menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

Windows 10 Start menu အလုပ်မလုပ်တဲ့ ပြဿနာကိုဖြေရှင်းနည်း


Windows 10 ရဲ့ Start menu button ဟာ အလုပ်မလုပ်တော့ဘဲ Critical Error box ပြနေတယ်ဆို ရင် ဖော်ပြပါနည်းလမ်းအတိုင်း ပြုလုပ်နိုင်ပါတယ်။
Start menu button အလုပ်မလုပ်ဘူးဆိုရင် ပထမဆုံး Ctrl + Alt + Del ကို နှိပ်ပြီး Task Manager ကို နှိပ်ပါ။ ဒါမှမဟုတ် Taskbar ကို right-click နှိပ်ပြီး Task Manager ကိုရွေးချယ်နိုင်ပါတယ်။ Task Manager ကိုရောက်ပြီဆိုရင် File > Run new task ဆိုတာကို နှိပ်ရပါမယ်။

Create New Task ဆိုတဲ့ box တက်လာရင် msconfig ဆိုတဲ့ command ကို ရိုက်ထည့်ပြီး Ok ကိုနှိပ်ပါ။

System Configuration box တက်လာရင် Boot ဆိုတဲ့ tab ကိုရွေးပါ။ ပြီးရင် Safe boot ဆိုတဲ့နေရာမှာ အမှန်ခြစ်ထည့်ပြီး Ok ကို နှိပ်ကာ restart လုပ်ရမှာဖြစ်ပါတယ်။

Restart ကျသွားပြီးရင် Windows ဟာ safe mode နဲ့ ပြန်တက်လာမှာဖြစ်ပါတယ်။ Windows system ထဲကိုရောက်ပြီဆိုရင် အပေါ်မှာ ဖော်ပြခဲ့တဲ့ နည်းလမ်းတွေအတိုင်း msconfig နဲ့ System Configuration box ကို ခေါ်ပါ။ ပြီးရင် boot tab ကိုရွေးပြီး safe boot မှာအမှန်ခြစ်ပြန်ဖြုတ်ပါ။ Apply button ကို နှိပ်ပြီး Ok ကို နှိပ်ကာ restart တစ်ခါ ပြန်လုပ်ရပါမယ်။
Windows ပြန်တက်လာတဲ့အခါမှာ Start menu button ဟာ ပြန်လည် အလုပ်လုပ်ဆောင်နိုင်တာကိုတွေ့ရမှာ ဖြစ်ပါတယ်။

No comments:

Post a Comment

မင်္ဂလာပါ..