menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

MacBook ဝယ်မယ်ဆိုရင် ဒါအရင်ဖတ်


MacBook ဝယ်ရင် ဘာတွေကြည့်ပြီးဝယ်ရမလဲ? 👨‍💻
MacBook ဝယ်ရင် ဘာတွေကြည့်ပြီးဝယ်ရမလဲ? MacBook ကွန်ပျူတာတွေ ဝယ်တဲ့အခါ.. သိတဲ့လူများအတွက် အပန်းမကြီးပေမယ့် မသိရင်တော့ ဘယ်က စလို့ စရမှန်းမသိဖြစ်တတ်ပါတယ်.. Mac computer တွေဟာ အရာကျယ်ပါတယ်.. ရွေးချယ်စရာများတယ်.. body လှရုံ logo မီးလင်းရုံနဲ့ ဘာမှမသိ ဘာမှမကြည့်ပဲ ဝယ်မိတဲ့သူတွေလည်း ရှိလို့ ပိုစ့်လေးကိုမျှ​ေဝပေးလိုက်ပါတယ်.. Model - MacBook ကွန်ပျူတာတွေကို နှစ်အလိုက်ထုတ်တဲ့ 2007,2016,2017,2018,2020 အစရှိသည်ဖြင့် Model No တွေ ရှိပါတယ်။ အသစ်ဖြစ်ဖြစ်၊ အဟောင်းကို ပြန်ဝယ်တာပဲဖြစ်ဖြစ် Macbook air ဆိုရင် 2014 Latest model တွေမှာ ယခုထွက်ရှိထားတဲ့ Bigsur OS Support ပေးပါတယ်.. 
 
သို့သော်လည်း Macbook air များဟာ သယ်ဆောင်ရလွယ်ကူပေမယ့် တကယ့်တမ်း လုပ်ငန်းမှာ သိပ်အသုံးမဝင်လှပါဘူး.. စာစီစာရိုက်နဲ့ photoshop အနည်းငယ်လောက်သာသုံးမယ့်သူများဆိုရင် ရွေးချယ်နိုင်ပါတယ်.. သို့သော် Macbook air တွေမှာ Ram 4gb, 8gb လာပါတယ်..။ ဖုန်းတစ်လုံးမှာ Ram 4gb ဆိုတာ များနေပေမယ့် ကွန်ပျူတာတွေမှာ အဆင်မပြေပါဘူး.. အထူးသဖြင့် Macbook တွေမှာပါ.. လိုအပ်တဲ့အခါ Ram များကို ထပ်စိုက်လို့မရတဲ့အတွက် အနည်းဆုံး 8gb ထဲကရွေးမှသာ နောင်တမှ ကင်းဝေးပါလိမ့်မယ်.. New Macbook ကတော့ CPU intel Core M serise ကိုသုံးထားတဲ့အတွက် power စားသက်သာသော်လည်း Performance မကောင်းတဲ့အတွက် Macbook air ထက် နိမ့်ပါတယ်.. admin ကိုယ်တိုင် အားမပေးပါ.. MacBook Pro seiese တွေထဲကဆိုရင် 2009,2010,2011,2012 စတဲ့ model များမှာ DVD Drive များနှင့်ဖြစ်ပြီး ထူထူကြီးဖြစ်ကာ သွားလာရာတွင်သယ်ယူလို့ အဆင်မပြေနိုင်ပါ.. 
 
2013 နောက်ပိုင်း model များဟာ ပါးလွှာပြီး သယ်ရလွယ်.. သုံးရအဆင် ပြေတဲ့အတွက် ရွေးချယ်ဖို့ တိုက်တွန်းပါတယ်.. Specification - MacBook ရဲ့အသေးစိတ်အချက်တွေကိုလည်း ရွေးဝယ်သင့်ပါတယ်။ Model အလိုက် intel Core i3,i5,i7 - 5,7,8th Gen, 10Gen, စသည်ရှိသလို.. Apple ရဲ့ ကိုယ်ပိုင် CPU ဖြစ်တဲ့ M1 နဲ့ထုတ်ထားတဲ့ MacBook air, Pro, Mini စတဲ့ Drive များကိုလည်း ရွေးချယ်နိုင်ပါတယ်... ဈေးနှုန်းသက်သာသည့်အပြင် Performance ကောင်းလွန်းတဲ့အတွက်ကြောင့် ငွေကြေးတက်နိုင်သူများအတွက် M1 Series ကိုဝယ်စေလိုပါတယ်.. ရွေးချယ်ဖို့အတွက်ဆိုရင် အောက်ကလင့်ခ်မှာ လေ့လာပါ.. M1 Macbook Air နဲ့ Macbook Pro ဘာကိုဝယ်သင့်လဲ SSD - Macbook များမှာ Storage အနေအားဖြင့် 128,256,512 GB,1TB,2TB စတဲ့ပမာဏတွေရှိသလို.. Size အနေအားဖြင့် 11,12, 13 or 15, 16Inch စတာတွေလည်း ရွေးချယ်နိုင်ပါတယ်.. ,RAM အားဖြင့် 4GB, 8GB, 16GB RAM, MacBook Air, MacBook Pro, New MacBook, iMac အစရှိ သည်ဖြင့် ရွေးချယ်နိုင်ပါတယ်။ Model အမျိုးစားပေါ်မှုတည်ပြီး ဈေးနှုန်းတွေလည်းကွာခြားပါတယ်။ တချို့ Model များဟာ SSD ထပ်ပြီးစိုက်လို့ရပါတယ်.. အသေးစိတ်တော့ မရှင်းပြတော့ပါဘူး.. Windows OS သုံး ကွန်ပျူတာတွေမှာ ရွေးစရာ ACER,ASUS,DELL,HP,MSI,LENOVO စတဲ့ရွေးချယ်စရာ BRAND မျိုးစုံရှိပေမယ့် Mac တွေမှာတော့ MAC OS ကိုအခြေခံထားတဲ့ MacBook Air, MacBook Pro, New MacBook, iMac, iMac Pro, Mac MINI ဆိုပြီး apple drive တွေလည်း အမျိုးမျိုးရှိပါတယ်။ ဈေးနှုန်းတွေ ကတော့ Model အလိုက် အမျိုးမျိုးကွဲပြားနိုင်ပါတယ်.. Battery Cycle Count- MacBook ကွန်ပျူတာအသစ်လား၊ အဟောင်းလား၊ ကိုယ်ဝယ်မယ့် MacBook က ဘက်ထရီကို ဘယ်လောက်အထိ အသုံးပြုထားသလဲ ဆိုတာကို စစ်ကြည့်နိုင်ပါတယ်။ Battery Cycle Count ကို စစ်ကြည့်ဖို့ MacBook ရဲ့အပေါ်ဆုံး ဘယ်ဖက်ထောင့် Menu Bar ပေါ်က Apple ပုံလေးကို နှိပ်ပြီး About This Mac ဆိုတာကို ထပ်နှိပ်ပြီး၊ System Report, Power ရဲ့ညာဘက် Panel က Battery Information မှာ Cycle Count ဆိုတာပါပါတယ်။ 
 
Cycle Count ဘေးမှာ 3,4,5 အစရှိသည်ဖြင့် အရေတွက် နည်းနည်းတော့ ရှိနိုင်ပါတယ်။ ဒါပေမယ့် 100 ကျော်၊ နှစ်ရာကျော် အစရှိသည်ဖြင့် Cycle Count များနေရင် အသုံးများထားလို့ပါ။ Condition မှာလည်း Normal ဆိုတာ ဖြစ်နေရပါမယ်။ Services လို့ပြနေရင် မကြာခင် Battery အသစ်လဲရပါတော့မယ်.. အကယ်ရျ် မလဲပဲနေရင်တော့ Battery ဟာမကြာခင် ဖောင်းလာတဲ့အတွက် နောက်ဖုံးတွေဟ လာပြီး ပေါက်ကွဲထွက်ဖို့ အလားလာ များပါလိမ့်မယ်.. Serial Number - Windows ကွန်ပျူတာတွေမှာ လိုင်စင်ကီး ဆိုတာရှိသလို MacBook မှာလည်း Serial Number ဆိုတာရှိပါတယ်။ 
 
MacBook ရဲ့ About This Mac ထဲဝင်ပြီး Serial Number ကို Copy ကူး၊ Apple ရဲ့Official Website ထဲ ဝင်သွားပြီး ကိုယ်ဝယ်မယ့်စက်က အာမခံသေးလား၊ Support လုပ် သေးလားဆိုတာကို အောက်ပါလင့်ခ်မှာ ဝင်ရောက်စစ်ဆေးနိုင်ပါတယ်.. https://checkcoverage.apple.com/ Pdf စာအုပ်အနေနဲ့ သိမ်းထားချင်ရင် အောက်ကလင့်ခ်မှာ ဒေါင်းနိုင်ပါတယ်. https://www.zmc-tech.com/2018/07/macbook.html ZMC-Tehcnology

No comments:

Post a Comment

မင်္ဂလာပါ..