New MacBook သည် လှပရုံသာမက MacBook Air ကို အဆင့်မြှင့်ထားသည့် ဗားရှင်းလည်းဖြစ်သည်။ ၎င်းတွင် feature နှင့် spec အချို့ကို အဆင့်မြှင့်ထားသော်လည်း port ကဲ့သို့သော အခြား feature များကိုမူ ဖယ်ရှားခဲ့သည်။
ထို့အတွက်ကြောင့် new MacBook တစ်လုံးကို ဝယ်ယူရန် စဉ်းစားနေသူများအတွက် MacBook Air နှင့် ကွာခြားချက်များကို နှိုင်းယှဉ်သိရှိနိုင်ရန် ဖော်ပြလိုက်ပါသည်။
MacBook တွင် ၃.၅ မီလီမီတာ နားကြပ်ပေါက်မှလွဲ၍ USB Type-C port ကိုသာ တစ်ခုတည်းသော port အဖြစ် တွေ့မြင်ရမည်ဖြစ်သည်။ အဆိုပါ port တစ်ခုတည်းကို အသုံးပြုပြီး အားသွင်းခြင်း၊ sync လုပ်ခြင်းနှင့် accessory များဖြင့် ချိတ်ဆက်ခြင်းတို့ ပြုလုပ်ရမည်ဖြစ်သည်။
ထို့အပြင် MacBook ကို external မော်နီတာတစ်ခုနှင့် iPhone တစ်ခုဖြင့် တစ်ပြိုင်နက်ချိတ်ဆက်လိုပါက ၇၉ ဒေါ်လာတန် Apple adapter တစ်ခု လိုအပ်မည်ဖြစ်သည်။
MacBook Air တွင်မူ USB port နှစ်ခု၊ Thunderbolt port တစ်ခုနှင့် အားသွင်းရန်အတွက် MagSafe 2 port တစ်ခု ပါဝင်သည်။ အဆိုပါ port များဖြင့် ကင်မရာတစ်လုံးနှင့် sync လုပ်ခြင်း၊ iPhone ကို အားသွင်းခြင်း၊ external မော်နီတာတစ်ခု အသုံးပြုခြင်းတို့ကို ပြုလုပ်နိုင်သည်။
Screen
Apple သည် ၎င်း၏ထုတ်ကုန်များတွင် Retina display များကို ဆက်လက်ထည့်သွင်းခဲ့သော်လည်း MacBook Air တွင်မူ Retina display များဖြင့် အသုံးနိုင်ခြင်း မရှိပေ။ ၁၁ လက်မနှင့် ၁၃ လက်မ MacBook Air များတွင် resolution နိမ့်သော screen များသာ ပါဝင်သည်။ ၁၃ လက်မ အမျိုးအစား၏ screen resolution က 1440 x 900 ဖြစ်သည်။ (2017 နာက်ပိုင်းမာ််ဒယ်များတွင်မူ Retina display ကိုထည့်သွင်းလာေနေပြီဖြစ်သည်.. )
MacBook ၏ display ကမူ ပိုမိုကောင်းမွန်ပြီး ၁၂ လက်မ Retina screen က 2304 x 1440 resolution ဖြင့် ဖော်ပြပေးနိုင်သည်။
Speed
MacBook တွင် စွမ်းအင်သုံးစွဲမှုသက်သာသည့် Intel Core M ပရိုဆက်ဆာကို အသုံးပြုထားသည်။ သို့ရာတွင် Core M ပရိုဆက်ဆက်များသည် လက်ရှိ MacBook Air များတွင် အသုံးပြုထားသော Intel Core i5/i7 ပရိုဆက်ဆာများကဲ့သို့ စွမ်းဆောင်ရည် ကောင်းမွန်ခြင်း မရှိပေ။
သာမန်သုံးစွဲသူတစ်ဦးအတွက် အမြန်နှုန်း ကွာခြားချက်က အဟန့်အတားဖြစ်မည် မဟုတ်သော်လည်း Photoshop, iMovie စသည့် app များကို multitask အဖြစ် အသုံးပြုလိုသူများအတွက် စွမ်းဆောင်ရည် နှေးကွေးမှုက ပိုမိုသိသာထင်ရှားစေမည်ဖြစ်သည်။
Color
MacBook Air ကို ငွေရောင်တစ်မျိုးတည်းဖြင့်သာ ရရှိနိုင်သော်လည်း new MacBook ကိုမူ iPhone, iPad, Apple Watch တို့၏ အရောင်များအတိုင်းရရှိနိုင်သည်။ ဆန္ဒရှိပါက MacBook ကို ဖုန်း၊ tablet နှင့် နာရီတို့၏အရောင်အတိုင်း gold, rose gold, space grey, silver စသည်ဖြင့် ဆင်တူအသုံးပြုနိုင်သည်။
Battery
MacBook ကို တည်ဆောက်ထားသည့် ဒီဇိုင်းသစ်ကြောင့် ဘက်ထရီဖြင့် အင်တာနက်အသုံးပြုရာတွင် ၁၀ နာရီခန့် အသုံးပြုနိုင်သည်။
၁၃ လက်မ MacBook Air ကို ဘက်ထရီဖြင့် အင်တာနက်အသုံးပြုရာတွင် ၁၂ နာရီခန့် အသုံးပြုနိုင်သည်။
Storage နှင့် memory
မကြာသေးမီက အဆင့်မြှင့်တင်ပေးခဲ့သော ၁၃ လက်မ MacBook Air တွင် 8GB memory နှင့် 128GB သိုလှောင်မှုပမာဏ ပါဝင်ပြီး တန်ဖိုးက ၉၉၉ ဒေါ်လာဖြစ်သည်။
8GB memory နှင့် 256GB သိုလှောင်မှုပမာဏ ပါဝင်သော MacBook ၏ တန်ဖိုးက ၁,၂၉၉ ဒေါ်လာဖြစ်သည်။
Force Touch
MacBook ၏ trackpad တွင် Apple Watch နှင့် iPhone 6S တို့၌ ပါဝင်သည့် feature တစ်ခုဖြစ်သော Force Touch ကို တပ်ဆင်ထားသည်။ ထို့အတွက်ကြောင့် Mail app မှ link တစ်ခုကို force click ပြုလုပ်သည့်အခါ link ၏ ဝက်ဘ်စာမျက်နှာကို preview window တစ်ခုဖြင့် ကြည့်ရှုနိုင်မည် ဖြစ်သည်။
MacBook Air တွင်မူ အဆိုပါ feature ပါဝင်ခြင်း မရှိပေ။
Ref: CNET
Credit – Internet Journal
MacBook နှင့် MacBook Air ကွာခြားချက်များ👨💻
Screen
Speed
Color
Battery
Storage နှင့် memory
Force Touch

No comments:
Post a Comment
မင်္ဂလာပါ..