menu
@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..
Format Factory အသုံးပြု၍ DVD Movie များကို mp4 ပြောင်းခြင်း
(၁) မိမိတို့ ကူးပြောင်းလိုသော DVD အချပ်ကို ထည့်ပါ။
(၂) Format Factory ကို ဖွင့်ပါ။
(၃) ROM Device\DVD\CD\ISO မှာ DVD to Video File ကို click ပါ။ DVD to Video File dialogbox ကျလာပါလိမ့်မယ်။
(၄) Subtitle Language တွင် မိမိတို့ ပြောင်းလိုသော ဘာသာစကားကို ရွေးပါ။
(၅) File Title တွင် မိမိတို့ ပေးလိုသော File Name ကို ရိုက်ထည့်ပါ။ွးပါ။ ပြီးလျှင် Convert ကို click ပါ။
(၆) ပြီးလျှင် FormatFactory မှ Start ကို click ပါ။
(၇) Convert State တွင် Complete ဖြစ်ပါက rip လုပ်ငန်းစဉ် ပြီးဆုံးပါပြီ။ Convert လုပ်ထားသော D:\FFOutput တွင် ရှာဖွေကြည့်ပါ။
ဒါက အလွယ်ပြောတာပါ။
တကယ်တော့ DVD အချပ်ကနေ တိုက်ရိုက် rip လုပ်ခြင်းဟာ DVD Drive သက်တမ်းကို ထိခိုက်ပါတယ်။ အကယ်၍ အချပ်မကောင်းလို့ တစ်ဝက်တစ်ပျက်သာ ဖတ်လို့ရရင် ပိုဆိုးပါတယ်။
ဒီတော့ DVD အချပ်ထဲက AUDIO_TS နဲ့ VIDEO_TS folder နှစ်ခုကို မိမိတို့ Computer ရှိ Hard Disk Drive (HDD) ထဲသို့ ကူးယူပါ။ ကူးယူနေစဉ် DVD အချပ်ကောင်းမကောင်း တစ်ခါတည်း သိနိုင်ပါတယ်။ ပြီးရင် အမှတ်စဉ် (၃) အထိကတော့ အတူတူပါဘဲ။
(၃.၁) DVD to Video File dialogbox တွင် Folder ကို ရွေးပါ။
(၃.၂) Browse icon ကို click ပါ။ အဝါရောင် folder ပုံလေး ဖြစ်ပါတယ်။ Browse For Folder dialogbox ကျလာပါလိမ့်မယ်။
(၃.၃) Browse For Folder dialogbox တွင် DVD အချပ်မှ ကူးယူထားသော file များ တည်ရှိရာ folder ကို ညွှန်းပေးပါ။ ပြီးလျှင် OK ကို click ပါ။
ပြီးရင် အမှတ်စဉ် (၄) အတိုင်း ဆက်လက် လုပ်ဆောင်နိုင်ပါပြီ။
ဒါကတော့ Computer သုံးစွဲမှုအတွေ့အကြုံ နုနယ်သူများအတွက် ရေးသားခြင်း ဖြစ်ပါတယ်။ Output folder ပြောင်းလဲခြင်း၊ output file quality ပြောင်းလဲခြင်း စတာတွေကတော့ အတွေ့အကြုံရှိလာမှ မိမိတို့ဘာသာ စမ်းသပ်ကြည့်ကြပါကုန်။
― ထွန်းအောင်ကျော်
ဒါက အလွယ်ပြောတာပါ။
― ထွန်းအောင်ကျော်
No comments:
Post a Comment
မင်္ဂလာပါ..