================
Mac user
များ သိပြီးဖြစ်နိုင်သလို ၊ မသိသေးတာလည်း ရှိနေနိုင်မယ့်
အလွယ်တကူအသုံးပြုနိုင်မယ့် နည်းလမ်းကောင်းလေးများကို မျှဝေလိုက်ရပါတယ်။
Preview ကြည့်ခြင်း
============
မိမိ preview ကြည့်လိုတဲ့ file ကို Spacebar လေးတစ်ချက်ပုတ်လိုက်တာနဲ့
preview ကြည့်နိုင်တာလေးက အရမ်းကောင်းမွန်ပါတယ်။ photo, video, audio
တွေတင်မကပဲ .psd file တွေတောင် ကြည့်လို့ရပါတယ်။ file တွေကို preview
ချဲ့ကြည့်နိုင်လို့ windows မှာလို သက်ဆိုင်ရာ application
တခုခုထပ်ဖွင့်ဖို့လည်းမလိုပဲ ပိုမိုလွယ်ကူလျင်မြန်စွား
သုံးပြုနေနိုင်တာလည်းဖြစ်ပါတယ်။
Spotlight ကို အသုံးပြုခြင်း
=============
Cmd + Spacebar လေးကိုတွဲနှိပ်လိုက်ရင် ပေါ်လာတဲ့ Spotlight Search လေးဟာ
Mac user တိုင်းအတွက် အရမ်းကောင်းတဲ့ အရာလေးပါ။ Apps တွေ file တွေ
အလွယ်တကူရှာဖွေသုံးနိုင်လို့ Mac user တိုင်းနှစ်သက်ကြပါတယ်။ ဒါလေးဟာ Apps
တွေ file တွေကို ရှာဖွေရုံတင်မကပဲ calculator အဖြစ်သုံးနိုင်တာတွေ internet
ချိတ်ထားမယ်ဆို currencies exchange rate ကြည့်နိုင်တာတွေ၊ weather
ကိုကြည့်နိုင်တာတွေလည်းပြုလုပ်နိုင်ပါသေးတယ်။ ဥပမာ - 5 + 6
လို့နှိပ်ကြည့်ပါ။ calculator app ကို တကူးတက ဖွင့်နေဖို့မလိုပဲ Spotlight
နဲ့တင် အဆင်ပြေပါပြီ။
PDF File မှာ Digital sign ထိုးနည်း
==============
PDF file မှာ Sign ထိုးဖို့လိုအပ်တဲ့အခါ ပုံမှန်အတိုင်းဆိုရင်တော့ PDF
file ကြီးကို print ထုတ်။ စာရွက်ပေါ်မှာ Sign ထိုး။ ပြီးရင် Scan ပြန်ဖတ်။
တကယ်အလုပ်ရှူပ်ပါတယ်။ Mac မှာတော့ ဒီလို အလုပ်မရှူပ်တော့ပဲ Digital sign
ထိုးလို့ရပါတယ်။ ဘယ်လိုလုပ်မလဲဆိုတော့ PDF file ကို ကလစ်နှစ်ချက်နှိပ်ပြီး
ဖွင့်လိုက်ပါ။ ထို့နောက် Menu bar မှ Tools > Annotate > Singature
> Manage Signatures ကိုနှိပ်ပါ။ MacBook တွေမှာဆို trackpad
ပေါ်မှနေလည်း Sign ထိုးလို့ရပါတယ်။ နောက်တစ်နည်းကတော့ အပြင်စာရွက်ပေါ်မှာ
ထိုးထားတဲ့ Sign ကို Camera ဖွင့်ပြီး Scan ဖတ်လိုက်လည်းရပါတယ်။
Emoji Keyboard ကို အလွယ်တကူသုံးနည်း
==============
စာရိုက်နေရင်း emoji လေးတွေထည့်ဖို့လိုအပ်လာရင် mac မှာတော့
အလွယ်ကူဆုံးနည်းလမ်းနဲ့ အသုံးပြုနိုင်ပါတယ်။ ctrl+Cmd+Space ကိုတွဲနှိပ်ပါ။
Apps တစ်ခုမှ တခြား Apps သို့လျင်မြန်စွာ သွားကြည့်မယ်
==================
Hide ဖြစ်နေတဲ့ Apps တစ်ခုကနေ တစ်ခုကို လျင်မြန်မြန် ပြောင်းသွားနေလို့ရပါတယ်။ Cmd + Tab လေးကိုနှိပ်ပြီး ရွှေ့ပြောင်းသွားပါ။
စကားပြောဖြင့် စာရိုက်စေခြင်း
===========
MacBook သုံးရင်း စာတွေကို လက်နဲ့ရိုက်နေရတာ ညဉ်းငွေစရာဖြစ်နေရင် ပါးစပ်ကနေပြောပြီး စာရိုက်နိုင်ပါသေးတယ်။
Fn key လေးကို နှစ်ချက်ဆင့်နှိပ်လိုက်ပါ။ စကားပြောတဲ့ microphone icon
လေးပေါ်လာပြီဆိုရင် ရိုက်ချင်တဲ့ စာသားတွေကို ပါစပ်ကနေပဲ ပြောလိုက်ယုံပါပဲ။
သာစကားအတော်များများ အဆင်ပြေပါတယ်။ (မှတ်ချက် ။ မြန်မာစကားတော့နားမလည်ပါ)
Screenshots ရိုက်နည်းအမျိုးမျိုး
=============
Mac မှာတော့ Screenshots ရိုက်နည်းက 6 မျိုးလောက်ရှိပါတယ်။
1) Cmd + shift + 4 = Capture လုပ်လိုတဲ့ ဧရိယာလေးသီးသန့် dragged
ဆွဲယူလိုက်ပါ။ file ကတော့ desktop ပေါ်မှာ auto save သွားပါလိမ့်မယ်။
2) Cmd + shift + 3 = Screen တစ်ခုလုံးကို Capture လုပ်သွားပါလိမ့်မယ်။ file ကတော့ desktop ပေါ်မှာ auto save သွားပါလိမ့်မယ်။
3) Cmd + ctrl + shift + 3 = Screen တစ်ခုလုံးကို Capture
လုပ်သွားပါလိမ့်မယ်။ file ကတော့ အသုံးလိုတဲ့နေရာမှာ Ctrl + V လေးနှိပ်ပြီး
ယူပါ။
4) Cmd + ctrl + shift + 4 = Capture လုပ်လိုတဲ့
ဧရိယာလေးသီးသန့် dragged ဆွဲယူလိုက်ပါ။ file ကတော့ အသုံးလိုတဲ့နေရာမှာ Ctrl
+ V လေးနှိပ်ပြီး ယူပါ။
5) Cmd + shift + 4 + Space = Capture
လုပ်ချင်တဲ့ window တစ်ခုလုံးကို screenshot ပါလိမ့်မယ်။ file ကတော့
desktop ပေါ်မှာ auto save သွားပါလိမ့်မယ်။
6) Cmd + ctrl + shift +
4 + Space = Capture လုပ်ချင်တဲ့ window တစ်ခုလုံးကို screenshot
ပါလိမ့်မယ်။ file ကတော့ အသုံးလိုတဲ့နေရာမှာ Ctrl + V လေးနှိပ်ပြီး ယူပါ။
Copy ကူးစရာ text တွေကို text file အဖြစ်အမြန်တည်ဆောက်မယ်
====================
Web ကဖြစ်စေ တခြားတနေရာရာကဖြစ်စေ Text တွေ copy ကူးပြီး text file
အဖြစ်သိမ်းထားလိုတဲ့အခါ Mac user တွေအတွက် အလွယ်ဆုံးနည်းလမ်းလေးရှိပါတယ်။
copy ကူးလိုတဲ့ text တွေအကုန် select မှတ်ပါ။ ထို့နောက် စက္ကန့်အနည်းငယ်ဖိ၍
သိမ်းဆည်းလိုသောနေရာ (ဥပမာ - desktop) သို့ဆွဲယူလိုက်ပါ။ text file လေး
တည်ဆောက်သိမ်းဆည်းပေးသွားပါလိမ့်မယ်။
Summarize Text အလွယ်မှတ်မယ်
=================
သူကလည်း အပေါ်မှာ text တွေ copy ကူးသလိုပဲ မှတ်သားစရာ text တွေကို
အလွယ်မှတ်နည်း တစ်နည်းပါပဲ။ မှတ်သားလိုတဲ့ text တွေကို select မှတ်။ right
click နှိပ်။ “Summarize” ကို ဆက်နှိပ်ပေးပါ။ summarize text file
လေးကိုရောက်သွားပါမယ်။ ပြီးရင်တော့ save ပေးပါ။ တကယ်လို့ summarize feature
လေး off နေရင်တော့ user အနေနဲ့ ဖွင့်ပေးဖို့လိုပါတယ်။ status bar မှ app
name ကိုနှိပ်ပါ။ Service > Services Preferences ကိုနှိပ်ပါ။ scroll
down လေးဆွဲသွားပြီး “Summarize” ကိုရှာဖွေ၍ တွေ့ရှိက
အမှန်ခြစ်လေးပေးထားပါ။ ဒါဆိုရင်တော့ “Summarize” ကိုသုံးလို့ရပါပြီ။
1️⃣️
No comments:
Post a Comment
မင်္ဂလာပါ..