Action Center icon ကို enable ဒါမှမဟုတ် disable လုပ်ဖို့အတွက် built-in option ကို အသုံးပြုပြီး ပိတ်ထားနိုင်သလို registry editor ကနေလည်း လုပ်နိုင်ပါတယ်။ Built-in option ကို အသုံးပြုမယ်ဆိုရင် Taskbar မှာရှိတဲ့ Action Center icon ပေါ်မှာ right-click နှိပ်ပါ။ ပြီးရင် Don’t show app icon ဆိုတာကို နှိပ်ပြီး ပိတ်ထားနိုင်သလို အသုံးပြုမယ်ဆိုရင် Show app icon ဆိုတာကို ရွေးပေးရပါမယ်။
Registry editor ကနေ ပြင်ချင်တယ်ဆိုရင် Win + R key ကိုနှိပ်ပြီး Run box ကိုခေါ်ပါ။ ပြီးရင် regedit ဆိုတဲ့ command ကို ရိုက်ထည့်ရပါမယ်။ Registry editor ပွင့်လာရင် HKEY_CURRENT_USER\SOFTWARE\Microsoft\Windows\CurrentVersion\Notifications\Settings ဆိုတဲ့လမ်းကြောင်းအတိုင်းသွားပြီး ညာဘက်အခြမ်းမှာ right-click နှိပ်ပါ။ ပြီးရင် New > DWORD (32-bit) Value ဆိုတာကို ရွေးချယ်ရပါမယ်။ အဆိုပါ key file name ကို NOC_GLOBAL_SETTING_GLEAM_ENABLED ဆိုတဲ့ အမည်ပေးရပါမယ်။
အဆိုပါ key file ကို နာမည်ပေးပြီးရင် double-click နှိပ်ပြီး Value data ဆိုတဲ့နေရာမှာ 1 လို့ သတ်မှတ်လိုက်ရင် Action Center icon ကို ဖျောက်ထားပေးမှာဖြစ်ပြီး၊ 0 လို့သတ်မှတ်ထားပါက အလုပ်လုပ်ဆောင်နိုင်မှာ မဟုတ်ပါဘူး။
ပြီးသွားရင် Taskbar မှာ right-click နှိပ်ပြီး Task Manager ကိုရွေးပါ။ Task Manger ထဲကိုရောက်ရင် Processes ဆိုတဲ့နေရာမှာ Windows Explorer ဆိုတာကိုရွေးပြီး reset ခလုတ်ကို နှိပ်ပေးလိုက်ရင် စတင် အလုပ်လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။
-သီဟ
No comments:
Post a Comment
မင်္ဂလာပါ..