menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

Google Maps က Street View ဓာတ်ပုံတွေကို ဘယ်လို download လုပ်မလဲ

အခုဖော်ပြမယ့် နည်းလမ်းကတော့ Google Maps ပေါ်က Street View ဓာတ်ပုံတွေကို download ပြုလုပ်နိုင်မယ့် နည်းလမ်း ဖြစ်ပါတယ်။ Google Maps မှာ ရှိတဲ့ 360 degree street view ဓာတ်ပုံတွေကို ဖော်ပြပါ နည်းလမ်းအတိုင်း download ပြုလုပ်မှသာ ဓာတ်ပုံတွေကို ၃၆၀ ဒီဂရီ လှည့်ပြီး ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
ပထမဆုံး ကိုယ်လိုချင်တဲ့ Street View ဓာတ်ပုံကို https://maps.google.com ဆိုတဲ့ ဝက်ဘ်ဆိုက်ကနေ ရှာဖွေပြီး copy လုပ်လိုက်ပါ။
ပြီးရင် ဓာတ်ပုံကို download လုပ်ဖို့အတွက် https://istreetview.com ဆိုတဲ့ ဝက်ဘ်ဆိုက်ကိုသွားပါ။ Load a panorama ဆိုတာကို နှိပ်ပြီး Load panorama from URL ဆိုတဲ့နေရာမှာ copy လုပ်ထားတဲ့ address ကို paste  လုပ်ရပါမယ်။ ပြီးရင် အပေါ်ဘက်နားမှာရှိတဲ့ Panorama ID ကို copy လုပ်ထားပါ။ Download 360 ဆိုတဲ့ ခလုတ်ကို နှိပ်ရပါမယ်။



Box တစ်ခုကျလာပါလိမ့်မယ်။ Download Street view Download 360 ဆိုတဲ့ ခလုတ်ကို နှိပ်ပြီး Street View Download.msi ဆိုတဲ့ဖိုင်ကျလာပါလိမ့်မယ်။ Download လုပ်ပြီးရင် Install လုပ်ပါ။

Install လုပ်ပြီးပြီဆိုရင် Street View download 360 ဆိုတဲ့ ဆော့ဖ်ဝဲကို Run လိုက်ပါ။ Parno ID မှာ copy လုပ်ထားတဲ့ ID ကို ထည့်ပေးရပါမယ်။ Save to ဆိုတဲ့နေရာမှာ ဖိုင်ကို သိမ်းမယ့် လမ်းကြောင်းကို ရွေးပေးပြီး Download ဆိုတာကို နှိပ်လိုက်ရင် 360 ဓာတ်ပုံကို download လုပ်သွားပါလိမ့်မယ်။
Download လုပ်ထားတဲ့ ပုံကို Facebook ပေါ်မှာ တင်ကြည့်တဲ့အခါမှာ ၃၆၀ လှည့်ပတ် ကြည့်နိုင်တဲ့ပုံအဖြစ် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
-သီဟ






-သီဟ

No comments:

Post a Comment

မင်္ဂလာပါ..