menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

Find My iPhone သုံးစွဲနည်း


မိမိတို့ အသုံးပြုနေကြ iPhone, iPad များဟာ မတော်တဆကျပျောက်ခဲ့တာမျိုး၊ တစ်နေရာရာမှာမေ့ကျန်ခဲ့တာမျိုး၊ အထားမှားမိတာမျိုးတွေ ကြုံလာတဲ့အခါ ပြန်လည်တွေ့ရှိအောင် ခြေရာခံနိုင်ဖို့အတွက်ဆို အသုံးပြုသူများဘက်မှ အမြဲတစေကြိုတင်ဆောင်ရွက်ထားသင့်သည်များရှိပါတယ်။ဘယ်လိုအနေအထားများမှာ မိမိတို့ပျော်ဆုံးသွားတဲ့ Devices များရဲ့တည်နေရာကို ရှာဖွေတွေ့ရှိနိုင်မှာလဲဆိုရင် အောက်ပါ အချက်များနဲ့ပြည့်စုံမှသာ သိရှိနိုင်မှာပါ။
မတော်တဆ အကြောင်းတစ်စုံတစ်ရာကြောင့် ပျောက်ဆုံးမှူဖြစ်ခဲ့ပြီဆိုရင်တော့ မိမိရဲ့ Device ဟာ ဒီအချက်တွေဆောင်ရွက်ထားခြင်းရှိလားဆိုတာ စဉ်းစားဖို့လိုပါတယ်။ မဆောင်ရွက်ထားမိဘူးဆိုရင်တော့ ခြေရာခံဖို့ မဖြစ်နိုင်တော့ပါဘူး။
ဘာပဲဖြစ်ဖြစ် မိမိရဲ့ iPhone, iPad တွေဟာ ပျောက်ဆုံးသွားခဲ့ပြီဆိုရင်တော့ တွေ့ရှိသူက ပြန်ပေးချင်တဲ့စိတ်ကောင်းနဲ့၊ နှစ်ဦးနှစ်ဘက် သင့်တင့်သောတန်ကြေးဖြင့် ပြန်လည်လဲလှယ်စေချင်သောဆန္ဒရှိမှသာ ပြန်လည်ရရှိနိုင်မှာဖြစ်ပါတယ်။ အောက်ဖော်ပြပေးထားတဲ့အချက်တွေကတော့ မိမိရဲ့ Device ကို location သိရှိစေနိုင်ဖို့၊ Device ဆီကို message ပို့နိုင်ဖို့နဲ့ Lost Mode ပြုလုပ်စေနိုင်ဖို့ များစွာအရေးကြီးတဲ့အချက်များပဲဖြစ်ပါတယ်။ iDevice များအားလုံး ဆောင်ရွက်ထားသင့်တဲ့ အချက်များလည်းဖြစ်ပါတယ်။
၁) သင့် Devices ဟာ Online ဖွင့်ထားတဲ့အနေအထားဖြစ်ရပါမယ်။
Online ဖြစ်နေဖို့လိုအပ်တဲ့အတွက် မိမိရဲ့ device ကို internet အမြဲဖွင့်ထားဖို့လိုပါတယ်။ ဒါပေမယ့် ပျောက်ဆုံးသွားလို့ တွေ့ရှိတဲ့သူက iOS 11 ရဲ့အထက်ဆိုရင်တော့ Internet ကို control center မှတဆင့် အလွယ်ကူ ပိတ်နိုင်ပါတယ်။
၂) Location Services လည်းဖွင့်ထားရပါမယ်။ (Setting > Privacy > Location Services)
၃) တတိယအချက်ကတော့ Apple ID ဝင်ထားပြီး Find My iPhone ကို ON ထားဖို့ပါပဲ။ ( Setting > Apple ID(Your Name) > iCloud > Find My iPhone)
Find My iPhone အသုံးပြုဖို့အတွက်ကတော့ မိမိမှာ Apple ID Account တစ်ခုရှိနေရမှာလည်း ဖြစ်ပါတယ်။
Apple ID Account ဟာ အရမ်းကိုအရေးကြီးလှပါတယ်။

No comments:

Post a Comment

မင်္ဂလာပါ..