menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

လမ်းဘေးဆိုင်းဘုတ်က ဖောင့်ကိုရှာနည်း

အကြောင်း အမျိုးမျိုးကြောင့် ပုံထဲမှာပါတဲ့ font ကို လိုအပ်လာတာမျိုးရှိဖူးလား?

ဥပမာ လမ်းသွားရင်း ကြော်ငြာတစ်ခုတွေ့တယ်၊ အဲဒီထဲမှာ သုံးထားတဲ့ font လေးလှလို့ အင်တာနက်ပေါ်က ဒေါင်းလုဒ်လုပ်ချင်တယ်ဆိုရင် ဘယ်လိုလုပ်မလဲ?

အရေးအကြီးဆုံးကို ပြောပြမယ်၊ အဲဒါကတော့ လက်စွဲတော်ဖုန်းလေးထုတ်ပြီး အဲဒီကြော်ငြာကို ဓာတ်ပုံရိုက်လာခဲ့။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီဖောင့်ကို အင်တာနက်မှာ ပြန်ရှာမလို့။

ကြော်ငြာမှာ ဖောင့်နာမည်မှမပါတာ ဘယ်လိုရှာမလဲ? နည်းနည်းလွတ်သွားပြီထင်တယ်လို့ လျှောက်တွေးမနေနဲ့ဦး။ အဲဒီရိုက်လာတဲ့ပုံကို အင်တာနက်မှာတင်ပြီး ပြန်ရှာလို့မလို့။ စိတ်ဝင်စားသွားပြီဆိုရင် ဆက်ပြောပြမယ်။

နည်းပညာတွေ တိုးတက်လာတဲ့နောက် မဖြစ်နိုင်တာဆိုတာ သိပ်မရှိသလောက်ပဲ။ Google Images နဲ့ Tineye တိုမှာဆိုရင် ကိုယ်က ပုံတစ်ပုံကို တင်လိုက်ရင် အဲဒီပုံနဲ့ တူတဲ့ ပုံတွေကို အရွယ်အစားအမျိုးမျိုး၊ resolution အမျိုးမျိုးနဲ့ ပြန်ရှာပေးတယ်။ ဒီလိုပဲ font အတွက်လည်း font ပါတဲ့ပုံလေးတင်ပြီးတော့ font ဖိုင်ကို ဒေါင်းလုဒ်လုပ်လို့ရတယ်။ အဲဒီလိုမျိုး website လေး နည်းနည်းကို ပြောပြပေးလိုက်တယ်။

အကောင်းဆုံးကတော့ What the font ဆိုတဲ့ site ပါပဲ။ သူ့လိပ်စာက အစကတော့ www.whatthefont.com ပါ။ နောက်ပိုင်းမှာတော့ https://www.myfonts.com/WhatTheFont/ ကိုပြောင်းသွားပါတယ်။

ကြိုက်တဲ့ လိပ်စာတစ်ခုခုကို သွားလိုက်ပါ

ပြီးရင် အခုန ကြော်ငြာကို font လေးပဲ ကျန်အောင် ဖြတ်ထုတ်လိုက်ပါ

ပြီးရင် အဲဒီပုံလေးကို တင်လိုက်ပါ

Continue ကိုနှိပ်လိုက်ပါ

ဒါဆိုရင် တင်လိုက်တဲ့ပုံနဲ့ တူတဲ့ font တွေကို ရှာပေးပါလိမ့်မယ်။ တစ်ခါတည်း download လည်းလုပ်နိုင်ပါတယ်။ Free ရတဲ့ font တွေဖြစ်နိုင်သလို ပိုက်ဆံပေးဝယ်ရတဲ့ font တွေလည်း ဖြစ်နိုင်ပါတယ်။ အဲဒီလိုမျိုး ပုံကနေ font တွေပြန်ရှာပေးတဲ့ တစ်ခြားဆိုက်တွေလည်း ရှိပါသေးတယ်။ Google မှာ reverse font search လို့ရှာလိုက်ရင် တွေ့နိုင်ပါတယ်။

No comments:

Post a Comment

မင်္ဂလာပါ..