menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

Window 10 Factory Reset ချနည်း

Windows 10  Factory Reset ချနည်ကိုးအောက်မှာဆက်ဖတ်နော်

Windows မတက်နိုင်တော့တဲ့ အခြေနေတွေမှာ Repair လုပ်တာ၊

Bootrec ကို Rebuild,Fix လုပ်တာတွေ မရတော့ဘူးဆိုရင် စက်ကို

Reset,Refresh,Restore လုပ်လိုက်ရင် ပြန်ရသွားတတ်ပါတယ်။

တစ်ချို့စက်တွေက လုံးဝ Reset လုပ်မရတာတွေလည်း ရှိပါတယ်။

Reset,Refresh,Restore က ဘာကွာခြားလဲ။ Reset ဆိုတာက



Windows အသစ်တင်သလိုဖြစ်သွားပါမယ်။MicrosoftStore ကနေ

ဒေါင်းလုဒ်ဆွဲ Install လုပ်ထားတဲ့ Apps,Programs တွေ ပျက်သွား

ပါမယ်။ Settings တွေလည်း Windows Default အတိုင်းဖြစ်သွားမယ်။

Partition တွေမှာရှိတဲ့ User Data တွေ မပျက်သွားပါဘူး။ ဒါပေမယ့်

Windows OS ရှိတဲ့ C:\ တစ်ပိုင်းလုံး အသစ်လိုပြန်ဖြစ်သွားပါမယ်။

အဲ့ဒါကြောင့် C:\ အောက်မှာ Data တွေရှိရင် Copy ကူး Backup

လုပ်ထားဖို့လိုပါတယ်။ Command Prompt ကနေ Backup Copy

ကူးနည်းကို ရေးတင်ထားပြီးသားရှိပါတယ်။

Refresh ဆိုတာက သူလည်း Windows အသစ်ပြန်တင်သလိုပါပဲ။

Windows Version အနိမ့်တစ်ခုကနေ အမြင့် Version ကိုသုံးနေရက်

တန်းလန်းနဲ့ တိုက်ရိုက် Udpate လုပ်လိုက်တာလည်း Refresh လုပ်

တယ်လို့ ပြောလို့ရပါတယ်။ ဒါပေမယ့် တိုက်ရိုက် Windows Update

လုပ်လိုက်သလို Apps,Settings တွေကိုတော့ Windows အဟောင်း

ထဲကလို သူ့နေရာတကျ မဖြစ်ပါဘူး။ အသစ် Apps,Settings တွေ

ဖြစ်သွားပါမယ်။ Partition တွေမှာရှိတဲ့ Data တွေတော့မပျက်ပါဘူး။

Reset,Refresh လုပ်တဲ့အခါ Choose an Option မှာ Apps,Settings,

Personal Files တွေကို သိမ်းထားမလား၊ အကုန် Remove လုပ်မလား

ဆိုပြီး မေးပါလာလိမ့်မယ်။ ကြိုက်တာတစ်ခုရွေးထားနိုင်ပါတယ်။

Restore ဆိုတာ ကွန်ပျူတာပြဿနာမဖြစ်ခင် Windows တက်နေတဲ့

အချိန်မှာ Recovery Image လုပ်ထားရင် ပြန်ပြီး ဆယ်ယူနိုင်ပါတယ်။

Recovery Image လုပ်နည်း ရေးတင်ထားပြီးသားရှိပါတယ်။ သူကတော့

ကွန်ပျူတာပြဿနာမဖြစ်ခင်အထိ Recovery Image လုပ်ထားရင် လုပ်

ထားတဲ့အထိပဲ Recover လုပ်နိုင်ပါတယ်။ ဥပမာဆိုပါစို့။ Recovery က

မနေ့က နောက်ဆုံးလုပ်ထားတယ်ဆိုရင် စက်က ဒီနေ့မှာ ပျက်သွားတယ်။

Recovery Image နဲ့ Restore လုပ်လိုက်ရင် မနေ့ကအထိပဲ ပြန်ရသွား

ပါမယ်။ မနေ့ကနဲ့ စက်မပျက်ခင်အထိ ကြားထဲမှာ Install လုပ်ခဲ့သော

Settings တွေ ပြင်ဆင်ခဲ့တာတွေတော့ ပျက်သွားပါမယ်။

Reset,Refresh ဘယ်လိုလုပ်ရမလဲ။ Windows ခွေနဲ့ Boot တက်၊

Install မလုပ်ပဲ Repair ကိုနှိပ်ဝင်၊Troubleshoot ထဲကိုဝင်သွားပြီးရင်

Reset,Refresh ကြိုက်တာတစ်ခုလုပ်နိုင်ပါတယ်။ Restore လုပ်ချင်ရင်

Troubleshoot\Advanced Options အောက်မှာ လုပ်နိုင်ပါတယ်။

ကွန်ပျူတာသုံးလို့ရနေတဲ့အချိန်မှာ Reset,Refresh လုပ်ချင်ရင်

All Settings\Update&Security\Recovery ထဲဝင်ပြီးလုပ်နိုင်ပါတယ်။

Credit -အောင်သူရဝင်း

No comments:

Post a Comment

မင်္ဂလာပါ..