menu
@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..
MacBook အသုံးဝင် Shortcut ကီးများ
MacBook ကွန်ပျူတာ စအသုံးပြုတဲ့အခါ
Windows ကီးဘုတ်နဲ့မတူတဲ့ ကီးတွေကို
တွေ့ရင် ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ
မဖြစ်ရလေအောင် MacBook ရဲ့ကီးဘုတ်
အကြောင်းနဲ့ ကွန်ပျူတာကို အလွယ်တကူ
အသုံးပြုလို့ရတဲ့ Mac Shortcut Key တွေကို
ဖော်ပြပေးလိုက်ပါတယ်။ အောက်မှာ ပထမဆုံး
အတန်းကနေ အစဉ်အတိုင်းဖော်ပြထားပါတယ်။
ESC Key - နောက်ပြန်ထွက်တဲ့ Escape Key
F1 Key - Screen ကို အလင်းလျှော့တဲ့ ကီး။
F2 - Screen ကို အလင်းတိုးတဲ့ ကီး။
F3 - ဖွင့်ထားသမျှ Program တွေ ကြည့်လို့ရတဲ့
Mission Control ကို ဖွင့်တဲ့ ကီး။
F4 - Apps အားလုံးကို ကြည့်လို့ရတဲ့ Launchpad ဖွင့်တဲ့ ကီး။
F5 - ကီးဘုတ်မှာပါတဲ့ အလင်းလျှော့တဲ့ကီး။
F6 - ကီးဘုတ်မှာပါတဲ့ အလင်းတိုးတဲ့ကီး။
F7 - iTunes သီးချင်းကို နောက်ဆုတ်ဖွင့်တဲ့ကီး။
F8 - iTunes သီးချင်းတွေကို အပိတ်၊အဖွင့်လုပ်တဲ့ကီး။
F9 - iTunes သီးချင်းကို နောက်တစ်ပုဒ်ဖွင့်တဲ့ကီး။
F10 - အသံကို လုံးဝပိတ်လိုက်တဲ့ကီး။
F11 - အသံလျှော့တဲ့ကီး။
F12 - အသံတိုးချဲ့ဖွင့်တဲ့ကီး။
Eject Key - Disk, USB တွေကိုထုတ်တဲ့ ကီး။
Fn - Function Key
Control - Control Key
Alt Option - Alter & Option Key
Command - Windows မှာ Windows Key ပါသလို
Mac မှာတော့ Command ကီးပါပါတယ်။
ကျန်ရှိတဲ့ကီးများကတော့ Windows ကွန်ပျူတာမှာပါတဲ့
ကီးတွေနဲ့အတူတူပါပဲ။ Shortcut Key တွေကို နောက်
နေ့တွေမှာ ပြန်ရေးတင်ပေးပါမယ်။
MacBook Keyboard အသုံးဝင် Shortcut Key များ👨‍💻
ကွန်ပျူတာ Shortcut Key တွေကို သိထားခြင်းအားဖြင့်
ဖိုင်တစ်ဖိုင်ကို Copy ကူးဖို့Mouse နဲ့Right Click လုပ်၊
Copy ကူးစရာမလိုပဲ Copy ကူးယူတဲ့ Shortcut Key နဲ့
မြန်မြန်ဆန်ဆန်နဲ့ကူးနိုင်ပါမယ်။ Copy ကူးယူတဲ့နည်း
အပြင် ကွန်ပျူတာတစ်လုံးမှာလုပ်ဆောင်နိုင်တဲ့ Shortcut
Key များစွာရှိပါတယ်။ MacBook ရဲ့App တွေအလိုက်
Shortcut Key တွေ ရှိပါတယ်။ အခုဖော်ပြမှာကတော့
Mac မှာ အသုံးများတဲ့ Shortcut Key တွေဖြစ်ပါတယ်။
MacBook မှာ အဓိကအသုံးပြုတဲ့ Command Key ကို
အတိုကောက် Cmd လို့ပဲ သုံးနှုန်းထားပါတယ်။
Space Bar - File တစ်ခုခုကို ရွေးချယ်ပြီး
SpaceBar နှိပ်လိုက်ရင် Quick View အနေနဲ့ ပေါ်လာပါလိမ့်မယ်။
Cmd+A - အကုန်ရွေးချယ်ခြင်း။
Cmd+C - Copy ကူးယူခြင်း။
Cmd+V - Paste လုပ်ခြင်း။
Cmd+Q - App ကိုထွက်ခွာခြင်း။
Cmd+W - App ကိုထွက်ခွာခြင်း။
Cmd+H - App ကို Hide လုပ်ခြင်း။
Cmd+SpaceBar - Spotlight Search ကိုဖွင့်ခြင်း။
Cmd+Z - Undo ပြုလုပ်ခြင်း။
Cmd+S - Save လုပ်ခြင်း။
Cmd+Tab - App Window ပြောင်းလဲခြင်း။
Cmd+Left Arrow Key- Text ရှိသော နေရာများတွင်
ဘယ်ဘက်အဆုံးသို့ သွားရောက်ခြင်း။ Finder တွင်
ဘယ်ဘက်မှ File များကို Select မှတ်ခြင်း။
Cmd+Right Arrow Key- Text ရှိသောနေရာများတွင်
ညာဘက်အဆုံးသ့ိုသွားရောက်ခြင်း။ Finder တွင်ညာဘက်မှ
File များကို Select မှတ်ခြင်း။
Cmd+Down Arrow Key- Text ရှိသောနေရာများတွင်
အောက်ဘက်အဆုံးသို့သွားရောက်ခြင်း။ Finder တွင်
အောက်ဘက်မှ File များကို Select မှတ်ခြင်း။
Cmd+Up Arrow Key -Text ရှိသောနေရာများတွင်
အပေါ်ဘက်အဆုံးသ့ိုသွားရောက်ခြင်း။ Finder တွင်
အပေါ်ဘက်မှ File များကို Select မှတ်ခြင်း။
Fn (2)ခါနှိပ် - Function Key ကိုနှစ်ခါဆက်တိုက်နှိပ်ပါက
အသံဖြင့် စာရိုက်နိုင်သော Dictation Function ဖြစ်ပါတယ်။
Cmd+Shift+Delete - Trash ထဲရှိ အမှိူက်များကို ဖျက်နိုင်ပါတယ်။
Cmd+Option+A - Select all လုပ်ထားသော
File များကို Deselect လုပ်ခြင်း။
Cmd+Shift+A- Applications Folder ကိုဖွင့်ခြင်း။
Cmd+Shift+C - Computer Window ကိုဖွင့်ခြင်း
Cmd+D - Selected Item ကို Duplicate လုပ်ခြင်း
Cmd+Shift+D - Desktop Folder ကိုဖွင့်ခြင်း
Cmd+E - CD & DVD အခွေထုတ်ခြင်း
Cmd+F - လက်ရှိ Folder ထဲမှ Item များကို
Spotlight ဖြင့်ရှာဖွေခြင်း
Cmd+Shift+G - Folder ထဲသို့သွားခြင်း
Cmd+Shift+H - လက်ရှိ အကောင့်၏ Home Folder ကို
တိုက်ရိုက်ဖွင့်ခြင်း
Cmd+Shift+Ctrl+T - Select မှတ်ထားသော Item ကို
Dock ပေါ်သု့ိ Add လုပ်ခြင်း
Cmd+I - Select မှတ်ထားသော Item ၏
Information ကိုကြည့်ရှူနိုင်ခြင်း
Cmd+Option+I - Inspector ကိုကြည့်ရှူနိုင်ခြင်း
Cmd+J - View Options ကိုကြည့်ရှူနိုင်ခြင်း။
Cmd+K - Server သို့ချိတ်ဆက်နိုင်ခြင်း
Cmd+Shift+K - Network window ကိုဖွင့်နိုင်ခြင်း
Cmd+L - Select မှတ်ထားသော Item ကို
Alias ပြုလုပ်နိုင်ခြင်း
Cmd+M - Window ကို Minimize ပြုလုပ်ခြင်း
Cmd+Option+M - Window အားလုံးကို Minimize ပြုလုပ်ခြင်း
Cmd+N - Finder Window အသစ်ခေါ်ယူနိုင်ခြင်း
Cmd+Shift+N - Folder အသစ်ခေါ်ယူနိုင်ခြင်း
Cmd+O - Select လုပ်ထားသော Item ကို
Open ပြုလုပ်နိုင်ခြင်း
Cmd+Shift+Q - Log Out ပြုလုပ်နိုင်ခြင်း
Cmd+Shift+Option+Q- Log Out ကိုချက်ချင်း ပြုလုပ်နိုင်ခြင်း
Cmd+R - Alias ဖိုင်၏ မှုရင်းဖိုင်ကို ပြပေးခြင်း
Cmd+T - SideBar သို့ Add လုပ်နိုင်ခြင်း
Cmd+Shift+T - Favorites သို့ Add လုပ်နိုင်ခြင်း
Cmd+Option+T - ToolBar ကို Hide & Show ပြုလုပ်နိုင်ခြင်း
Cmd+Shift+U - Utilities Folder ကိုဖွင့်နိုင်ခြင်း
Cmd+1,2,3,4 - Icon View များကို ပြောင်းလဲပေးခြင်း
Cmd+,(Comma) - Finder ၏ Preferences ကိုဖွင့်နိုင်ခြင်
Cmd+[ - Previous Folder ကိုသွားနိုင်ခြင်း
Cmd+] - Next Folder ကိုသွားနိုင်ခြင်း
ကျန်ရှိနေသေးတဲ့ Shortcut Key တွေကို
နောက်နေ့တွေမှာပြန်ရေးတင်ပေးပါမယ်။
ဖော်ပြပေးလိုက်ပါတယ်။ အောက်မှာ ပထမဆုံး
F11 - အသံလျှော့တဲ့ကီး။
Fn - Function Key
Control - Control Key
Cmd+C - Copy ကူးယူခြင်း။
Cmd+V - Paste လုပ်ခြင်း။
Cmd+S - Save လုပ်ခြင်း။
ညာဘက်အဆုံးသို့သွားရောက်ခြင်း။ Finder တွင်ညာဘက်မှ
အပေါ်ဘက်အဆုံးသို့သွားရောက်ခြင်း။ Finder တွင်
Cmd+Shift+Delete - Trash ထဲရှိ အမှိုက်များကို ဖျက်နိုင်ပါတယ်။
Dock ပေါ်သို့ Add လုပ်ခြင်း
No comments:
Post a Comment
မင်္ဂလာပါ..