menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

Blog Pose မှာ fb comment ထည့်နည်း


အရင်ဆုံး blog ထောင်ထားတဲ့ G-mail account ကိုဝင်၊ www.blogger.com ကိုသွား။ ရောက်ပြီဆိုရင် template ကို backup လုပ်ရပါမယ်။ ဒါမှ ကိုယ်လုပ်လို့ တစ်ခုခုမှားသွားရင် version အဟောင်းကို ပြန်ယူလို့ရမှာပါ။ Backup လုပ်ဖို့

Template > Backup / Restore > Download full template ကိုနှိပ်လိုက်ပါ။

နောက်ပြီးရင် အောက်ကပုံထဲကအတိုင်း နံပါတ် ၁ ပြထားတဲ့ (Template) ဆိုတာကိုနှိပ်လိုက်၊ နှိပ်ပြီး ခဏစောင့် loading ရပ်သွားလို့ ရှိရင် နံပါတ် ၂ (Edit HTML) ဆိုတာကို ဆက်နှိပ်။



အဲဒီမှာ blogger က ကုဒ်တွေ တွေ့ရမယ်၊ Ctrl+f နှိပ်ပြီးတော့ <body လို့ ရိုက်ထည့်၊ Enter နှိပ်။ ဒါဆိုရင် body tag ရှိတဲ့နေရာကို ပြပေးလိမ့်မယ် (ဥပမာ။ <body ……………………….. >) အစက်တွေချပြထားတာက တစ်ခြားကုဒ်တွေရှိမှာကို ပြောတာ။ အပိတ်ထောင့်ကွင်း (>) လေးရဲ့နောက်မှာ Enter တစ်ချက်နှိပ်၊ ပြီးရင် အောက်မှာပေးထားတဲ့ ကုဒ်ကို ကူးထည့်လိုက်ပါ။


ဒါဆိုရင် နောက်တစ်ဆင့်ပဲ ကျန်တော့တယ်။

နောက်တစ်ဆင့်က Ctrl+f နှိပ်ပြီးတော့

<div class='post-footer'>

ကိုရှာလိုက်ပါ။ သူ့အပေါ်မှာ အောက်ကပေးထားတဲ့ code ကို ထည့်ရမှာပါ။ တစ်ခါတစ်လေမှာ <div class=’post-footer’> နှစ်ခါတွေ့တတ်ပါတယ်။  အဲဒီလို နှစ်ခါတွေ့ရင် ဒုတိယတစ်ခါရဲ့ အပေါ်မှာ ထည့်ရမှာပါ။ အဲလိုနှစ်ခါတွေ့တာက mobile အတွက် တစ်ခု၊ computer အတွက် တစ်ခုဖြစ်ပါတယ်။ နောက်ဆုံး မရဘူးဆိုရင် နှစ်ခုတွေ့ရင် နှစ်ခုလုံးရဲ့ အပေါ်မှာ အောက်က ပေးထားတဲ့ code ကို ထည့်လိုက်ပါ။

<b:if cond='data:blog.pageType == "item"'>
<div class="fb-comments" expr:href="data:post.url" data-numposts="5" data-colorscheme="light">
</div>
</b:if>
ဒီနှစ်ဆင့်ကို အောင်မြင်အောင် လုပ်နိုင်ရင် ကိုယ့်ရဲ့ blog မှာ facebook comment box ပေါ်လာမှာ ဖြစ်ပါတယ်။ Related post ထည့်တာကိုတော့ နောက်မှ ရေးပေးပါမယ်။ ဒီ post နဲ့ ပတ်သတ်ပြီး အဆင်မပြေတာရှိရင် comment မှာ မေးပါ။

No comments:

Post a Comment

မင်္ဂလာပါ..