Camera အကြောင်း....လေ့လာကြည့်ရအောင်
++++++++++++++++++++
အလင်း အမှောင် အရောင် နှင့် ပြတ်သား သည့် ပုံတစ်ပုံ ရရှိရန်အတွက် မဖြစ်မနေ သိရမည့် အချက်များ သို့မဟုတ် ဓာတ်ပုံရိုက်ကူးမှု အခြေခံ အကျဉ်း...
ပုံကောင်းတစ်ပုံ ရရှိမယ်လို့တော့ မဆိုလိုပါဘူး။ ဒါပေမယ့်
အလင်း အမှောင် အရောင် မှန်မှန်ကန်ကန် နဲ့ ဝေဝါးခြင်းမရှိပဲ
ကြည်လင်ပြတ်သားတဲ့ ဓာတ်ပုံတစ်ပုံ ရရှိဖို့အတွက် ဆိုရင်တော့
အောက်မှာဖော်ပြမည့် အချက်တွေဟာ မသိမဖြစ်လိုအပ်ပါတယ်။
ဓာတ်ပုံပညာ လေ့လာရင်လေ့လာသလောက် ကျယ်ပြန့်ပါတယ်။
အဆုံးလဲရှိမယ်မထင်ပါဘူး။ Camera အသစ်တွေ နှစ်စဉ်ထွက်
နေသလို ရိုက်ကူးခြင်းဆိုင်ရာ နည်းစနစ်တွေလဲ အမြဲတမ်း
တိုးတက် ပြောင်းလဲ နေပါတယ်။
ဒါပေမယ့်လဲ သာမန်လူတစ်ဦးအတွက် ပုံတစ်ပုံကို မှန်မှန်ကန်ကန်
ရိုက်နိုင်ဖို့ အရမ်းခက်သလား ဆိုတော့လဲ သာမန်ညဏ်ရည်ရှိသူ
တစ်ဦးအတွက်တော့ အခက်ခဲကြီး မဟုတ်ပါဘူး။ ကင်မရာကို
ကိုင်ပြီး ဓာတ်ပုံစရိုက်မယ့်သူ အတွက် အခုဖော်ပြမယ့် အချက်
တွေကိုတော့ မသိမဖြစ်သိရပါမယ်။ ဒါမှသာ မှန်ကန်တဲ့ ပုံတစ်ပုံ
ရအောင် ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။
# ကိုယ့် ကင်မရာအကြောင်း ကိုယ်သိပါ
ပထမဆုံး အနေနဲ့ ကိုယ်သုံးမယ့် ကိုယ်ကိုင်မယ့် Camera
အကြောင်းကိုတော့ သိကိုသိရပါမယ်။
ကိုယ်ကိုင်မယ့် ကင်မရာက DSLR လား Mirrorless လား
Nikon လား Canon လား စသဖြင့် အမျိုးအစား ကိုသိသင့်
ပါတယ်။
ကင်မရာ မှာပါတဲ့ ခလုတ်တွေ Dial တွေ ရဲ့ အလုပ်လုပ်ပုံ Camera Function Camera Setting စတာတွေကို မသိမဖြစ်သိမှသာ လိုချင်တဲ့ Setting တွေကို အလွယ်တကူ ပြောင်းလဲ ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ ကိုယ်က ဘယ် Mode နဲ့
ရိုက်ချင်လဲပေါ်မူတည်ပြီး လိုအပ်တဲ့ Aperture Shutter
Speed iso တွေကို ပြောင်းလဲရမှာ ဖြစ်တဲ့အတွက် ခလုတ်တွေ
မှာပါတဲ့ သင်္ကေတ အတိုကောင်စာလုံး အခေါ်အဝေါ်စတာတွေ
ကိုသိထားမှသာ ရိုက်ရတာ အဆင်ပြေ မြန်ဆန်မှာ ဖြစ်ပါတယ်။
ဒါတွေကို သိဖို့အတွက် Camera ဝယ်တုန်းက ပါလာတဲ့
Manual စာအုပ်နဲ့ တွဲဖက် လေ့လာထားရမှာဖြစ်ပါတယ်။
အကယ်၍ စာအုပ်မရှိရင် Internet ပေါ်မှ ရှာဖွေလေ့လာရပါ
မယ်။ Youtube မှ Video တွေကိုလဲ ကြည့်ရှုလေ့လာလို့
ရပါတယ်။
# ဒုတိယ အချက်အနေနဲ့ Exposure အခြေခံ ကို မသိမဖြစ်
သိထားရပါမယ်။
ဓာတ်ပုံရိုက်တယ်ဆိုတာ အလင်းရောင်ကို Camera နဲ့ ဖမ်းယူ
ပုံဖော်ခြင်းဖြစ်ပါတယ်။
အလင်းရောင်ကိုဖမ်းတဲ့ နေရာမှာ အလင်းအနဲ အများကို
အလင်းဝင်ပေါက်အရွယ် နဲ့ အလင်းဝင်တဲ့ အချိန်ပေါ်မူတည်ပြီး
အလင်းရောင်ကို ဖမ်းယူပါတယ်။ ဒါကို Aperture နဲ့
Shutter Speedလို့ခေါ်ပါတယ်။ ပြင်ပအလင်းရောင်ပေါ်
မူတည်ပြီး ဒီနှစ်ခုကို မျှတအောင်ချိန်ပေးမှသာ အလင်းအမှောင်
မှန်တဲ့ ပုံတစ်ပုံကို ရရှိမှာဖြစ်ပါတယ်။ ဒီနှစ်မျိုးအပြင် နောက်ထပ်
iso လို့ခေါ်တဲ့ အလင်းသိနိုင်အားကိုလဲ လိုအပ်လျင် ထပ်မံ
ချိန်ပေးရမှာဖြစ်ပါတယ်။ ဒီ သုံးမျိုးရဲ့ အခြေခံသဘော
အချင်းချင်းဆက်စပ်နေပုံ တို့ကို သိထားမှသာလျင် ပုံတစ်ပုံရဲ့
အလင်းအမှောင်ကို လိုအပ်သလို ပုံဖော်နိုင်မှာ ဖြစ်ပါတယ်။
ဒါ့အပြင် Aperture ကို ဘယ်လိုနေရာတွေမှာ ပြောင်းလဲ
အသုံးပြုသလဲ Shutter speed ကို ဘယ်လိုပုံမျိုးတွေမှာ
ပြောင်းလဲ အသုံးပြုရသလဲဆိုတဲ့ သဘောတရားတွေကို
သိထားမှသာ လိုချင်တဲ့ Deepth of field, လိုချင်တဲ့
လှုပ်ရှားမှု ပြတ်သားမှု ပုံရိပ်တွေကိုရိုက် နိုင်မှာ ဖြစ်ပါတယ်။
# ကိုယ်ရိုက်ကူးမည့် Camera Mode တွေရဲ့ အကြောင်းကို
သိရပါမယ်။
Depth of field ကိုပဲကစားချင်လို့ Aperture ကိုပဲကစားပြီး
Shutter speed ကို Camera က အလိုအလျောက်ချိန်ပေး
ချင်တာလား
လှုပ်ရှားနေတဲ့အရာတွေကို ကြည်လင်ပြတ်သား အဝေဝါးတွေ
ရိုက်ချင်လို့ Shutter speed ကိုပဲကစားပြီး Aperture ကို
Camera က ခလိုလျောက်ချိန်ပေးချင်တာလား
အလင်းအမှောင်ကို စိတ်ကြိုက် ပုံဖော်ချင်လို့ Camera တစ်ခုလုံးကိုယ်တိုင် ထိန်းချုပ်ချင်တာလား
စတာတွေပေါ်မူတည်ပြီး ရိုက်ကူးနိုင်တဲ့ Camera Mode
တွေအကြောင်းကို သိထားမှသာလျင် မှန်မှန်ကန်ကန် ရိုက်ကူး
နိုင်မှာ ဖြစ်ပါတယ်။
Camera ရဲ့ Focusing စနစ်အကြောင်းကို ပြောရင်ရင်
စတင်ရိုက်ကူးမယ့်သူတွေအတွက် ရှုပ်ထွေး ရှည်လျားပါတယ်။
ဒါကြောင့် လိုအပ်သလောက်ပဲပြောရရင်
ကိုယ်က ငြိမ်နေတဲ့ အရာကိုရိုက်မှာလား လှုပ်ရှားနေတဲ့အရာကို
ရိုက်မှာလား ဒါကိုမူတည်ပြီး Focus Modeတွေကို ပြောင်းနိုင်
ရပါမယ်။
Focus ဖြတ်တဲ့နေရာမှာလဲ Point တစ်နေရာကိုပဲ ယူမလား
Area တစ်ခုအနေနဲ့ ယူမလား ဒါကိုလဲ သိရမှာဖြစ်ပါတယ်။
Aperture ပေါ်မူတည်ပြီးလဲ ပြတ်သားတဲ့နေရာ အနည်းအများ
ပြောင်းလဲတယ် ဆိုတာလဲသိထားရမှာဖြစ်ပါတယ်။
စတင်ရိုက်ကူးမယ့် သူတွေအနေနဲ့ ကိုယ်ကြည်လင်ပြတ်သားချင်
တဲ့နေရာကို Focus မိအောင် Shutter ခလုတ်ကို တစ်ဝက်
ဖိထားပြီး Focus မိတဲ့ အစိမ်းရောင်လေး ပေါ်မှသာ ခလုတ်ကို
အဆုံးထိ နှိပ်ပြီး ရိုက်ကူးတတ်ရပါမယ်။ # White Balance
# Metering Mode များ
ကိုယ်က Aperture နဲ့ Shutter Speed ကိုစိတ်ကြိုက်ချိန်
ချင်လို့ Manual mode နဲ့ရိုက်မယ်ဆိုရင်တော့ Metering
ကို ထည့်သွင်းစဉ်းစားစရာ မလိုပေမယ့်
Aperture ကိုပဲ ချိန်ချင်ရင် ဒါမှမဟုတ် Shutter speed
ကိုပဲ ချိန်ချင်ရင်တော့ Metering ဆိုတဲ့ အလင်းရောင်ကို
Camera က တိုင်းတာတွက်ချက်ပြီး လိုအပ်တဲ့ Shutter
Speed နဲ့ Aperture ကိုလိုက်ဖြည့်ပေးတဲ့ Mode တွေ
အကြောင်းကို သိထားရမှာဖြစ်ပါတယ်။
အလင်းရောင်ကို နောက်ခံပေးထား တဲ့ပုံတွေမှာဆိုရင်
အနောက်ခံက လင်းနေပြီး အရှေ့က လူတွေက မှောင်နေတတ်ပါ
တယ်။ ကိုယ်က လူ ကို အလင်းအမှောင် အမှန်ဖြစ်အောင်ရိုက်ရင်
နောက်ခံက ပိုပြီးလင်းသွားတတ်သလို
အနောက်ခံကို အမှန်ယူရင်လဲ အရှေ့က လူက မှောင်သွားတတ်
ပါတယ်။ Metering ဆိုတာကလဲ Camera ကို ဘယ်နေရာရဲ့
အလင်းကိုတော့ အမှန်ယူပြီး တွက်ချက်ပါလို့ ခိုင်းလိုက်တဲ့
သဘောပဖြစ်ပါတယ်။
လူ့မျက်နှာတစ်ခု ထဲကိုပဲ အမှန်ရအောင် တိုင်းမလား
ဒါမှမဟုတ် တစ်ပုံလုံးကို အလင်းအမှောင် မျှတအောင်တိုင်းမလား
ဒါမှမဟုတ်ပုံရဲ့ တစ်စိတ်တစ်ပိုင်းလောက်ကိုပဲ တိုင်းမလား
စသဖြင့် Metering mode ကိုပြောင်းလဲပီး စေခိုင်းလို့ရပါ
တယ်။ ဒီသဘောကိုနားလည်ထားမှသာ ကိုယ်လိုချင်တဲ့ ပုံရိပ်ကို
မှန်ကန်တဲ့ အလင်းအမှောင်နဲ့ ရိုက်ကူး နိုင်မှာ ဖြစ်ပါတယ်။
# Focusing Mode
ဓာတ်ပုံရိုက်ကူးတဲ့ နေရာမှာ သာမန်အားဖြင့် ကြည်လင်ပြတ်သား
တဲ့ ပုံတစ်ပုံရရှိဖို့ အရေးကြီးပါတယ်။
ဒါကြောင့် ကိုယ်ရိုက်ချင်တဲ့ မြင်ကွင်းပေါ်မူတည်ပြီး Focus
Mode ကိုပြောင်းလဲရိုက်ကူးတတ်ဖို့လိုပါတယ်။
အလင်းရောင် ဆိုတဲ့အတိုင်း အလင်းမှာအရောင်တွေပါနေပါတယ်
အလင်းက အရာဝတ္ထုတွေအပေါ် ရိုက်ခတ်ပြီး Camera စီကို
ရောက်တဲ့အခါ အလင်းအမျိုးအစားပေါ်မူတည်ပြီး အရာဝတ္ထု
တွေရဲ့ မူရင်းအရောင်တွေကို Camera ဖတ်ယူတဲ့အခါ အရောင်
တွေပြောင်းလဲသွားတတ်ပါတယ်။ ဒီသဘောကို White Balancce သို့ Color Temperature လို့လဲ သုံးတတ်ကြ
ပါတယ်။ သာမန်အားဖြင့် Auto White Balance AWB
Setting မှာထားပြီးရိုက်ကူးတတ်ကြပါတယ်။ ဒါပေမယ့်
ပြင်ပအရောင်နဲ့ Camera မှာပေါ်တဲ့အရောင်က အမြဲတမ်း
မတူပါဘူး။ အရောင်မမှန်တတ်ပါဘူး။ ကိုယ်က ပြင်ပမှာရှိတဲ့
အရောင်နီးပါးလိုချင်ရင်တော့ AWB ကိုပဲအားမကိုးပဲ ပြင်ပ
အလင်းအခြေအနေပေါ်မူတည်ပြီး WB ကိုလိုက်ပြောင်းပေး
နိုင်ရပါမယ်။
အဓိကအားဖြင့် ကိုယ့်ရဲ့ပုံမှာ အပြာရောင်ဖက်ပိုသန်းနေလား
အဝါရောင်ဖက်ပိုသန်း နေသလားကိုကြည့်ပြီး Mode တွေကို
ပြောင်းလဲရိုက်ကူးကြည့်ပြီး အရောင်မှန်အောင် ရိုက်ကူးရမှာ
ဖြစ်ပါတယ်။
# Lens Basic
ကိုယ်ကိုင်တွယ်မယ့် Camera မှာ တပ်ဆင်မယ့် Lens တွေရဲ့
အခြေခံ အကြောင်းကို သိထားရပါမယ်။
ကိုယ်သုံးမယ့် Lens က Auto Focus ရလား Image Stabilization စနစ်ပါသလား ဆိုတားသိရပါမယ်။
Lens ရဲ့ focal length Range ကိုလဲသိရပါမယ်။
Aperture Range ကိုလဲသိထားရပါမယ်။
ဒါတွေသိထားမှသာ ကိုယ်ရိုက်ချင်တဲ့ မြင်ကွင်းနဲ့ သင့်တော်တဲ့
Lens အမျိုးအစားကို ရွေးချယ်၍ ဖြစ်စေ ကိုယ့်မှရှိတဲ့ Lens
နဲ့ပဲ အဆင်ပြေဆုံးရအောင် ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။
နိဂုံးချုပ်ရရင် ဒီစာကိုဖတ်ပြီး ဓာတ်ပုံရိုက်ကူးတတ်မှာ မဟုတ်
ပေမယ့် ဓာတ်ပုံအခြေခံ ရိုက်ကူးတတ်ဖို့အတွက် မဖြစ်မနေသိထားသင့်တာ တွေကို ရေးသားထားတဲ့အတွက် မိမိသိဖို့လိုအပ်တာတွေကို အပိုင်းလိုက် အဆင့်လိုက် လေ့လာရလွယ်ကူစေမှာ
ဖြစ်ပါတယ်။
Camera အေၾကာင္း....ေလ့လာၾကည့္ရေအာင္
အလင္း အေမွာင္ အေရာင္ နွင့္ ျပတ္သား သည့္ ပံုတစ္ပံု ရရိွရန္အတြက္ မျဖစ္မေန သိရမည့္ အခ်က္မ်ား သို႔မဟုတ္ ဓာတ္ပံုရိုက္ကူးမႈ အေျခခံ အက်ဥ္း...
ပံုေကာင္းတစ္ပံု ရရိွမယ္လို႔ေတာ့ မဆိုလိုပါဘူး။ ဒါေပမယ့္
အလင္း အေမွာင္ အေရာင္ မွန္မွန္ကန္ကန္ နဲ႔ ေဝဝါးျခင္းမရိွပဲ
ၾကည္လင္ျပတ္သားတဲ့ ဓာတ္ပံုတစ္ပံု ရရိွဖို႔အတြက္ ဆိုရင္ေတာ့
ေအာက္မွာေဖာ္ျပမည့္ အခ်က္ေတြဟာ မသိမျဖစ္လိုအပ္ပါတယ္။
ဓာတ္ပံုပညာ ေလ့လာရင္ေလ့လာသေလာက္ က်ယ္ျပန္႔ပါတယ္။
အဆံုးလဲရိွမယ္မထင္ပါဘူး။ Camera အသစ္ေတြ နွစ္စဥ္ထြက္
ေနသလို ရိုက္ကူးျခင္းဆိုင္ရာ နည္းစနစ္ေတြလဲ အၿမဲတမ္း
တိုးတက္ ေျပာင္းလဲ ေနပါတယ္။
ဒါေပမယ့္လဲ သာမန္လူတစ္ဦးအတြက္ ပံုတစ္ပံုကို မွန္မွန္ကန္ကန္
ရိုက္နိုင္ဖို႔ အရမ္းခက္သလား ဆုိေတာ့လဲ သာမန္ညဏ္ရည္ရိွသူ
တစ္ဦးအတြက္ေတာ့ အခက္ခဲႀကီး မဟုတ္ပါဘူး။ ကင္မရာကို
ကိုင္ၿပီး ဓာတ္ပံုစရိုက္မယ့္သူ အတြက္ အခုေဖာ္ျပမယ့္ အခ်က္
ေတြကိုေတာ့ မသိမျဖစ္သိရပါမယ္။ ဒါမွသာ မွန္ကန္တဲ့ ပံုတစ္ပံု
ရေအာင္ ရိုက္ကူးနိုင္မွာ ျဖစ္ပါတယ္။
# ကိုယ့္ ကင္မရာအေၾကာင္း ကိုယ္သိပါ
ပထမဆံုး အေနနဲ႔ ကိုယ္သံုးမယ့္ ကိုယ္ကိုင္မယ့္ Camera
အေၾကာင္းကိုေတာ့ သိကိုသိရပါမယ္။
ကိုယ္ကိုင္မယ့္ ကင္မရာက DSLR လား Mirrorless လား
Nikon လား Canon လား စသျဖင့္ အမ်ိဳးအစား ကိုသိသင့္
ပါတယ္။
ကင္မရာ မွာပါတဲ့ ခလုတ္ေတြ Dial ေတြ ရဲ႕ အလုပ္လုပ္ပံု Camera Function Camera Setting စတာေတြကို မသိမျဖစ္သိမွသာ လိုခ်င္တဲ့ Setting ေတြကို အလြယ္တကူ ေျပာင္းလဲ ရိုက္ကူးနိုင္မွာ ျဖစ္ပါတယ္။ ကိုယ္က ဘယ္ Mode နဲ႔
ရိုက္ခ်င္လဲေပၚမူတည္ၿပီး လိုအပ္တဲ့ Aperture Shutter
Speed iso ေတြကို ေျပာင္းလဲရမွာ ျဖစ္တဲ့အတြက္ ခလုတ္ေတြ
မွာပါတဲ့ သေကၤတ အတိုေကာင္စာလံုး အေခၚအေဝၚစတာေတြ
ကိုသိထားမွသာ ရိုက္ရတာ အဆင္ေျပ ျမန္ဆန္မွာ ျဖစ္ပါတယ္။
ဒါေတြကို သိဖို႔အတြက္ Camera ဝယ္တုန္းက ပါလာတဲ့
Manual စာအုပ္နဲ႔ တြဲဖက္ ေလ့လာထားရမွာျဖစ္ပါတယ္။
အကယ္၍ စာအုပ္မရိွရင္ Internet ေပၚမွ ရွာေဖြေလ့လာရပါ
မယ္။ Youtube မွ Video ေတြကိုလဲ ၾကည့္ရႈေလ့လာလို႔
ရပါတယ္။
# ဒုတိယ အခ်က္အေနနဲ႔ Exposure အေျခခံ ကို မသိမျဖစ္
သိထားရပါမယ္။
ဓာတ္ပံုရိုက္တယ္ဆိုတာ အလင္းေရာင္ကို Camera နဲ႔ ဖမ္းယူ
ပံုေဖာ္ျခင္းျဖစ္ပါတယ္။
အလင္းေရာင္ကိုဖမ္းတဲ့ ေနရာမွာ အလင္းအနဲ အမ်ားကို
အလင္းဝင္ေပါက္အ႐ြယ္ နဲ႔ အလင္းဝင္တဲ့ အခ်ိန္ေပၚမူတည္ၿပီး
အလင္းေရာင္ကို ဖမ္းယူပါတယ္။ ဒါကို Aperture နဲ႔
Shutter Speedလို႔ေခၚပါတယ္။ ျပင္ပအလင္းေရာင္ေပၚ
မူတည္ၿပီး ဒီနွစ္ခုကို မ်ွတေအာင္ခ်ိန္ေပးမွသာ အလင္းအေမွာင္
မွန္တဲ့ ပံုတစ္ပံုကို ရရိွမွာျဖစ္ပါတယ္။ ဒီနွစ္မ်ိဳးအျပင္ ေနာက္ထပ္
iso လို႔ေခၚတဲ့ အလင္းသိနိုင္အားကိုလဲ လိုအပ္လ်င္ ထပ္မံ
ခ်ိန္ေပးရမွာျဖစ္ပါတယ္။ ဒီ သံုးမ်ိဳးရဲ႕ အေျခခံသေဘာ
အခ်င္းခ်င္းဆက္စပ္ေနပံု တို႔ကို သိထားမွသာလ်င္ ပံုတစ္ပံုရဲ႕
အလင္းအေမွာင္ကို လိုအပ္သလို ပံုေဖာ္နိုင္မွာ ျဖစ္ပါတယ္။
ဒါ့အျပင္ Aperture ကို ဘယ္လိုေနရာေတြမွာ ေျပာင္းလဲ
အသံုးျပဳသလဲ Shutter speed ကို ဘယ္လိုပံုမ်ိဳးေတြမွာ
ေျပာင္းလဲ အသံုးျပဳရသလဲဆိုတဲ့ သေဘာတရားေတြကို
သိထားမွသာ လိုခ်င္တဲ့ Deepth of field, လိုခ်င္တဲ့
လႈပ္ရွားမႈ ျပတ္သားမႈ ပံုရိပ္ေတြကိုရိုက္ နိုင္မွာ ျဖစ္ပါတယ္။
# ကိုယ္ရိုက္ကူးမည့္ Camera Mode ေတြရဲ႕ အေၾကာင္းကို
သိရပါမယ္။
Depth of field ကိုပဲကစားခ်င္လို႔ Aperture ကိုပဲကစားၿပီး
Shutter speed ကို Camera က အလိုအေလ်ာက္ခ်ိန္ေပး
ခ်င္တာလား
လႈပ္ရွားေနတဲ့အရာေတြကို ၾကည္လင္ျပတ္သား အေဝဝါးေတြ
ရိုက္ခ်င္လို႔ Shutter speed ကိုပဲကစားၿပီး Aperture ကို
Camera က ခလိုေလ်ာက္ခ်ိန္ေပးခ်င္တာလား
အလင္းအေမွာင္ကို စိတ္ႀကိဳက္ ပံုေဖာ္ခ်င္လို႔ Camera တစ္ခုလံုးကိုယ္တိုင္ ထိန္းခ်ဳပ္ခ်င္တာလား
စတာေတြေပၚမူတည္ၿပီး ရိုက္ကူးနိုင္တဲ့ Camera Mode
ေတြအေၾကာင္းကို သိထားမွသာလ်င္ မွန္မွန္ကန္ကန္ ရိုက္ကူး
နိုင္မွာ ျဖစ္ပါတယ္။
Camera ရဲ႕ Focusing စနစ္အေၾကာင္းကို ေျပာရင္ရင္
စတင္ရိုက္ကူးမယ့္သူေတြအတြက္ ရႈပ္ေထြး ရွည္လ်ားပါတယ္။
ဒါေၾကာင့္ လိုအပ္သေလာက္ပဲေျပာရရင္
ကိုယ္က ၿငိမ္ေနတဲ့ အရာကိုရိုက္မွာလား လႈပ္ရွားေနတဲ့အရာကို
ရိုက္မွာလား ဒါကိုမူတည္ၿပီး Focus Modeေတြကို ေျပာင္းနိုင္
ရပါမယ္။
Focus ျဖတ္တဲ့ေနရာမွာလဲ Point တစ္ေနရာကိုပဲ ယူမလား
Area တစ္ခုအေနနဲ႔ ယူမလား ဒါကိုလဲ သိရမွာျဖစ္ပါတယ္။
Aperture ေပၚမူတည္ၿပီးလဲ ျပတ္သားတဲ့ေနရာ အနည္းအမ်ား
ေျပာင္းလဲတယ္ ဆိုတာလဲသိထားရမွာျဖစ္ပါတယ္။
စတင္ရိုက္ကူးမယ့္ သူေတြအေနနဲ႔ ကိုယ္ၾကည္လင္ျပတ္သားခ်င္
တဲ့ေနရာကို Focus မိေအာင္ Shutter ခလုတ္ကို တစ္ဝက္
ဖိထားၿပီး Focus မိတဲ့ အစိမ္းေရာင္ေလး ေပၚမွသာ ခလုတ္ကို
အဆံုးထိ နိွပ္ၿပီး ရိုက္ကူးတတ္ရပါမယ္။ # White Balance
# Metering Mode မ်ား
ကိုယ္က Aperture နဲ႔ Shutter Speed ကိုစိတ္ႀကိဳက္ခ်ိန္
ခ်င္လို႔ Manual mode နဲ႔ရိုက္မယ္ဆိုရင္ေတာ့ Metering
ကို ထည့္သြင္းစဥ္းစားစရာ မလိုေပမယ့္
Aperture ကိုပဲ ခ်ိန္ခ်င္ရင္ ဒါမွမဟုတ္ Shutter speed
ကိုပဲ ခ်ိန္ခ်င္ရင္ေတာ့ Metering ဆိုတဲ့ အလင္းေရာင္ကို
Camera က တိုင္းတာတြက္ခ်က္ၿပီး လိုအပ္တဲ့ Shutter
Speed နဲ႔ Aperture ကိုလိုက္ျဖည့္ေပးတဲ့ Mode ေတြ
အေၾကာင္းကို သိထားရမွာျဖစ္ပါတယ္။
အလင္းေရာင္ကို ေနာက္ခံေပးထား တဲ့ပံုေတြမွာဆိုရင္
အေနာက္ခံက လင္းေနၿပီး အေရွ႕က လူေတြက ေမွာင္ေနတတ္ပါ
တယ္။ ကိုယ္က လူ ကို အလင္းအေမွာင္ အမွန္ျဖစ္ေအာင္ရိုက္ရင္
ေနာက္ခံက ပိုၿပီးလင္းသြားတတ္သလို
အေနာက္ခံကို အမွန္ယူရင္လဲ အေရွ႕က လူက ေမွာင္သြားတတ္
ပါတယ္။ Metering ဆိုတာကလဲ Camera ကို ဘယ္ေနရာရဲ႕
အလင္းကိုေတာ့ အမွန္ယူၿပီး တြက္ခ်က္ပါလို႔ ခိုင္းလိုက္တဲ့
သေဘာပျဖစ္ပါတယ္။
လူ႔မ်က္နွာတစ္ခု ထဲကိုပဲ အမွန္ရေအာင္ တိုင္းမလား
ဒါမွမဟုတ္ တစ္ပံုလံုးကို အလင္းအေမွာင္ မ်ွတေအာင္တိုင္းမလား
ဒါမွမဟုတ္ပံုရဲ႕ တစ္စိတ္တစ္ပိုင္းေလာက္ကိုပဲ တိုင္းမလား
စသျဖင့္ Metering mode ကိုေျပာင္းလဲပီး ေစခိုင္းလို႔ရပါ
တယ္။ ဒီသေဘာကိုနားလည္ထားမွသာ ကိုယ္လိုခ်င္တဲ့ ပံုရိပ္ကို
မွန္ကန္တဲ့ အလင္းအေမွာင္နဲ႔ ရိုက္ကူး နိုင္မွာ ျဖစ္ပါတယ္။
# Focusing Mode
ဓာတ္ပံုရိုက္ကူးတဲ့ ေနရာမွာ သာမန္အားျဖင့္ ၾကည္လင္ျပတ္သား
တဲ့ ပံုတစ္ပံုရရိွဖို႔ အေရးႀကီးပါတယ္။
ဒါေၾကာင့္ ကိုယ္ရိုက္ခ်င္တဲ့ ျမင္ကြင္းေပၚမူတည္ၿပီး Focus
Mode ကိုေျပာင္းလဲရိုက္ကူးတတ္ဖို႔လိုပါတယ္။
အလင္းေရာင္ ဆိုတဲ့အတိုင္း အလင္းမွာအေရာင္ေတြပါေနပါတယ္
အလင္းက အရာဝတၳဳေတြအေပၚ ရိုက္ခတ္ၿပီး Camera စီကို
ေရာက္တဲ့အခါ အလင္းအမ်ိဳးအစားေပၚမူတည္ၿပီး အရာဝတၳဳ
ေတြရဲ႕ မူရင္းအေရာင္ေတြကို Camera ဖတ္ယူတဲ့အခါ အေရာင္
ေတြေျပာင္းလဲသြားတတ္ပါတယ္။ ဒီသေဘာကို White Balancce သို႔ Color Temperature လို႔လဲ သံုးတတ္ၾက
ပါတယ္။ သာမန္အားျဖင့္ Auto White Balance AWB
Setting မွာထားၿပီးရိုက္ကူးတတ္ၾကပါတယ္။ ဒါေပမယ့္
ျပင္ပအေရာင္နဲ႔ Camera မွာေပၚတဲ့အေရာင္က အၿမဲတမ္း
မတူပါဘူး။ အေရာင္မမွန္တတ္ပါဘူး။ ကိုယ္က ျပင္ပမွာရိွတဲ့
အေရာင္နီးပါးလိုခ်င္ရင္ေတာ့ AWB ကိုပဲအားမကိုးပဲ ျပင္ပ
အလင္းအေျခအေနေပၚမူတည္ၿပီး WB ကိုလိုက္ေျပာင္းေပး
နိုင္ရပါမယ္။
အဓိကအားျဖင့္ ကိုယ့္ရဲ႕ပံုမွာ အျပာေရာင္ဖက္ပိုသန္းေနလား
အဝါေရာင္ဖက္ပိုသန္း ေနသလားကိုၾကည့္ၿပီး Mode ေတြကို
ေျပာင္းလဲရိုက္ကူးၾကည့္ၿပီး အေရာင္မွန္ေအာင္ ရိုက္ကူးရမွာ
ျဖစ္ပါတယ္။
# Lens Basic
ကိုယ္ကိုင္တြယ္မယ့္ Camera မွာ တပ္ဆင္မယ့္ Lens ေတြရဲ႕
အေျခခံ အေၾကာင္းကို သိထားရပါမယ္။
ကိုယ္သံုးမယ့္ Lens က Auto Focus ရလား Image Stabilization စနစ္ပါသလား ဆိုတားသိရပါမယ္။
Lens ရဲ႕ focal length Range ကိုလဲသိရပါမယ္။
Aperture Range ကိုလဲသိထားရပါမယ္။
ဒါေတြသိထားမွသာ ကိုယ္ရိုက္ခ်င္တဲ့ ျမင္ကြင္းနဲ႔ သင့္ေတာ္တဲ့
Lens အမ်ိဳးအစားကို ေ႐ြးခ်ယ္၍ ျဖစ္ေစ ကိုယ့္မွရိွတဲ့ Lens
နဲ႔ပဲ အဆင္ေျပဆံုးရေအာင္ ရိုက္ကူးနိုင္မွာျဖစ္ပါတယ္။
နိဂံုးခ်ဳပ္ရရင္ ဒီစာကိုဖတ္ၿပီး ဓာတ္ပံုရိုက္ကူးတတ္မွာ မဟုတ္
ေပမယ့္ ဓာတ္ပံုအေျခခံ ရိုက္ကူးတတ္ဖို႔အတြက္ မျဖစ္မေနသိထားသင့္တာ ေတြကို ေရးသားထားတဲ့အတြက္ မိမိသိဖို႔လိုအပ္တာေတြကို အပိုင္းလိုက္ အဆင့္လိုက္ ေလ့လာရလြယ္ကူေစမွာ
ျဖစ္ပါတယ္။
Credit...
No comments:
Post a Comment
မင်္ဂလာပါ..