menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

Harddisk မပျက်စီးစေဖို့ လုပ်ဆောင်သင့်တဲ့ အချက် (10) ချက်


Harddisk မပျက်စီးစေဖို့ လုပ်ဆောင်သင့်တဲ့ အချက် (10) ချက် 👨‍💻

Hardware တွေရဲ့ ဈေးနှုန်းက ဒီဆယ်စုနှစ်ထဲမှာ အံ့ဩဖွယ်ကောင်းလောက်အောင်ကို ပြိုကျလာခဲ့ပါတယ်။ ဒါပေမဲ့လည်း လူတိုင်းက ကိုယ်စက်ထဲက hardware တွေကို ပျက်ချင် ပျက်ပါစေလို့ဆိုပြီး ပစ်စလက်ခတ်ထားကြမှာတော့ မဟုတ်ကြပါဘူး။ အထူးသဖြင့် hard drive တွေကို ဒီလိုမျိုး မထားတတ်ကြပါဘူး။ အချက်အလက်ဟာ နည်းပညာလောကသားတွေအတွက် အလွန်အရေးပါလှပါတယ်။ ဒီအချက်အလက်တွေ သိုလှောင်ရာဖြစ်တဲ့ hard drive တွေရဲ့ ကြံ့ခိုင်ရေးဟာ အလွန်ကို အရေးပါလှပါတယ်။ အောက်ဖော်ပြပါ အချက် (၁၀) ချက်ကတော့ hard drive တွေကို အလွယ်တကူ မပျက်စီးစေဖို့ လုပ်ဆောင်သင့်တဲ့ အချက်တွေ ဖြစ်ပါတယ်။

၁။ chkdsk ကို run ပေးပါ။



Hard drive တွေက မီးအားအတက်အကျကြောင့်ဖြစ်စေ၊ အခြားသောအကြောင်း အမျိုးမျိုးကြောင့်ဖြစ်စေ အထဲမှာပါတဲ့ သတ္တုပြားမှာ ပြဿနာတက်တာ၊ ဆော့ဖ်ဝဲ ပြဿနာဖြစ်တာ၊ partition table မှာ ပြဿနာဖြစ်တာ အစရှိတဲ့ ပြဿနာတွေ တွေ့ကြုံရတတ်ပါတယ်။ ဒီပြဿနာတွေကို ပြေလည်စေဖို့အတွက် chkdsk ဆိုတဲ့ ပရိုဂရမ်လေးဟာ Windows မှာ အစကတည်းက လာထည့်ပေးထားပါတယ်။ ဒီပရိုဂရမ်လေးက ပြဿနာ အတော်များများကို ပြေလည်အောင် ဖြေရှင်းပေးပါတယ်။

၂။ Hard drive ကို စောင့်ကြည့်ပေးနိုင်တဲ့ ပရိုဂရမ်သုံးပါ။

Hard drive ကို စောင့်ကြည့်လေ့လာပေးတဲ့ ပရိုဂရမ်တွေ များစွာရှိပါတယ်။ Acronis Drive Monitor ကတော့ အခမဲ့ရတဲ့ tool တစ်ခုဖြစ်ပြီး သုံးစွဲရတာ အလွန်ကောင်းပါတယ်။ အပူချိန်နဲ့ hard drive ရဲ့ နေရာလွတ်တွေကို စောင့်ကြည့်ပေးနိုင်ပါတယ်။

၃။ Data ထားတဲ့နေရာနဲ့ OS တင်ထားတဲ့နေရာကို ခွဲထားပါ။

OS တင်ထားတဲ့နေရာနဲ့ data ထားတဲ့နေရာကို partition တွေ သီးခြားပိုင်းထားသင့်ပါတယ်။ အဲဒီလို တင်မထားတဲ့အခါ OS ဆိုတာ ပျက်လွယ်တဲ့အတွက် data တွေကို သီးခြား partition မပိုင်းဘဲ OS ထားတဲ့ partition မှာထားမယ်ဆိုရင် ပျက်စီးဆုံးရှုံးမှုတွေ ရှိလာပါလိမ့်မယ်။

၄။ ကွန်ပျူတာသုံးနေတဲ့ ပတ်ဝန်းကျင်ကို သတိပြုပါ။

ကွန်ပျူတာကိုထားတဲ့နေရာက ဖုန်တွေထူတာ၊ ရေငွေ့တွေပေါများတာနဲ့ အပူချိန် သိပ်များတာ အစရှိတဲ့ အကြောင်းအရာတွေကို သတိထားရှောင်သင့်ပါတယ်။ အဲဒီလိုဖြစ်တာတွေက ကွန်ပျူတာမှာ လျှပ်စစ်ပတ်လမ်းတို့တွေဖြစ်ပြီး hardware တွေကို ပျက်စီးနိုင်တဲ့ အခြေအနေတွေ ဖြစ်ပေါ်အောင် ဖိတ်ခေါ်နေသလိုပါပဲ။ ပြီးတော့ ကွန်ပျူတာကို အပူချိန်လျော့နိုင်သလောက်လျော့အောင် ပန်ကာလေးတွေ ထားသုံးဖို့ လိုအပ်ပါတယ်။ Hard drive ကို ပန်ကာထည့်ပြီးသုံးတာက အပူချိန်လျော့နိုင်တဲ့အတွက် ပျက်စီးမှုကို ကာကွယ်နိုင်သလို hard drive ပူလာတဲ့အတွက် ဖြစ်ပေါ်လာတဲ့ ပြဿနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။

၅။ လျှပ်စစ်ဓာတ်အပိုတွေ ကွန်ပျူတာမှာ မစီးပါစေနဲ့။

ကွန်ပျူတာကို မီတာနဲ့ထောက်ပြီး တိုင်းတာတဲ့အခါ လျှပ်စစ်ဓာတ်အားတွေက ကွန်ပျူတာပုံးမှာ စီးနေတာတွေကို တွေ့ရတတ်ပါတယ်။ အဲဒီလို ဖြစ်တတ်တာက ကွန်ပျူတာကို ပျက်စီးစေဖို့ လွယ်ကူစေပါတယ်။ လျှပ်စစ်ဓာတ်အား ရယူသုံးစွဲတဲ့ ပလပ်ပေါက်တွေနဲ့ ကြိုးတွေကို ကောင်းမွန်အောင်လုပ်ထားဖို့ လိုအပ်သလို မြေစိုက်ကြိုးကိုလည်း ထည့်ပေးထားဖို့ လိုအပ်ပါတယ်။

၆။ Drive ကို defragment ပုံမှန်လုပ်ပေးပါ။

Drive တွေကို သုံးစွဲတာကြာလာတဲ့အခါ ဖိုင်တွေရဲ့ အထားအသိုက ပြန့်ကျဲလာပါတယ်။ အဲဒီလိုဖြစ်တဲ့အခါ ဖိုင်တွေကို နေရာချတာနဲ့ ရှာဖွေတာလုပ်တဲ့အချိန် ပိုကြာလာပါတယ်။ အဲဒီလိုဖြစ်လာတာကို ကာကွယ်ဖို့အတွက် drive ကို defragment ပုံမှန်လုပ်သင့်ပါတယ်။

၇။ Solid state drive ကို ပိုသုံးပါ။

Hard drive တွေက solid state drive တွေထက် ပျက်စီးနိုင်မှုမှာ ပိုများပြားပါတယ်။ ဈေးကြီးပေမယ့် solid state drive တွေက hard drive တွေထက် ပျက်စီးနိုင်မှုမှာ လျော့နည်းတာကြောင့် ပိုမိုရွေးချယ်သင့်ပါတယ်။

၈။ Power save နည်းပညာကို သုံးပါ။

Hard drive တွေကို အလုပ်မလုပ်စေပဲ အချိန်ကြာကြာ ဖွင့်လှစ်ထားတာထက် ဘယ်အချိန်လောက်အထိ ဆက်တိုက်မသုံးစွဲဘူးဆိုခဲ့လျှင် hard drive ကို ပိတ်ထားတာတို့ sleep mode ကို သုံးတာတို့ လုပ်ထားသင့်ပါတယ်။ hard drive သက်တမ်း ပိုကြာပါလိမ့်မယ်။

၉။ ဝက်အူတွေနဲ့ မလှုပ်အောင် ကြပ်ထားပါ။

Hard drive ကို အချို့က စကူနှစ်လုံးပဲ ဖမ်းထားတာ၊ ချောင်နေတဲ့ စကူတွေ ထည့်သုံးတာတို့က hard drive ကို အခန့်မသင့်ရင် လှုပ်တာ ဖြစ်နိုင်ပါတယ်။ ဒီလိုမျိုးဖြစ်ပေါ်လာခဲ့ရင် hard drive ကို သုံးမရအောင် ပျက်စီးသွားစေပါလိမ့်မယ်။

၁၀။ Back up ပုံမှန်လုပ်ပါ။

ပစ္စည်းတွေမှာ မပျက်တဲ့ ပစ္စည်းမရှိပါဘူး။ အချိန်ကြာမှ ပျက်တာနဲ့ စောစောပျက်တာပဲ ကွာပါတယ်။ ဒါကြောင့် အချက်အလက်တွေကို ပုံမှန် Back up လုပ်ထားသင့်ပါတယ်။



Harddisk မပ်က္စီးေစဖို႔ လုပ္ေဆာင္သင့္တဲ့ အခ်က္ (10) ခ်က္ 👨‍💻
Hardware ေတြရဲ႕ ေစ်းႏႈန္းက ဒီဆယ္စုႏွစ္ထဲမွာ အံ့ဩဖြယ္ေကာင္းေလာက္ေအာင္ကို ၿပိဳက်လာခဲ့ပါတယ္။ ဒါေပမဲ့လည္း လူတိုင္းက ကိုယ္စက္ထဲက hardware ေတြကို ပ်က္ခ်င္ ပ်က္ပါေစလို႔ဆိုၿပီး ပစ္စလက္ခတ္ထားၾကမွာေတာ့ မဟုတ္ၾကပါဘူး။ အထူးသျဖင့္ hard drive ေတြကို ဒီလိုမ်ိဳး မထားတတ္ၾကပါဘူး။ အခ်က္အလက္ဟာ နည္းပညာေလာကသားေတြအတြက္ အလြန္အေရးပါလွပါတယ္။ ဒီအခ်က္အလက္ေတြ သိုေလွာင္ရာျဖစ္တဲ့ hard drive ေတြရဲ႕ ႀကံ႕ခိုင္ေရးဟာ အလြန္ကို အေရးပါလွပါတယ္။ ေအာက္ေဖာ္ျပပါ အခ်က္ (၁၀) ခ်က္ကေတာ့ hard drive ေတြကို အလြယ္တကူ မပ်က္စီးေစဖို႔ လုပ္ေဆာင္သင့္တဲ့ အခ်က္ေတြ ျဖစ္ပါတယ္။

၁။ chkdsk ကို run ေပးပါ။
Hard drive ေတြက မီးအားအတက္အက်ေၾကာင့္ျဖစ္ေစ၊ အျခားေသာအေၾကာင္း အမ်ိဳးမ်ိဳးေၾကာင့္ျဖစ္ေစ အထဲမွာပါတဲ့ သတၱဳျပားမွာ ျပႆနာတက္တာ၊ ေဆာ့ဖ္ဝဲ ျပႆနာျဖစ္တာ၊ partition table မွာ ျပႆနာျဖစ္တာ အစရွိတဲ့ ျပႆနာေတြ ေတြ႕ႀကံဳရတတ္ပါတယ္။ ဒီျပႆနာေတြကို ေျပလည္ေစဖို႔အတြက္ chkdsk ဆိုတဲ့ ပ႐ိုဂရမ္ေလးဟာ Windows မွာ အစကတည္းက လာထည့္ေပးထားပါတယ္။ ဒီပ႐ိုဂရမ္ေလးက ျပႆနာ အေတာ္မ်ားမ်ားကို ေျပလည္ေအာင္ ေျဖရွင္းေပးပါတယ္။
၂။ Hard drive ကို ေစာင့္ၾကည့္ေပးႏိုင္တဲ့ ပ႐ိုဂရမ္သံုးပါ။
Hard drive ကို ေစာင့္ၾကည့္ေလ့လာေပးတဲ့ ပ႐ိုဂရမ္ေတြ မ်ားစြာရွိပါတယ္။ Acronis Drive Monitor ကေတာ့ အခမဲ့ရတဲ့ tool တစ္ခုျဖစ္ၿပီး သံုးစြဲရတာ အလြန္ေကာင္းပါတယ္။ အပူခ်ိန္နဲ႔ hard drive ရဲ႕ ေနရာလြတ္ေတြကို ေစာင့္ၾကည့္ေပးႏိုင္ပါတယ္။
၃။ Data ထားတဲ့ေနရာနဲ႔ OS တင္ထားတဲ့ေနရာကို ခြဲထားပါ။
OS တင္ထားတဲ့ေနရာနဲ႔ data ထားတဲ့ေနရာကို partition ေတြ သီးျခားပိုင္းထားသင့္ပါတယ္။ အဲဒီလို တင္မထားတဲ့အခါ OS ဆိုတာ ပ်က္လြယ္တဲ့အတြက္ data ေတြကို သီးျခား partition မပိုင္းဘဲ OS ထားတဲ့ partition မွာထားမယ္ဆိုရင္ ပ်က္စီးဆံုး႐ံႈးမႈေတြ ရွိလာပါလိမ့္မယ္။
၄။ ကြန္ပ်ဴတာသံုးေနတဲ့ ပတ္ဝန္းက်င္ကို သတိျပဳပါ။
ကြန္ပ်ဴတာကိုထားတဲ့ေနရာက ဖုန္ေတြထူတာ၊ ေရေငြ႕ေတြေပါမ်ားတာနဲ႔ အပူခ်ိန္ သိပ္မ်ားတာ အစရွိတဲ့ အေၾကာင္းအရာေတြကို သတိထားေရွာင္သင့္ပါတယ္။ အဲဒီလိုျဖစ္တာေတြက ကြန္ပ်ဴတာမွာ လွ်ပ္စစ္ပတ္လမ္းတို႔ေတြျဖစ္ၿပီး hardware ေတြကို ပ်က္စီးႏိုင္တဲ့ အေျခအေနေတြ ျဖစ္ေပၚေအာင္ ဖိတ္ေခၚေနသလိုပါပဲ။ ၿပီးေတာ့ ကြန္ပ်ဴတာကို အပူခ်ိန္ေလ်ာ့ႏိုင္သေလာက္ေလ်ာ့ေအာင္ ပန္ကာေလးေတြ ထားသံုးဖို႔ လိုအပ္ပါတယ္။ Hard drive ကို ပန္ကာထည့္ၿပီးသံုးတာက အပူခ်ိန္ေလ်ာ့ႏိုင္တဲ့အတြက္ ပ်က္စီးမႈကို ကာကြယ္ႏိုင္သလို hard drive ပူလာတဲ့အတြက္ ျဖစ္ေပၚလာတဲ့ ျပႆနာေတြကို ကာကြယ္ေပးႏိုင္ပါတယ္။
၅။ လွ်ပ္စစ္ဓာတ္အပိုေတြ ကြန္ပ်ဴတာမွာ မစီးပါေစနဲ႔။
ကြန္ပ်ဴတာကို မီတာနဲ႔ေထာက္ၿပီး တိုင္းတာတဲ့အခါ လွ်ပ္စစ္ဓာတ္အားေတြက ကြန္ပ်ဴတာပံုးမွာ စီးေနတာေတြကို ေတြ႕ရတတ္ပါတယ္။ အဲဒီလို ျဖစ္တတ္တာက ကြန္ပ်ဴတာကို ပ်က္စီးေစဖို႔ လြယ္ကူေစပါတယ္။ လွ်ပ္စစ္ဓာတ္အား ရယူသံုးစြဲတဲ့ ပလပ္ေပါက္ေတြနဲ႔ ႀကိဳးေတြကို ေကာင္းမြန္ေအာင္လုပ္ထားဖို႔ လိုအပ္သလို ေျမစိုက္ႀကိဳးကိုလည္း ထည့္ေပးထားဖို႔ လိုအပ္ပါတယ္။
၆။ Drive ကို defragment ပံုမွန္လုပ္ေပးပါ။
Drive ေတြကို သံုးစြဲတာၾကာလာတဲ့အခါ ဖိုင္ေတြရဲ႕ အထားအသိုက ျပန္႔က်ဲလာပါတယ္။ အဲဒီလိုျဖစ္တဲ့အခါ ဖိုင္ေတြကို ေနရာခ်တာနဲ႔ ရွာေဖြတာလုပ္တဲ့အခ်ိန္ ပိုၾကာလာပါတယ္။ အဲဒီလိုျဖစ္လာတာကို ကာကြယ္ဖို႔အတြက္ drive ကို defragment ပံုမွန္လုပ္သင့္ပါတယ္။
၇။ Solid state drive ကို ပိုသံုးပါ။
Hard drive ေတြက solid state drive ေတြထက္ ပ်က္စီးႏိုင္မႈမွာ ပိုမ်ားျပားပါတယ္။ ေစ်းႀကီးေပမယ့္ solid state drive ေတြက hard drive ေတြထက္ ပ်က္စီးႏိုင္မႈမွာ ေလ်ာ့နည္းတာေၾကာင့္ ပိုမိုေရြးခ်ယ္သင့္ပါတယ္။
၈။ Power save နည္းပညာကို သံုးပါ။
Hard drive ေတြကို အလုပ္မလုပ္ေစပဲ အခ်ိန္ၾကာၾကာ ဖြင့္လွစ္ထားတာထက္ ဘယ္အခ်ိန္ေလာက္အထိ ဆက္တိုက္မသံုးစြဲဘူးဆိုခဲ့လွ်င္ hard drive ကို ပိတ္ထားတာတို႔ sleep mode ကို သံုးတာတို႔ လုပ္ထားသင့္ပါတယ္။ hard drive သက္တမ္း ပိုၾကာပါလိမ့္မယ္။
၉။ ဝက္အူေတြနဲ႔ မလႈပ္ေအာင္ ၾကပ္ထားပါ။
Hard drive ကို အခ်ိဳ႕က စကူႏွစ္လံုးပဲ ဖမ္းထားတာ၊ ေခ်ာင္ေနတဲ့ စကူေတြ ထည့္သံုးတာတို႔က hard drive ကို အခန္႔မသင့္ရင္ လႈပ္တာ ျဖစ္ႏိုင္ပါတယ္။ ဒီလိုမ်ိဳးျဖစ္ေပၚလာခဲ့ရင္ hard drive ကို သံုးမရေအာင္ ပ်က္စီးသြားေစပါလိမ့္မယ္။
၁၀။ Back up ပံုမွန္လုပ္ပါ။
ပစၥည္းေတြမွာ မပ်က္တဲ့ ပစၥည္းမရွိပါဘူး။ အခ်ိန္ၾကာမွ ပ်က္တာနဲ႔ ေစာေစာပ်က္တာပဲ ကြာပါတယ္။ ဒါေၾကာင့္ အခ်က္အလက္ေတြကို ပံုမွန္ Back up လုပ္ထားသင့္ပါတယ္။

No comments:

Post a Comment

မင်္ဂလာပါ..