menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

Computer Password unlock


ကွန်ပျူတာ Password မေ့နေပြီလား 👨‍💻

ကွန်ပျူတာ password ပြန်ဆယ်တဲ့နည်းတွေ အများအပြားရှိပါတယ်။
အခုဖော်ပြပေးမှာကတော့ မည်သည့် third-party software မှ မလိုပဲ Windows system မှာပါတဲ့ (utilman.exe)ကို ခဏဖျောက်ပြီး cmd ကို အသုံးပြုပြီး password reset လုပ်၊ user account အသစ်လုပ်တဲ့နည်းဖြစ်ပါတယ်။ ကဲ စမယ်..



 စက်ထဲကို Windows ခွေထည့်ပြီး ခွေနဲ့Boot တက်ပါ။ Install မလုပ်ပဲ Repair your computer ကိုနှိပ်ပါ။ ရွေးစာရာ options တွေပေါ်လာရင် Troubleshoot ကိုနှိပ်၊Command prompt ကို နှိပ်ပါ။ အခုဒီ Cmd ထဲမှာတော့ HDD partition တွေက ကျနော်တို့ပုံမှန်သုံးနေတဲ့ cmd ထဲကလို မဟုတ်ပါဘူး။ ပုံမှန် cmd သုံးနေရင် partition တွေအစဉ်လိုက်ပေါ်နေပြီး ဘယ် partition မှာ ဘာရှိတယ်ဆိုတာကိုလည်းပြနေပါတယ်။ ပုံမှန်အားဖြင့် Windows OS က C:\ အပိုင်းမှာရှိပါတယ်။ ဒါပေမယ့် ဒီ cmd မှာတော့ C:\ အပိုင်းမှာ မဟုတ်ပါဘူး။ ကွန်ပျူတာမှာရှိတဲ့ Volume တွေ System Reserve, MBR စသည်ဖြင့် Volume အကုန်လုံးကို ဖော်ပြပေးတာကြောင့် windows ရှိနေတဲ့ volume က တစ်ခြား volume D,E,F စသည်ဖြင့်နေပါတယ်။ အဲ့ဒီတော့ Windows ဘယ်အပိုင်းမှာရှိသလဲသေချာသိဖို့ cmd မှာ (diskpart) ရိုက်ထည့်ပြီး Enter နှိပ်ပါ။ နောက် cmd တစ်ခုဖွင့်လာပြီး (Diskpart> ) ဖြစ်သွားရင် (list disk) လို့ space တစ်ခါခြားပြီး ရိုက်ထည့်၊

Enter နှိပ်ပါ။ အဲ့ဒီမှာ windows os က ဘယ် drive letter နဲ့ဖြစ်နေသလဲကြည့်မှတ်ထားပါ။ Cmd မှာ windows os ရှိနေတဲ့ drive letter ဥပမာ ကျနော်စက်မှာတော့ drive ပေါင်း 8 ခုရှိပါတယ်။ Windows OS က F letter မှာရှိနေတယ်။ အဲ့တာကြောင့် ခုနက disk part cmd ကနေထွက်ပြီး ပထမဖွင့်ထားတဲ့ cmd မှာ (cd f:\) ရိုက်ထည့်ပြီး windows ရှိတဲ့အပိုင်းကို ဝင်လိုက်ပါ။ နောက်ပြီး (utilman.exe) ရှိတဲ့ system32 အောက်ကိုဝင်မှာဖြစ်တဲ့အတွက် (cd windows\system32) ရိုက်ထည့်ပါ။ (utilman.exe) ကို မဖျက်ခင် သူ့ကို restore ပြန်လုပ်ဖို့တစ်ခြားဖိုင်နာမည်ပြောင်းပြီး သိမ်းထားရမယ်။ အဲ့ဒီတော့ cmd မှာ (ren utilman.exe utilman.exe.bak) ရိုက်ထည့်ပြီး ပြောင်းလိုက်မယ်။ Cmd နဲ့password reset လုပ်မှာမို့cmd ကို windows login မှာ အသုံးပြုလို့ရအောင် copy ကူးထားရမယ်။ အဲ့ဒီတော့ cmd မှာ (copy cmd.exe utilman.exe) ရိုက်ထည့်ပြီး enter နှိပ်လိုက်ပါ။ Windows ခွေကို စက်ထဲကနေထုတ်ပြီး Restart ချလိုက်ပါ။ Windows screen တက်လာရင် Windows Key နဲ့U ကိုတွဲနှိပ်၊ သို့မဟုတ် alt+tab key (or) Power bottom ဘေးနားက Easy Essess ကို နှိပ်ပြီး cmd ကိုရွေးပါ။ ကျနော်က ATRW ဆိုတဲ့ user password ကို reset လုပ်မှာဖြစ်တဲ့အတွက် cmd မှာ (net user ATRW atrw884) လို့ ထည့်လိုက်ပါမယ်။ (atrw884) က ကိုယ်ပေးချင်တဲ့ password အသစ်ပါ။ ပြီးသွားရင် စက်ကို restart ချလိုက်ပါ။ ATRW user account ကို (atrw884) password နဲ့ဝင်လို့ရသွားပါပြီ။ မှတ်ချက်- Password ကို reset လုပ်ရင် user encrypted လုပ်ထားတဲ့ files တွေ ဖျက်စီးသွားနိုင်ပါတယ်။ အဲ့တာကြောင့် အောက်မှာဖော်ပြထားတဲ့ user account အသစ်ဆောက်ဝင်သုံးပြီး မေ့သွားတဲ့ user password ကို ပြောင်းရပါမယ်။ User Account အသစ်ဆောက်တာကတော့ ခုနက Windows screen တက်လာရင် Windows Key နဲ့U ကိုတွဲနှိပ်၊ cmd မှာ (net user netcomplus atrw884 /add) ရိုက်ထည့်မယ်။ netcomplus ဆိုတာက ကိုယ်အသစ်ပေးချင်တဲ့ account နာမည်၊ atrw884 က password ပါ။ space တစ်ခါခြားပြီး ကြိုက်တာပေးပါ။ အဲ့ဒီ netcomplus အကောင့် administrator group မှာထည့်မှာမို့(net localgroup administrators /add) ရိုက်ထည့်ပါ။ Cmd ကို ပိတ်ပြီး စက်ကို restart ချလိုက်ပါ။ netcomplus ဆိုတဲ့ user account ကို တွေ့ရပါမယ်။ netcomplus account ကိုရွေးပြီး atrw884 password နဲ့ဝင်ပါ။

User account အသစ်ဆောက်ပြီးတဲ့အထိစောင့်ပြီး windows screen တက်လာရင် Run box မှာ (compmgmt.msc) ရိုက်ထည့်ပြီး local users and groups အောက်က users ထဲဝင်ပါ။ အဲ့ဒီမှာ မေ့နေတဲ့ user အပေါ်ကို right click နှိပ်ပြီး set password လုပ်လိုက်ပါ။ ပြီးရင် အခုသုံးနေတဲ့ account ကို ထွက်ပြီး အမြဲသုံးနေတဲ့ အကောင့်နဲ့ပြန်ဝင်လိုက်ပါ။ Rename လုပ်ခဲ့တဲ့ (utilman.exe) ကို ပြန်ပြင်ပေးရမယ်။ Cmd ဖွင့်ပါ။

(cd c:\) ရိုက်ထည့်ပါ။ (c:\>) ဖြစ်နေရင် (cd windows\system32) ရိုက်ထည့်ပါ။ windows\system32> ဖြစ်နေရင် (utilman.exe) copy ကူးထားတာကို ဖျက်ဖို့(del utilman.exe) လို့ ရိုက်ထည့်ပါ။ (utilman.exe) ကို (utilman.exe.bak)လို့Rename ပြောင်းခဲ့တာကို အခု (utilman.exe) ပြန်ပြောင်းဖို့(ren utilman.exe.bak utilman.exe) ရိုက်ထည့်ပြီး ခဏစောင့် cmd ကိုပိတ်ပြီး စက်ကို restart ချလိုက်ပါ။ ပုံမှန်အတိုင်း account ကို ပြန်သုံးရသွားပါပြီ။ ပုံထဲက user account တွေက google ကယူထားပြီး နမှုနာအနေဖြင့်သာ ပြထားလို့ပြောထားနဲ့နည်းနည်းလွဲနေပါလိမ့်မယ်။ ဒါပေမယ့် လုပ်ပုံလုပ်နည်းက အတူတူပါပဲ။

#NetComplus



ကြန္ပ်ဴတာ Password ေမ့ေနျပီလား 👨‍💻
ကြန္ပ်ဴတာ password ျပန္ဆယ္တဲ့နည္းေတြ အမ်ားအျပားရွိပါတယ္။
အခုေဖာ္ျပေပးမွာကေတာ့ မည္သည့္ third-party software မွ မလုိပဲ Windows system မွာပါတဲ့ (utilman.exe)ကို ခဏေဖ်ာက္ျပီး cmd ကို အသုံးျပဳျပီး password reset လုပ္၊ user account အသစ္လုပ္တဲ့နည္းျဖစ္ပါတယ္။ ကဲ စမယ္..

 စက္ထဲကို Windows ေခြထည့္ျပီး ေခြနဲ ့Boot တက္ပါ။ Install မလုပ္ပဲ Repair your computer ကိုႏွိပ္ပါ။ ေရြးစာရာ options ေတြေပၚလာရင္ Troubleshoot ကိုႏွိပ္၊Command prompt ကို ႏွိပ္ပါ။ အခုဒီ Cmd ထဲမွာေတာ့ HDD partition ေတြက က်ေနာ္တို ့ပုံမွန္သုံးေနတဲ့ cmd ထဲကလုိ မဟုတ္ပါဘူး။ ပုံမွန္ cmd သုံးေနရင္ partition ေတြအစဥ္လိုက္ေပၚေနျပီး ဘယ္ partition မွာ ဘာရွိတယ္ဆိုတာကိုလည္းျပေနပါတယ္။ ပုံမွန္အားျဖင့္ Windows OS က C:\ အပိုင္းမွာရွိပါတယ္။ ဒါေပမယ့္ ဒီ cmd မွာေတာ့ C:\ အပိုင္းမွာ မဟုတ္ပါဘူး။ ကြန္ပ်ဴတာမွာရွိတဲ့ Volume ေတြ System Reserve, MBR စသည္ျဖင့္ Volume အကုန္လုံးကို ေဖာ္ျပေပးတာေၾကာင့္ windows ရွိေနတဲ့ volume က တစ္ျခား volume D,E,F စသည္ျဖင့္ေနပါတယ္။ အဲ့ဒီေတာ့ Windows ဘယ္အပိုင္းမွာရွိသလဲေသခ်ာသိဖို ့ cmd မွာ (diskpart) ရုိက္ထည့္ျပီး Enter ႏွိပ္ပါ။ ေနာက္ cmd တစ္ခုဖြင့္လာျပီး (Diskpart> ) ျဖစ္သြားရင္ (list disk) လို ့ space တစ္ခါျခားျပီး ရိုက္ထည့္၊
Enter ႏွိပ္ပါ။ အဲ့ဒီမွာ windows os က ဘယ္ drive letter နဲ ့ျဖစ္ေနသလဲၾကည့္မွတ္ထားပါ။ Cmd မွာ windows os ရွိေနတဲ့ drive letter ဥပမာ က်ေနာ္စက္မွာေတာ့ drive ေပါင္း 8 ခုရွိပါတယ္။ Windows OS က F letter မွာရွိေနတယ္။ အဲ့တာေၾကာင့္ ခုနက disk part cmd ကေနထြက္ျပီး ပထမဖြင့္ထားတဲ့ cmd မွာ (cd f:\) ရိုက္ထည့္ျပီး windows ရွိတဲ့အပိုင္းကို ဝင္လိုက္ပါ။ ေနာက္ျပီး (utilman.exe) ရွိတဲ့ system32 ေအာက္ကိုဝင္မွာျဖစ္တဲ့အတြက္ (cd windows\system32) ရိုက္ထည့္ပါ။ (utilman.exe) ကို မဖ်က္ခင္ သူ ့ကို restore ျပန္လုပ္ဖို ့တစ္ျခားဖိုင္နာမည္ေျပာင္းျပီး သိမ္းထားရမယ္။ အဲ့ဒီေတာ့ cmd မွာ (ren utilman.exe utilman.exe.bak) ရုိက္ထည့္ျပီး ေျပာင္းလုိက္မယ္။ Cmd နဲ ့password reset လုပ္မွာမို ့cmd ကို windows login မွာ အသုံးျပဳလို ့ရေအာင္ copy ကူးထားရမယ္။ အဲ့ဒီေတာ့ cmd မွာ (copy cmd.exe utilman.exe) ရိုက္ထည့္ျပီး enter ႏွိပ္လုိက္ပါ။ Windows ေခြကို စက္ထဲကေနထုတ္ျပီး Restart ခ်လိုက္ပါ။ Windows screen တက္လာရင္ Windows Key နဲ ့U ကိုတြဲႏွိပ္၊ သို ့မဟုတ္ alt+tab key (or) Power bottom ေဘးနားက Easy Essess ကို ႏွိပ္ျပီး cmd ကိုေရြးပါ။ က်ေနာ္က ATRW ဆိုတဲ့ user password ကို reset လုပ္မွာျဖစ္တဲ့အတြက္ cmd မွာ (net user ATRW atrw884) လို ့ ထည့္လိုက္ပါမယ္။ (atrw884) က ကိုယ္ေပးခ်င္တဲ့ password အသစ္ပါ။ ျပီးသြားရင္ စက္ကို restart ခ်လိုက္ပါ။ ATRW user account ကို (atrw884) password နဲ ့ဝင္လုိ ့ရသြားပါျပီ။ မွတ္ခ်က္- Password ကို reset လုပ္ရင္ user encrypted လုပ္ထားတဲ့ files ေတြ ဖ်က္စီးသြားႏုိင္ပါတယ္။ အဲ့တာေၾကာင့္ ေအာက္မွာေဖာ္ျပထားတဲ့ user account အသစ္ေဆာက္ဝင္သုံးျပီး ေမ့သြားတဲ့ user password ကို ေျပာင္းရပါမယ္။ User Account အသစ္ေဆာက္တာကေတာ့ ခုနက Windows screen တက္လာရင္ Windows Key နဲ ့U ကိုတြဲႏွိပ္၊ cmd မွာ (net user netcomplus atrw884 /add) ရိုက္ထည့္မယ္။ netcomplus ဆိုတာက ကိုယ္အသစ္ေပးခ်င္တဲ့ account နာမည္၊ atrw884 က password ပါ။ space တစ္ခါျခားျပီး ၾကိဳက္တာေပးပါ။ အဲ့ဒီ netcomplus အေကာင့္ administrator group မွာထည့္မွာမို ့(net localgroup administrators /add) ရိုက္ထည့္ပါ။ Cmd ကို ပိတ္ျပီး စက္ကို restart ခ်လုိက္ပါ။ netcomplus ဆုိတဲ့ user account ကို ေတြ ့ရပါမယ္။ netcomplus account ကိုေရြးျပီး atrw884 password နဲ ့ဝင္ပါ။
User account အသစ္ေဆာက္ျပီးတဲ့အထိေစာင့္ျပီး windows screen တက္လာရင္ Run box မွာ (compmgmt.msc) ရိုက္ထည့္ျပီး local users and groups ေအာက္က users ထဲဝင္ပါ။ အဲ့ဒီမွာ ေမ့ေနတဲ့ user အေပၚကို right click ႏွိပ္ျပီး set password လုပ္လုိက္ပါ။ ျပီးရင္ အခုသုံးေနတဲ့ account ကို ထြက္ျပီး အျမဲသုံးေနတဲ့ အေကာင့္နဲ ့ျပန္ဝင္လုိက္ပါ။ Rename လုပ္ခဲ့တဲ့ (utilman.exe) ကို ျပန္ျပင္ေပးရမယ္။ Cmd ဖြင့္ပါ။
(cd c:\) ရိုက္ထည့္ပါ။ (c:\>) ျဖစ္ေနရင္ (cd windows\system32) ရိုက္ထည့္ပါ။ windows\system32> ျဖစ္ေနရင္ (utilman.exe) copy ကူးထားတာကို ဖ်က္ဖို ့(del utilman.exe) လို ့ ရိုက္ထည့္ပါ။ (utilman.exe) ကို (utilman.exe.bak)လို ့Rename ေျပာင္းခဲ့တာကို အခု (utilman.exe) ျပန္ေျပာင္းဖို ့(ren utilman.exe.bak utilman.exe) ရိုက္ထည့္ျပီး ခဏေစာင့္ cmd ကိုပိတ္ျပီး စက္ကို restart ခ်လိုက္ပါ။ ပုံမွန္အတိုင္း account ကို ျပန္သုံးရသြားပါျပီ။ ပုံထဲက user account ေတြက google ကယူထားျပီး နမႈနာအေနျဖင့္သာ ျပထားလုိ ့ေျပာထားနဲ ့နည္းနည္းလြဲေနပါလိမ့္မယ္။ ဒါေပမယ့္ လုပ္ပုံလုပ္နည္းက အတူတူပါပဲ။
#NetComplus

No comments:

Post a Comment

မင်္ဂလာပါ..