menu
@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..
Computer hang နေလား
 computer hang နေရင် လုပ်ရမယ့် step လေးတွေကိုပြောပြပါ့မယ်။
၁) ကွန်ပျူတာရဲ့ CPU fan ကအလုပ်ကောင်းကောင်းလုပ်သလားဆိုတာကိုစစ်ဆေးကြည့်ရပါမယ်။ ( ပုံမှန်လည်နေတာလား။ ဒါမှမဟုတ် လည်တစ်ချက် မလည်တစ်ချက်ဖြစ်နေတာလား။ လည်တာက နှေးနှေးလေးဖြစ်နေတာလားပေါ့။ )
၂) နောက်တစ်ခုကတော့ ကျွန်တော်တို့ Run ထဲမှာ (%temp%;prefetch;recent) ကို ပုံမှန်ဖျက်ထုတ်ပေးပါ။ ဖျက်လို့မရတဲ့  files တွေလဲတွေ့ရမှာပါ။ ဖျက်ရချင်ရင်တော့ unlocker softeare နဲ့ ဖြေရှင်းလို့ရပါတယ်။ free ပေးပါတယ် google မှာရှာလိုက်ပါ။ ဖိုင် size က 1MB လောက်သာရှိပါတယ်။
၃) ပြီးရင် My Computer ထဲကိုသွား။ တွေ့တဲ့ C: D: E: drive တွေအားလုံးကို select all လုပ် right click ခေါက်လိုက်။ ပြီးရင် properties ကိုရွေးပြီး Disk cleanup button ကိုနှိပ်ပြီး မလိုတာတွေကိုရှင်းပြစ်။
၄) Run box မှာ msconfig ကိုနှိပ် ပေါ်လာတဲ့ box ထဲမှာ services နဲ့ starup တွေထဲက မလိုအပ်တဲ့ process တွေကို uncheck လုပ်ပြစ်ပါ။ admin right တော့လိုတယ်။ ပြီးတော့ ဘယ် process တွေကို လိုတယ်မလိုဘူးဆိုတာကို ဆုံးဖြတ်ဖို့ knowledge နည်းနည်းလိုလိမ့်မယ်။
၅) windows partition ထဲက windows ထဲကိုဝင် ပြီးတော့ system 32 folder ထဲက “ prefetch” folder ကိုရှာပြီး ဖျက်ပြစ်လိုက်။ မတွေ့ဘူးဆိုရင် windows folder ထဲမှာပဲရှာကြည့် တွေ့ရင် ဖျက်ပြစ်။
၆) မိမိတို့ computer မှာ ctrl+alt+ delete key (တစ်ချို့စက်တွေမှာ ctrl+shift+Esc ) နိုပ်ပြီ Task manager ကိုခေါ်လိုက်ပါ။ ပြီရင် processes ထဲမှာ ကို အသုံးမလိုတဲ့ software တွေကို End Process လိုက်လုပ်ပါ။
၇) နောက်တစ်ခုက virtual memory တိုးပေးတာဖြစ်ပါတယ်။ ကျွန်တော်တို့ program တွေ အများကြီး run ထားတဲ့အခါ virtual memory မလုံလောက်တဲ့အတွက် စက် Hangs တာမျိုးတွေ ဖြစ်တက်ပါတယ်။ virtual memory လုပ်နည်းကိုကျွန်တော်သီးခြားတင်ပေးပါ့မယ်။
၈) နောက်တစ်ခုကတော့ ကျွန်တော်တို့ Browser တွေရဲ့ History တွေကို ဖျက်ထုတ်တာဖြစ်ပါတယ်။ ccleaner software နဲ့ ဖြေရှင်းက အတော် ကောင်းတယ်။ software မသုံးချင်တဲ့ သူငယ်ချင်းများအတွက် Internet explorer မှာ Tools ဆိုတာ တွေ့ကြမှာပါ။ အဲဒီမှာ internet option ထဲက General မှာ clear History ကို click လိုက်ပြီ ok ပေးလိုက်တာပါ။ Firefox မှာလဲ ကျွန်တော်တို့ option ထဲက privacy ထဲမှာ private ထဲက setting မှာ ကျွန်တော်တို့ clear ပေးလိုက်ပါ။ Browser History တွေကို ပြောတာနော်။
၉) နောက်တစ်ခုကတော့ Internet temporary files တွေကို delete ပေးရပါ့မယ်။ ဒါကတော့ option က ဖျက်တာနဲ့စာရင် ccleanner softeware နဲ့ ဖြေရှင်းတာ အကောင်းဆုံးဖြစ်ပါတယ်။
၁၀) နောက်တစ်ခုကတော့ မလိုအပ်တဲ့ programs တွေကို ဖျက်ထုတ်တာဖြစ်ပါတယ်။ မိမိတို့စက်မှာ မလိုအပ်တာတွေကို မိမိတာလျင် အသိဆုံးဖြစ်မှာပါ။ မိမိcomputer က control panel ထဲက add/remove programs ထဲက မလိုတာတွေကို uninstall လုပ်လိုက်ပါ။
၁၁) နောက်တစ်ခုကတော့ files တွေကို ပြန်စီတာဖြစ်ပါတယ်။ Defragmenter ချတယ်လို့လဲခေါ်ပါတယ်။ Defragmenter ချတဲ့နေရာမှာ မိမိ Defragmenter ချတဲ့အခါ မိမိချချင်တဲ့ Disk မှာ free space 15% ရှိရပါမယ်။ မရှိရင်တော့ defragmenter ချလို့ မရပါဘူး။ လုပ်နည်းကတော့ all programs/accessories /system tool/disk defragmenter မှာ မိမိ partition ခွဲထားတစ်လောက် file တွေကို ပြန်စီလိုက်ပါ။
၁၂) နောက်တစ်ခုကတော့ မိမိ ကွန်ပျူတာမှာ error ကို check လုပ်တာပါ။ မိမိစက်မှာ error တက်နေတဲ့ program တွေကို check လုပ်လိုက်တာပါ။ ဘယ်လိုလုပ်ရသလဲဆိုရင် မိမိ error ရှာချင်တဲ့ disk ပေါ်မှာ right click ထောက်။ properties ထဲက tools မှာ error-checking အကွက်ထဲမှာ check Now ကို click ပြီ မိမိတို့လုပ်စေချင်တာကို အမှန်ခြစ်ပေးပြီ check လုပ်လိုက်ပါ။
၁၃) နောက်ဆုံးနဲ့ အရေးကြီးဆုံးအချက်ကတော့ computer ကို shutdown ချတဲ့အခါကျရင် power ဆွဲဖြုတ်ပြီးပိတ်တာမျိုးမလုပ်ပါနဲ့။ #CREDIT
No comments:
Post a Comment
မင်္ဂလာပါ..