menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

Facebook မှ Like- Comment- Photo- Message များကို Delete ပြုလုပ်နည်း




Facebook မှ Like, Comment , Photo, Message များကို Delete ပြုလုပ်နည်း
Facebook မှာ အရင်နှစ်များစွာအကြာ တစ်နည်းအားဖြင့် မရင့်ကျက်သေးတဲ့ အချိန်က က ပြုလုပ်ခဲ့တဲ့ Like, Comment များ၊ တင်ခဲ့တဲ့ ဓါတ်ပုံများနဲ့ ပေးပို့ခဲ့တဲ့ Message များဟာ ယနေ့လက်ရှိ အချိန်မှာ စိတ်ညစ်စရာ၊ အရှက်ရစရာ၊ မသင့်တော်စရာ အဖြစ်မျိုးတွေကို ဖြစ်စေခဲ့ဖူးမှာပါ။ နှစ်ပေါင်းများစွာ အကြာမှ အဲဒီ Like, Comment, Photo, Message များကို ရှာဖွေပြီး Delete လုပ်ရတာ မလွယ်ကူပါဘူး။ အခု Tutorial မှာတော့ အဲဒီ ဖြစ်စဉ်ကို လွယ်ကူစေမယ့် နည်းလမ်းများကို ဖော်ပြပေးလိုက်ပါတယ်..
#သူငယ်ချင်းတစ်ယောက်ရဲ့ ပို့စ်မှ သင့်ရဲ့ Comment ကို Delete လုပ်နည်း
သူငယ်ချင်းတစ်ယောက်ရဲ့ ပို့စ်မှာ သင်ဟာ အငြင်းပွားဖွယ်ရာ သို့မဟုတ် မသင့်တော်တဲ့ ကွန်းမန့်တစ်ခုကို ပြုလုပ်မိတယ်ဆိုရင် ဖျက်ပစ်နိုင်တဲ့ နည်းလမ်းနှစ်ခု ရှိပါတယ်။ ပထမနည်းက သူ့ရဲ့ Timeline ထဲသွား၊ ပို့စ်ကို ရှာပြီး ကွန်းမန့်ကို ဖျက်ပစ်တာပါ။ ပို့စ်ပိုင်ရှင်သူငယ်ချင်းရဲ့ အမည်နဲ့ ပို့စ်မှာပါတဲ့ စကားစု( Keyword )ကို Facebook Search Box ကနေ ရိုက်ထည့်ရှာဖွေတာက ပိုမို အဆင်ပြေပါတယ်။ ဥပမာအားဖြင့် Aung Kyaw အမည်ရတဲ့ သူငယ်ချင်းရဲ့ ပို့စ်ကို ရှာဖွေဖို့အတွက် Aung Kyaw post ( Keyword ) ကို Search Box မှာ ရှာဖွေနိုင်ပါတယ်။ ပို့စ်ကို တွေ့ရင် သင့်ရဲ့ ကွန်းမန့်ကို ရှာပါ။ ကွန်းမန့်ရဲ့ ညာဘက်မှ ခဲတံ အိုင်ကွန်ကို နှိပ်ပြီး Delete ကို နှိပ်ပါ။



ဒုတိယနည်းကတော့ သင့်ရဲ့ Activity Log ကနေ ဖျက်နိုင်ပါတယ်။ Facebook Home Page ရဲ့ ထိပ်မှ Drop-Down Arrow ကို နှိပ်ပြီး Activity Log ထဲသွားပါ။ ဘယ်ဘက်ခြမ်းမှ Comments ကဏ္ဍကို နှိပ်ရင် သင်ပြုလုပ်ထားတဲ့ ကွန်းမန့်များကိုသာ သီးခြား ပြသပေးမှာ ဖြစ်တဲ့အတွက် ပိုမို အဆင်ပြေပါတယ်။ ညာဘက်မှ ခဲတံကို နှိပ်ပြီး ကွန်းမန့်ကို ဖျက်နိုင်ပါတယ်။ Activity Log မှ Comments အောက်မှ More Link ကို နှိပ်ရင် အခြား ကဏ္ဍများကိုလည်း ပြသပေးမှာဖြစ်ပါတယ်။

#သင့်ရဲ့ Timeline မှ အခြားလူတစ်ယောက်ရဲ့ ပို့စ်ကို ဖျက်ပစ်နည်း

Activity Log မှနေ၍ အရာများစွာကို ဖျက်ပစ်နိုင်ပေမယ့်လည်း အခြားလူများက သင့်ရဲ့ Timeline မှာ တင်ထားတဲ့ ပို့စ်များကိုတော့ Activity Log ကနေ ဖျက်လို့မရဘဲ Hidden from Timeline သာ ပြုလုပ်နိုင်ပါတယ်။

သင့်ရဲ့ Timeline မှ အခြားလူတစ်ယောက်ရဲ့ပို့စ်ကို ဖျက်ချင်ရင် သင့်ရဲ့ Timeline ကိုသွားပါ။ Timeline ရဲ့ ညာဘက်ခြမ်းမှာ ခုနှစ်အလိုက် ပို့စ်များကို ရှာဖွေနိုင်တဲ့ Quick-Jump Menu ကို အသုံးပြုနိုင်ပါတယ်။ အဲဒီ Menu ကို အသုံးပြုရင်တော့ Highlight ကနေ All Stories ကို ရွေးပေးမှ ပို့စ်အားလုံးကို တွေ့ရမှာဖြစ်ပါတယ်။ ပို့စ်ရဲ့ ညာဘက်မှ Drop-Down Arrow ကို နှိပ်ပြီး Delete ကို နှိပ်ပါ။

#Unlike ပြုလုပ်နည်း

သင် Like ပြုလုပ်ထားတဲ့ ပို့စ်၊ ဓါတ်ပုံ၊ ဗီဒီယိုများကို အလျှင်မြန်ဆုံး Unlike ပြုလုပ်ဖို့အတွက် Activity Log က အကောင်းဆုံးဖြစ်ပါတယ်။ Activity Log> Like ကဏ္ဍထဲသွားပါ။ ညာဘက်မှ ခဲတံကို နှိပ်ပြီး Unlike လုပ်ပါ။

#ဓါတ်ပုံများကို ဖျက်နည်း

သင် Upload ပြုလုပ်ထားတဲ့ ဓါတ်ပုံတစ်ခုကို ဖျက်ပစ်ဖို့အတွက် ဓါတ်ပုံကို တစ်ချက်နှိပ်ပြီး အောက်ခြေမှ Options ကို နှိပ်ပါ။ Delete This Photo ကို နှိပ်ပါ။

Photo Album တစ်ခုလုံးကို ဖျက်ပစ်ဖို့အတွက် သင့် Timeline ထဲမှ Photos> Albums ကိုသွားပါ။ ဖျက်ချင်တဲ့ Album ကို ရွေးချယ်ပြီး ညာဘက်အပေါ်ထိပ်မှ Gear Icon ကို နှိပ်ပါ။ Delete Album ကို နှိပ်ပါ။

#Tag ကို ဖျက်ပစ်နည်း

အခြားလူများက သင့်ကို ဓါတ်ပုံများမှာ Tag လုပ်ထားရင် Tag ကို ဖျက်ပစ်နိုင်ပါတယ်။ သင့်ကို Tag လုပ်ထားတဲ့ ဓါတ်ပုံကိုဖွင့်ပါ။ ညာဘက်မှာ သင့်အမည်ကို တွေ့ရမှာ ဖြစ်ပါတယ်။ နာမည်ပေါ်ကို Mouse Cursor တင်ပြီး Remove tag ကို နှိပ်ပါ။

#Life Event များကို ဖျက်နည်း

သင် ပရိုဖိုင်ကို Update ပြုလုပ်တိုင်း Facebook က သင့်ရဲ့ Timeline မှာ Update ပြုလုပ်ပေးပါတယ်။ အဲဒီ Update ကို ဖွက်ထားခြင်း၊ ဖျက်ပစ်ခြင်းများကို ပြုလုပ်နိုင်ပါတယ်။ ဒါပေမယ့် ဖျက်ပစ်ရင်တော့ သင့်ရဲ့ ပရိုဖိုင်မှ သတင်းအချက်အလက်များကိုပါ ဖျက်ပစ်မှာပါ။ ဥပမာအားဖြင့် Myanmar Digital Life Journal မှာ အလုပ် စတင် ပြုလုပ်တဲ့ ပို့စ်ကို ဖျက်ပစ်ရင် သင့် ပရိုဖိုင်မှ Work and Education Section မှာ အဲဒီ သတင်းအချက်အလက်ကို ဖျက်ပစ်မှာပါ။

Events များကို ရှာဖွေဖို့အတွက် Activity Log က အဆင်ပြေပါတယ်။ Activity Log> About ထဲသွားပါ။ ဖျက်ချင်တဲ့ Event အပေါ်မှာ Mouse Cursor တင်ပါ။ ဒါဆိုရင် သင့် အမည်ရဲ့ အောက်မှာ အချိန်ကို တွေ့မြင်ရမှာပါ။ အချိန်ကို နှိပ်ရင် အဲဒီပို့စ်ကို ပြသပေးမှာ ဖြစ်ပါတယ်။

ပို့စ်ရဲ့ ညာဘက်မှ Drop-Down Arrow ကို နှိပ်ပြီး Delete ကို နှိပ်ပါ။

#Message ကို ဖျက်နည်း

Facebook မှ Message များကို ဖျက်ပစ်နိုင်ပေမယ့် တစ်ဖက်လူဆီမှာ ဖျက်ပစ်ပေးမှာ မဟုတ်ဘဲ သင့်ထံမှာသာ ဖျက်ပစ်ပေးမှာကို သတိပြုပါ။ Home Page ရဲ့ အပေါ်ထိပ်မှ Message ကို နှိပ်ပြီး အောက်ခြေမှ See All ကို နှိပ်ပါ။ နောက်အဆင့်မှာ ဖျက်ချင်တဲ့ Message ပါရှိတဲ့ Conversation ကို ရွေးပေးပါ။ Gear Icon ကို နှိပ်ပြီး Delete Messages ကို နှိပ်ပါ။ ဖျက်ချင်တဲ့ Message များရဲ့ ဘယ်ဘက်ဘေးမှ Check Box များမှာ အမှန်ခြစ်ပေးပါ။ ပြီးရင်အောက်ခြေမှ Delete ကို နှိပ်ပါ။ Conversation တစ်ခုလုံးကို ဖျက်ချင်ရင်တော့ Gear Icon ကို နှိပ်ပြီး Delete Conversation ကို နှိပ်ပါ။

#Crdit:Digital Times

#သုတ


Facebook မွ Like, Comment , Photo, Message မ်ားကို Delete ျပဳလုပ္နည္း
===========================================
Facebook မွာ အရင္ႏွစ္မ်ားစြာအၾကာ တစ္နည္းအားျဖင့္ မရင့္က်က္ေသးတဲ့ အခ်ိန္က က ျပဳလုပ္ခဲ့တဲ့ Like, Comment မ်ား၊ တင္ခဲ့တဲ့ ဓါတ္ပံုမ်ားနဲ႔ ေပးပို႔ခဲ့တဲ့ Message မ်ားဟာ ယေန႔လက္ရွိ အခ်ိန္မွာ စိတ္ညစ္စရာ၊ အရွက္ရစရာ၊ မသင့္ေတာ္စရာ အျဖစ္မ်ိဳးေတြကို ျဖစ္ေစခဲ့ဖူးမွာပါ။ ႏွစ္ေပါင္းမ်ားစြာ အၾကာမွ အဲဒီ Like, Comment, Photo, Message မ်ားကို ရွာေဖြၿပီး Delete လုပ္ရတာ မလြယ္ကူပါဘူး။ အခု Tutorial မွာေတာ့ အဲဒီ ျဖစ္စဥ္ကို လြယ္ကူေစမယ့္ နည္းလမ္းမ်ားကို ေဖာ္ျပေပးလိုက္ပါတယ္..

#သူငယ္ခ်င္းတစ္ေယာက္ရဲ႕ ပို႔စ္မွ သင့္ရဲ႕ Comment ကို Delete လုပ္နည္း
သူငယ္ခ်င္းတစ္ေယာက္ရဲ႕ ပို႔စ္မွာ သင္ဟာ အျငင္းပြားဖြယ္ရာ သို႔မဟုတ္ မသင့္ေတာ္တဲ့ ကြန္းမန္႔တစ္ခုကို ျပဳလုပ္မိတယ္ဆိုရင္ ဖ်က္ပစ္ႏုိင္တဲ့ နည္းလမ္းႏွစ္ခု ရွိပါတယ္။ ပထမနည္းက သူ႔ရဲ႕ Timeline ထဲသြား၊ ပို႔စ္ကိ္ု ရွာၿပီး ကြန္းမန္႔ကို ဖ်က္ပစ္တာပါ။ ပို႔စ္ပိုင္ရွင္သူငယ္ခ်င္းရဲ႕ အမည္နဲ႔ ပို႔စ္မွာပါတဲ့ စကားစု( Keyword )ကို Facebook Search Box ကေန ရိုက္ထည့္ရွာေဖြတာက ပိုမို အဆင္ေျပပါတယ္။ ဥပမာအားျဖင့္ Aung Kyaw အမည္ရတဲ့ သူငယ္ခ်င္းရဲ႕ ပို႔စ္ကို ရွာေဖြဖို႔အတြက္ Aung Kyaw post ( Keyword ) ကို Search Box မွာ ရွာေဖြႏုိင္ပါတယ္။ ပို႔စ္ကို ေတြ႔ရင္ သင့္ရဲ႕ ကြန္းမန္႔ကို ရွာပါ။ ကြန္းမန္႔ရဲ႕ ညာဘက္မွ ခဲတံ အိုင္ကြန္ကို ႏွိပ္ၿပီး Delete ကို ႏွိ္ပ္ပါ။
ဒုတိယနည္းကေတာ့ သင့္ရဲ႕ Activity Log ကေန ဖ်က္ႏိုင္ပါတယ္။ Facebook Home Page ရဲ႕ ထိပ္မွ Drop-Down Arrow ကို ႏွိပ္ၿပီး Activity Log ထဲသြားပါ။ ဘယ္ဘက္ျခမ္းမွ Comments က႑ကို ႏွိပ္ရင္ သင္ျပဳလုပ္ထားတဲ့ ကြန္းမန္႔မ်ားကိုသာ သီးျခား ျပသေပးမွာ ျဖစ္တဲ့အတြက္ ပိုမို အဆင္ေျပပါတယ္။ ညာဘက္မွ ခဲတံကို နွိပ္ၿပီး ကြန္းမန္႔ကို ဖ်က္ႏုိင္ပါတယ္။ Activity Log မွ Comments ေအာက္မွ More Link ကို ႏွိပ္ရင္ အျခား က႑မ်ားကိုလည္း ျပသေပးမွာျဖစ္ပါတယ္။
#သင့္ရဲ႕ Timeline မွ အျခားလူတစ္ေယာက္ရဲ႕ ပို႔စ္ကို ဖ်က္ပစ္နည္း
Activity Log မွေန၍ အရာမ်ားစြာကို ဖ်က္ပစ္ႏုိင္ေပမယ့္လည္း အျခားလူမ်ားက သင့္ရဲ႕ Timeline မွာ တင္ထားတဲ့ ပို႔စ္မ်ားကိုေတာ့ Activity Log ကေန ဖ်က္လို႔မရဘဲ Hidden from Timeline သာ ျပဳလုပ္ႏုိင္ပါတယ္။
သင့္ရဲ႕ Timeline မွ အျခားလူတစ္ေယာက္ရဲ႕ပို႔စ္ကို ဖ်က္ခ်င္ရင္ သင့္ရဲ႕ Timeline ကိုသြားပါ။ Timeline ရဲ႕ ညာဘက္ျခမ္းမွာ ခုႏွစ္အလိုက္ ပို႔စ္မ်ားကို ရွာေဖြႏုိင္တဲ့ Quick-Jump Menu ကို အသံုးျပဳႏုိင္ပါတယ္။ အဲဒီ Menu ကို အသံုးျပဳရင္ေတာ့ Highlight ကေန All Stories ကို ေရြးေပးမွ ပို႔စ္အားလံုးကို ေတြ႔ရမွာျဖစ္ပါတယ္။ ပို႔စ္ရဲ႕ ညာဘက္မွ Drop-Down Arrow ကို ႏွိပ္ၿပီး Delete ကို ႏွိပ္ပါ။
#Unlike ျပဳလုပ္နည္း
သင္ Like ျပဳလုပ္ထားတဲ့ ပို႔စ္၊ ဓါတ္ပံု၊ ဗီဒီယိုမ်ားကို အလွ်င္ျမန္ဆံုး Unlike ျပဳလုပ္ဖို႔အတြက္ Activity Log က အေကာင္းဆံုးျဖစ္ပါတယ္။ Activity Log> Like က႑ထဲသြားပါ။ ညာဘက္မွ ခဲတံကို ႏွိ္ပ္ၿပီး Unlike လုပ္ပါ။
#ဓါတ္ပံုမ်ားကို ဖ်က္နည္း
သင္ Upload ျပဳလုပ္ထားတဲ့ ဓါတ္ပံုတစ္ခုကို ဖ်က္ပစ္ဖို႔အတြက္ ဓါတ္ပံုကို တစ္ခ်က္ႏွိပ္ၿပီး ေအာက္ေျခမွ Options ကို ႏွိပ္ပါ။ Delete This Photo ကို ႏွိပ္ပါ။
Photo Album တစ္ခုလံုးကို ဖ်က္ပစ္ဖို႔အတြက္ သင့္ Timeline ထဲမွ Photos> Albums ကိုသြားပါ။ ဖ်က္ခ်င္တဲ့ Album ကို ေရြးခ်ယ္ၿပီး ညာဘက္အေပၚထိပ္မွ Gear Icon ကို ႏွိပ္ပါ။ Delete Album ကို ႏွိပ္ပါ။
#Tag ကို ဖ်က္ပစ္နည္း
အျခားလူမ်ားက သင့္ကို ဓါတ္ပံုမ်ားမွာ Tag လုပ္ထားရင္ Tag ကို ဖ်က္ပစ္ႏုိင္ပါတယ္။ သင့္ကို Tag လုပ္ထားတဲ့ ဓါတ္ပံုကိုဖြင့္ပါ။ ညာဘက္မွာ သင့္အမည္ကို ေတြ႔ရမွာ ျဖစ္ပါတယ္။ နာမည္ေပၚကို Mouse Cursor တင္ၿပီး Remove tag ကို ႏွိပ္ပါ။
#Life Event မ်ားကိ္ု ဖ်က္နည္း
သင္ ပရိုဖုိင္ကို Update ျပဳလုပ္တိုင္း Facebook က သင့္ရဲ႕ Timeline မွာ Update ျပဳလုပ္ေပးပါတယ္။ အဲဒီ Update ကို ဖြက္ထားျခင္း၊ ဖ်က္ပစ္ျခင္းမ်ားကို ျပဳလုပ္ႏုိ္င္ပါတယ္။ ဒါေပမယ့္ ဖ်က္ပစ္ရင္ေတာ့ သင့္ရဲ႕ ပရိုဖိုင္မွ သတင္းအခ်က္အလက္မ်ားကိုပါ ဖ်က္ပစ္မွာပါ။ ဥပမာအားျဖင့္ Myanmar Digital Life Journal မွာ အလုပ္ စတင္ ျပဳလုပ္တဲ့ ပို႔စ္ကို ဖ်က္ပစ္ရင္ သင့္ ပရိုဖုိင္မွ Work and Education Section မွာ အဲဒီ သတင္းအခ်က္အလက္ကို ဖ်က္ပစ္မွာပါ။
Events မ်ားကိ္ု ရွာေဖြဖို႔အတြက္ Activity Log က အဆင္ေျပပါတယ္။ Activity Log> About ထဲသြားပါ။ ဖ်က္ခ်င္တဲ့ Event အေပၚမွာ Mouse Cursor တင္ပါ။ ဒါဆိုရင္ သင့္ အမည္ရဲ႕ ေအာက္မွာ အခ်ိန္ကိ္ု ေတြ႔ျမင္ရမွာပါ။ အခ်ိန္ကို ႏွိပ္ရင္ အဲဒီပို႔စ္ကို ျပသေပးမွာ ျဖစ္ပါတယ္။
ပို႔စ္ရဲ႕ ညာဘက္မွ Drop-Down Arrow ကို ႏွိပ္ၿပီး Delete ကို ႏွိပ္ပါ။
#Message ကို ဖ်က္နည္း
Facebook မွ Message မ်ားကို ဖ်က္ပစ္ႏုိင္ေပမယ့္ တစ္ဖက္လူဆီမွာ ဖ်က္ပစ္ေပးမွာ မဟုတ္ဘဲ သင့္ထံမွာသာ ဖ်က္ပစ္ေပးမွာကို သတိျပဳပါ။ Home Page ရဲ႕ အေပၚထိပ္မွ Message ကို ႏွိပ္ၿပီး ေအာက္ေျခမွ See All ကို နွိပ္ပါ။ ေနာက္အဆင့္မွာ ဖ်က္ခ်င္တဲ့ Message ပါရွိတဲ့ Conversation ကို ေရြးေပးပါ။ Gear Icon ကို ႏွိပ္ၿပီး Delete Messages ကို ႏွိပ္ပါ။ ဖ်က္ခ်င္တဲ့ Message မ်ားရဲ႕ ဘယ္ဘက္ေဘးမွ Check Box မ်ားမွာ အမွန္ျခစ္ေပးပါ။ ၿပီးရင္ေအာက္ေျခမွ Delete ကို ႏွိ္ပ္ပါ။ Conversation တစ္ခုလံုးကို ဖ်က္ခ်င္ရင္ေတာ့ Gear Icon ကို ႏွိပ္ၿပီး Delete Conversation ကို ႏွိပ္ပါ။
#Crdit:Digital Times
#သုတ

No comments:

Post a Comment

မင်္ဂလာပါ..