menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

Phone camera ၏ သင်မသိသော အသုံးဝင်ပုံများ



ဖုန်းကင်မရာတွေဟာ နှစ်စဉ်နဲ့အမျှ ပိုကောင်းလာပြီး ဓာတ်ပုံ လောကမှာ အပြောင်းအလဲတွေ ဖြစ်ပေါ်လာပါတယ်။ ဓာတ်ပုံပညာရှင် တွေက ကြီးမားလေးလံလှတဲ့ DSLR ကင်မရာနေရာမှာ စမတ်ဖုန်းတွေကို အစားထိုးသုံးစွဲနေကြပါတယ်။

စတူဒီယိုကြီးတွေရဲ့ ချုပ်နှောင်မှုကင်းတဲ့ ရုပ်ရှင်ရိုက်ကူးသူတွေကလည်း တေးဂီတဗီဒီယိုကနေ ဒရာမာဇာတ်ကားတွေအထိ စမတ်ဖုန်းကို အသုံးပြုပြီး ရိုက်နေကြပါပြီ။ အဆင့်မြင့် feature များစွာနဲ့ ဗီဒီယို တည်းဖြတ်နိုင်တဲ့အခမဲ့ app များစွာကြောင့် ဖုန်းကင်မရာတွေဟာ အနာဂတ်ရဲ့မှန်ဘီလူးတောင်ဖြစ်လာနိုင်ပါတယ်။





Apple ရဲ့ကင်မရာ app ဟာ ကောင်းမွန်ပေမယ့်ဓာတ်ပုံရိုက်ပြီး ဝေမျှနိုင်မယ့်အခမဲ့ app အများအပြားရှိပါတယ်။

ဖုန်းကင်မရာတွေဟာ လျှပ်တစ်ပြက်ရိုက်ချက်နဲ့ နေအိမ်သုံးဗီဒီယို တွေရိုက်တာထက် ပိုအသုံးဝင်တာတွေ လုပ်နိုင်ပါသေးတယ်။ သုံးစွဲသူရဲ့ အိတ်ကပ်အတွင်းမှာ scanner, game system နဲ့ universal translator တွေ ပါဝင်တဲ့ထုတ်ကုန်ရှိလာပါပြီ။ အဲဒီ app တွေက စိတ်ကူးစိတ်သန်းကို အမှန်တကယ်ဖြစ်အောင် ဖန်တီးနိုင်ပါတယ်။

စမတ်ဖုန်းကင်မရာနဲ့ပြုလုပ်နိုင်တဲ့ အံ့အားသင့်ဖွယ်အရာတွေကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

(၁) virtual decorator အနေနဲ့သုံးနိုင်ခြင်း

လွန်ခဲ့တဲ့နှစ်အနည်းငယ်က IKEA ဟာ feature သစ်တစ်မျိုးကို ဖန်တီးခဲ့ပါတယ်။ အဲ့ဒါကတော့ သုံးစွဲသူတွေက အိမ်ခန်းတစ်ခုမှာ ဖုန်း ဒါမှမဟုတ် tablet ကင်မရာကို ဖွင့်လိုက်တဲ့အခါ ဓာတ်ပုံတွေမှာ ပရိဘောဂတွေပါဝင်လာမယ့် feature ဖြစ်ပါတယ်။ အဲဒီ 3D ရုပ်ပုံကို ဖုန်းကင်မရာရှုထောင့်နဲ့ ချိန်ညှိနိုင်ပါတယ်။



ကင်မရာကနေ မြင်တွေ့ရတဲ့ ပရိဘောဂတွေက အစစ်အတိုင်း ပါပဲ။ အဲဒီ “augmented reality” feature ဟာ ဖောက်သည်က ပစ္စည်းတစ်ခုကို မဝယ်ယူမီနေအိမ်မှာ မှန်းဆကြည့်နိုင်ဖို့ အထောက်အကူ ပေးနိုင်ပါတယ်။

IKEA ရဲ့ပြိုင်ဘက်က Amikasa ဖြစ်ပါတယ်။ Amikasa ဟာ iOS app တစ်ခုဖြစ်ပြီး နေအိမ်အတွင်းခန်းဒီဇိုင်းတွေ ထည့်သွင်းဖို့ ကူညီပေးနိုင်သလို real-life setting တွေထဲက imaginary décor ကို ထည့်သွင်းနိုင်ပါတယ်။ ဒါ့အပြင် ဘုံဘိုင်ခေါင်းနဲ့ဗီရိုတွေ ဒါမှမဟုတ် နံရံကပ်စက္ကူတွေကို ပြောင်းလဲနိုင်ပါတယ်။

(၂) စာရွက်စာတမ်းတွေကို scan ပြုလုပ်ခြင်း

PDF လိုမျိုးစာရွက်စာတမ်းတွေကို scan ပြုလုပ်ရာမှာ မခက်ခဲပေမယ့် scanner ကို ကိုင်တွယ်ရတာက ဗရုတ်သုတ်ခနိုင်တဲ့ အခြေအနေပါ။ သမားရိုးကျ printer တွေရဲ့ scanner က အသုံးပြုဖို့ နှေးကွေးလေးလံပါတယ်။ ကြီးမားလှတဲ့ scanner တွေက ငွေကုန်ကြေးကျ များစေပါတယ်။



Genius Scan နဲ့ Evernote Scannable လိုမျိုး app တွေကို ကင်မရာဖုန်းနဲ့ အသုံးပြုပြီး စာရွက်စာတမ်းတွေကို ဒီဂျစ်တယ် format ပြောင်းလဲနိုင်ပါတယ်။ စာရွက်တွေအများကြီးနဲ့ စာရွက်စာတမ်းတစ် ခုထဲက ပါဝင်တဲ့အရာကိုလည်း scan ပြုလုပ်နိုင်ပါတယ်။ ဒါပေမဲ့ ဖုန်းနဲ့ညအခါမှာ scan ပြုလုပ်လို့မရပါဘူး။

Adobe ကလည်း စမတ်ဖုန်းကင်မရာနဲ့ စာရွက်စာတမ်းတွေကို scan ပြုလုပ်ပြီး PDF အသွင်ပြောင်းနိုင်တဲ့ကိုယ်ပိုင် app ကို မိတ်ဆက်

ခဲ့ပါသေးတယ်။ iPhone ဒါမှမဟုတ် Android ကင်မရာကို စာရွက်နဲ့ ချိန်ထားရင် Optical Character Recognition (OCR) နည်းပညာသုံးပြီး စာသားတွေအတွက် အလိုအလျောက် scan ပြုလုပ်သွားပြီး PDF ဖိုင်အဖြစ် save လုပ်ပေးမှာပါ။

Android သုံးစွဲသူတွေအတွက်ကတော့ အခြားရွေးချယ်မှုတွေ ရှိပါတယ်။ Google Drive app တွေမှာလည်းစာရွက်စာတမ်းတွေ scan ပြုလုပ်နိုင်တဲ့ စွမ်းဆောင်ရည်ပါဝင်လာပါပြီ။

(၃) 3D ဖြင့် ဈေးဝယ်ခြင်း

သုံးစွဲသူအနေနဲ့မဂ္ဂဇင်းပေါ်က ကြော်ငြာတစ်ခုကို သုံးဘက်မြင်ပုံစံ ကြည့်နိုင်ဖို့အတွက် ROAR app ကို သုံးနိုင်ပါတယ်။ သုံးစွဲသူက ချစ်စရာကောင်းတဲ့အမျိုးသမီးဝတ်စုံတစ်ခုကို ROAR app နဲ့ အလျင် အမြန် scan ပြုလုပ်လိုက်တာနဲ့စက္ကန့်အနည်းငယ်အတွင်းမှာပဲ ဝတ်စုံကို သုံးဘက်မြင် (3D) နဲ့ပြသပေးမှာပါ။



ROAR ကို အသုံးပြုပြီး အစားအသောက်နဲ့ အဖျော်ယမကာကို ဓာတ်ပုံရိုက်ပြီး ပါဝင်ပစ္စည်းတွေကို ရှာဖွေနိုင်ပါတယ်။ သုံးစွဲသူက စတိုးတစ်ခုက ကုန်ပစ္စည်းကို scan ပြုလုပ်ပြီး ဈေးနှုန်းကို တွေ့ရှိနိုင်တယ်။အခြားလက်လီရောင်းချသူတွေနဲ့ ဈေးနှုန်းကွာခြားမှုကို သိနိုင်ပါတယ်။ ရုပ်ရှင်ပိုစတာကို မြင်တွေ့တဲ့အခါမှာလည်း ဓာတ်ပုံရိုက်ပြီး ROAR app နဲ့ရုပ်ရှင်လက်မှတ်မှာယူနိုင်ပါတယ်။

(၄) ဘာသာပြန်ခြင်း

လွန်ခဲ့တဲ့နှစ်အနည်းငယ်ကဈေးကွက်မှာ Word Lens app ထွက်ရှိ ခဲ့ပါတယ်။ သုံးစွဲသူတွေက နိုင်ငံခြားဘာသာစကားနဲ့ရေးထားတဲ့ သင်္ကေတတွေအတွက်အဲဒီ app ရဲ့ဘာသာပြန်မှုစွမ်းရည်ကို အံ့အားတသင့် ဖြစ်ခဲ့ကြပါတယ်။



Word Lens က ရုပ်ပုံဆိုင်ရာ ဘာသာပြန်မှုတွေမှာ font နဲ့စတိုင်လ် ကို တစ်ထပ်တည်းဖော်ပြခဲ့ပါတယ်။ အဲဒီနည်းပညာကို Google က ဝယ်ယူပြီး Google translate app မှာ ထည့်သွင်းခဲ့ပါတယ်။

အခြားဝန်ဆောင်မှုတွေကလည်း အလားတူနည်းပညာကို အသုံးပြုခဲ့ပါတယ်။ သုံးစွဲသူက ဖုန်းကင်မရာကိုသုံးပြီး menu တွေနဲ့ အရေး အသားစနစ် အမျိုးမျိုးနဲ့ ရေးထားတဲ့လမ်းညွှန်လက္ခဏာဆိုင်းဘုတ်တွေကို ရိုမန်အက္ခရာနဲ့ ပုံစံအသွင်ဘာသာပြန်ပေးမှာပါ။

(၅) ဝိုင်အကြောင်းကို လေ့လာခြင်း

ဝိုင်ဟာရှုပ်ထွေးတဲ့ အဖျော်ယမကာတစ်မျိုးပါ။ အရင်ကာလတွေတုန်းက ဝိုင်အကြောင်းနားလည်သူတွေက အချက်အလက်တွေအားလုံးနဲ့ စာအုပ်တွေက ရည်ညွှန်းချက်တွေကို မှတ်သားခဲ့ရပါတယ်။ အခုဆိုရင် Vivino app ကိုသုံးပြီး ဝိုင်တံဆိပ်နဲ့ ပတ်သက်တာတွေကို လေ့လာလို့ရပါပြီ။



သုံးစွဲသူက ဝိုင်အမှတ်တံဆိပ်ကို scan လုပ်လိုက်တာနဲ့ သိလိုတဲ့ အရာအားလုံးကို ရှာဖွေနိုင်ပါတယ်။ Vivino မှာ ဝိုင် ၃ သန်းကျော် ပါဝင်တဲ့ database ရှိပါတယ်။

(၆) Augmented reality ဂိမ်းများ

ပြီးခဲ့တဲ့နှစ်က ကမ္ဘာတစ်ဝန်းမှာPokemon go ဂိမ်းက အလွန် ခေတ်စားခဲ့ပါတယ်။ အဲဒီဂိမ်းကြောင့် ကစားသူ ၇ သန်းဟာ လမ်းတွေ ပေါ်မှာ ပြေးလွှားပြီး အကောင်လေးတွေကို ဖမ်းဆီးဖို့ကြိုးစားကြပါတော့ တယ်။ Pokemon go ဟာ augmented reality ဂိမ်းတွေကို လူသိ များလာတဲ့ဖြစ်ရပ်ရဲ့အစပါ။

အဲဒီဂိမ်းတွေဟာ ဂိမ်းအတွင်းက အရာဝတ္ထုတွေအတွက် ပြင်ပအချိန်၊ ပြင်ပကမ္ဘာကို နောက်ခံထားပြီး ဖန်တီးထားပါတယ်။ ဥပမာအနေနဲ့ ARBasketball ကို ကစားတဲ့အခါမှာ ဘယ်နေရာမှာမဆို virtual hoop တစ်ခုကို မြင်တွေ့ရမှာပါ။ ပြင်ပကမ္ဘာကရှိတဲ့ ပစ်မှတ်တွေထဲမှာ ဘက်စကတ်ဘောကို ထည့်နိုင်ပါတယ်။

အလားတူ augmented reality ဂိမ်းတစ်မျိုးဖြစ်တဲ့TableZombiesကို Android မှာ ကစားနိုင်ပါတယ်။

(၇) လုံခြုံရေးကင်မရာ

သုံးစွဲသူရဲ့ စမတ်ဖုန်းကင်မရာကို Manything app သုံးပြီး နေအိမ်၊ အိမ်မွေးတိရစ္ဆာန်တွေနဲ့ ကလေးတွေကို စောင့်ကြည့်နိုင်မယ့် လုံခြုံရေး ကင်မရာအသွင် ပြောင်းလဲနိုင်ပါတယ်။



Manything မှာ လှုပ်ရှားမှုကို ခြေရာခံပြီးစောင့်ကြည့်ပေးနိုင်သလို cloud အခြေခံ DVR, time-lapse နဲ့ live streaming တို့ ပါဝင်ပါတယ်။

-စည်သူဖုန္းကင္မရာေတြဟာ ႏွစ္စဥ္နဲ႔အမွ် ပိုေကာင္းလာၿပီး ဓာတ္ပုံ ေလာကမွာ အေျပာင္းအလဲေတြ ျဖစ္ေပၚလာပါတယ္။ ဓာတ္ပုံပညာရွင္ ေတြက ႀကီးမားေလးလံလွတဲ့ DSLR ကင္မရာေနရာမွာ စမတ္ဖုန္းေတြကို အစားထိုးသုံးစြဲေနၾကပါတယ္။
စတူဒီယိုႀကီးေတြရဲ႕ ခ်ဳပ္ေႏွာင္မႈကင္းတဲ့ ႐ုပ္ရွင္႐ိုက္ကူးသူေတြကလည္း ေတးဂီတဗီဒီယိုကေန ဒရာမာဇာတ္ကားေတြအထိ စမတ္ဖုန္းကို အသုံးျပဳၿပီး ႐ိုက္ေနၾကပါၿပီ။ အဆင့္ျမင့္ feature မ်ားစြာနဲ႔ ဗီဒီယုိ တည္းျဖတ္ႏိုင္တဲ့အခမဲ့ app မ်ားစြာေၾကာင့္ ဖုန္းကင္မရာေတြဟာ အနာဂတ္ရဲ႕မွန္ဘီလူးေတာင္ျဖစ္လာႏိုင္ပါတယ္။

Apple ရဲ႕ကင္မရာ app ဟာ ေကာင္းမြန္ေပမယ့္ဓာတ္ပုံ႐ိုက္ၿပီး ေဝမွ်ႏိုင္မယ့္အခမဲ့ app အမ်ားအျပားရွိပါတယ္။
ဖုန္းကင္မရာေတြဟာ လွ်ပ္တစ္ျပက္႐ိုက္ခ်က္နဲ႔ ေနအိမ္သုံးဗီဒီယို ေတြ႐ုိက္တာထက္ ပိုအသုံးဝင္တာေတြ လုပ္ႏိုင္ပါေသးတယ္။ သုံးစြဲသူရဲ႕ အိတ္ကပ္အတြင္းမွာ scanner, game system နဲ႔ universal translator ေတြ ပါဝင္တဲ့ထုတ္ကုန္ရွိလာပါၿပီ။ အဲဒီ app ေတြက စိတ္ကူးစိတ္သန္းကို အမွန္တကယ္ျဖစ္ေအာင္ ဖန္တီးႏိုင္ပါတယ္။
စမတ္ဖုန္းကင္မရာနဲ႔ျပဳလုပ္ႏိုင္တဲ့ အံ့အားသင့္ဖြယ္အရာေတြကို ေအာက္မွာ ေဖာ္ျပေပးလိုက္ပါတယ္။
(၁) virtual decorator အေနနဲ႔သံုးႏိုင္ျခင္း
လြန္ခဲ့တဲ့ႏွစ္အနည္းငယ္က IKEA ဟာ feature သစ္တစ္မ်ိဳးကို ဖန္တီးခဲ့ပါတယ္။ အဲ့ဒါကေတာ့ သုံးစြဲသူေတြက အိမ္ခန္းတစ္ခုမွာ ဖုန္း ဒါမွမဟုတ္ tablet ကင္မရာကို ဖြင့္လိုက္တဲ့အခါ ဓာတ္ပုံေတြမွာ ပရိေဘာဂေတြပါဝင္လာမယ့္ feature ျဖစ္ပါတယ္။ အဲဒီ 3D ႐ုပ္ပုံကို ဖုန္းကင္မရာ႐ႈေထာင့္နဲ႔ ခ်ိန္ညႇိႏိုင္ပါတယ္။

ကင္မရာကေန ျမင္ေတြ႕ရတဲ့ ပရိေဘာဂေတြက အစစ္အတုိင္း ပါပဲ။ အဲဒီ “augmented reality” feature ဟာ ေဖာက္သည္က ပစၥည္းတစ္ခုကို မဝယ္ယူမီေနအိမ္မွာ မွန္းဆၾကည့္ႏိုင္ဖို႔ အေထာက္အကူ ေပးႏိုင္ပါတယ္။
IKEA ရဲ႕ၿပိဳင္ဘက္က Amikasa ျဖစ္ပါတယ္။ Amikasa ဟာ iOS app တစ္ခုျဖစ္ၿပီး ေနအိမ္အတြင္းခန္းဒီဇိုင္းေတြ ထည့္သြင္းဖို႔ ကူညီေပးႏိုင္သလို real-life setting ေတြထဲက imaginary décor ကို ထည့္သြင္းႏိုင္ပါတယ္။ ဒါ့အျပင္ ဘုံဘိုင္ေခါင္းနဲ႔ဗီ႐ိုေတြ ဒါမွမဟုတ္ နံရံကပ္စကၠဴေတြကို ေျပာင္းလဲႏိုင္ပါတယ္။
(၂) စာရြက္စာတမ္းေတြကို scan ျပဳလုပ္ျခင္း
PDF လိုမ်ိဳးစာရြက္စာတမ္းေတြကို scan ျပဳလုပ္ရာမွာ မခက္ခဲေပမယ့္ scanner ကို ကိုင္တြယ္ရတာက ဗ႐ုတ္သုတ္ခႏိုင္တဲ့ အေျခအေနပါ။ သမား႐ိုးက် printer ေတြရဲ႕ scanner က အသုံးျပဳဖုိ႔ ေႏွးေကြးေလးလံပါတယ္။ ႀကီးမားလွတဲ့ scanner ေတြက ေငြကုန္ေၾကးက် မ်ားေစပါတယ္။

Genius Scan နဲ႔ Evernote Scannable လိုမ်ိဳး app ေတြကို ကင္မရာဖုန္းနဲ႔ အသုံးျပဳၿပီး စာရြက္စာတမ္းေတြကို ဒီဂ်စ္တယ္ format ေျပာင္းလဲႏုိင္ပါတယ္။ စာရြက္ေတြအမ်ားႀကီးနဲ႔ စာရြက္စာတမ္းတစ္ ခုထဲက ပါဝင္တဲ့အရာကုိလည္း scan ျပဳလုပ္ႏိုင္ပါတယ္။ ဒါေပမဲ့ ဖုန္းနဲ႔ညအခါမွာ scan ျပဳလုပ္လို႔မရပါဘူး။
Adobe ကလည္း စမတ္ဖုန္းကင္မရာနဲ႔ စာရြက္စာတမ္းေတြကို scan ျပဳလုပ္ၿပီး PDF အသြင္ေျပာင္းႏိုင္တဲ့ကုိယ္ပုိင္ app ကုိ မိတ္ဆက္
ခဲ့ပါေသးတယ္။ iPhone ဒါမွမဟုတ္ Android ကင္မရာကို စာရြက္နဲ႔ ခ်ိန္ထားရင္ Optical Character Recognition (OCR) နည္းပညာသုံးၿပီး စာသားေတြအတြက္ အလိုအေလ်ာက္ scan ျပဳလုပ္သြားၿပီး PDF ဖုိင္အျဖစ္ save လုပ္ေပးမွာပါ။
Android သုံးစြဲသူေတြအတြက္ကေတာ့ အျခားေရြးခ်ယ္မႈေတြ ရွိပါတယ္။ Google Drive app ေတြမွာလည္းစာရြက္စာတမ္းေတြ scan ျပဳလုပ္ႏိုင္တဲ့ စြမ္းေဆာင္ရည္ပါဝင္လာပါၿပီ။
(၃) 3D ျဖင့္ ေဈးဝယ္ျခင္း
သုံးစြဲသူအေနနဲ႔မဂၢဇင္းေပၚက ေၾကာ္ျငာတစ္ခုကို သုံးဘက္ျမင္ပုံစံ ၾကည့္ႏုိင္ဖုိ႔အတြက္ ROAR app ကုိ သုံးႏိုင္ပါတယ္။ သုံးစြဲသူက ခ်စ္စရာေကာင္းတဲ့အမ်ိဳးသမီးဝတ္စုံတစ္ခုကုိ ROAR app နဲ႔ အလ်င္ အျမန္ scan ျပဳလုပ္လိုက္တာနဲ႔စကၠန္႔အနည္းငယ္အတြင္းမွာပဲဲ ဝတ္စုံကုိ သုံးဘက္ျမင္ (3D) နဲ႔ျပသေပးမွာပါ။

ROAR ကုိ အသုံးျပဳၿပီး အစားအေသာက္နဲ႔ အေဖ်ာ္ယမကာကို ဓာတ္ပုံ႐ိုက္ၿပီး ပါဝင္ပစၥည္းေတြကို ရွာေဖြႏိုင္ပါတယ္။ သုံးစြဲသူက စတိုးတစ္ခုက ကုန္ပစၥည္းကို scan ျပဳလုပ္ၿပီး ေဈးႏႈန္းကို ေတြ႕ရွိႏိုင္တယ္။အျခားလက္လီေရာင္းခ်သူေတြနဲ႔ ေဈးႏႈန္းကြာျခားမႈကို သိႏိုင္ပါတယ္။ ႐ုပ္ရွင္ပိုစတာကို ျမင္ေတြ႕တဲ့အခါမွာလည္း ဓာတ္ပုံ႐ိုက္ၿပီး ROAR app နဲ႔႐ုပ္ရွင္လက္မွတ္မွာယူႏိုင္ပါတယ္။
(၄) ဘာသာျပန္ျခင္း
လြန္ခဲ့တဲ့ႏွစ္အနည္းငယ္ကေဈးကြက္မွာ Word Lens app ထြက္ရွိ ခဲ့ပါတယ္။ သုံးစြဲသူေတြက ႏိုင္ငံျခားဘာသာစကားနဲ႔ေရးထားတဲ့ သေကၤတေတြအတြက္အဲဒီ app ရဲ႕ဘာသာျပန္မႈစြမ္းရည္ကုိ အံ့အားတသင့္ ျဖစ္ခဲ့ၾကပါတယ္။

Word Lens က ႐ုပ္ပုံဆိုင္ရာ ဘာသာျပန္မႈေတြမွာ font နဲ႔စတုိင္လ္ ကို တစ္ထပ္တည္းေဖာ္ျပခဲ့ပါတယ္။ အဲဒီနည္းပညာကုိ Google က ဝယ္ယူၿပီး Google translate app မွာ ထည့္သြင္းခဲ့ပါတယ္။
အျခားဝန္ေဆာင္မႈေတြကလည္း အလားတူနည္းပညာကုိ အသုံးျပဳခဲ့ပါတယ္။ သုံးစြဲသူက ဖုန္းကင္မရာကုိသုံးၿပီး menu ေတြနဲ႔ အေရး အသားစနစ္ အမ်ိဳးမ်ိဳးနဲ႔ ေရးထားတဲ့လမ္းၫႊန္လကၡဏာဆိုင္းဘုတ္ေတြကို ႐ုိမန္အကၡရာနဲ႔ ပုံစံအသြင္ဘာသာျပန္ေပးမွာပါ။
(၅) ဝိုင္အေၾကာင္းကို ေလ့လာျခင္း
ဝိုင္ဟာ႐ႈပ္ေထြးတဲ့ အေဖ်ာ္ယမကာတစ္မ်ိဳးပါ။ အရင္ကာလေတြတုန္းက ဝိုင္အေၾကာင္းနားလည္သူေတြက အခ်က္အလက္ေတြအားလုံးနဲ႔ စာအုပ္ေတြက ရည္ညႊန္းခ်က္ေတြကို မွတ္သားခဲ့ရပါတယ္။ အခုဆိုရင္ Vivino app ကိုသုံးၿပီး ဝိုင္တံဆိပ္နဲ႔ ပတ္သက္တာေတြကို ေလ့လာလို႔ရပါၿပီ။

သုံးစြဲသူက ဝိုင္အမွတ္တံဆိပ္ကို scan လုပ္လိုက္တာနဲ႔ သိလိုတဲ့ အရာအားလုံးကုိ ရွာေဖြႏိုင္ပါတယ္။ Vivino မွာ ဝိုင္ ၃ သန္းေက်ာ္ ပါဝင္တဲ့ database ရွိပါတယ္။
(၆) Augmented reality ဂိမ္းမ်ား
ၿပီးခဲ့တဲ့ႏွစ္က ကမၻာတစ္ဝန္းမွာPokemon go ဂိမ္းက အလြန္ ေခတ္စားခဲ့ပါတယ္။ အဲဒီဂိမ္းေၾကာင့္ ကစားသူ ၇ သန္းဟာ လမ္းေတြ ေပၚမွာ ေျပးလႊားၿပီး အေကာင္ေလးေတြကို ဖမ္းဆီးဖို႔ႀကိဳးစားၾကပါေတာ့ တယ္။ Pokemon go ဟာ augmented reality ဂိမ္းေတြကို လူသိ မ်ားလာတဲ့ျဖစ္ရပ္ရဲ႕အစပါ။
အဲဒီဂိမ္းေတြဟာ ဂိမ္းအတြင္းက အရာဝတၳဳေတြအတြက္ ျပင္ပအခ်ိန္၊ ျပင္ပကမၻာကို ေနာက္ခံထားၿပီး ဖန္တီးထားပါတယ္။ ဥပမာအေနနဲ႔ ARBasketball ကုိ ကစားတဲ့အခါမွာ ဘယ္ေနရာမွာမဆို virtual hoop တစ္ခုကို ျမင္ေတြ႕ရမွာပါ။ ျပင္ပကမၻာကရွိတဲ့ ပစ္မွတ္ေတြထဲမွာ ဘက္စကတ္ေဘာကို ထည့္ႏိုင္ပါတယ္။
အလားတူ augmented reality ဂိမ္းတစ္မ်ိဳးျဖစ္တဲ့TableZombiesကို Android မွာ ကစားႏုိင္ပါတယ္။
(၇) လုံၿခဳံေရးကင္မရာ
သုံးစြဲသူရဲ႕ စမတ္ဖုန္းကင္မရာကို Manything app သုံးၿပီး ေနအိမ္၊ အိမ္ေမြးတိရစၧာန္ေတြနဲ႔ ကေလးေတြကို ေစာင့္ၾကည့္ႏိုင္မယ့္ လုံၿခဳံေရး ကင္မရာအသြင္ ေျပာင္းလဲႏိုင္ပါတယ္။

Manything မွာ လႈပ္ရွားမႈကို ေျခရာခံၿပီးေစာင့္ၾကည့္ေပးႏိုင္သလို cloud အေျခခံ DVR, time-lapse နဲ႔ live streaming တို႔ ပါဝင္ပါတယ္။
-စည္သူ

No comments:

Post a Comment

မင်္ဂလာပါ..