အဲလိုဖြစ်နေပြီးဆိုရင် ဖြစ်နိုင်တဲ့ အခြေအနေတွေကို ရေးသားတင်ပြလိုက်ပါတယ်။
၁။ Hard Disk မကောင်းရင် သို့မဟုတ် ပျက်ချင်းပြီးဆိုရင်လည်းဖြစ်တတ်ပါတယ်။ Hard Disk နဲ့ ဆက်သွယ် ထားတဲ့ ကြိုးတို့ကို စစ်ဆေးကြည့်လိုက်ပါ။
၂။ Hard Disk Partition ခွဲတာ တစ်မကျရင်လည်း ဖြစ်တတ်တယ်လို့ဆိုပါတယ်။
၃။ ကွန်ပျူတာအတွင်း အပူချိန်သိပ်များနေရင် ဖြစ်တတ်တယ်လို့ဆိုပါတယ်။ ပန်ကာများ အပြည့်အ၀ မလည်ရင် လဲပေးရပါမယ် သို့မဟုတ် အသစ်ထပ်ထည့်ပေးပါ။ သင့်အနေနဲ့ CPU cooler Fan ကို အဓိကထား စစ်ဆေး ပေးပါ။
၄။ RAM slot များမကောင်းရင် ဖြစ်တတ်ပါတယ်။ Slot များလဲတပ်ကြည့်ပါ။ လိုအပ်ရင် RAM အသစ်တိုးပေးပါ။
၅။ Power Supply က လိုအပ်တဲ့ ပါဝါကို မပေးနိုင်ရင်လည်း ဖြစ်တတ်ပါတယ်။ Power Supply ကို စစ်ဆေး သင့်ပါတယ်။
၆။ Hardware (device) များရဲ့ driver ဆော့ဖ်ဝဲများဟာ အဆင်မပြေရင် Conflict ဖြစ်တတ်ပါတယ်။ Conflict ဆိုတာ ဆော့ဖ်ဝဲတစ်ခုနဲ့ တစ်ခု အမိန့်ပေးတာ၊ အလုပ်လုပ်ချင်းတူနေတဲ့အခါ (ထိပ်တိုက်တွေ့တဲ့အခါ) စနစ်က ဘာဆက်လုပ်ရမယ်မသိတော့ဘဲ ကွန်ပျူတာကို Restart ပြန်လုပ်လိုက်တာမျိုးဖြစ်ပါတယ်။
၇။ ဝင်းဒိုးစနစ်မှာ error တစ်ခုခုရှိနေလို့ Restart ပြန်ဖြစ်တာမျိုးလဲရှိပါတယ်။ ၎င်းအတွက် Registry Fix http://www.registryfix.com ကို သုံးကြည့်ပါ။
၈။ Windows OS CD ချပ်ကို Drive ထဲမှာ အရင်ထည့်ထားပါ။ Start/ Run(box) မှာ cmd လို့ရိုက်ပြီး Command Prompt ပေါ်လာရင် C:/> မှာ sfc /scannow လို့ရိုက်ပါ။ ပြီးနောက် Enter ကီးခေါက်လိုက်ပါ။ ဒါဆိုရင် ပျက်နေတဲ့ စနစ်ဖိုင်းများကို Scan လုပ်ပြီး ပြင်ပေးနေပါလိမ့်မယ်။
၉။ နောက်တစ်ခုက ဗိုင်းရပ်စ်ကြောင်းလို့ ပြောရပါမယ်။ Blaster ကဲ့သို့ ဗိုင်းရပ်စ်ဟာ ကွန်ပျူတာမှာ Warning မပေးပဲ Restart ဒါမှမဟုတ် Reboot ပြန်ဖြစ်အောင် ရေးထားပါတယ်။ အထူသဖြင့် ၅၊ ၁၁၊ ၁၅၊ ၂၀၊ ၃၀၊ စသည်မိနစ်တိုင်းမှာ ဖြစ်တတ်ပါတယ်။ အဲဒါကြောင့် မိမိကွန်ပျူတာကို ဗိုင်းရပ်စ်ဆော့ဝဲလ် တစ်ခုနဲ့ စစ် ဆေးကြည့်လိုက်ပါ။
ဘာပဲဖြစ်ဖြစ် restar ပြန်မဖြစ်အောင် တားထားတဲ့ နည်းလမ်းရှိပါတယ်။ မှန်ကန်တဲ့ ဖြေရှင်းနည်းတော့ မဟုတ် ဘူးနော်။
Control Panel ကတစ်ဆင့် System ကို ဖွင့်ပါ။
Advance (tab) ကိုပြောင်းပါ။ Startup and Recovery အောက်က Settings ခလုတ်ကို ကလစ်လုပ်ပါ။ ထပ်မံပေါ်လာတဲ့ Startup and Recovery (box) မှာ System Failure ရဲ့ အောက်က Automatically restart ကိုအမှတ်ခြစ်ကနေဖြုတ်လိုက်ပါ။ ဒါဆိုရင် အလိုအလျှောက် Restart ဖြစ်လိမ့်မယ် မဟုတ်ပါ။
Computer Questions & Answer စာအုပ်မှ ရေးသားတင်ပြလိုက်ပါသည်။
လေးစားစွာဖြင့်
#crd
NayLinHtet (အိုင်တီလမ်းညွှန်)
လေးစားစွာဖြင့်
#crd
လေးစားစွာဖြင့်
#crd
No comments:
Post a Comment
မင်္ဂလာပါ..