menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

Computer ဟန်းနေရင် ဖြေရှင်းနည်း



Unifont
ကွန်ပျူတာဘာကြောင့်ဟန်းရတာလဲ၊ ဘယ်လိုဖြေရှင်းရမလဲ? 👨‍💻

ကွန်ပျူတာအသုံးပြုသူတိုင်း နေ့တိုင်းကြုံတွေ့ရမယ့် ပြဿနာတစ်ခုက စက်ဟန်းနေခြင်းဖြစ်ပါတယ်။ Temp file, Old files တွေကို ရှင်းလင်းပေးပြီး စက်ကို Restart ချလိုက်ရင် ပြန်ကောင်းသွားတတ်ပေမယ့် တစ်ခါတစ်လေမှာတော့ Not Responding ဖြစ်နေရင်း စက်က Busy ဖြစ် အပြာရောင်အဝိုင်းလေးလည်နေတာ နာရီဝက်၊တစ်နာရီလောက်ထိ ကြာနေတတ်ပါတယ်။ အဲ့လောက်ထိကြာနေတာတောင် စက်က အဆင်ပြေသေးဘူးဆိုရင် စက်ကို ဘာ program တွေမှ မပိတ်လိုက် တိုက်ရိုက် Shutdown ချတတ်ကြပါတယ်။ အဲ့ဒီမှာ မ Save ရသေးတဲ့ Program, Files တွေက အကုန်လစ်သွားမှာပါ။ မိမိကွန်ပျူတာက ဟန်းတော့မယ့်အခြေနေဖြစ်မဖြစ် ဘယ်လိုသိနိုင်မလဲ။ စက်က i3, 6 Gen(U),RAM က 4 GB လောက်ပဲရှိတာကို Browser မှာ Tab တွေ အများကြီးဖွင့်ထားတယ်။ တစ်ခြား Programs တွေလည်း တစ်ပြိုင်တည်း သုံးနေတယ်။ Program အကြီးစား Photoshop တို့Engineering Software တို့စတာတွေလည်းသုံးနေတယ်။ ဂိမ်းလည်းဆော့နေတယ်ဆိုရင် သေချာပေါက် စက်ဟန်းမှာပါ။ တစ်ချို့စက်တွေမှာတော့ ဘာ program မှ မသုံးပဲလည်း စက်က Auto ဟန်းနေပြီးသား။ Desktop အပေါ်မှာ Run နေတဲ့ program တွေ မတွေ့ရပေမယ့် နောက်ကွယ်မှာ Run နေတဲ့ program တွေ ရှိပါတယ်။ မိမိစက်ဟန်းတော့မယ်ဆိုရင် CPU က Overheat ဖြစ်ပြီး အရမ်းပူလာပါမယ်။ အသံတွေလည်း တစ်ရှဲရှဲမြည်လာပါလိမ့်မယ်။ Taskbar ကို Right click နှိပ်ပြီး Task Manager ထဲဝင်ကြည့်ပါ။ အဲ့မှာ Process, Performance အောက်မှာကြည့်ကြည့်ပါ။ CPU, RAM, Harddisk, Internet, GPU တွေ ဘယ်လောက်အသုံးပြုနေတာတွေ တွေ့ရမှာပါ။ CPU, RAM, Harddisk တွေရဲ့Usage က 10%, 15%,20% လောက်ဆို ပုံမှန်အတိုင်းဖြစ်ပေမယ့် အဲ့ဒီထက်ကျော်လွန်ပြီး CPU က 50% ထက်ကျော်နေမယ်၊ Memory က အပြည့်သုံးနေမယ်၊ HDD Usage ကလည်း 100% အပြည့်သုံးနေပြီဆိုရင် မိမိစက်က ပုံမှန်မဟုတ်တော့ပါဘူး။ ဒီအတိုင်းပေကပ်ပြီး ဆက်သုံးနေရင်တော့ စက်ပျက်ဖို့မဝေးတော့ပါဘူး။ အဲ့ဒီလိုမဖြစ်စေဖို့ကြိုတင်လုပ်ဆောင်ထားသင့်တဲ့ နည်းလမ်းလေးတွေကို အောက်မှာ ဖော်ပြပေးသွားပါမယ်။

(1) Files အဟောင်းတွေ မလိုအပ်တဲ့ Files တွေ ရှင်းလင်းပါ။


ကျွန်တော်တို့ program တစ်ခုအသုံးပြုတိုင်း သုံးခဲ့သမျှ programs တွေရဲ့ Temp Files တွေ ကျွန်တော်တို့မမြင်နိုင်တဲ့နေရာမှာ ကျန်နေလေ့ရှိပါတယ်။ အဲ့ဒါတွေကို ရှင်းလင်းပေးရမယ်။ Windows Key နဲ့R ကို တွဲနှိပ်ပါ။ Run box ပေါ်မှာ အောက်ပါ (recent, temp, %temp%, prefetch ) command တွေကို တစ်ခုချင်းစီ ရိုက်ထည့်ပြီး Files တွေကို Select all လုပ်ပြီး Shift Delete နဲ့ဖျက်လိုက်ပါ။ ဖျက်လို့မရတာတွေကို Skip လုပ်ပါ။ CCleaner နောက်ဆုံးဗားရှင်းကို Install လုပ်ပြီး ပုံမှန် Run လုပ်ပေးပါ။ တစ်လတစ်ခါလောက် Run box မှာ (cleanmgr) လို့ရိုက်ထည့်ပြီး Disk Cleanup လုပ်ပါ။ Run box မှာ (dfrgui) ရိုက်ထည့်ပြီး Diskfragment လုပ်ပါ။

(2) Background Running Program မလိုအပ်တဲ့ Program တွေပိတ်ပါ။

မိမိစက်မှာ မလိုအပ်တဲ့ program တွေ Install လုပ်ထားခြင်းကလည်း မိမိ အသုံးမပြုပဲထားပေမယ့် နောက်ကွယ်မှာတော့ Run နေတတ်ပါတယ်။ Program and Features ထဲဝင်ပြီး မလိုအပ်တာတွေကို ဖြုတ်ပါ။ ကွန်ပျူတာရဲ့Default App တွေ၊ Store ထဲက App တွေကိုတော့ program and Features ကနေ ဖြုတ်လို့မရပါဘူး။ ဥပမာ- Notepad ကိုဖြုတ်ချင်တယ်ဆိုရင် သူ့location ထဲမှာ uninstall.exe နဲ့ဖြုတ်လို့ရသလို့Registry ထဲမှာ သွားဖျက်လည်းရတယ်။ Microsoft Trusted Store ထဲက App တွေကို ဥပမာ - Camera ဆိုပါတော့ သူကို ဖြုတ်ဖို့ All Settings\App အောက်က Apps & Features အောက်မှာ ဖြုတ်ချင်တဲ့ app တစ်ခုကို click တစ်ချက်နှိပ်ပြီး uninstall နှိပ်ပါ။ နောက်ထပ်ဖြုတ်ရမယ့် Background running program တွေဖြုတ်ပါ။ All Setting\ Privacy အောက်က Background Apps မှာ မလိုအပ်ရင် အကုန်သာ Off ထားလိုက်ပါ။ All Settings\App အောက်က Startup မှာလည်း အကုန်သာပိတ်ထားလိုက်ပါ။ Task Manager ကနေလည်း မလိုအပ်တဲ့ programs တွေကို End Task လုပ်လိုက်ပါ။ System တွေကိုတော့ မလုပ်မိစေနဲ့နော်။ မိမိစက်မှာ CCleaner ထည့်ထားရင်တော့ အဲ့ဒီ Tool ကနေဖြုတ်လို့ရတယ်။

(3) Anti-Virus Software တွေ အမြဲ Update လုပ်ထားပါ။

ကွန်ပျူတာမှာ ဘာမှမသုံးထားပဲ CPU Usage 100% ဖြစ်နေရင်တော့ Virus ရှိလို့လည်းဖြစ်နိုင်ပါတယ်။ အဲ့တော့ Virus Scanner တွေကို အမြဲ update လုပ်ထားပါ။ Windows Defender ကိုလည်း update ဖြစ်နေပါစေ။ ဖြစ်နိုင်ရင်နေ့တိုင်း စက်ဖွင့်တိုင်း Virus Scan run ပေးပါ။ တစ်ချို့Virus တွေက Virus scan ဆော့ဝဲလ်တွေ မသိတာတွေတောင်ရှိပါတယ်။ Windows 10 Defender ကတော့ တော်တော်ကိုအဆင့်မြင့်ပါတယ်။

(4) မလိုအပ်တဲ့ Services တွေကို ပိတ်ထားပါ။

Windows Search ကလည်း မိမိမျက်စိနဲ့မမြင်နိုင်ပေမယ့် နောက်ကွယ်မှာတော့ user ရှာတာ အလွယ်တကူ တွေ့နိုင်စေဖို့အလုပ်လုပ်နေရပါတယ်။ Search box ကနေတစ်ခုခု ရိုက်ရှာလိုက်ရင် မိမိရှာဖွေလိုက်တဲ့အရာနဲ့ပတ်သက်တာတွေကို ရှိသမျှနေရာတွေထဲမှာ လိုက်ရှာနေရပါတယ်။ အဲ့တာကြောင့် Windows Search ကို ပိတ်ချင်ရင် Services ထဲကိုဝင်ပါ။ Run box မှာ (services.msc) ရိုက်ထည့်ပါ။ Windows Search ကိုရှာပြီး Automatic ဖြစ်နေတာကို Disable လုပ် Ok နှိပ်ပေးလိုက်ပါ။ CMD ကနေ ပိတ်မယ်ဆိုရင် cmd ကို admin နဲ့run ပါ။ (net.exe stop “Windows Search”) လို့ရိုက်ထည့်ပြီး Enter နှိပ်ပါ။ The Windows Search Service was stopped successfully လို့ပြလာရင် ရပါပြီ။ Superfetch ကိုရှာပြီး Automatic ဖြစ်နေတာကို Disable လုပ် Ok နှိပ်ပေးလိုက်ပါ။ CMD ကနေ ပိတ်မယ်ဆိုရင် cmd ကို admin နဲ့run ပါ။ (net.exe stop superfetch) လို့ရိုက်ထည့်ပြီး Enter နှိပ်ပါ။ The Superfetch Service was stopped successfully လို့ပြလာရင် ရပါပြီ။ Background Intelligent Transfer Service(BITS) ကိုရှာပြီး Automatic ဖြစ်နေတာကို Disable လုပ် Ok နှိပ်ပေးလိုက်ပါ။ မလိုအပ်တဲ့ဟာတွေ Running ဖြစ်နေတာကို အပေါ်ကနည်းအတိုင်းလုပ်ပါ။ System တွေကိုတော့ မလုပ်မိပါစေနဲ့။ Run box မှာ (msconfig)လို့ရိုက်ထည့်ပြီး services tab အောက်ဆုံးမှာ Hide All Microsoft Services ကို အမှန်ခြစ်ခြစ်ပြီး ကျန်တာတွေကို Disable လုပ်လိုက်ရင်လည်းရပါတယ်။ အဲ့ဒီထဲက တစ်ခုခုကို ပြန်သုံးချင်ရင် Services မှာ disable လုပ်ထားတယ်။ သုံးချင်ရင် ပြန်ဖွင့်ပါလို့ message တက်လာပါမယ်။ ကိုယ်သုံးချင်တဲ့အချိန်မှ Enable လုပ်ပြီးသုံးပါ။

(5) RAM နည်းနေရင် Virtual RAM လုပ်ပြီးသုံးပါ။

Virtual RAM လုပ်နည်းကတော့ ဒီမှာ တင်ခဲ့ပြီးပါပြီ။

(6) Power Options ကို High Performance ပြောင်းပါ။

ကွန်ပျူတာဘက်ထရီ power options က Windows ရဲ့ default plan ဖြစ်နေရင် တစ်ချို့ဘက်ထရီအားအရမ်းစားတဲ့ program တွေနဲ့တွေ့ရင် အဆင်မပြေနိုင်ပါဘူး။ အဲ့ဒီတော့ high performance ပြောင်းထားရမယ်။ ဘက်ထရီအကြောင်းကို ဒီမှာ  တင်ခဲ့ပြီးပါပြီ။ Control Panel\All Control Panel Items\Power Options\Edit Plan Settings ထဲဝင်လိုက်ပါ။ အဲ့ဒီမှာ High Performance plan မရှိသေးရင် power options အောက်မှာ Create Power Plan မှာ High Performance plan ကို ရွေးပြီး Create လုပ်ပါ။ အခုမှ High Performance plan Create လုပ်တဲ့သူရော၊ ရှိပြီးသားသူတွေရော Change Advanced Power Setting ကို ဆက်နှိပ်ပါ။ အဲ့ဒီမှာ Balanced နေရာမှာ High Performance plan ကို ရွေးထားပေးပြီး ဒီမှာ ထဲက အတိုင်း တစ်ခုချင်းစီ သတ်မှတ်ပေးလိုက်ပါ။ ပြီးရင် Save Change လုပ်ဖို့မမေ့ပါနဲ့။

(7) Disk Check လုပ်ပါ။

CMD ကို admin နဲ့run ပါ။ (chkdsk.exe /f/r) ရိုက်ထည့်ပြီး Enter နှိပ်ပါ။ စက် Restart ချပြီးရင် check disk လုပ်မလုပ်(Y/N) မေးလာရင် (Y) လို့ရိုက်ထည့်ပါ။ စက် Restart ချပြီးရင် check disk လုပ်ပါလိမ့်မယ်လို့ပြလာပါလိမ့်မယ်။

(8) Flash Player တွေကို Uninstall လုပ်ပါ။

Browser Setting ထဲဝင်ပါ။ Chrome ဆိုရင် chrome://settings/content/flash?search=flash+ ထဲဝင်ပါ။ အဲ့ဒီမှာ block or ကြိုက်သလိုလုပ်နိုင်တယ်။

(9) Diagnostic Tracking ကို Disable လုပ်ထားပါ။

CMD ကို admin နဲ့run ပါ။ (sc config “DiagTrack” start=disabled) လို့ရိုက်ထည့်ပြီး enter နှိပ်ပါ။ Success ဖြစ်သွားရင် (sc stop “DiagTrack”) လို့ ပြန်ရိုက်ထည့်ပါ။ The service has not been started ပေါ်လာရင် cmd ကို ပိတ်လို့ရပါပြီ။

(10) RunFullMemoryDiagnostic Job ကို Disable လုပ်ပါ။ Control Panel\All Control Panel Items\Administrative Tools အောက်က Task Scheduler ကိုဖွင့်ပါ။ Task Scheduler library ကိုချဲ့လိုက်ပါ။ Microsoft\Windows\MemoryDiagnostic အောက်အထိ သွားပါ။ RunFullMemoryDiagnostic ကို Right click နှိပ်ပြီး Disable လုပ်ပေးလိုက်ပါ။ စက်ကို Restart ချပေးလိုက်ပါ။

(11) တစ်ခြားနည်းများ Registry မှာ သွားပြင်ပေးတဲ့နည်း၊ Device Manager မှာ driver path သွားစစ်ပေးရတဲ့နည်း၊ Virtual effect ကို ပြောင်းတဲ့နည်းတွေ ကျန်ပါသေးတယ်။ စာရှည်သွားလို့ထည့်မရေးတော့ဘူး။



Zawgyi font
ကြန္ပ်ဴတာဘာေၾကာင့္ဟန္းရတာလဲ၊ ဘယ္လိုေျဖရွင္းရမလဲ? 👨‍💻
ကြန္ပ်ဴတာအသုံးျပဳသူတုိင္း ေန ့တိုင္းၾကဳံေတြ ့ရမယ့္ ျပႆနာတစ္ခုက စက္ဟန္းေနျခင္းျဖစ္ပါတယ္။ Temp file, Old files ေတြကို ရွင္းလင္းေပးျပီး စက္ကို Restart ခ်လိုက္ရင္ ျပန္ေကာင္းသြားတတ္ေပမယ့္ တစ္ခါတစ္ေလမွာေတာ့ Not Responding ျဖစ္ေနရင္း စက္က Busy ျဖစ္ အျပာေရာင္အဝုိင္းေလးလည္ေနတာ နာရီဝက္၊တစ္နာရီေလာက္ထိ ၾကာေနတတ္ပါတယ္။ အဲ့ေလာက္ထိၾကာေနတာေတာင္ စက္က အဆင္ေျပေသးဘူးဆိုရင္ စက္ကို ဘာ program ေတြမွ မပိတ္လိုက္ တုိက္ရိုက္ Shutdown ခ်တတ္ၾကပါတယ္။ အဲ့ဒီမွာ မ Save ရေသးတဲ့ Program, Files ေတြက အကုန္လစ္သြားမွာပါ။ မိမိကြန္ပ်ဴတာက ဟန္းေတာ့မယ့္အေျခေနျဖစ္မျဖစ္ ဘယ္လိုသိႏိုင္မလဲ။ စက္က i3, 6 Gen(U),RAM က 4 GB ေလာက္ပဲရွိတာကို Browser မွာ Tab ေတြ အမ်ားၾကီးဖြင့္ထားတယ္။ တစ္ျခား Programs ေတြလည္း တစ္ျပိဳင္တည္း သုံးေနတယ္။ Program အၾကီးစား Photoshop တို ့Engineering Software တို ့စတာေတြလည္းသုံးေနတယ္။ ဂိမ္းလည္းေဆာ့ေနတယ္ဆိုရင္ ေသခ်ာေပါက္ စက္ဟန္းမွာပါ။ တစ္ခ်ိဳ ့စက္ေတြမွာေတာ့ ဘာ program မွ မသုံးပဲလည္း စက္က Auto ဟန္းေနျပီးသား။ Desktop အေပၚမွာ Run ေနတဲ့ program ေတြ မေတြ ့ရေပမယ့္ ေနာက္ကြယ္မွာ Run ေနတဲ့ program ေတြ ရွိပါတယ္။ မိမိစက္ဟန္းေတာ့မယ္ဆိုရင္ CPU က Overheat ျဖစ္ျပီး အရမ္းပူလာပါမယ္။ အသံေတြလည္း တစ္ရွဲရွဲျမည္လာပါလိမ့္မယ္။ Taskbar ကို Right click ႏွိပ္ျပီး Task Manager ထဲဝင္ၾကည့္ပါ။ အဲ့မွာ Process, Performance ေအာက္မွာၾကည့္ၾကည့္ပါ။ CPU, RAM, Harddisk, Internet, GPU ေတြ ဘယ္ေလာက္အသုံးျပဳေနတာေတြ ေတြ ့ရမွာပါ။ CPU, RAM, Harddisk ေတြရဲ ့Usage က 10%, 15%,20% ေလာက္ဆို ပုံမွန္အတိုင္းျဖစ္ေပမယ့္ အဲ့ဒီထက္ေက်ာ္လြန္္ျပီး CPU က 50% ထက္ေက်ာ္ေနမယ္၊ Memory က အျပည့္သုံးေနမယ္၊ HDD Usage ကလည္း 100% အျပည့္သုံးေနျပီဆိုရင္ မိမိစက္က ပုံမွန္မဟုတ္ေတာ့ပါဘူး။ ဒီအတုိင္းေပကပ္ျပီး ဆက္သုံးေနရင္ေတာ့ စက္ပ်က္ဖို ့မေဝးေတာ့ပါဘူး။ အဲ့ဒီလုိမျဖစ္ေစဖို ့ၾကိဳတင္လုပ္ေဆာင္ထားသင့္တဲ့ နည္းလမ္းေလးေတြကို ေအာက္မွာ ေဖာ္ျပေပးသြားပါမယ္။
(1) Files အေဟာင္းေတြ မလိုအပ္တဲ့ Files ေတြ ရွင္းလင္းပါ။
ကြ်န္ေတာ္တုိ ့ program တစ္ခုအသုံးျပဳတိုင္း သုံးခဲ့သမ်ွ programs ေတြရဲ ့ Temp Files ေတြ ကြ်န္ေတာ္တို ့မျမင္ႏိုင္တဲ့ေနရာမွာ က်န္ေနေလ့ရွိပါတယ္။ အဲ့ဒါေတြကို ရွင္းလင္းေပးရမယ္။ Windows Key နဲ ့R ကို တြဲႏွိပ္ပါ။ Run box ေပၚမွာ ေအာက္ပါ (recent, temp, %temp%, prefetch ) command ေတြကို တစ္ခုခ်င္းစီ ရိုက္ထည့္ျပီး Files ေတြကို Select all လုပ္ျပီး Shift Delete နဲ ့ဖ်က္လိုက္ပါ။ ဖ်က္လို ့မရတာေတြကို Skip လုပ္ပါ။ CCleaner ေနာက္ဆုံးဗားရွင္းကို Install လုပ္ျပီး ပုံမွန္ Run လုပ္ေပးပါ။ တစ္လတစ္ခါေလာက္ Run box မွာ (cleanmgr) လုိ ့ရိုက္ထည့္ျပီး Disk Cleanup လုပ္ပါ။ Run box မွာ (dfrgui) ရို္က္ထည့္ျပီး Diskfragment လုပ္ပါ။
(2) Background Running Program မလုိအပ္တဲ့ Program ေတြပိတ္ပါ။
မိမိစက္မွာ မလိုအပ္တဲ့ program ေတြ Install လုပ္ထားျခင္းကလည္း မိမိ အသုံးမျပဳပဲထားေပမယ့္ ေနာက္ကြယ္မွာေတာ့ Run ေနတတ္ပါတယ္။ Program and Features ထဲဝင္ျပီး မလုိအပ္တာေတြကို ျဖဳတ္ပါ။ ကြန္ပ်ဴတာရဲ ့Default App ေတြ၊ Store ထဲက App ေတြကိုေတာ့ program and Features ကေန ျဖဳတ္လို ့မရပါဘူး။ ဥပမာ- Notepad ကိုျဖဳတ္ခ်င္တယ္ဆိုရင္ သူ ့location ထဲမွာ uninstall.exe နဲ ့ျဖဳတ္လို ့ရသလို ့Registry ထဲမွာ သြားဖ်က္လည္းရတယ္။ Microsoft Trusted Store ထဲက App ေတြကို ဥပမာ - Camera ဆိုပါေတာ့ သူကို ျဖဳတ္ဖို ့ All Settings\App ေအာက္က Apps & Features ေအာက္မွာ ျဖဳတ္ခ်င္တဲ့ app တစ္ခုကို click တစ္ခ်က္ႏိွပ္ျပီး uninstall ႏွိပ္ပါ။ ေနာက္ထပ္ျဖဳတ္ရမယ့္ Background running program ေတြျဖဳတ္ပါ။ All Setting\ Privacy ေအာက္က Background Apps မွာ မလိုအပ္ရင္ အကုန္သာ Off ထားလိုက္ပါ။ All Settings\App ေအာက္က Startup မွာလည္း အကုန္သာပိတ္ထားလိုက္ပါ။ Task Manager ကေနလည္း မလိုအပ္တဲ့ programs ေတြကို End Task လုပ္လိုက္ပါ။ System ေတြကိုေတာ့ မလုပ္မိေစနဲ ့ေနာ္။ မိမိစက္မွာ CCleaner ထည့္ထားရင္ေတာ့ အဲ့ဒီ Tool ကေနျဖဳတ္လို ့ရတယ္။
(3) Anti-Virus Software ေတြ အျမဲ Update လုပ္ထားပါ။
ကြန္ပ်ဴတာမွာ ဘာမွမသုံးထားပဲ CPU Usage 100% ျဖစ္ေနရင္ေတာ့ Virus ရွိလို ့လည္းျဖစ္ႏိုင္ပါတယ္။ အဲ့ေတာ့ Virus Scanner ေတြကို အျမဲ update လုပ္ထားပါ။ Windows Defender ကိုလည္း update ျဖစ္ေနပါေစ။ ျဖစ္ႏိုင္ရင္ေန ့တိုင္း စက္ဖြင့္တိုင္း Virus Scan run ေပးပါ။ တစ္ခ်ိဳ ့Virus ေတြက Virus scan ေဆာ့ဝဲလ္ေတြ မသိတာေတြေတာင္ရွိပါတယ္။ Windows 10 Defender ကေတာ့ ေတာ္ေတာ္ကိုအဆင့္ျမင့္ပါတယ္။
(4) မလုိအပ္တဲ့ Services ေတြကို ပိတ္ထားပါ။
Windows Search ကလည္း မိမိမ်က္စိနဲ ့မျမင္ႏိုင္ေပမယ့္ ေနာက္ကြယ္မွာေတာ့ user ရွာတာ အလြယ္တကူ ေတြ ့ႏို္င္ေစဖို ့အလုပ္လုပ္ေနရပါတယ္။ Search box ကေနတစ္ခုခု ရိုက္ရွာလုိက္ရင္ မိမိရွာေဖြလိုက္တဲ့အရာနဲ ့ပတ္သက္တာေတြကို ရွိသမ်ွေနရာေတြထဲမွာ လိုက္ရွာေနရပါတယ္။ အဲ့တာေၾကာင့္ Windows Search ကို ပိတ္ခ်င္ရင္ Services ထဲကိုဝင္ပါ။ Run box မွာ (services.msc) ရိုက္ထည့္ပါ။ Windows Search ကိုရွာျပီး Automatic ျဖစ္ေနတာကို Disable လုပ္ Ok ႏွိပ္ေပးလိုက္ပါ။ CMD ကေန ပိတ္မယ္ဆုိရင္ cmd ကို admin နဲ ့run ပါ။ (net.exe stop “Windows Search”) လို ့ရိုက္ထည့္ျပီး Enter ႏွိပ္ပါ။ The Windows Search Service was stopped successfully လို ့ျပလာရင္ ရပါျပီ။ Superfetch ကိုရွာျပီး Automatic ျဖစ္ေနတာကို Disable လုပ္ Ok ႏွိပ္ေပးလိုက္ပါ။ CMD ကေန ပိတ္မယ္ဆုိရင္ cmd ကို admin နဲ ့run ပါ။ (net.exe stop superfetch) လို ့ရိုက္ထည့္ျပီး Enter ႏွိပ္ပါ။ The Superfetch Service was stopped successfully လို ့ျပလာရင္ ရပါျပီ။ Background Intelligent Transfer Service(BITS) ကိုရွာျပီး Automatic ျဖစ္ေနတာကို Disable လုပ္ Ok ႏွိပ္ေပးလိုက္ပါ။ မလိုအပ္တဲ့ဟာေတြ Running ျဖစ္ေနတာကို အေပၚကနည္းအတုိင္းလုပ္ပါ။ System ေတြကိုေတာ့ မလုပ္မိပါေစနဲ ့။ Run box မွာ (msconfig)လို ့ရိုက္ထည့္ျပီး services tab ေအာက္ဆုံးမွာ Hide All Microsoft Services ကို အမွန္ျခစ္ျခစ္ျပီး က်န္တာေတြကို Disable လုပ္လိုက္ရင္လည္းရပါတယ္။ အဲ့ဒီထဲက တစ္ခုခုကို ျပန္သုံးခ်င္ရင္ Services မွာ disable လုပ္ထားတယ္။ သုံးခ်င္ရင္ ျပန္ဖြင့္ပါလို ့ message တက္လာပါမယ္။ ကိုယ္သုံးခ်င္တဲ့အခ်ိန္မွ Enable လုပ္ျပီးသုံးပါ။
(5) RAM နည္းေနရင္ Virtual RAM လုပ္ျပီးသုံးပါ။
Virtual RAM လုပ္နည္းကေတာ့ ဒီမွာ တင္ခဲ့ျပီးပါျပီ။
(6) Power Options ကို High Performance ေျပာင္းပါ။
ကြန္ပ်ဴတာဘက္ထရီ power options က Windows ရဲ ့ default plan ျဖစ္ေနရင္ တစ္ခ်ိဳ ့ဘက္ထရီအားအရမ္းစားတဲ့ program ေတြနဲ ့ေတြ ့ရင္ အဆင္မေျပႏုိင္ပါဘူး။ အဲ့ဒီေတာ့ high performance ေျပာင္းထားရမယ္။ ဘက္ထရီအေၾကာင္းကို ဒီမွာ  တင္ခဲ့ျပီးပါျပီ။ Control Panel\All Control Panel Items\Power Options\Edit Plan Settings ထဲဝင္လိုက္ပါ။ အဲ့ဒီမွာ High Performance plan မရွိေသးရင္ power options ေအာက္မွာ Create Power Plan မွာ High Performance plan ကို ေရြးျပီး Create လုပ္ပါ။ အခုမွ High Performance plan Create လုပ္တဲ့သူေရာ၊ ရွိျပီးသားသူေတြေရာ Change Advanced Power Setting ကို ဆက္ႏွိပ္ပါ။ အဲ့ဒီမွာ Balanced ေနရာမွာ High Performance plan ကို ေရြးထားေပးျပီး ဒီမွာ ထဲက အတိုင္း တစ္ခုခ်င္းစီ သတ္မွတ္ေပးလိုက္ပါ။ ျပီးရင္ Save Change လုပ္ဖို ့မေမ့ပါနဲ ့။
(7) Disk Check လုပ္ပါ။
CMD ကုိ admin နဲ ့run ပါ။ (chkdsk.exe /f/r) ရိုက္ထည့္ျပီး Enter ႏွိပ္ပါ။ စက္ Restart ခ်ျပီးရင္ check disk လုပ္မလုပ္(Y/N) ေမးလာရင္ (Y) လို ့ရိုက္ထည့္ပါ။ စက္ Restart ခ်ျပီးရင္ check disk လုပ္ပါလိမ့္မယ္လို ့ျပလာပါလိမ့္မယ္။
(8) Flash Player ေတြကို Uninstall လုပ္ပါ။
Browser Setting ထဲဝင္ပါ။ Chrome ဆိုရင္ chrome://settings/content/flash?search=flash+ ထဲဝင္ပါ။ အဲ့ဒီမွာ block or ၾကိဳက္သလိုလုပ္ႏိုင္တယ္။
(9) Diagnostic Tracking ကုိ Disable လုပ္ထားပါ။
CMD ကုိ admin နဲ ့run ပါ။ (sc config “DiagTrack” start=disabled) လို ့ရိုက္ထည့္ျပီး enter ႏွိပ္ပါ။ Success ျဖစ္သြားရင္ (sc stop “DiagTrack”) လို ့ ျပန္ရုိိက္ထည့္ပါ။ The service has not been started ေပၚလာရင္ cmd ကို ပိတ္လုိ ့ရပါျပီ။
(10) RunFullMemoryDiagnostic Job ကို Disable လုပ္ပါ။ Control Panel\All Control Panel Items\Administrative Tools ေအာက္က Task Scheduler ကိုဖြင့္ပါ။ Task Scheduler library ကိုခ်ဲ ့လိုက္ပါ။ Microsoft\Windows\MemoryDiagnostic ေအာက္အထိ သြားပါ။ RunFullMemoryDiagnostic ကို Right click ႏွိပ္ျပီး Disable လုပ္ေပးလိုက္ပါ။ စက္ကို Restart ခ်ေပးလိုက္ပါ။
(11) တစ္ျခားနည္းမ်ား Registry မွာ သြားျပင္ေပးတဲ့နည္း၊ Device Manager မွာ driver path သြားစစ္ေပးရတဲ့နည္း၊ Virtual effect ကို ေျပာင္းတဲ့နည္းေတြ က်န္ပါေသးတယ္။ စာရွည္သြားလုိ ့ထည့္မေရးေတာ့ဘူး။
#NetComplusComputer

No comments:

Post a Comment

မင်္ဂလာပါ..