menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

MacBook များကိုလေ့လာခြင်း


MacBook ကွန်ပျူတာများကိုလေ့လာခြင်း 👨‍💻
Mac OSX ဟာ Apple Inc မှထုတ်လုပ်ထားတဲ့ 
Mac တွေအတွက် အဓိက အသုံးပြုနေတဲ့ Operation 
System တစ်ခုဖြစ်ပါ တယ်။ OS X ရဲ့ Official Release 
Date ကတော့ March 24 , 2001 ပဲဖြစ်ပါတယ်။

အခုနောက်ဆုံးထွက် OS Version ကတော့ Mojave 10.14 ပဲ
ဖြစ်ပါတယ်။ အသုံးပြုရတာ လွယ်ကူခြင်း၊ လုံခြုံစိတ်ချရခြင်း၊ 
Design အမြင်ဆန်းသစ်ခြင်း၊ နည်းပညာ အမြဲဆန်းသစ်နေခြင်း
တို့ကြောင့် Apple ရဲ့ Mac ဆိုရင် အခုနောက်ပိုင်းမှာ လူအတော်
များများ အကြိုက်တွေ့လာကြပါပြီ။

Mac အတွက် အဓိကအသုံးပြုနေတဲ့ Mac OS တွေက
1. Macbook Pro
2. Macbook Air
3. Mac mini
4. iMac
5. Mac Pro
6. New MacBook တို့ပဲဖြစ်ပါတယ်။
အထက်ပါ အမျိုးစားငါးမျိုးမှာ Mac OSX ကို
အသုံးပြုထားပါတယ်။ Unibody လို့ခေါ်တဲ့ အကြမ်းခံနိုင်တဲ့ 
သတ္တုစပ်တစ်မျိုးကို သုံးစွဲထားတဲ့ Macbook Pro, Macbook Air,
Mac Mini နဲ့ iMac တို့ရဲ့ အရောင်အသွေးနဲ့ Design အပြင်
အဆင်ကတော့ ရိုးရှင်းပြီး အသုံးပြုသူကို ဆွဲဆောင်မှူ အပြည့်
ပေးနိုင်ပါတယ်။ ဒါဆိုရင် Mac ဝယ်တော့မယ်လိုဆုံးဖြတ်လိုက်တဲ့
အခါမှာ ဘယ်အမျိုးအစားကို ဝယ်ယူသင့်သလဲဆိုတာ အောက်မှာ
တစ်မျိုးချင်း ရှင်းပြပေးထားပါတယ်။

1. MacBook Pro
Macbook Pro ကတော့ လူအသုံးများဆုံး Mac တစ်လုံးလို့
ပြောရင်လည်း မမှားပါဘူး။ စွမ်းဆောင်ရည်မြင့်မားတဲ့အတွက် 
ကြောင့် လုပ်ငန်းသုံးအတွက် အလွန်အဆင်ပြေပါတယ်။ 
အရင်ကတော့ Macbook Pro တွေက နည်းနည်းတော့ 
လေးပါတယ်။ အခုနောက်ဆုံးထုတ်ထားတဲ့ Macbook Pro 
Retina ကတော့ အတော်ပေါ့ပါ့ပါးပြီးသယ်ယူရတာ အဆင်
ပြေပါတယ်။ လုပ်ငန်းသုံးအတွက် အသုံးပြုတဲ့ App တွေအတွက် 
အကောင်းဆုံး လုပ်ဆောင်ပေးနိင်တဲ့အတွက်ကြောင့် Macbook 
Pro ကိုရွေးချယ်ဝယ်ယူကြပါတယ်။ ထို့အပြင် Macbook Pro ရဲ့ 
Display ကလည်း Retina ဖြစ်တဲ့အတွက်ကြောင့် Designer တွေ, 
Photographers တွေ , Di- rector တွေနဲ့ မြင်ကွင်းကို ကြည်လင်
ပြတ်သားစွာ ကြည့်ရှူချင်သူတွေအဖို့ အထူးပင်သင့်တော်ပါတယ်။
MacBook Pro မှာ Screen Size ကို 13 လက်မနဲ့ 15 လက်မ
ဆိုပြီးတော့နှစ်မျိုးရှိပါတယ်။ထို့အပြင် မိမိစိတ်ကြိုက် Configure 
လုပ်ပြီးလည်း မှာယူနိုင်ပါတယ်။


2. MacBook Air
Macbook Air ကိုအဓိက အသုံးပြုတာက အလွန်ကို ပါးလွှာပြီး 
ပေါ့ပါးလွန်းတဲ့အတွက်ကြောင့် အပြင်သွားတဲ့အခါမှာ အလွန်ကို 
အဆင်ပြေတဲ့အတွက်ကြောင့် အသုံးပြုကြပါတယ်။ စွမ်းဆောင်ရည်
အနေနဲ့တော့ Macbook Proလောက် မစွမ်းဆောင်နိုင်ပါဘူး။ 
ဒါပေမဲ့ Macbook Pro လောက်နီးနီးတော့ စွမ်း ဆောင်ရည်ရှိပါတယ်။
Macbook Pro ထက်အားသာချက်ကတော့ အထက်ပါပုံမှာမြင်တဲ့
အတိုင်းပါပဲ။ အလွန်ကို ပါးလွှာပြီး ပေါ့ပါးတဲ့အတွက်ကြောင့် 
အပြင်သွားတဲ့အခါမှာ Laptop ကလည်း မပါမဖြစ် ဆိုတဲ့
လူတွေအတွက် Macbook Air ဟာအသင့်တော်ဆုံးပါပဲ။

3. Mini Mac
Mac Mini ကတော့ Mac အသေးလေးလို့ခေါ်ကြပါတယ်။ 
ဘာကြောင့်လဲဆိုတော့ အထက်ပါပုံမှာမြင်ရတဲ့အတိုင်းပါပဲ။ 
လေးထောင့် အတုံးလေးတစ်တုံးသာ ရှိတဲ့ Mac Mini မှာ 
ကိုယ့်စိတ်ကြိုက် Monitor နဲ့ချိတ်ဆက်ပြီးအသုံးပြုနိုင်ပါတယ်။ 
ထို့အပြင် Mac Mini ကိုဝယ်ယူအသုံးပြုမယ်ဆိုပါက Mouse, 
Keyboard , TrackPad , Cable , USB Drive များကို ဝယ်
ယူထားရမှာဖြစ်ပါတယ်။ Mac Mini မှာ Normal Mac Mini နဲ့ 
Server Mac Mini ဆိုပြီး နှစ်မျိုးရှိပါတယ်။ ပုံမှန်ပဲအသုံးပြုမယ်
ဆိုရင်တော့ ရိုးရိုး Mac Mini ပဲဝယ်ပါ။ Server Mac mini ကတော့ 
Server ပိုင်းဆိုင်ရာ ပြုလုပ်ချက်တွေရှိမှသာ ဝယ်ယူသင့်ပါတယ်။
4. iMac
iMac ကတော့ Desktop Mac တစ်မျိုးပါပဲ။ All in one 
Mac လို့ခေါ်ပါတယ်။ မိမိအိမ်မှာ Desktop Computer အနေနဲ့ 
ထားချင်တဲ့သူတွေအတွက် အထူးပင်သင့်လျော်ပါတယ်။ ထို့အပြင် 
စွမ်းဆောင်ရည်ကလည်း အလွန်ပင်မြင့်မားပါတယ်။ iMac ကို
ဝယ်ယူအသုံးပြုမယ်ဆိုရင် တစ်ခါတည်း Display ပါပါဝင်တာ
ကြောင့် Mac mini လို Monitor ထပ်ဝယ်စရာ မလိုတော့ပါဘူး။ 
ဒါပေမဲ့. Mouse တို့ Keyboard တို့ TrackPad တို့ကတော့ 
မဖြစ်မနေဝယ်ယူရမှာဖြစ်ပါတယ်။ Video Editing သမားတွေ
ကတော့ iMac ကိုအထူးနှစ်သက်ကြပါတယ်။ဘာကြောင့်လဲ
ဆိုတော့ Video Editing အတွက် အသုံးပြုရတဲ့ App တွေဟာ 
iMac ဖြင့်လုပ်ဆောင်ပါက မြင်ကွင်းကျယ်ကျယ်မှာ အားရပါးရ 
ကြည့်ရှုလို့ရတဲ့အပြင် ထို App တွေ ရဲ့ လုပ်ဆောင်ချက်တွေကို 
iMac ကနိုင်နင်းစွာ လုပ်ဆောင်ပေးနိုင်တဲ့အတွက်ကြောင့်ပါ။

5. Mac Pro
Apple Inc မှထုတ်လုပ်ထားတဲ့ အကောင်းဆုံးသော Mac လို့
ပြောရင် မှားနိုင်ဖွယ်ရာမရှိပါဘူး။ အကောင်းတကာ့အကောင်းဆုံး 
တွေကို စုပေါင်းပြီးထုတ်လုပ်ထားတယ်လို့တောင် ပြောလို့ရပါ
သေးတယ်။ထို့ကြောင့် Mac Proရဲ့ ဈေးနှုန်းကလည်း မသေးပါဘူး။ 
ကိုယ့်မှာပိုက်ဆံ ရှိရင် ရှိသလောက် Hardware ေ တွကို အဆင့်မြှင့်
လိုက်မယ်ဆိုရင် Mac Pro တစ်လုံးထဲနဲ့တင် သိန်း 100 ကျော်သွား
နိုင်ပါတယ်။ အခုနောက်ဆုံးထုတ်လုပ်ထားတဲ့ Mac Pro ကိုတော့ 
တစ်ချို့က အမှိုက်ပုံး ၊ တစ်ချို့က ထမင်းပေါင်းအိုး ဆိုပြီး နာမည်ပြောင် 
တပ်ပေးထားကြပါတယ်။ ပုံးလေးတစ်ပုံတည်းမှာ နည်းပညာတွေ 
စုပေါင်းပြီး ထုတ်လုပ်ထားတဲ့ Mac Pro လို့ခေါ်တဲ့ Mac ဟာ လုပ်
ဆောင်ချက် ကြီးကြီးမားမား လုပ်ချင်တဲ့လူတွေအတွက် အထူးပင်
သင့်လျော်ပါတယ်။ Video Editing သမားတွေကတော့ Mac Pro ကို 
သိပ်ကြိုက်ကြပါတယ်။ တစ်ချို့သော Video Editing App တွေက 
iMac နဲ့တောင် မကိုက်တာတွေ ရှိလာတဲ့အခါမှာ Mac Pro ကို
ဝယ်ယူပြီးပြောင်းလဲ အသုံးပြုကြပါတယ်။ အထက်ပါမြင်ရတဲ့ပုံ
အတိုင်းဖြစ်တဲ့အတွက်ကြောင့် Mac Pro ကိုဝယ်ယူအသုံးပြုမယ်
ဆိုပါက Mouse, Keyboard,TrackPad ,Monitor, Cable,
USB Drive စတာတွေပါ ထပ်မံဝယ်ယူရမှာဖြစ်ပါတယ်။

6. New MacBook
New MacBook ကနေ နောက်ဆုံးထုတ်မော်ဒယ်ဖြစ်ပြီး
စွမ်းဆောင်ရည်ပိုင်းကလည်း အပေါ်က Mac တွေထက်
ပိုသာလွန်ကောင်းမွန်ပါတယ်။

No comments:

Post a Comment

မင်္ဂလာပါ..