ဖျက်မိသွားတဲ့ Windows 10 Activity History တွေကို ဘယ်လို ပြန်ရှာမလဲ
Windows 10 သုံးစွဲသူများ ကိုယ့်ရဲ့ Operating System အတွင်းရှိ activity history တွေကို မတော်တဆ ဖျက်ဆီးမိလို့ ပြန်လည်ကြည့်ရှုလိုတယ်ဆိုရင် ပြန်ရှာဖွေကြည့်ရှုနိုင်မယ့် နည်းလမ်းဖြစ်ပါတယ်။ Windows 10 မှာ cortana ကို အသုံးပြုပြီးရှာဖွေထားတဲ့ အချက်အလက်တွေ Bing မှာ ရှာဖွေခဲ့တဲ့အချက်အလက်တွေကို ဒီ နည်းလမ်းနဲ့ အလွယ်တကူ ပြန်လည်ရှာဖွေကြည့်ရှုနိုင်ပါတယ်။
ပထမဆုံး Start button ကိုနှိပ်ပြီး Settings ဆိုတာကိုရွေးချယ်ပါ။ ပြီးရင် Privacy ဆိုတာကိုရွေးရမှာဖြစ်ပါ တယ်။

Sign in with Microsoft account ဆိုတာကို နှိပ်ပြီး Microsoft account လုပ်ထားတဲ့ email ကို ထည့်သွင်းပေးရပါမယ်။

Privacy Dashboard ဆိုတဲ့နေရာကိုရောက်သွားရင် Activity history ဆိုတာကို နှိပ်လိုက်ပါ။

All Data types ဆိုတဲ့နေရာကနေ ကိုယ့်ရဲ့ Activity history တွေကို ပြန်လည် ရှာဖွေကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

-သီဟ
No comments:
Post a Comment
မင်္ဂလာပါ..