MacBook တစ်လုံးမှာ ထည့်သွင်းထားသင့်တဲ့ App (၆) မျိုး👨💻
အောက်ဖော်ပြပါ app (၆) မျိုးကတော့ MacBook အသစ်တစ်လုံး ဝယ်ယူပြီးတဲ့အခါ ထည့်သွင်းထားသင့်တဲ့ app များဖြစ်ပါတယ်။ ဒီ app တွေထဲမှာ Text Expander ကနေ Word Processor အထိ ပါဝင်ပြီး app တစ်မျိုးမှလွဲ၍ ကျန်အားလုံးကို အခမဲ့ရရှိနိုင်ပါတယ်။
1. aText
aText ကတော့ သုံးနေကျ စကားလုံးတွေနဲ့ အသုံးအနှုန်းတွေကို အတိုကောက်များ ဖန်တီးပေးနိုင်မယ့် ရိုးရှင်းတဲ့ text-expansion app တစ်ခုဖြစ်ပါတယ်။ ဥပမာအနေနဲ့ email လိပ်စာနေရာမှာ “@@” ကို အစားထိုးဖန်တီးထားနိုင်သလို “thank you” ကိုလည်း “ty” နဲ့ အစားထိုးနိုင်ပါတယ်။ ဒီလို စကားလုံး အသုံးအနှုန်းတွေနေရာမှာ ကီးဘုတ်အတိုကောက်တွေ ဖန်တီးပြီး အသုံးပြုတဲ့ အတွက်ကြောင့် အချိန်ကုန် သက်သာစေနိုင် ပါတယ်။
aText ကို ဒီကနေ ရယူပြီး အခမဲ့ ၁၄ ရက်သုံးနိုင်ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ ၄.၉၉ ဒေါ်လာ ပေးရပါမယ်။
2. Chrome
Chrome ဟာ Safari ထက် system resource ပိုမိုသုံးစွဲပေမယ့် လျင်မြန်တဲ့ စွမ်းဆောင်ရည်နဲ့ အလွယ်တကူသုံးနိုင်တဲ့ user interface တို့က Chrome ကိုသုံးရတာ ပိုကောင်းတယ်ဆိုတဲ့ ခံစားမှုမျိုး ပေးစွမ်းနိုင်ပါတယ်။
3. Dropbox
Apple က iCloud Drive ကို ထောက်ပံ့ပေးထားတယ်ဆိုပေမယ့် iPhone နဲ့ Mac အကြား ဖိုင်တွေရွှေ့ပြောင်းတာနဲ့ Mac ကနေ အခြားထုတ်ကုန်များထံ ဖိုင်ဝေမျှတာမျိုးအတွက် Dropbox ကို အသုံးပြုသင့်ပါတယ်။ Dropbox app ဟာ Finder မှာ ပေါင်းစပ်ထည့်သွင်းပြီး အလျင်အမြန်သုံးနိုင်ဖို့အတွက် အသုံးတည့်တဲ့ menu bar icon တစ်ခုကို ထည့်သွင်းပေးပါတယ်။
4. Flux
iPhone မှာ Night Shift သုံးရတာကို နှစ်သက်တယ်ဆိုရင် Mac မှာလည်း Flux ကို သုံးနိုင်ပါတယ်။ Flux ဟာ Mac display ရဲ့ color temperature ကို ချိန်ညှိပေးပါတယ်။
5. Itsycal
Itsycal ထက် ပိုမိုကောင်းမွန်တဲ့ calendar app တွေရှိပေမယ့် ရိုးရိုးရှင်းရှင်းအသုံးပြုလိုသူများအနေနဲ့ Itsycal ကို အသုံးပြုနိုင်ပါတယ်။ Itsycal ဟာ လက်ရှိနေ့စွဲကို ဖော်ပြဖို့အတွက် menu bar မှာ icon တစ်ခု ထည့်သွင်းပေးပါတယ်။ တစ်လတာအပြည့်အစုံ ကြည့်ချင်ရင် Itsycal icon ကို နှိပ်ပြီး ကြည့်နိုင်ပါတယ်။ ဒါ့အပြင် Itsycal ဟာ MacOS stock Calendar app နဲ့ ချိတ်ဆက်ပေးပြီး upcoming appointment တွေကို ဖော်ပြပေးနိုင်ပါတယ်။
6. LibreOffice
Mac မှာ Microsoft Word docs တွေနဲ့ အလုပ်လုပ်မယ်ဆိုရင် LibreOffice ကို အသုံးပြုနိုင်ပါတယ်။ LibreOffice ကို အခမဲ့ ရရှိနိုင်ပြီး Word အတွက် သင့်လျော်တဲ့ အစားထိုး app တစ်ခုဖြစ်ပါတယ်။
MacBook တစ္လံုးမွာ ထည့္သြင္းထားသင့္တဲ့ App (၆) မ်ိဳး👨💻
ေအာက္ေဖာ္ျပပါ app (၆) မ်ိဳးကေတာ့ MacBook အသစ္တစ္လံုး ဝယ္ယူၿပီးတဲ့အခါ
ထည့္သြင္းထားသင့္တဲ့ app မ်ားျဖစ္ပါတယ္။ ဒီ app ေတြထဲမွာ Text Expander ကေန
Word Processor အထိ ပါဝင္ၿပီး app တစ္မ်ိဳးမွလြဲ၍ က်န္အားလံုးကို
အခမဲ့ရရိွႏိုင္ပါတယ္။
1. aText
aText ကေတာ့ သံုးေနက် စကားလံုးေတြနဲ႔ အသံုးအႏႈန္းေတြကို အတိုေကာက္မ်ား
ဖန္တီးေပးႏိုင္မယ့္ ႐ိုးရွင္းတဲ့ text-expansion app တစ္ခုျဖစ္ပါတယ္။
ဥပမာအေနနဲ႔ email လိပ္စာေနရာမွာ “@@” ကို အစားထိုးဖန္တီးထားႏိုင္သလို
“thank you” ကိုလည္း “ty” နဲ႔ အစားထိုးႏိုင္ပါတယ္။ ဒီလို စကားလံုး
အသံုးအႏႈန္းေတြေနရာမွာ ကီးဘုတ္အတိုေကာက္ေတြ ဖန္တီးၿပီး အသံုးျပဳတဲ့
အတြက္ေၾကာင့္ အခ်ိန္ကုန္ သက္သာေစႏိုင္ ပါတယ္။
aText ကို ဒီကေန ရယူၿပီး အခမဲ့ ၁၄ ရက္သံုးႏိုင္ပါတယ္။ အဲ့ဒီေနာက္ပိုင္းမွာေတာ့ ၄.၉၉ ေဒၚလာ ေပးရပါမယ္။
2. Chrome
Chrome ဟာ Safari ထက္ system resource ပိုမိုသံုးစြဲေပမယ့္ လ်င္ျမန္တဲ့
စြမ္းေဆာင္ရည္နဲ႔ အလြယ္တကူသံုးႏိုင္တဲ့ user interface တို႔က Chrome
ကိုသံုးရတာ ပိုေကာင္းတယ္ဆိုတဲ့ ခံစားမႈမ်ိဳး ေပးစြမ္းႏိုင္ပါတယ္။
3. Dropbox
Apple က iCloud Drive ကို ေထာက္ပံ့ေပးထားတယ္ဆိုေပမယ့္ iPhone နဲ႔ Mac
အၾကား ဖိုင္ေတြေရႊ႕ေျပာင္းတာနဲ႔ Mac ကေန အျခားထုတ္ကုန္မ်ားထံ
ဖိုင္ေဝမွ်တာမ်ိဳးအတြက္ Dropbox ကို အသံုးျပဳသင့္ပါတယ္။ Dropbox app ဟာ
Finder မွာ ေပါင္းစပ္ထည့္သြင္းၿပီး အလ်င္အျမန္သံုးႏိုင္ဖို႔အတြက္
အသံုးတည့္တဲ့ menu bar icon တစ္ခုကို ထည့္သြင္းေပးပါတယ္။
4. Flux
iPhone မွာ Night Shift သံုးရတာကို ႏွစ္သက္တယ္ဆိုရင္ Mac မွာလည္း Flux ကို
သံုးႏိုင္ပါတယ္။ Flux ဟာ Mac display ရဲ႕ color temperature ကို
ခ်ိန္ညိႇေပးပါတယ္။
5. Itsycal
Itsycal ထက္
ပိုမိုေကာင္းမြန္တဲ့ calendar app ေတြရိွေပမယ့္
႐ိုး႐ိုးရွင္းရွင္းအသံုးျပဳလိုသူမ်ားအေနနဲ႔ Itsycal ကို
အသံုးျပဳႏိုင္ပါတယ္။ Itsycal ဟာ လက္ရိွေန႔စြဲကို ေဖာ္ျပဖို႔အတြက္ menu bar
မွာ icon တစ္ခု ထည့္သြင္းေပးပါတယ္။ တစ္လတာအျပည့္အစံု ၾကည့္ခ်င္ရင္ Itsycal
icon ကို ႏွိပ္ၿပီး ၾကည့္ႏိုင္ပါတယ္။ ဒါ့အျပင္ Itsycal ဟာ MacOS stock
Calendar app နဲ႔ ခ်ိတ္ဆက္ေပးၿပီး upcoming appointment ေတြကို
ေဖာ္ျပေပးႏိုင္ပါတယ္။
6. LibreOffice
Mac မွာ Microsoft Word
docs ေတြနဲ႔ အလုပ္လုပ္မယ္ဆိုရင္ LibreOffice ကို အသံုးျပဳႏိုင္ပါတယ္။
LibreOffice ကို အခမဲ့ ရရိွႏိုင္ၿပီး Word အတြက္ သင့္ေလ်ာ္တဲ့ အစားထိုး app
တစ္ခုျဖစ္ပါတယ္။
No comments:
Post a Comment
မင်္ဂလာပါ..