menu
@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..
MacBook နဲ့Windows 10 ဘာတွေတူသလဲ?
👨‍💻
MacBook နဲ့Windows 10 ဘာတွေတူသလဲ? 
++++++++++++++++++++
ကွန်ပျူတာတွေမှာ အသုံးပြုနေတဲ့ Operation System(OS) များ
Microsoft က ထုတ်တဲ့ Windows OS, Open Source အနေဖြင့်
အသုံးပြုလို့ရတဲ့ LinuxOS, Apple က ထုတ်တဲ့ Mac, Google ရဲ့
Chrome OS အစရှိသဖြင့် Operation System များစွာရှိပါတယ်။
ထို (OS)တွေထဲမှ Windows နဲ့ MacBook ကွန်ပျူတာနှစ်လုံးမှာ
တူညီတဲ့ အချက်များ၊ Features များ၊ တူညီတဲ့ App များစွာရှိတဲ့
အထဲကမှ တစ်ချို့သော လုံးဝ ချွတ်ဆင်တူညီတဲ့ အချက်တွေကို
ဖော်ပြပေးလိုက်ပါတယ်။ Windows ကနေ MacBook ကိုပြောင်း
အသုံးပြုမယ့်သူတွေအတွက်လည်း အထောက်ကူပြုနိုင်စေဖို့
ပို့စ်ကို Like & Share, See First လုပ်ထားကြပါဦးနော်။😘😍
Taskbar & Dock
Windows 10 မှာ အသုံးပြုတာများတဲ့ ဆော့ဝဲလ်တွေထားတဲ့
ကွန်ပျူတာ Screen အောက်ဆုံးက Taskbar (or)Toolbar နဲ့
MacBook ရဲ့Dock နဲ့ဆင်တူပါတယ်။ ဒါပေမယ့်တစ်ခုနဲ့တစ်ခု
အသုံးပြုပုံချင်း၊ လုပ်ဆောင်မှုချင်းတော့ တူမှာမဟုတ်ပါဘူး။
2. Explorer & Finder
Windows 10 မှာ C,D,E အစရှိတဲ့ ဖိုင်တွေရှိတဲ့ Explorer နဲ့
MacBook ရဲ့Finder နဲ့တူညီပါတယ်။
3. Start Menu & Launchpad
Windows 10 မှာ Windows Logo ကို နှိပ်လိုက်ရင် Start
Meun ထဲကို ရောက်သွားသလိုပါပဲ MacBook မှာတော့
Launchpad ကို နှိပ်လိုက်ရင်တော့ Install လုပ်ထားတဲ့
ဆော့ဝဲလ်တွေနဲ့Built in ပါဝင်တဲ့ Apps တွေကိုမြင်ရပါမယ်။
4. Edge or Internet Explorer နဲ့Safari
Windows 10 မှာ Default Browser က IE ဖြစ်ပြီး နောက်ထပ်
Edge ကိုလည်း အသုံးပြုထားပါတယ်။ MacBook မှာဆိုရင်တော့
Apple သမားတွေ သုံးတဲ့ Safari ကို သုံးရမှာပါ။
5. Windows Key & Command Key
Windows OS သုံး ကွန်ပျူတာတွေမှာ Windows Logo ပုံနဲ့
Windows Key က MacBook မှာတော့ Command Key နဲ့
ဆင်တူပါတယ်။
6. Microsoft Store & App Store
Windows 10 မှာ တစ်ခြားဆော့ဝဲလ်တွေ အသုံးပြုချင်သေးရင်
Microsoft Store ကနေ ဒေါင်းလုဒ်ဆွဲတင်နိုင်သလို MacBook
မှာတော့ App Store ကနေ ဒေါင်းလုဒ်ဆွဲတင်နိုင်ပါတယ်။
7. Microsoft Account & Apple ID
Microsoft ရဲ့Cloud & Features တွေ အသုံးပြုဖို့Microsoft
Account လိုအပ်သလို MacBook မှာလည်း Apple ID လိုပါတယ်။
8. Cortana & Siri
Windows 10 ကွန်ပျူတာတွေမှာ အသံနဲ့စေခိုင်းပြီး ထိန်းချူပ်ချင်ရင်
Cortana ကို အသုံးပြုနိုင်သလို MacBook မှာ Command နဲ့ Space
Bar ကို ဖိနှိပ်ထားပြီး Hey Siri ! ဆိုပြီး အစချီပြောနိုင်ပါတယ်။
9. Skype & FaceTime
Windows ကွန်ပျူတာတွေမှာ Video Call တွေပြောဖို့Skype ကို
သုံ့းသလို MacBook မှာတော့ FaceTime ကို အသုံးပြုပါတယ်။
MacBook မှာလည်း Skype ကို အသုံးပြုနိုင်ပါတယ်။
10. Recycle Bin & Trash
Windows ကွန်ပျူတာမှာ Delete နဲ့ဖျက်လိုက်တဲ့ ဖိုင်တွေက
Recycle Bin ထဲကို ရောက်သွားနိုင်သလို MacBook မှာတော့
Trash ထဲကို ရောက်သွားမှာပါ။
Windows 10 & MacBook တူတဲ့အချက်များစွာလည်း
အများကြီးကျန်ပါသေးတယ်။ နောက်နေ့တွေမှာ ပုံမှန်
ရေးတင်ပေးသွားမှာဖြစ်လို့Page ကို Like & Share,
See First လုပ်ထားကြပါဦးနော်။ 😍😍😍😘🤗
Taskbar & Dock
2. Explorer & Finder
3. Start Menu & Launchpad
ဆင်တူပါတယ်။
8. Cortana & Siri
9. Skype & FaceTime
10. Recycle Bin & Trash
No comments:
Post a Comment
မင်္ဂလာပါ..