menu
- Home
- Computer ဆိုင်ရာ
- MacBook ဆိုင်ရာ
- Printer ဆိုင်ရာ
- Camera ဆိုင်ရာ
- IOS ဆိုင်ရာ
- Android ဆိုင်ရာ
- Graphic Card ဆိုင်ရာ
- USB ဆိုင်ရာ
- PC-Software ဆိုင်ရာ
- Virus ဆိုင်ရာ
- FaceBook ဆိုင်ရာ
- Blogger ဆိုင်ရာ
- AirCon ဆိုင်ရာ
- အိမ်ခြံမြေ ဆိုင်ရာ
- နည်းပညာဆိုင်ရာစာအုပ်
- Knowledge ဆိုင်ရာ
- Technology ဆိုင်ရာ
- မော်တော်ကားဆိုင်ရာ
MacBook Record & screenshot
MacBook မှာ ဗီဒီယို Record လုပ်နည်းနဲ့Screenshot ရိုက်နည်း👨💻
MacBook ကွန်ပျူတာမှာတော့ဆော့ဝဲလ်တစ်ခုတည်းနဲ့
Screen Record လုပ်တာနဲ့ဗီဒီယို Record လုပ်လို့ရတဲ့
QuickTme Player ဆိုတဲ့ဆော့ဝဲလ်တစ်ခုပါဝင်ပါတယ်။
ဒီဆော့ဝဲလ်လေးကို ဖွင့်ပြီး ဗီဒီယို Reocord ပြုလုပ်ခြင်း၊
အသံသွင်းခြင်း၊ Screen Record ရိုက်ခြင်းနဲ့ဗီဒီယိုဖွင့်
ကြည့်နေတာတွေကို တစ်ပြိုင်တည်းလုပ်လို့ရပါတယ်။
ဒီဆော့ဝဲလ်လေးကိုဖွင့်ဖို့Command + SpaceBar ကို
တွဲနှိပ်ပြီး SpotlightSearch မှာ QuickTime player ကို
ရိုက်ထည့်ဖွင့်နိုင်ပါတယ်။ MacBook ရဲ့Dock Bar ပေါ်မှာ
ရောက်လာတဲ့ QuickTimePlayer ကို RightClick နှိပ်ပြီး
FaceTime Camera နဲ့ဗီဒီယိုရိုက်ချင်ရင် New Movie
Recording, အသံဖမ်းချင်ရင် New Audio Recording,
PC Desktop Screen ကို ဗီဒီယို Record လုပ်ချင်ရင်
New Screen Recording ကို ဖွင့်ပြီးဖမ်းယူနိုင်ပါတယ်။
Screenshot ရိုက်တာကတော့ Shortcut Key နဲ့
ရိုက်နိုင်သလို Mojave မှာဆိုရင် Screenshot ဆိုတဲ့
ဆော့ဝဲလ်နဲ့ရိုက်နိုင်ပါတယ်။ Shortcut Key နဲ့ဆိုရင်
Screen တစ်ခုလုံးကိုရိုက်ဖို့Shift+Command+3 ကို
တွဲနှိပ်ရိုက်နိုင်ပြီး လိုချင်တဲ့ နေရာကိုသာ မှတ်သားပြီး
Screenshot ရိုက်ချင်ရင် Shift+Command+4 ကို
တွဲနှိပ်ပြီး ရိုက်နိုင်ပါတယ်။ Screenshot ဆိုတဲ့ App နဲ့
Screenshot ရိုက်ချင်ရင် Command + SpaceBar ကို
တွဲနှိပ်ပြီး SpotlightSearch မှာ Screenshot လို့ရိုက်
ရှာဖွင့်ပြီး ကြိုက်သလို Screenshot ရိုက်နိုင်ပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
မင်္ဂလာပါ..