတစ်ပုံးကြီးထားပေးတော့ ok ပေါ့



ဒါပေမဲ့ Drum Unit ကဆေးတွေ အမှိုက်ပုံးမရောက်ခင် လမ်းမှာထွက်ကျပါတယ် ပုံမှာကြည့်လိုက်ပါ ကျန်တဲ့ စက်တွေလည်း အတူတူပါ Cleaning Blade ရဲ့ဘေးမှာ ဆေးတွေဘေးကထွက်မကျဘို့ Side Seal လေးတွေကပ်ပေးထားပါတယ် Drum လဲမနာရအောင် ရေမြုပ် အပေါ်ကပလပ်စတစ်ပြားလေးနဲ့ ၂ထပ် ကပ်ပေးထားပါတယ်



သက်တမ်းကြာလာရင် ရေမြုပ်တွေဆွေးပါတယ် Drum ကတချိန်လုံးလည်နေလို့ ကြာတော့ ကျွတ်ထွက်သွားပါတယ် အဲ့ဒိဘေးကဆေးတွေထွက်ကျလာပါတယ် Drum ဘေး၂ဖက်ဆေးအမဲတွေ တချိန်လုံးကပ်နေပါတယ် ဒီဆေးဘယ်သွားမလဲ Cleaning Blade သိမ်းတဲ့နေရာနဲ့ လွတ်နေတယ်နော်



တချိန်လုံးထွက်နေတဲ့ဆေး စက္ကူ တက်လာမဲ့လမ်းကြောင်းပေါ်ဆင်းပါတယ် Regstration သံပြားပေါ်ကျပါတယ် စက္ကူ ဘေးမှာပေလာပါတယ် နောက်ဆုံး စက္ကူ ကောက်မဲ့ Pick Up ရာဘာလုံးတွေ ဂီယာအုံတွေထဲအထိ ရောက်ပါတယ် စက်ဂျီးဆေးဘို့ဖြုတ်လိုက်ရင် အပုံလိုက်ပါ Sensor ထဲအထိဝင်ပါတယ်

ကဲ ဒီဆေးတွေဘေးကထွက်မလာအောင် ဆွေးနေတဲ့ရေမြုပ်ခွာပလိုက်ပါ အောက်မှာတိပ်ကပ်ထားလို့ အစီးတွေပေါက်နေတာလဲခွာလိုက်ပါ Side Seal ကအသစ်ဝယ်မရတော့ ဗမာလိုလုပ်ရတော့မယ်

မီးဖိုထဲက အမေပန်ကန်ဆေးတဲ့ ရေမြုပ်အသာကပ်ကြေးလေးနဲ့ ညှပ် အဟောင်းအရာနဲ့တိုင်း ၂ဖက်ကပ်တိပ် ဒါမှမဟုတ် စီလီကွန်ကော်ချောင်းမီးရို့ အသာတို့ပီး ရေမြုပ်လေးကပ်ပေးလိုက်ပါ

သတိထားရမှာ Cleaning Blade အောက်မရောက်ပါစေနဲ့ ဘေးမှာပဲ ကာထားလိုက်ပါ

အတွေ့အကြုံအရ blade အောက်ရောက်ရင် blade ပက်လက်လန်ပါလို့ ဂွီဂွီအော် E 010 ပြတတ်ပါကြောင်း

ထပ်လောင်းဝေမျှလိုက်ပါတယ်

ရဲမြင့်ဇော်




ရဲမြင့်ဇော်

No comments:

Post a Comment

မင်္ဂလာပါ..