menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

Laptop အခိုးခံရရင်




 Union font
 သင့်ရဲ့ Laptop တစ်လုံးအခိုးခံလိုက်ရရင်

ကိုယ့်ရဲ့လပ်တော့ပ်ပျောက်သွားတာ ဒါမှမဟုတ် ခိုးခံလိုက်ရတယ်ပဲ ဆိုပါစို့။ တန်တာက ရသိန်း ၈သိန်း ၁၀ သိန်းလောက်ရှိရင်ရှိပါလိမ့်မယ်။ ဒါပေမယ့်အထဲမှာအဲ့တာတွေထက်ပိုတန်ဖိုးရှိတဲ့ဒေတာတွေများရှိနေရင်?

ကိုယ့်ကွန်ပျူတာအတွက်ထားထားတဲ့ Password က အထဲက ဒေတာတွေကို မကာကွယ်ပေးနိုင်ပါဘူး။ Password ဆိုတာက ကိုယ့်ကွန်ပျူတာထဲကို တခြားတစ်ယောက် Login ဝင်ပြီးသုံးမရအောင်ပဲ ကာကွယ်ပေးတာဖြစ်ပြီး တကယ်ဒေတာတွေကိုရယူချင်တဲ့သူကတော့ အထဲကဖိုင်တွေကိုကူးယူဖို့အတွက် တခြားနည်းလမ်းပေါင်းများစွာနဲ့ရယူနိုင်ပါတယ်။ အဲဒီကွန်ပျူတာက Hard-Drive ကိုဖြုတ်လိုက်ပြီး နောက်ကွန်ပျူတာတစ်လုံးထဲကိုထည့်လိုက်ရင် ကိုယ်သိမ်းထားသမျှဖိုင်တွေအကုန်သူရသွားမှာပါ။ ကိုယ့် PC ရဲ့ Password ကိုလည်းပြောင်းလိုက်လို့ရတဲ့အပြင် အီးမေးလ်၊ Password နဲ့တခြား ကိုယ်ရေးအချက်အလက်တွေကိုပါ ရသွားနိုင်ပါတယ်။

ဒီလိုဒေတာခိုးယူမှုတွေမဖြစ်ရအောင် ကိုယ့်ကွန်ပျူတာကို Encrypt လုပ်ထားလို့ရပါတယ်။ Encryption လုပ်တယ်ဆိုတာ ဒေတာတွေအကုန်လုံးကို ရောသမမွှေဖို့အတွက်သုံးတဲ့ သချင်္ာနည်းလမ်းတစ်ခုပါ။ ကိုယ့်ရဲ့အရေးကြီးဖိုင်တွေကို Encrypt လုပ်မယ်ဆိုရင် “Key” တစ်ခုထားရပါမယ်။ ဒါဆို ကိုယ့်ကွန်ပျူတာကိုခိုးသွားရင်တောင်မှ ကိုယ့်ရဲ့ Key ကိုသူတို့မသိရင် ရောသမမွှေထားတဲ့ ဘာမှန်းမသိတဲ့ဖိုင်ကြီးပဲသူတို့ရပါလိမ့်မယ်။ Encrypt သာလုပ်ထားရင် အလွယ်တကူ Password ကို Reset ချလို့လည်းမရနိုင်ပါဘူး။

Encrypt လုပ်ဖို့ဆိုတာကလည်း ပရိုတွေမှလုပ်တတ်တာမဟုတ်ဘဲ ကိုယ်တိုင်တောင်လုပ်လို့ရပါတယ်။ တချို့ Window 10 ကွန်ပျူတာတွေမှာဆိုရင် Encryption ကို “Default” အနေနဲ့ဖွင့်ထားပေးပြီးသားပါ။ စစ်ချင်ရင်တော့ Setting> System> About ကနေ Scroll ဆွဲပြီး “Device Encryption” ကိုသွားပါ။ ဒီ Feature ကိုသုံးဖို့အတွက် Windows ကို Microsoft အကောင့်နဲ့ဝင်ရမှာပါ။ ဒါပေမယ့်လပ်တော့ပ်က ဒီ Feature ကို ထောက်ပ့ံပေးနိုင်တယ်ဆိုရင်တော့ ကိုယ့်ဒေတာတွေကိုအလွယ်တကူကာကွယ်နိုင်ပါပြီ။

ဒါပေမယ့် လပ်တော့ပ်က Device Encryption ကိုမထောက်ပံ့ပေးနိုင်ဘူးဆိုရင်တော့ Window ရဲ့တခြား Built-in encryption tool ဖြစ်တဲ့ “BitLocker” ကိုသုံးလို့ရပါတယ်။ Windows Professional Version တွေမှာသာ BitLocker ရနိုင်ပြီး Set-up လုပ်ဖို့လည်း တော်တော်လေးလွယ်ပါတယ်။ Windows Control Panel > System and Security > Manage BitLocker ကိုသွားပါ။ ကိုယ့် Operating System ကိုရွေးပြီး “ Turn On BitLocker” ကိုနှိပ်၊ ကိုယ့်ရဲ့ Encryption keys အနေနဲ့ထားမယ့် Password တစ်ခုဖန်တီးဖို့ ခိုင်းတဲ့အတိုင်းလိုက်လုပ်ရုံပါပဲ။ ဒါပေမယ့် Keys ကိုတော့ ကွန်ပျူတာထဲမှာမှတ်မထားဘဲ တခြားတစ်နေရာရာမှာမှတ်ထားပါ။

Mac OSX လပ်တော့ပ်တွေအတွက်ကတော့ ၂၀၀၃ လောက်ကတည်းက FileVault လို့ခေါ်တဲ့ feature လေးတစ်ခုပါလာပါတယ်။ ကိုယ့်ရဲ့ System drive ကြီးတစ်ခုလုံးကို Encrypt လုပ်ပေးတဲ့အတွက် သုံးချင်ရင် System Preferences> Security & Privacy> FileVault Tab ကိုရွေးလိုက်ရင်ရပါပြီ။

ဒီနေ့ခေတ်မှာကံကောင်းတာက iPhone တွေ ခေတ်ပေါ် Android ဖုနး်တွေမှာ ဒေတာတွေကို အော်တို Encrypt လူက်ပေးလို့ ကွန်ပျူတာတွေ Desktop တွေအတွက်ပဲစိတ်ပူရမှာပါ။ ဖုန်းမှာ SD ကဒ်ပါရှိသေးရင် SD ကဒ်ကိုပါ Encrypt လုပ်လို့ရပါတယ်။ တစ်ခုလေးပဲမှတ်ထားပေးရမှာက Password ကိုလုံးဝမမေ့ပါစေနဲ့။ ကိုယ်သိမ်းနေကျ လုံခြုံတဲ့အပြင်တစ်နေရာရာမှာမှတ်ထားသိမ်းထားပါ။ ဒါဆိုရင် လပ်တော့ပ်အခိုးခံရရင်တောင် ကိုယ့်ရဲတန်ဖိုးရှိလှတဲ့ဒေတာတွေအတွက် စိတ်ပူစရာမလိုတော့ဘူးပေါ့။
Laptop Search

ZAWGYI font
သင့္ရဲ႕ Laptop တစ္လံုးအခိုးခံလိုက္ရရင္
ကိုယ့္ရဲ႕လပ္ေတာ့ပ္ေပ်ာက္သြားတာ ဒါမွမဟုတ္ ခိုးခံလိုက္ရတယ္ပဲ ဆိုပါစုိ႔။ တန္တာက ၇သိန္း ၈သိန္း ၁၀ သိန္းေလာက္ရိွရင္ရိွပါလိမ့္မယ္။ ဒါေပမယ့္အထဲမွာအဲ့တာေတြထက္ပိုတန္ဖိုးရိွတဲ့ေဒတာေတြမ်ားရိွေနရင္?
ကိုယ့္ကြန္ပ်ဴတာအတြက္ထားထားတဲ့ Password က အထဲက ေဒတာေတြကို မကာကြယ္ေပးႏုိင္ပါဘူး။ Password ဆိုတာက ကိုယ့္ကြန္ပ်ဴတာထဲကို တျခားတစ္ေယာက္ Login ဝင္ျပီးသံုးမရေအာင္ပဲ ကာကြယ္ေပးတာျဖစ္ျပီး တကယ္ေဒတာေတြကိုရယူခ်င္တဲ့သူကေတာ့ အထဲကဖိုင္ေတြကိုကူးယူဖို႔အတြက္ တျခားနည္းလမ္းေပါင္းမ်ားစြာနဲ႔ရယူႏုိင္ပါတယ္။ အဲဒီကြန္ပ်ဴတာက Hard-Drive ကိုျဖဳတ္လိုက္ျပီး ေနာက္ကြန္ပ်ဴတာတစ္လံုးထဲကိုထည့္လိုက္ရင္ ကိုယ္သိမ္းထားသမွ်ဖိုင္ေတြအကုန္သူရသြားမွာပါ။ ကိုယ့္ PC ရဲ႕ Password ကိုလည္းေျပာင္းလုိက္လို႔ရတဲ့အျပင္ အီးေမးလ္၊ Password နဲ႔တျခား ကိုယ္ေရးအခ်က္အလက္ေတြကိုပါ ရသြားႏုိင္ပါတယ္။
ဒီလိုေဒတာခိုးယူမႈေတြမျဖစ္ရေအာင္ ကိုယ့္ကြန္ပ်ဴတာကို Encrypt လုပ္ထားလို႔ရပါတယ္။ Encryption လုပ္တယ္ဆိုတာ ေဒတာေတြအကုန္လံုးကို ေရာသမေမႊဖို႔အတြက္သံုးတဲ့ သခ်ၤာနည္းလမ္းတစ္ခုပါ။ ကိုယ့္ရဲ႕အေရးၾကီးဖိုင္ေတြကို Encrypt လုပ္မယ္ဆိုရင္ “Key” တစ္ခုထားရပါမယ္။ ဒါဆုိ ကိုယ့္ကြန္ပ်ဴတာကိုခိုးသြားရင္ေတာင္မွ ကိုယ့္ရဲ႕ Key ကိုသူတို႔မသိရင္ ေရာသမေမႊထားတဲ့ ဘာမွန္းမသိတဲ့ဖိုင္ၾကီးပဲသူတို႔ရပါလိမ့္မယ္။ Encrypt သာလုပ္ထားရင္ အလြယ္တကူ Password ကို Reset ခ်လို႔လည္းမရႏုိင္ပါဘူး။
Encrypt လုပ္ဖို႔ဆိုတာကလည္း ပရိုေတြမွလုပ္တတ္တာမဟုတ္ဘဲ ကိုယ္တိုင္ေတာင္လုပ္လို႔ရပါတယ္။ တခ်ိဳ႕ Window 10 ကြန္ပ်ဴတာေတြမွာဆိုရင္ Encryption ကို “Default” အေနနဲ႔ဖြင့္ထားေပးျပီးသားပါ။ စစ္ခ်င္ရင္ေတာ့ Setting> System> About ကေန Scroll ဆြဲျပီး “Device Encryption” ကိုသြားပါ။ ဒီ Feature ကိုသံုးဖို႔အတြက္ Windows ကို Microsoft အေကာင့္နဲ႔ဝင္ရမွာပါ။ ဒါေပမယ့္လပ္ေတာ့ပ္က ဒီ Feature ကို ေထာက္ပ့ံေပးႏုိင္တယ္ဆိုရင္ေတာ့ ကိုယ့္ေဒတာေတြကိုအလြယ္တကူကာကြယ္ႏုိင္ပါျပီ။
ဒါေပမယ့္ လပ္ေတာ့ပ္က Device Encryption ကိုမေထာက္ပံ့ေပးႏုိင္ဘူးဆိုရင္ေတာ့ Window ရဲ႕တျခား Built-in encryption tool ျဖစ္တဲ့ “BitLocker” ကိုသံုးလို႔ရပါတယ္။ Windows Professional Version ေတြမွာသာ BitLocker ရႏုိင္ျပီး Set-up လုပ္ဖို႔လည္း ေတာ္ေတာ္ေလးလြယ္ပါတယ္။ Windows Control Panel > System and Security > Manage BitLocker ကိုသြားပါ။ ကိုယ့္ Operating System ကိုေရြးျပီး “ Turn On BitLocker” ကိုႏိွပ္၊ ကိုယ့္ရဲ႕ Encryption keys အေနနဲ႔ထားမယ့္ Password တစ္ခုဖန္တီးဖို႔ ခိုင္းတဲ့အတိုင္းလုိက္လုပ္ရံုပါပဲ။ ဒါေပမယ့္ Keys ကိုေတာ့ ကြန္ပ်ဴတာထဲမွာမွတ္မထားဘဲ တျခားတစ္ေနရာရာမွာမွတ္ထားပါ။
Mac OSX လပ္ေတာ့ပ္ေတြအတြက္ကေတာ့ ၂၀၀၃ ေလာက္ကတည္းက FileVault လို႔ေခၚတဲ့ feature ေလးတစ္ခုပါလာပါတယ္။ ကိုယ့္ရဲ႕ System drive ၾကီးတစ္ခုလံုးကို Encrypt လုပ္ေပးတဲ့အတြက္ သံုးခ်င္ရင္ System Preferences> Security & Privacy> FileVault Tab ကိုေရြးလိုက္ရင္ရပါျပီ။
ဒီေန႔ေခတ္မွာကံေကာင္းတာက iPhone ေတြ ေခတ္ေပၚ Android ဖုနး္ေတြမွာ ေဒတာေတြကို ေအာ္တို Encrypt လူက္ေပးလို႔ ကြန္ပ်ဴတာေတြ Desktop ေတြအတြက္ပဲစိတ္ပူရမွာပါ။ ဖုန္းမွာ SD ကဒ္ပါရိွေသးရင္ SD ကဒ္ကိုပါ Encrypt လုပ္လို႔ရပါတယ္။ တစ္ခုေလးပဲမွတ္ထားေပးရမွာက Password ကိုလံုးဝမေမ့ပါေစနဲ႔။ ကိုယ္သိမ္းေနက် လံုျခံဳတဲ့အျပင္တစ္ေနရာရာမွာမွတ္ထားသိမ္းထားပါ။ ဒါဆိုရင္ လပ္ေတာ့ပ္အခိုးခံရရင္ေတာင္ ကိုယ့္ရဲတန္ဖုိးရိွလွတဲ့ေဒတာေတြအတြက္ စိတ္ပူစရာမလိုေတာ့ဘူးေပါ့။
Laptop Search

No comments:

Post a Comment

မင်္ဂလာပါ..