menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

နည်းပညာ လေ့လာနည်း


  နည်းပညာကို လေ့လာတဲ့အခါမှာ လမ်းလွဲ လမ်းမှားတွေ ရောက်တတ်ကြသလို၊ အချိန်ကုန်သွားပြီး ဘာမှမရလိုက်တာမျိုးလည်း ဖြစ်တတ်ပါတယ်။ ဒီ နည်းပညာ လေ့လာနည်း က IT နည်းပညာ ကို အချိန်တိုအတွင်း အကျိုးရှိရှိ အသုံးချနိုင်အောင် ဘယ်လိုလေ့လာရမယ်ဆိုတာကို ပြောပြပေးမှာ ဖြစ်တဲ့အတွက်ကြောင့် computer နည်းပညာ လေ့လာမယ့် လူငယ်လူရွယ်တိုင်း ဂရုတစိုက် ဖတ်ရှုမှတ်သား သင့်ပါတယ်။

အားလုံးသိတဲ့အတိုင်း ကျွန်တော်တို့ မြန်မာနိုင်ငံက တဖြည်းဖြည်းနဲ့ တိုးတက်နေပါပြီ။ အဲဒီလို အဖက်ဖက်ကနေ တိုးတက်နေတဲ့အချိန်မှာ မီအောင်မလိုက်နိုင်လို့ နောက်ကျ ကျန်ခဲ့ရင် နောင်တစ်ချိန်မှ မီအောင်ပြန်လိုက်နိုင်ဖို့ဆို တော်တော်ကြီးကို ခက်ခဲသွားမှာပါ။ ကျွန်တော်ကတော့ နည်းပညာ သမားဆိုတော့ နည်းပညာ နဲ့ ပတ်သတ်တာကိုပဲ ပြောမှာပါ။ တိုင်းပြည်ကြီးက တိုးတက်လာတဲ့ အတွက်ကြောင့်မို့လို့ IT နည်းပညာ တွေလည်း အဖက်ဖက်က တိုးတက်နေပါတယ်။


ဒီအကြောင်းကို ကျွန်တော် ဥပမာ တစ်ခုနဲ့ ပြောပြချင်ပါတယ်။ ဒီဥပမာကို အရင်တုန်းက ကျွန်တော် သင်တန်းဆရာ လုပ်တုန်းကလည်း သင်တန်းသားတွေကို ပြောပြဖူးပါတယ်။ ကျွန်တော်နဲ့ နီးစပ်တဲ့ သူငယ်ချင်းတွေနဲ့ ကျွန်တော် သင်ပေးနေတဲ့ တစ်ချို့တစ်ယောက်ကိုလည်း ဒီဥပမာကို ပြောပြခဲ့ဖူးပါတယ်။


ကျွန်တော်တို့ ရန်ကုန်ကနေ မန္တလေးကို ရထားနဲ့ သွားမယ်ဆိုပါစို့။ ကျွန်တော်တို့က နည်းနည်းနောက်ကျပြီးမှ ဘူတာကို ရောက်တယ်။ ကျွန်တော် လက်မှတ်ဝယ်ထားတာက ဒုတိယတွဲမှာ။ ကျွန်တော်တို့ ရောက်နေတဲ့အချိန် ရထားက တစ်လိမ့်လိမ့်ထွက်နေတယ်။ ကျွန်တော်တို့ပြေးတာထက် ရထားခုတ်တာက ပိုမြန်နေလို့ ဒုတိယတွဲကို ပြေးလိုက်ဖို့ မမီတော့ဘူး။ ဒီအခြေအနေမှာ အားလုံး ကိုယ့်စိတ်ကူးနဲ့ကိုယ် အတွဲ (၂) ကို ဘယ်လို ရောက်အောင်သွားမလဲဆိုတာ နည်းနည်းစဉ်းစားကြည့်ပါ။ ပြီးမှ ကျွန်တော် ပြောတာကို ဆက်ကြည့်ပါ။ ကျွန်တော့်ရဲ့ စဉ်းစားပုံက နောက်တစ်ပိုဒ်မှာ ရှိပါတယ်။

အဲဒီအချိန်မှာ ကျွန်တော်တို့ လုပ်နိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းက၊ မီတဲ့အတွဲကို အရင်ခိုတက်ရပါမယ်။ အဲဒီလို တက်လိုက်ပြီဆိုရင် ကျွန်တော်တို့ ရောက်ချင်တဲ့ အတွဲ (၂) ကို ရထားတွဲတစ်ခုကနေ တစ်ခုကို ပုံမှန်အတိုင်း လမ်းလျှောက်ပြီး သွားရင်တောင် ခဏနေရင် ရောက်ပါတယ်။ ဒီလိုပါပဲ အိုင်တီ နည်းပညာ ဟာလည်း အခုအချိန်မှာ တော်တော်ကြီး တိုးတက်နေပြီး ဖြစ်ပါတယ်။ ပုံမှန်အတိုင်းသာ ပြေးလိုက်ရင်တော့ လိုက်လေ ဝေးလေဖြစ်ပြီး နောင်တစ်ချိန်မှာ အိုင်တီပညာကို လုံးဝစိတ်ကုန်သွားမှာ သေချာပါတယ်။ ဒါကြောင့် အခုဘယ်လောက် တိုးတက် တိုးတက်၊ မိမိနားမှာ ရှိတဲ့၊ မိမိနဲ့ နီးစပ်တဲ့ နည်းပညာမှန်သမျှကို လေ့လာပါ။ တစ်ချို့လူတွေရှိတယ် ဘာပဲ လုပ်လုပ် အခြေခံ ကျကျလုပ်လေ့ရှိတယ်။ အဲလိုလုပ်တာ နေရာတိုင်းတော့မကောင်းဘူးပေါ့။ ဟာသအနေနဲ့ ပြောရရင် ရေတွင်းတူးရင် အခြေခံကျကျဆိုပြီး အောက်ဆုံးကနေ တူးလို့မှ မဖြစ်တာ။ အဲဒီလိုလူတွေက သင်တန်းကို အရမ်းအားကိုးတယ်၊ သင်တန်းတက်မှ အခြေခံကျကျတတ်မယ်လို့ ခံယူထားတယ်။ အဲဒီ ခံယူချက်ကြောင့်ပဲ ကိုယ်တိုင် အားစိုက်ဖို့ မေ့နေတတ်ကြတယ်။ သင်တန်းမတက်ဖို့ ပြောနေတာ မဟုတ်ပါဘူး။ တစ်ကယ့်လက်တွေ့မှာ ဘယ်သင်တန်း ဘယ်လောက်ကောင်းကောင်း ကိုယ်တိုင် အားမစိုက်ရင် မတတ်ပါဘူး။ Computer နည်းပညာ မှာ အဲလိုခံယူချက်တွေရှိနေရင် တိုးတက်ဖို့ ခဲယဉ်းပါတယ်။ အိုင်တီ နည်းပညာေ တွအားလုံးက ကိုယ်ပိုင် စိတ်ကူးတွေနဲ့ ဖန်တီးရတဲ့ နည်းပညာ တွေပါပဲ။

တစ်ချို့တွေရှိတယ် design ဆွဲတဲ့ သင်တန်း တစ်ခုခု သွားတက်လိုက်တယ်။ သင်တန်းပြီးလို့ certificate ရပြီဆို သူတို့ကိုယ်သူတို့ designer တစ်ယောက်လို့ သတ်မှတ်လိုက်တယ်။ Programming language တစ်ခုခုကို သင်တန်းမှာ သွားတက်လိုက်တယ်။ သင်တန်းဆင်းလို့ လက်မှတ်ရပြီဆို သူတို့ကိုယ်သူတို့ programmer လို့ သတ်မှတ်လိုက်တယ်။ ကိုယ်ပိုင် စိတ်ကူးမကောင်းသရွေ့ ဘယ်တော့မှ designer, programmer ဖြစ်ဖို့ မလွယ်ကူပါဘူး။

အခုခေတ်မှာ လူငယ်တွေသိတဲ့ အိုင်တီ သမား ဆိုတာ software တွေတင်၊ crack တွေရှာတင်ပေး။ ဒီလောက်ဆိုရင် လူတော်တော်များများက IT သမားလို့ ထင်နေကြပါတယ်။ သူတစ်ပါးကို ပုတ်ခတ်တာ မဟုတ်ပါဘူး။ IT နည်းပညာ ဆိုတာ ကျယ်ပြန်ကြောင်း သိစေချင်တာပါ။ ဒီလောက်နဲ့ ကျေနပ်နေကြမယ်ဆိုရင် နောက်ပိုင်းမှာ နောက်ကျကျန်ခဲ့မှာ အသေအချာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ software crack ရှာတတ်၊ software တွေ သုံးတတ်ရုံနဲ့ IT မဖြစ်ပါဘူး။ IT ဆိုတာ အရမ်းကျယ်ပြန့်ပါတယ်။ ဒါကြောင့်လည်း ဒီနေ့ နည်းပညာပိုင်းမှာ နောက်ကျမကျန်ခဲ့အောင် ဘယ်လိုလေ့လာရမယ်ဆိုတာ ပြောမှာဖြစ်ပါတယ်။



  • ၁။ ကိုယ့် professional လမ်းကြောင်း ရွေးပါ။
  • ၂။ ပတ်သတ်ရာ သင်တန်း တစ်ခုခုတက်ပါ။
  • ၃။ ကိုယ်ရွေးထားတဲ့ လမ်းကြောင်းနဲ့ အလုပ်ဝင်လုပ်ပါ။
  • ၄။ နယ်ပယ်တူ သူငယ်ချင်းများနဲ့ မိတ်ဖွဲ့ပါ။
  • ၅။ ကိုယ်ပိုင်များများတွေးပါ၊ သူများတွေရဲ့ အတွေးကို လေ့လာပါ။

အားလုံးကို အသေးစိတ် ရှင်းပြပါမယ်။

၁။ ကိုယ့် professional လမ်းကြောင်း ရွေးပါ။

အပေါ်မှာ ပြောခဲ့သလိုပဲ IT ဆိုတာ အရမ်း ကျယ်ပြန့်ပါတယ်။ ဒါကြောင့် တစ်ယောက်တည်းနဲ့တော့ အားလုံး တတ်ချင်နေလို့ မဖြစ်ပါဘူး။ ဒါကြောင့်မို့လို့ ကိုယ့်ကိုယ်ကို ဘာစိတ်ဝင်စားလဲဆိုတာ ပြန်မေးပါ။ design (graphic design, architect design, web design), programming or development (desktop development, mobile development, web development), Hardware and Network, … စသဖြင့် ရှိတဲ့အထဲမှာ ကိုယ်တစ်ကယ် စိတ်ဝင်စားတဲ့ အပိုင်းကို ရွေးချယ်ပါ။ စိတ်ဝင်စားတယ်ဆိုတဲ့နေရာမှာ ကိုယ်စိတ်ဝင်စားမှု အတိုင်းအတာက ပိုက်ဆံဘယ်လောက်ရလဲဆိုတာအပေါ် မမူတည်ရပါဘူး။ ကိုယ်တိုင်တစ်ကယ် စိတ်ဝင်စားရင် အာရုံစိုက်ပြီး လုပ်နိုင်တဲ့အတွက် product ကောင်းကောင်းတွေ ဖန်တီးနိုင်ပါတယ်။ ကိုယ်ဖန်တီးတဲ့ products တွေသာ ကောင်းနေမယ်ဆိုရင် ပိုက်ဆံက အလိုလို ရလာပါလိမ့်မယ်။ ဒါကြောင့် တစ်ကယ်စိတ်ဝင်စားတာကို ရွေးပါ။ products တိုင်းကို ကောင်းအောင်လုပ်ပါ။

၂။ ပတ်သတ်ရာ သင်တန်း တစ်ခုခုတက်ပါ။

ကျွန်တော် အပေါ်မှာလည်း သင်တန်းတွေကို အရမ်းအားမကိုးဖို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် သင်တန်းမတက်ခိုင်းတာတော့ မဟုတ်ပါဘူး။ ကိုယ့်လမ်းကြောင်း ကိုယ်ရွေးပြီးပြီဆို ကိုယ့်ရည်ရွယ်ချက်ကို မြန်မြန်ဆန်ဆန် ရောက်အောင် သင်တန်းကိုတော့ အကူအညီအဖြစ်နဲ့ ယူရပါမယ်။ သင်တန်းတက်နေတဲ့အချိန်မှာလဲ သင်တန်းက သင်တာထက်ကို ကိုယ်တိုင်က များများတွေးခေါ်ပြီး သင်တန်းဆရာနဲ့ အမြဲတမ်း ဆွေးနွေးနေရပါမယ်။ ဒါမှသာ သင်တန်းတက်ပြီးရင် ကိုယ်ပိုင်အတွေးအခေါ်တွေ အများကြီး ရင့်ကျက်လာမှာ ဖြစ်ပါတယ်။

၃။ ကိုယ်ရွေးထားတဲ့ လမ်းကြောင်းနဲ့ အလုပ်ဝင်လုပ်ပါ။

သင်တန်းပြီးသွားပြီဆိုရင်တော့ “တတ်ပြီးပညာ မလေ့လာ၊ မကြာမရှည် ပျောက်တတ်သည်” ဆိုတာမျိုး မဖြစ်ရအောင်လို့၊ တက်ထားတဲ့ သင်တန်းတဲ့ လိုက်ဖက်မယ့် အလုပ်ကို ရှာလုပ်ပါ။ အခုမှ သင်တန်းတက်ပြီး အလုပ်ရှာနေတာမို့လို့ လစာကို ချေး(ဂျီး)မများပါနဲ့၊ ဒါပေမယ့် company ကိုတော့ ရွေးပါ။ company တွေက အလုပ်သမား ရွေးသလိုမျိုး ကိုယ်တိုင်ကလည်း company ရွေးချယ်ခွင့် ရှိပါတယ်။ တစ်ချို့ company တွေက အစမှာ လစာမကောင်းပေမယ့် ကိုယ့်အရည်အချင်းကို သိပြီးတဲ့နောက်မှာ လစာကောင်းကောင်း ပေးတတ်ပါတယ်။ တစ်ချို့ကလည်း အစပိုင်းမှာ ကောင်းသယောင်ယောင်ရှိပေမယ့် နောက်ပိုင်းမှာ လစာက မတိုးတော့တာမျိုး ရှိတတ်ပါတယ်။ ဒါက လစာကို ဥပမာအနေနဲ့ ပြောပြတာပါ။ company ရွေးတဲ့အခါမှာ အခြား စဉ်းစားရမယ့်အချက်တွေ အများကြီး ရှိပါတယ်။ အလားအလာရှိပြီး ရေရှည်မှာ ကိုယ့်အတွက်ကောင်းမယ့် company ကိုရွေးပါ။

၄။ နယ်ပယ်တူ သူငယ်ချင်းများနဲ့ မိတ်ဖွဲ့ပါ။

ကိုယ်တစ်ယောက်တည်းဆိုရင် ကိုယ့် idea တစ်ခုတည်းပဲ ထွက်ပါမယ်။ အဲဒီအခါကျရင် အချိန်ကြာလာတာနဲ့အမျှ ကိုယ့် idea က ပုံသေဖြစ်လာမယ်ဆိုရင် အကောင်းဆုံးလုပ်နိုင်တော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် ကိုယ်နဲ့ နယ်ပယ်တူ သူငယ်ချင်းများနဲ့ မိတ်ဖွဲ့ပြီး သူတို့နဲ့ အမြဲတမ်း ဆွေးနွေးနေပါ။ သူငယ်ချင်းလို့ပြောတဲ့ထဲမှာ လူမှ မဟုတ်ပါဘူး ဆွေးနွေးနိုင်မယ့် ဘယ်အရာမဆို အကြုံးဝင်ပါတယ် (ဥပမာ၊ ၊ online forum)။ မိတ်ဖွဲ့ခိုင်းရတဲ့ အဓိက ရည်ရွယ်ချက်က မိမိ idea တွေ အမြဲတမ်း ဆန်းသစ်နေဖို့ပါ။ ဒါကြောင့် တစ်ခြား လေ့လာမှုတွေလည်း ပါရပါမယ်။

၅။ ကိုယ်ပိုင်များများတွေးပါ၊ သူများတွေရဲ့ အတွေးကို လေ့လာပါ။

ဒီနေရာမှာ လူတိုင်းမှားတတ်ကြတာက ကိုယ်တိုင်များများမတွေးဘဲ။ သူများဆီက ကူးချတာက များနေပါတယ်။ သူများဆီက idea ကူးချနေရုံနဲ့တော့ ဘယ်တော့မှ လိုချင်တဲ့ ပန်းတိုင်ကို ရောက်မှာမဟုတ်ပါဘူး။ အစပိုင်းမှာ ပိုက်ဆံများများရမယ့် လမ်းကြောင်း ရွေးထားတယ်၊ အလွယ်လိုက်ပြီး သူများ idea တွေကိုပဲ အသုံးပြုပြီး အလုပ်လုပ်နေမယ်ဆိုရင် အချိန်ဘယ်လောက်ကြာကြာ ကိုယ့်ရဲ့ဝင်ငွေက တိုးဖို့ မရှိတော့ပါဘူး၊ တိုးလည်း နည်းနည်းပါပဲ။ ကိုယ်ပိုင် idea ကို အသုံးပြုပြီး အလုပ်လုပ်မယ်ဆိုရင်တော့ ဘယ်လောက် လစာ မကောင်းတဲ့ company မှာ ဝင်လုပ်နေပါစေ။ ကိုယ့်ရဲ့ လက်ရာတွေက ပိုက်ဆံများများပေးမယ့် company တွေကို ဖိတ်ခေါ်နေပါလိမ့်မယ်။ ဆိုလိုတာက ကိုယ့်ရဲ့ လက်ရာတွေသာ ကောင်းနေမယ်ဆိုရင် ဘယ် company မှာ သွားလျှောက်လျှောက် အလုပ်ရဖို့ ရာခိုင်နှုန်း များပါတယ်၊ တစ်ဆင့်ထက် တစ်ဆင့် မြင့်တဲ့ အခွင့်အလမ်းတွေ ပေါ်လာမှာပါ။ ဒါပေမယ့် ကိုယ့် idea တစ်ခုတည်းနဲ့လည်း မဖြစ်ပါဘူး။ သူများ idea တွေကိုလည်း လေ့လာပါ။ ဒါပေမယ့် ကိုယ်ပိုင် idea သုံးတဲ့ ရာခိုင်နှုန်းက ပိုများရပါမယ်။ ကိုယ်ပိုင် အတွေးအခေါ်က ၈၀%၊ တစ်ခြား အတွေးအခေါ်က ၂၀% လောက်ဖြစ်နေရပါမယ်။ အဲဒီ ၂၀% တောင် တစ်ခြား လူ ၁၀ ယောက်လောက်ဆီက ယူရမှာဖြစ်ပါတယ်။ ဒါမှ ကိုယ့် လက်ရာ (products) တွေမှာ သူများရဲ့ အတွေးအခေါ်တွေ လွှမ်းမိုးမနေမှာ ဖြစ်ပါတယ်။ ကိုယ့်ဦးနှောက်ကို သုံးရတာ အစပိုင်းမှာ တော်တော်ခက်သလို၊ products ကောင်းကောင်းတွေလည်း ထွက်လာမှာမဟုတ်ပါဘူး။ ဒါပေမယ့် လွယ်လွယ် အညံ့ခံပြီးတော့ ကူးချဖို့ပဲ စိတ်မစောနေပါနဲ့။ အခုအချိန်မှာ အချိန်ပေးထားလိုက်ရင် နောင်တစ်ချိန်မှာ products ကောင်းကောင်းတွေ ရရှိလားမှာပါ။ စု၊ တု၊ ပြု ပဲရှိပါတယ်။ စု၊ ကူး၊ ပြု ဆိုတာ မရှိပါဘူး။ အားလုံးပဲ ခေတ်ရေစီးကြောင်းနဲ့ အမီ လိုက်နိုင်ကြပါစေ။
 Credit...
 +++++++++++++++++++++++++++++++++++

နည္းပညာကုိ ေလ့လာတဲ့အခါမွာ လမ္းလြဲ လမ္းမွားေတြ ေရာက္တတ္ၾကသလုိ၊ အခ်ိန္ကုန္သြားၿပီး ဘာမွမရလုိက္တာမ်ဳိးလည္း ျဖစ္တတ္ပါတယ္။ ဒီ နည္းပညာ ေလ့လာနည္း က IT နည္းပညာ ကုိ အခ်ိန္တုိအတြင္း အက်ဳိးရွိရွိ အသုံးခ်ႏုိင္ေအာင္ ဘယ္လိုေလ့လာရမယ္ဆုိတာကုိ ေျပာျပေပးမွာ ျဖစ္တဲ့အတြက္ေၾကာင့္ computer နည္းပညာ ေလ့လာမယ့္ လူငယ္လူရြယ္တုိင္း ဂရုတစုိက္ ဖတ္ရႈမွတ္သား သင့္ပါတယ္။
အားလုံးသိတဲ့အတုိင္း ကၽြန္ေတာ္တုိ႔ ျမန္မာႏုိင္ငံက တျဖည္းျဖည္းနဲ႔ တုိးတက္ေနပါၿပီ။ အဲဒီလုိ အဖက္ဖက္ကေန တုိးတက္ေနတဲ့အခ်ိန္မွာ မီေအာင္မလုိက္ႏုိင္လို႔ ေနာက္က် က်န္ခဲ့ရင္ ေနာင္တစ္ခ်ိန္မွ မီေအာင္ျပန္လုိက္ႏုိင္ဖုိ႔ဆုိ ေတာ္ေတာ္ႀကီးကုိ ခက္ခဲသြားမွာပါ။ ကၽြန္ေတာ္ကေတာ့ နည္းပညာ သမားဆုိေတာ့ နည္းပညာ နဲ႔ ပတ္သတ္တာကုိပဲ ေျပာမွာပါ။ တုိင္းျပည္ႀကီးက တုိးတက္လာတဲ့ အတြက္ေၾကာင့္မုိ႔လို႔ IT နည္းပညာ ေတြလည္း အဖက္ဖက္က တုိးတက္ေနပါတယ္။

ဒီအေၾကာင္းကုိ ကၽြန္ေတာ္ ဥပမာ တစ္ခုနဲ႔ ေျပာျပခ်င္ပါတယ္။ ဒီဥပမာကုိ အရင္တုန္းက ကၽြန္ေတာ္ သင္တန္းဆရာ လုပ္တုန္းကလည္း သင္တန္းသားေတြကုိ ေျပာျပဖူးပါတယ္။ ကၽြန္ေတာ္နဲ႔ နီးစပ္တဲ့ သူငယ္ခ်င္းေတြနဲ႔ ကၽြန္ေတာ္ သင္ေပးေနတဲ့ တစ္ခ်ဳိ႕တစ္ေယာက္ကုိလည္း ဒီဥပမာကုိ ေျပာျပခဲ့ဖူးပါတယ္။

ကၽြန္ေတာ္တုိ႔ ရန္ကုန္ကေန မႏၲေလးကုိ ရထားနဲ႔ သြားမယ္ဆုိပါစုိ႔။ ကၽြန္ေတာ္တုိ႔က နည္းနည္းေနာက္က်ၿပီးမွ ဘူတာကုိ ေရာက္တယ္။ ကၽြန္ေတာ္ လက္မွတ္ဝယ္ထားတာက ဒုတိယတြဲမွာ။ ကၽြန္ေတာ္တုိ႔ ေရာက္ေနတဲ့အခ်ိန္ ရထားက တစ္လိမ့္လိမ့္ထြက္ေနတယ္။ ကၽြန္ေတာ္တုိ႔ေျပးတာထက္ ရထားခုတ္တာက ပုိျမန္ေနလို႔ ဒုတိယတြဲကုိ ေျပးလိုက္ဖုိ႔ မမီေတာ့ဘူး။ ဒီအေျခအေနမွာ အားလုံး ကုိယ့္စိတ္ကူးနဲ႔ကုိယ္ အတြဲ (၂) ကုိ ဘယ္လုိ ေရာက္ေအာင္သြားမလဲဆုိတာ နည္းနည္းစဥ္းစားၾကည့္ပါ။ ၿပီးမွ ကၽြန္ေတာ္ ေျပာတာကုိ ဆက္ၾကည့္ပါ။ ကၽြန္ေတာ့္ရဲ႕ စဥ္းစားပုံက ေနာက္တစ္ပုိဒ္မွာ ရွိပါတယ္။
အဲဒီအခ်ိန္မွာ ကၽြန္ေတာ္တုိ႔ လုပ္ႏုိင္တဲ့ တစ္ခုတည္းေသာ နည္းလမ္းက၊ မီတဲ့အတြဲကုိ အရင္ခုိတက္ရပါမယ္။ အဲဒီလို တက္လိုက္ၿပီဆုိရင္ ကၽြန္ေတာ္တုိ႔ ေရာက္ခ်င္တဲ့ အတြဲ (၂) ကုိ ရထားတြဲတစ္ခုကေန တစ္ခုကုိ ပုံမွန္အတုိင္း လမ္းေလွ်ာက္ၿပီး သြားရင္ေတာင္ ခဏေနရင္ ေရာက္ပါတယ္။ ဒီလိုပါပဲ အုိင္တီ နည္းပညာ ဟာလည္း အခုအခ်ိန္မွာ ေတာ္ေတာ္ႀကီး တုိးတက္ေနၿပီး ျဖစ္ပါတယ္။ ပုံမွန္အတုိင္းသာ ေျပးလုိက္ရင္ေတာ့ လုိက္ေလ ေဝးေလျဖစ္ၿပီး ေနာင္တစ္ခ်ိန္မွာ အုိင္တီပညာကုိ လုံးဝစိတ္ကုန္သြားမွာ ေသခ်ာပါတယ္။ ဒါေၾကာင့္ အခုဘယ္ေလာက္ တုိးတက္ တုိးတက္၊ မိမိနားမွာ ရွိတဲ့၊ မိမိနဲ႔ နီးစပ္တဲ့ နည္းပညာမွန္သမွ်ကုိ ေလ့လာပါ။ တစ္ခ်ဳိ႕လူေတြရွိတယ္ ဘာပဲ လုပ္လုပ္ အေျခခံ က်က်လုပ္ေလ့ရွိတယ္။ အဲလိုလုပ္တာ ေနရာတုိင္းေတာ့မေကာင္းဘူးေပါ့။ ဟာသအေနနဲ႔ ေျပာရရင္ ေရတြင္းတူးရင္ အေျခခံက်က်ဆုိၿပီး ေအာက္ဆုံးကေန တူးလို႔မွ မျဖစ္တာ။ အဲဒီလိုလူေတြက သင္တန္းကုိ အရမ္းအားကုိးတယ္၊ သင္တန္းတက္မွ အေျခခံက်က်တတ္မယ္လုိ႔ ခံယူထားတယ္။ အဲဒီ ခံယူခ်က္ေၾကာင့္ပဲ ကုိယ္တုိင္ အားစုိက္ဖုိ႔ ေမ့ေနတတ္ၾကတယ္။ သင္တန္းမတက္ဖုိ႔ ေျပာေနတာ မဟုတ္ပါဘူး။ တစ္ကယ့္လက္ေတြ႕မွာ ဘယ္သင္တန္း ဘယ္ေလာက္ေကာင္းေကာင္း ကုိယ္တုိင္ အားမစုိက္ရင္ မတတ္ပါဘူး။ Computer နည္းပညာ မွာ အဲလုိခံယူခ်က္ေတြရွိေနရင္ တုိးတက္ဖုိ႔ ခဲယဥ္းပါတယ္။ အုိင္တီ နည္းပညာေ တြအားလုံးက ကုိယ္ပုိင္ စိတ္ကူးေတြနဲ႔ ဖန္တီးရတဲ့ နည္းပညာ ေတြပါပဲ။
တစ္ခ်ဳိ႕ေတြရွိတယ္ design ဆြဲတဲ့ သင္တန္း တစ္ခုခု သြားတက္လိုက္တယ္။ သင္တန္းၿပီးလို႔ certificate ရၿပီဆုိ သူတုိ႔ကုိယ္သူတုိ႔ designer တစ္ေယာက္လုိ႔ သတ္မွတ္လိုက္တယ္။ Programming language တစ္ခုခုကုိ သင္တန္းမွာ သြားတက္လုိက္တယ္။ သင္တန္းဆင္းလို႔ လက္မွတ္ရၿပီဆုိ သူတုိ႔ကုိယ္သူတုိ႔ programmer လို႔ သတ္မွတ္လိုက္တယ္။ ကုိယ္ပုိင္ စိတ္ကူးမေကာင္းသေရြ႕ ဘယ္ေတာ့မွ designer, programmer ျဖစ္ဖုိ႔ မလြယ္ကူပါဘူး။
အခုေခတ္မွာ လူငယ္ေတြသိတဲ့ အုိင္တီ သမား ဆုိတာ software ေတြတင္၊ crack ေတြရွာတင္ေပး။ ဒီေလာက္ဆုိရင္ လူေတာ္ေတာ္မ်ားမ်ားက IT သမားလို႔ ထင္ေနၾကပါတယ္။ သူတစ္ပါးကုိ ပုတ္ခတ္တာ မဟုတ္ပါဘူး။ IT နည္းပညာ ဆုိတာ က်ယ္ျပန္ေၾကာင္း သိေစခ်င္တာပါ။ ဒီေလာက္နဲ႔ ေက်နပ္ေနၾကမယ္ဆုိရင္ ေနာက္ပုိင္းမွာ ေနာက္က်က်န္ခဲ့မွာ အေသအခ်ာပါပဲ။ ဘာျဖစ္လုိ႔လဲဆုိေတာ့ software crack ရွာတတ္၊ software ေတြ သုံးတတ္ရုံနဲ႔ IT မျဖစ္ပါဘူး။ IT ဆုိတာ အရမ္းက်ယ္ျပန္႔ပါတယ္။ ဒါေၾကာင့္လည္း ဒီေန႔ နည္းပညာပုိင္းမွာ ေနာက္က်မက်န္ခဲ့ေအာင္ ဘယ္လုိေလ့လာရမယ္ဆုိတာ ေျပာမွာျဖစ္ပါတယ္။
၁။ ကုိယ့္ professional လမ္းေၾကာင္း ေရြးပါ။
၂။ ပတ္သတ္ရာ သင္တန္း တစ္ခုခုတက္ပါ။
၃။ ကုိယ္ေရြးထားတဲ့ လမ္းေၾကာင္းနဲ႔ အလုပ္ဝင္လုပ္ပါ။
၄။ နယ္ပယ္တူ သူငယ္ခ်င္းမ်ားနဲ႔ မိတ္ဖြဲ႕ပါ။
၅။ ကုိယ္ပုိင္မ်ားမ်ားေတြးပါ၊ သူမ်ားေတြရဲ႕ အေတြးကုိ ေလ့လာပါ။
အားလုံးကုိ အေသးစိတ္ ရွင္းျပပါမယ္။
၁။ ကုိယ့္ professional လမ္းေၾကာင္း ေရြးပါ။
အေပၚမွာ ေျပာခဲ့သလိုပဲ IT ဆုိတာ အရမ္း က်ယ္ျပန္႔ပါတယ္။ ဒါေၾကာင့္ တစ္ေယာက္တည္းနဲ႔ေတာ့ အားလုံး တတ္ခ်င္ေနလို႔ မျဖစ္ပါဘူး။ ဒါေၾကာင့္မုိ႔လို႔ ကုိယ့္ကုိယ္ကုိ ဘာစိတ္ဝင္စားလဲဆုိတာ ျပန္ေမးပါ။ design (graphic design, architect design, web design), programming or development (desktop development, mobile development, web development), Hardware and Network, … စသျဖင့္ ရွိတဲ့အထဲမွာ ကုိယ္တစ္ကယ္ စိတ္ဝင္စားတဲ့ အပုိင္းကုိ ေရြးခ်ယ္ပါ။ စိတ္ဝင္စားတယ္ဆုိတဲ့ေနရာမွာ ကုိယ္စိတ္ဝင္စားမႈ အတုိင္းအတာက ပုိက္ဆံဘယ္ေလာက္ရလဲဆုိတာအေပၚ မမူတည္ရပါဘူး။ ကုိယ္တုိင္တစ္ကယ္ စိတ္ဝင္စားရင္ အာရုံစုိက္ၿပီး လုပ္ႏုိင္တဲ့အတြက္ product ေကာင္းေကာင္းေတြ ဖန္တီးႏုိင္ပါတယ္။ ကုိယ္ဖန္တီးတဲ့ products ေတြသာ ေကာင္းေနမယ္ဆုိရင္ ပုိက္ဆံက အလုိလုိ ရလာပါလိမ့္မယ္။ ဒါေၾကာင့္ တစ္ကယ္စိတ္ဝင္စားတာကုိ ေရြးပါ။ products တုိင္းကုိ ေကာင္းေအာင္လုပ္ပါ။
၂။ ပတ္သတ္ရာ သင္တန္း တစ္ခုခုတက္ပါ။
ကၽြန္ေတာ္ အေပၚမွာလည္း သင္တန္းေတြကုိ အရမ္းအားမကုိးဖုိ႔ ေျပာခဲ့ပါတယ္။ ဒါေပမယ့္ သင္တန္းမတက္ခုိင္းတာေတာ့ မဟုတ္ပါဘူး။ ကုိယ့္လမ္းေၾကာင္း ကုိယ္ေရြးၿပီးၿပီဆုိ ကုိယ့္ရည္ရြယ္ခ်က္ကုိ ျမန္ျမန္ဆန္ဆန္ ေရာက္ေအာင္ သင္တန္းကုိေတာ့ အကူအညီအျဖစ္နဲ႔ ယူရပါမယ္။ သင္တန္းတက္ေနတဲ့အခ်ိန္မွာလဲ သင္တန္းက သင္တာထက္ကုိ ကုိယ္တုိင္က မ်ားမ်ားေတြးေခၚၿပီး သင္တန္းဆရာနဲ႔ အျမဲတမ္း ေဆြးေႏြးေနရပါမယ္။ ဒါမွသာ သင္တန္းတက္ၿပီးရင္ ကုိယ္ပုိင္အေတြးအေခၚေတြ အမ်ားႀကီး ရင့္က်က္လာမွာ ျဖစ္ပါတယ္။
၃။ ကုိယ္ေရြးထားတဲ့ လမ္းေၾကာင္းနဲ႔ အလုပ္ဝင္လုပ္ပါ။
သင္တန္းၿပီးသြားၿပီဆုိရင္ေတာ့ “တတ္ၿပီးပညာ မေလ့လာ၊ မၾကာမရွည္ ေပ်ာက္တတ္သည္” ဆုိတာမ်ဳိး မျဖစ္ရေအာင္လို႔၊ တက္ထားတဲ့ သင္တန္းတဲ့ လုိက္ဖက္မယ့္ အလုပ္ကုိ ရွာလုပ္ပါ။ အခုမွ သင္တန္းတက္ၿပီး အလုပ္ရွာေနတာမုိ႔လို႔ လစာကုိ ေခ်း(ဂ်ီး)မမ်ားပါနဲ႔၊ ဒါေပမယ့္ company ကုိေတာ့ ေရြးပါ။ company ေတြက အလုပ္သမား ေရြးသလုိမ်ဳိး ကုိယ္တုိင္ကလည္း company ေရြးခ်ယ္ခြင့္ ရွိပါတယ္။ တစ္ခ်ဳိ႕ company ေတြက အစမွာ လစာမေကာင္းေပမယ့္ ကုိယ့္အရည္အခ်င္းကုိ သိၿပီးတဲ့ေနာက္မွာ လစာေကာင္းေကာင္း ေပးတတ္ပါတယ္။ တစ္ခ်ဳိ႕ကလည္း အစပုိင္းမွာ ေကာင္းသေယာင္ေယာင္ရွိေပမယ့္ ေနာက္ပုိင္းမွာ လစာက မတုိးေတာ့တာမ်ဳိး ရွိတတ္ပါတယ္။ ဒါက လစာကုိ ဥပမာအေနနဲ႔ ေျပာျပတာပါ။ company ေရြးတဲ့အခါမွာ အျခား စဥ္းစားရမယ့္အခ်က္ေတြ အမ်ားႀကီး ရွိပါတယ္။ အလားအလာရွိၿပီး ေရရွည္မွာ ကုိယ့္အတြက္ေကာင္းမယ့္ company ကုိေရြးပါ။
၄။ နယ္ပယ္တူ သူငယ္ခ်င္းမ်ားနဲ႔ မိတ္ဖြဲ႕ပါ။
ကုိယ္တစ္ေယာက္တည္းဆုိရင္ ကုိယ့္ idea တစ္ခုတည္းပဲ ထြက္ပါမယ္။ အဲဒီအခါက်ရင္ အခ်ိန္ၾကာလာတာနဲ႔အမွ် ကုိယ့္ idea က ပုံေသျဖစ္လာမယ္ဆုိရင္ အေကာင္းဆုံးလုပ္ႏုိင္ေတာ့မွာ မဟုတ္ပါဘူး။ ဒါေၾကာင့္ ကုိယ္နဲ႔ နယ္ပယ္တူ သူငယ္ခ်င္းမ်ားနဲ႔ မိတ္ဖြဲ႕ၿပီး သူတုိ႔နဲ႔ အျမဲတမ္း ေဆြးေႏြးေနပါ။ သူငယ္ခ်င္းလုိ႔ေျပာတဲ့ထဲမွာ လူမွ မဟုတ္ပါဘူး ေဆြးေႏြးႏုိင္မယ့္ ဘယ္အရာမဆုိ အႀကဳံးဝင္ပါတယ္ (ဥပမာ၊ ၊ online forum)။ မိတ္ဖြဲ႕ခုိင္းရတဲ့ အဓိက ရည္ရြယ္ခ်က္က မိမိ idea ေတြ အျမဲတမ္း ဆန္းသစ္ေနဖို႔ပါ။ ဒါေၾကာင့္ တစ္ျခား ေလ့လာမႈေတြလည္း ပါရပါမယ္။
၅။ ကုိယ္ပုိင္မ်ားမ်ားေတြးပါ၊ သူမ်ားေတြရဲ႕ အေတြးကုိ ေလ့လာပါ။
ဒီေနရာမွာ လူတုိင္းမွားတတ္ၾကတာက ကုိယ္တုိင္မ်ားမ်ားမေတြးဘဲ။ သူမ်ားဆီက ကူးခ်တာက မ်ားေနပါတယ္။ သူမ်ားဆီက idea ကူးခ်ေနရုံနဲ႔ေတာ့ ဘယ္ေတာ့မွ လိုခ်င္တဲ့ ပန္းတုိင္ကုိ ေရာက္မွာမဟုတ္ပါဘူး။ အစပုိင္းမွာ ပုိက္ဆံမ်ားမ်ားရမယ့္ လမ္းေၾကာင္း ေရြးထားတယ္၊ အလြယ္လုိက္ၿပီး သူမ်ား idea ေတြကုိပဲ အသုံးျပဳၿပီး အလုပ္လုပ္ေနမယ္ဆုိရင္ အခ်ိန္ဘယ္ေလာက္ၾကာၾကာ ကုိယ့္ရဲ႕ဝင္ေငြက တုိးဖို႔ မရွိေတာ့ပါဘူး၊ တုိးလည္း နည္းနည္းပါပဲ။ ကုိယ္ပုိင္ idea ကုိ အသုံးျပဳၿပီး အလုပ္လုပ္မယ္ဆုိရင္ေတာ့ ဘယ္ေလာက္ လစာ မေကာင္းတဲ့ company မွာ ဝင္လုပ္ေနပါေစ။ ကုိယ့္ရဲ႕ လက္ရာေတြက ပုိက္ဆံမ်ားမ်ားေပးမယ့္ company ေတြကုိ ဖိတ္ေခၚေနပါလိမ့္မယ္။ ဆုိလုိတာက ကုိယ့္ရဲ႕ လက္ရာေတြသာ ေကာင္းေနမယ္ဆုိရင္ ဘယ္ company မွာ သြားေလွ်ာက္ေလွ်ာက္ အလုပ္ရဖုိ႔ ရာခုိင္ႏႈန္း မ်ားပါတယ္၊ တစ္ဆင့္ထက္ တစ္ဆင့္ ျမင့္တဲ့ အခြင့္အလမ္းေတြ ေပၚလာမွာပါ။ ဒါေပမယ့္ ကုိယ့္ idea တစ္ခုတည္းနဲ႔လည္း မျဖစ္ပါဘူး။ သူမ်ား idea ေတြကုိလည္း ေလ့လာပါ။ ဒါေပမယ့္ ကုိယ္ပုိင္ idea သုံးတဲ့ ရာခုိင္ႏႈန္းက ပုိမ်ားရပါမယ္။ ကုိယ္ပုိင္ အေတြးအေခၚက ၈၀%၊ တစ္ျခား အေတြးအေခၚက ၂၀% ေလာက္ျဖစ္ေနရပါမယ္။ အဲဒီ ၂၀% ေတာင္ တစ္ျခား လူ ၁၀ ေယာက္ေလာက္ဆီက ယူရမွာျဖစ္ပါတယ္။ ဒါမွ ကုိယ့္ လက္ရာ (products) ေတြမွာ သူမ်ားရဲ႕ အေတြးအေခၚေတြ လႊမ္းမုိးမေနမွာ ျဖစ္ပါတယ္။ ကုိယ့္ဦးေႏွာက္ကုိ သုံးရတာ အစပုိင္းမွာ ေတာ္ေတာ္ခက္သလို၊ products ေကာင္းေကာင္းေတြလည္း ထြက္လာမွာမဟုတ္ပါဘူး။ ဒါေပမယ့္ လြယ္လြယ္ အညံ့ခံၿပီးေတာ့ ကူးခ်ဖုိ႔ပဲ စိတ္မေစာေနပါနဲ႔။ အခုအခ်ိန္မွာ အခ်ိန္ေပးထားလိုက္ရင္ ေနာင္တစ္ခ်ိန္မွာ products ေကာင္းေကာင္းေတြ ရရွိလားမွာပါ။ စု၊ တု၊ ျပဳ ပဲရွိပါတယ္။ စု၊ ကူး၊ ျပဳ ဆုိတာ မရွိပါဘူး။ အားလုံးပဲ ေခတ္ေရစီးေၾကာင္းနဲ႔ အမီ လုိက္ႏုိင္ၾကပါေစ။

No comments:

Post a Comment

မင်္ဂလာပါ..