menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

Business cards to iPhone connect




လိပ်စာကတ်မှ ပုံနှင့် အချက်အလက်များကို Scan ဖတ်၍ iPhone Contact ထဲသို့ ထည့်သွင်းခြင်း

စီးပွားရေး လုပ်ငန်းတွေထဲမှာ လိပ်စာကတ်များစွာကို အလုပ်အတွက် စုဆောင်းသိမ်းဆည်း လုပ်ဆောင်နေရတယ်ဆိုရင်တော့ အခုဖော်ပြမယ့် နည်းလမ်းက အလွန်ပဲအသုံးဝင်မှာ ဖြစ်ပါတယ်။ လိပ်စာကတ်တွေထဲက ပုံတွေ စာတွေကို iPhone ရဲ့ Contact ထဲကို စာတစ်လုံးမှ ရိုက်စရာမလိုဘဲ အလွယ်တကူ ထည့်သွင်းနိုင်ပါတယ်။ iOS စနစ်သုံး ထုတ်ကုန်တွေအနေနဲ့ အခမဲ့ရယူ အသုံးပြုနိုင်အောင် ထုတ်လုပ်ထားပေးတဲ့ CamCard App ကို အသုံးပြုပြီး လိပ်စာကတ်တွေထဲက အချက်အလက်တွေကို ဖုန်း Contact ထဲကို အလွယ်တကူ ပြောင်းလဲနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီနည်းကို အသုံးပြုမယ် ဆိုရင်တော့ သင့်ရဲ့ iPhone ထဲမှာ CamCard App ကို Apple App Store ကနေရှာဖွေပြီး ထည့်သွင်းထားရမှာ ဖြစ်ပါတယ်။

CamCard App ကိုသုံးပြီး လိပ်စာကတ်တွေထဲက အချက်အလက်တွေကို ဖုန်း Contact ထဲကို ထည့်သွင်းဖို့အတွက် ဦးစွာဖုန်းထဲက CamCard icon ကို တစ်ချက်နှိပ်ပြီး ဖွင့်လိုက်ပါ။



ကိုယ့်က ပထမဆုံးထည့်သွင်း အသုံးပြုတာဆိုရင်တော့ App အသုံးပြုဖို့အတွက် လမ်းညွှန်ချက် မြင်ကွင်းပုံစံ ပေါ်လာမှာဖြစ်ပြီး လိပ်စာကတ်ထဲက အချက်အလက်တွေကို Scan ပြုလုပ်ဖို့အတွက် အောက်ခြေနားက ကင်မရာပုံလေးကို နှိပ်လိုက်ပါ။

ကင်မရာပုံကို နှိပ်လိုက်ရင်တော့ CamCard က ဖုန်းကင်မရာစနစ်ကို ဖွင့်လိုက်မှာဖြစ်ပြီး ကင်မရာမြင်ကွင်းရဲ့ အလည်မှာ လိပ်စာကတ်ကို ဝင်အောင်ချိန်ပေး ရပါမယ်။ အဲလို ချိန်လိုက်ရင်တော့ ကတ်ကို ကင်မရာစနစ်ကနေ သေချာရှင်းလင်းစွာ Focus ပြုလုပ်နိုင်ပြီဆိုတော့ ပုံကို App ကနေ အလိုအလျောက် ရိုက်ကူးမှတ်သား လိုက်မှာဖြစ်ပါတယ်။

ပြီးရင်တော့ ကိုယ်တိုင်တည်းဖြတ် edit ပြုလုပ်နိုင်တဲ့ မြင်ကွင်းတစ်ခု ပေါ်လာမှာဖြစ်ပြီး ကင်မရာကနေ ရိုက်ကူးမှတ်သားလိုက်တဲ့ စာသားတွေကို ဖုန်း Contact အနေနဲ့ မှတ်သားနိုင်ဖို့ ဖော်ပြပေး မှာဖြစ်ပါတယ်။ အချက်အလက် တော်တာ်များများကို App ကနေ အလိုအလျောက် ဖြည့်သွင်းပေးထားမှာ ဖြစ်ပေမယ့် App စနစ်ကနေ မှန်အောင် မဖော်ပြပေးနိုင်တဲ့ တချို့သော အရာတွေကိုတော့ ကိုယ်တိုင်ပဲ ပြောင်းလဲမှတ်သား ပေးရမှာ ဖြစ်ပါတယ်။ ဥပမာ အောက်ဖော်ပြပါပုံမှာ ပါဝင်တဲ့ ကုမ္ပဏီနာမည်နေရာကို ပြင်ပေးလိုက်ပါမယ်။

မိမိအနေနဲ့ သေချာမှန်ကန်အောင် ပြင်ဆင်ပြီးပြီး ဆိုရင်တော့ ကတ်ရဲ့အချက်အလက်တွေကို ဘယ်နေရာတွေမှာ သိမ်းဆည်းမယ်ဆိုတာကို ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။ အဲဒါကြောင့် Card saved to ဆိုတဲ့နေရာမှာ မိမိအနေနဲ့ ဖုန်း Contacts အပြင် မေးလ်နဲ့ CamCard App ထဲမှာ သိမ်းဆည်းထားမယ် မထားဘူး ဆိုတာကို ထပ်ရွေးပေးရပါမယ်။ Card saved to ကို နှိပ်လိုက်ပါ။

Card saved to စနစ်ထဲ ရောက်လို့ ကိုယ့်အနေနဲ့ ရွေးချယ်ပေးပြီးပြီ ဆိုရင်တော့ ညာဘက်အပေါ် ထောင့်နားက Confirm ကိုနှိပ်ပေးရမှာ ဖြစ်ပါတယ်။ ပုံမှာတော့ All on My iPhone ကိုသာ ရွေးချယ်ထားပါတယ်။ မေးလ်ထဲကို ပေးပို့မသိမ်းဆည်း တော့ပါဘူး။ ပြီးရင် Confirm ကို နှိပ်လိုက်ပါ။

အချက်အလက်တွေကို ပြင်ဆင်ပြီး သိမ်းဆည်းမယ့်နေရာ စိတ်ကြိုက်သတ်မှတ် ပြီးရင်တော့ ညာဘက်အပေါ် ထောင့်နားက Save ဆိုတာကို နှိပ်ပေးပါ။

ဒါဆိုရင်တော့ ကတ်ထဲက အချက်အလက်တွေကို အလွယ်တကူပဲ ဖုန်း Contact ထဲကို ထည့်သွင်းပြီးပြီ ဖြစ်ပါတယ်။

လိပ္စာကတ္မွ ပုံႏွင့္ အခ်က္အလက္မ်ားကို Scan ဖတ္၍ iPhone Contact ထဲသို႔ ထည့္သြင္းျခင္း
----------------------------------------
စီးပြားေရး လုပ္ငန္းေတြထဲမွာ လိပ္စာကတ္မ်ားစြာကို အလုပ္အတြက္ စုေဆာင္းသိမ္းဆည္း လုပ္ေဆာင္ေနရတယ္ဆိုရင္ေတာ့ အခုေဖာ္ျပမယ့္ နည္းလမ္းက အလြန္ပဲအသုံးဝင္မွာ ျဖစ္ပါတယ္။ လိပ္စာကတ္ေတြထဲက ပုံေတြ စာေတြကို iPhone ရဲ႕ Contact ထဲကို စာတစ္လုံးမွ ႐ိုက္စရာမလိုဘဲ အလြယ္တကူ ထည့္သြင္းႏုိင္ပါတယ္။ iOS စနစ္သုံး ထုတ္ကုန္ေတြအေနနဲ႔ အခမဲ့ရယူ အသုံးျပဳႏုိင္ေအာင္ ထုတ္လုပ္ထားေပးတဲ့ CamCard App ကို အသုံးျပဳၿပီး လိပ္စာကတ္ေတြထဲက အခ်က္အလက္ေတြကို ဖုန္း Contact ထဲကို အလြယ္တကူ ေျပာင္းလဲႏုိင္မွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီနည္းကို အသုံးျပဳမယ္ ဆိုရင္ေတာ့ သင့္ရဲ႕ iPhone ထဲမွာ CamCard App ကို Apple App Store ကေနရွာေဖြၿပီး ထည့္သြင္းထားရမွာ ျဖစ္ပါတယ္။

CamCard App ကိုသုံးၿပီး လိပ္စာကတ္ေတြထဲက အခ်က္အလက္ေတြကို ဖုန္း Contact ထဲကို ထည့္သြင္းဖုိ႔အတြက္ ဦးစြာဖုန္းထဲက CamCard icon ကို တစ္ခ်က္ႏွိပ္ၿပီး ဖြင့္လိုက္ပါ။
ကိုယ့္က ပထမဆုံးထည့္သြင္း အသုံးျပဳတာဆိုရင္ေတာ့ App အသုံးျပဳဖို႔အတြက္ လမ္းၫႊန္ခ်က္ ျမင္ကြင္းပုံစံ ေပၚလာမွာျဖစ္ၿပီး လိပ္စာကတ္ထဲက အခ်က္အလက္ေတြကို Scan ျပဳလုပ္ဖို႔အတြက္ ေအာက္ေျခနားက ကင္မရာပုံေလးကို ႏွိပ္လိုက္ပါ။
ကင္မရာပုံကို ႏွိပ္လိုက္ရင္ေတာ့ CamCard က ဖုန္းကင္မရာစနစ္ကို ဖြင့္လိုက္မွာျဖစ္ၿပီး ကင္မရာျမင္ကြင္းရဲ႕ အလည္မွာ လိပ္စာကတ္ကို ဝင္ေအာင္ခ်ိန္ေပး ရပါမယ္။ အဲလို ခ်ိန္လိုက္ရင္ေတာ့ ကတ္ကို ကင္မရာစနစ္ကေန ေသခ်ာရွင္းလင္းစြာ Focus ျပဳလုပ္ႏုိင္ၿပီဆိုေတာ့ ပုံကို App ကေန အလိုအေလ်ာက္ ႐ုိက္ကူးမွတ္သား လိုက္မွာျဖစ္ပါတယ္။
ၿပီးရင္ေတာ့ ကိုယ္တုိင္တည္းျဖတ္ edit ျပဳလုပ္ႏုိင္တဲ့ ျမင္ကြင္းတစ္ခု ေပၚလာမွာျဖစ္ၿပီး ကင္မရာကေန ႐ိုက္ကူးမွတ္သားလိုက္တဲ့ စာသားေတြကို ဖုန္း Contact အေနနဲ႔ မွတ္သားႏုိင္ဖုိ႔ ေဖာ္ျပေပး မွာျဖစ္ပါတယ္။ အခ်က္အလက္ ေတာ္တာ္မ်ားမ်ားကို App ကေန အလိုအေလ်ာက္ ျဖည့္သြင္းေပးထားမွာ ျဖစ္ေပမယ့္ App စနစ္ကေန မွန္ေအာင္ မေဖာ္ျပေပးႏုိင္တဲ့ တခ်ဳိ႕ေသာ အရာေတြကိုေတာ့ ကိုယ္တုိင္ပဲ ေျပာင္းလဲမွတ္သား ေပးရမွာ ျဖစ္ပါတယ္။ ဥပမာ ေအာက္ေဖာ္ျပပါပုံမွာ ပါဝင္တဲ့ ကုမၸဏီနာမည္ေနရာကို ျပင္ေပးလိုက္ပါမယ္။
မိမိအေနနဲ႔ ေသခ်ာမွန္ကန္ေအာင္ ျပင္ဆင္ၿပီးၿပီး ဆိုရင္ေတာ့ ကတ္ရဲ႕အခ်က္အလက္ေတြကို ဘယ္ေနရာေတြမွာ သိမ္းဆည္းမယ္ဆိုတာကို ေရြးခ်ယ္ေပးရမွာ ျဖစ္ပါတယ္။ အဲဒါေၾကာင့္ Card saved to ဆိုတဲ့ေနရာမွာ မိမိအေနနဲ႔ ဖုန္း Contacts အျပင္ ေမးလ္နဲ႔ CamCard App ထဲမွာ သိမ္းဆည္းထားမယ္ မထားဘူး ဆိုတာကို ထပ္ေရြးေပးရပါမယ္။ Card saved to ကို ႏွိပ္လိုက္ပါ။
Card saved to စနစ္ထဲ ေရာက္လို႔ ကိုယ့္အေနနဲ႔ ေရြးခ်ယ္ေပးၿပီးၿပီ ဆိုရင္ေတာ့ ညာဘက္အေပၚ ေထာင့္နားက Confirm ကိုႏွိပ္ေပးရမွာ ျဖစ္ပါတယ္။ ပုံမွာေတာ့ All on My iPhone ကိုသာ ေရြးခ်ယ္ထားပါတယ္။ ေမးလ္ထဲကို ေပးပို႔မသိမ္းဆည္း ေတာ့ပါဘူး။ ၿပီးရင္ Confirm ကို ႏွိပ္လိုက္ပါ။
အခ်က္အလက္ေတြကို ျပင္ဆင္ၿပီး သိမ္းဆည္းမယ့္ေနရာ စိတ္ႀကိဳက္သတ္မွတ္ ၿပီးရင္ေတာ့ ညာဘက္အေပၚ ေထာင့္နားက Save ဆိုတာကို ႏွိပ္ေပးပါ။
ဒါဆိုရင္ေတာ့ ကတ္ထဲက အခ်က္အလက္ေတြကို အလြယ္တကူပဲ ဖုန္း Contact ထဲကို ထည့္သြင္းၿပီးၿပီ ျဖစ္ပါတယ္။

No comments:

Post a Comment

မင်္ဂလာပါ..