menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

Google Maps မှာ မိမိဆိုင်လိပ်စာ Official ထည့်သွင်းနည်း


*** Google Maps မှာ မိမိဆိုင်လိပ်စာ Official ထည့်သွင်းနည်း ***

ပထမဦးဆုံး ဘာမှ မလုပ်ခင်မှာ မိမိဖုန်းမှာ Google Play Store , Gmail , Google နဲ့ ပတ်သက်တာတွေ ရှိထားမှ ဒီနည်းလမ်း
ကို ပြုလုပ်လို့ ရမည် ဖြစ်ပါသည်။

နံပတ် ၁ ။ ။ ပထမဦးဆုံး iPhone အတွက်ဆို App Store ကနေ Google My Business ရှာဒေါင်းလိုက်ပါ။ Android အတွက် ဆိုရင် Google Play Store ကနေ Google My Business ရှာဒေါင်းလိုက်ပါ။ ပြီးရင် Open ကို နှိပ်လိုက်ပါ။

နံပတ် ၂ ။ ။ GET STARTED ကို နှိပ်ပါ။

နံပတ် ၃ ။ ။ SKIP ကို နှိပ်ပါ။

နံပတ် ၄ ။ ။ မိမိရဲ့ Gmail ထည့်ပြီး NEXT ကို နှိပ်ပါ။

နံပတ် ၅ ။ ။ မိမိရဲ့ Gmail Password ထည့်ပြီး NEXT ကို ထပ်နှိပ်ပါ။

နံပတ် ၆ ။ ။ ဒီနေရာမှာ ခဏစောင့်ပေးပါ။ ဘာမှ မလုပ်ပါနဲ့။

နံပတ် ၇ နဲ့ နံပတ် ၈ မှာ

မိမိရဲ့ ဆိုင်နာမည် ၊ လိပ်စာ အတိအကျတွေ ၊ Postal Code တွေ အတိအကျ ဖြည့်ပေးရပါမည်။ ဒီနေရာမှာ လွဲချော်လို့ မရပါဘူး။ ဘာလို့ဆိုသော် Google ကနေ မိမိရဲ့ ဆိုင်ကို စာတိုက်ကနေ Verify လုပ်ဖို့ Code ပို့ပေးမှာ မလို့ပါ။ တကယ်လို့ နေရာ အတိအကျ မပေးထားခဲ့ရင်တော့ မိမိရဲ့ ဆိုင်လိပ်စာကို Google Maps မှာ Official မြင်တွေ့ရမည် မဟုတ်ပါ။ ဒါကြောင့် ဒါလေးကိုတော့ အလေးပေးပြီး သေချာလေး ဖြည့်ပေးစေချင်ပါသည်။



နံပတ် ၉ ။ ။ Business name မှာ မိမိရဲ့ ဆိုင်နာမည် ထည့်ပါ။ Country/ Region မှာတော့ Myanmar (Burma) က Auto ရွေးပြီးသား

ဖြစ်နေပါလိမ့်မည်။ ဒီအတိုင်း ထားလိုက်ပါ။ Street address မှာ မိမိရဲ့ ဆိုင်လိပ်စာကို အတိအကျ ထည့်ပေးပါ။

ဒီနေရာမှာ ဘာမှ အကြီးကြီး စဉ်းစားနေစရာ မလိုပါဘူး။ အိမ်နံပတ် ၊ လမ်း နဲ့ မြို့ ပါရင် ရနေပါပြီ။

ဥပမာ မိမိရဲ့ နေရာက လမ်းမကြီးပေါ်မှာဆိုရင် Road ပါပါစေ ။ လမ်းမလေးတွေ ပါနေရင်တော့ Street or st လေး ထည့်ပေးယုံပါဘဲ။

Street address မှာ လမ်းကိုဘဲ အတိအကျ ထည့်ပေးနော်။ မြို့နယ် နဲ့ မြို့ကတော့ အောက်က City မှာ ထည့်ပါမည်။

Postal code ကိုလည်း အတိအကျ ထည့်ပေးပါ။ မိမိမြို့နယ်ရဲ့ Postal code က ဂဏန်း ၅လုံး ရှိပါသည်။ မိမိ မြို့နယ်ရဲ့ Postal code တွေ မသိသေးရင် google ကနေ ရှာလို့ ရပါသည်။ ဥပမာ ။ Latha Postal code ဆိုပြီး ရှာလို့ ရပါသည်။

ဒါမှမဟုတ် မြန်မာနိုင်ငံရဲ့ Postal code အားလုံးကို တစ်နေရာထဲမှာ ကြည့်ချင်ရင် ဒီနေရာ (or) ဒီနေရာ  တို့မှ သွားကြည့် နိုင်ပါသည်။ ပြီးရင် Postal code မှာ ဖြည့်ပါ။ Main business phone မှာတော့ မြန်မာအလံ ဒီအတိုင်း ထားလိုက်ပါ။ Category မှာတော့ မိမိဆိုင်နဲ့ သင်တော်တဲ့ အရာ ရွေးပါ။ ကျွန်တော်ကတော့ ဖုန်းဆိုင်ဆိုတော့ Cell Phone Store ကိုဘဲ ရွေးလိုက်ပါသည်။ Website ရှိရင် တစ်ခါထဲ ထည့်လိုက်ပါ။ နောက်မှ ထည့်လည်း ရပါသည်။

နံပတ် ၁၀ ။ ။ Yes ကို ရွေးပြီး Continue ကို နှိပ်ပါ။

နံပတ် ၁၁ ။ ။ အမှန်ဆို အရှေ့ကို ဆက်သွားရမှာ ဖြစ်ပေမဲ့ Marker နဲ့ Point Location ရွေးပေးရပါအုန်းမည်။ အဲ့ဒီအတွက် အနီနဲ့ ရေးထားတဲ့ Set marker location ကို နှိပ်လိုက်ပါ။

နံပတ် ၁၂ ။ ။ ကိုယ့်ရဲ့ နေရာလေးကို သေချာလေး ရွေးပေးပါ။ ကိုယ့်ဆိုင်ရဲ့ Location နေရာကိုတော့ ရွေးတတ်မယ် ထင်ပါတယ်နော်။ လက်ကလေးနဲ့ ရွှေ့ပြီး ရွေးပေးရမှာ ဖြစ်ပါသည်။

နံပတ် ၁၃ ။ ။ မိမိဆိုင် Location နေရာကို သေချာလေး ဖြဲပြီး အနီးစပ်ဆုံး ရွေးပေးလိုက်ပါ။ အရမ်းကြီး တိကျချင်တယ်ဆိုရင်တော့ သေချာလေး ဖြဲပြီး Point လုပ်ပေးပါနော်။ ပြီးရင်တော့ Done ကို နှိပ်လိုက်ပါ။

နံပတ် ၁၄ ။ ။ ဒါကတော့ မှန် ၊ မမှန် သေချာ ပြန်စစ်ဆေးပြီး

Continue ကို ထပ်နှိပ်လိုက်ပါ။ နောက်တစ်ဆင့် ရောက်သွားပါလိမ့်မည်။

နံပတ် ၁၅ ။ ။ Within 1 ထည့်ပါ။ အဆင်ပြေတာ ထည့်ပါ။ ကျွန်တော်ကတော့ 1 ဘဲ ထည့်လိုက်ပါတယ်။ Yangon ထဲ ဆိုရင် ဘယ်လောက် km နေနေ လာပို့ပေးပါသည်။ နယ်တွေကတော့

ရန်ကုန် နဲ့ မိမိ နယ် အကွာအဝေးကို တွက်ချက်ပြီး ထည့်ပေးပါ။ ကီလိုမီတာနဲ့ ထည့်လို့ ရသလို ၊ မိုင် နဲ့လည်း ထည့်လို့ ရပါသည်။

ဒါပေမဲ့ ဘာဘဲ ထည့်ထည့် စာတိုက်ကနေ လာပို့ပေးပါလိမ့်မည်။

နံပတ် ၁၆ ။ ။ ဒီအဆင့် ပါခဲ့ရင်တော့ This dosen’t match ကို နှိပ်လိုက်ပါ။

နံပတ် ၁၇ ။ ။ ဒီနေရာမှာ မိမိလိပ်စာ မှန် ၊ မမှန် ပြန် တိုက်ပေးပါသည်။ မှားနေရာ Back key နှိပ်ပြီး ပြန်ပြင်လို့ ရအောင်လို့ပါ။ မှန်တယ်ဆိုရင်တော့ Continue ကို နှိပ်ပါ။

နံပတ် ၁၈ ။ ။ Loading လုပ်နေပါလိမ့်မည်။ ခဏစောင့်ပေးပါ။

နံပတ် ၁၉ ။ ။ VERIFY NOW ကို နှိပ်ပါ။

နံပတ် ၂၀ ။ ။ SEND POSTCARD ကို နှိပ်ပါ။

နံပတ် ၂၁ ။ ။ မိမိရဲ့ နာမည်ထည့်ပြီး ညာဘက်ထောင့် အပေါ်က Sent မြှားလေးကို နှိပ်ပေးလိုက်ပါ။

နံပတ် ၂၂ ။ ။ OK ကို နှိပ်လိုက်ပါ။

နံပတ် ၂၃ ။ ။ ADD PHOTO ကို နှိပ်ပြီး ဓါတ်ပုံ တစ်ပုံလောက် ထည့်လိုက်ပါ။

နံပတ် ၂၄ ။ ။ ADD HOURS ကို နှိပ်လိုက်ပါ။

နံပတ် ၂၅ ။ ။ ကျွန်တော်ကတော့ ပိတ်ရက် မရှိတဲ့အတွက် အကုန်လုံးကို အပြာတွေပေးပြီး အချိန်ကိုလည်း 9:00 AM – 9:00 PM ပေးလိုက်ပါသည်။ မိမိဆိုင်ရဲ့ အချိန်တွေကိုတော့ ကိုယ့်ဘာသာ ဖြည့်လိုက်နော်။

နံပတ် ၂၆ ။ ။ ADD CONTACT INFO ကို နှိပ်လိုက်ပါ။

နံပတ် ၂၇ ။ ။ ဖုန်းနံပတ် ထည့်ပေးပါ။ ၂လုံး ရှိရင် ၂လုံးထည့်ပါ။ ၃လုံးရှိရင် ၃လုံး ထည့်ပါ။ ပြီးရင်တော့ SAVE ကို နှိပ်လိုက်ပါ။

နံပတ် ၂၈ ။ ။ ADD URL ကို နှိပ်ပါ။

နံပတ် ၂၉ ။ ။ ဒီမှာတော့ မိမိမှာ Website ရှိရင် Website ထည့်ပေးလိုက်ပါ။ မရှိဘူး ဆိုရင် မိမိဆီမှာတော့ Page တော့ ရှိမှာပါ။ အဲ့ဒီတော့ Page လိပ်စာလေး ထည့်ပေးလိုက်ပါ။ မရှိဘူးဆိုရင်လည်း မိမိရဲ့ Facebook Profile Link ကိုထည့်ပေးလိုက်ပါ။

နံပတ် ၃၀ ။ ။ ADD PHOTOS ကို နှိပ်လိုက်ပါ။

နံပတ် ၃၁ ။ ။ Cover Photo ဖြစ်တဲ့အတွက် မိမိဆိုင်နဲ့ သက်ဆိုင်တဲ့ ပုံ လှလှလေး ထည့်ပေးနော်။

နံပတ် ၃၂ ။ ။ Your code is on its way ( LEARN MORE ) ဆိုပြီး ပေါ်လာရင် OK ပါပြီ။

နံပတ် ၃၃ ။ ။ နောက် ၂ရက် ၊ ၃ရက် နေရင် Enter your verification code ဆိုပြီး ပေါ်လာပါလိမ့်မည်။ ဒါဆိုရင် ထပ်ပြီး OK ပါပြီ။ ဆက်ကြည့်ပါအုန်းမည်။

ဒါဆိုရင် Verify လုပ်ဖို့အတွက် Google Team ကနေပြီး ၁၅ ရက် ကနေ ရက် ၃၀ အတွင်း မိမိ ဆိုင်လိပ်စာအတိုင်း ရန်ကုန်စာတိုက်ကနေ ဆိုင်အရောက် Google My Business ဆိုပြီး စာအိတ်ကလေးနဲ့ ရောက်ရှိလာမည် ဖြစ်ပါသည်။ အဲ့ဒီ စာအိတ်လေးကို ဖောက်ပြီး အထဲမှာ code ရှိပါသည်။ အဲ့ဒီ code လေးတွေကို မိမိဖုန်းထဲက Google My Business မှာ လာထည့်ပေးယုံပါဘဲ။ မိမိရဲ့ Google My Business မှာလည်း Verify ဖြစ်ကြောင်း အမှန်ခြစ်လေး လာပြပါလိမ့်မည်။ ဒါဆိုရင် Google Maps မှာ Official ဖြစ်သွားပါပြီ။ ဒါဆိုရင် မိမိရဲ့ ဆိုင်လိပ်စာလေးကို code ထည့်ပြီး တစ်ပတ်အတွင်း Google Maps မှာ လာမြင်ရမည် ဖြစ်ပါသည်။

မှတ်ချက် ။ ။ လူကြီးမင်းအတွက် ဒီပို့စ်လေးဟာ အကျိုးရှိခဲ့မယ်ဆိုရင် အပြန်အလှန်အားဖြင့် ဒါလေးတေ့ာ ကူညီခဲ့ပေးကြပါနော်။

အရမ်းကြီလည်း မခက်ခဲပါဘူးခင်ဗျာ။

နံပတ် ၁ ။ ။ Google Maps application ထဲ ဝင်ပြီး lint hit mobile ဆိုပြီး ရိုက်လိုက်ပါ။ Yan Pyae 19st & Yan Pyae 20st TharKayTa Township MM 11231 တွေ့ပါက နှိပ်လိုက်ပါ။

ဒါမှမဟုတ် ဒီလင့်လေးကို နှိပ်ပြီးတော့လည်း Review ပေးလို့ ရပါသည်။ ဒီမှာ

နံပတ် ၂ ။ ။ Review မှာ 5 Star လေးပေးပြီး စာလေး တစ်ကြောင်း ၊ နှစ်ကြောင်းလောက် ရေးပေးခဲ့ပါနော်။

ဘာလို့ Review လုပ်ခိုင်းရလဲ ဆိုရင် Review များမှာ မိမိရဲ့ ဆိုင်လိပ်စာက Google Maps မှာ ထောက်ကြည့်လိုက်တာနဲ့

Lin Thit Mobile ဆိုပြီး လာပေါ်နေမှာမလို့ပါ။ Review မများရင်တော့ Google Maps ထဲမှာ ဆိုင်နာမည် ရေးပြီး ရှာမှ Point Location လာပေါ်မှာပါ။ ဒါလေး Official ပါဘဲ။ မိမိက Google Maps ထဲကနေ နာမည်ရေးပြီး ရှာရင်တော့ Location တန်းပေါ်ပါသည်။ မိမိက Google Maps ထဲမှာ နာမည်မရေးဘဲ ဒီအတိုင်း Google Maps ကို ဖြဲပြီး Point Location ရှာချင်ရင်တော့ သူငယ်ချင်းတွေကို ဒီနည်းလမ်းကို ပြောပြပြီး Review တွေ လုပ်ခိုင်းကြပါနော်။ ဒါမှသာ Google Maps ထဲမှာ မိမိဆိုင်လိပ်စာက ပြူးပြီး ပေါ်နေမှာ မလို့ပါ။



PDF ဖိုင်အဖြင့် သိမ်းထားလိုပါက ဒီလင့်ကနေ ဒေါင်းပါ။
Download >> ဒီမွာ <<
or
>> ဒီမွာ <<



*** Google Maps မွာ မိမိဆိုင္လိပ္စာ Official ထည္႔သြင္းနည္း ***

ပထမဦးဆုံး ဘာမွ မလုပ္ခင္မွာ မိမိဖုန္းမွာ Google Play Store , Gmail , Google နဲ႔ ပတ္သက္တာေတြ ရွိထားမွ ဒီနည္းလမ္း
ကုိ ျပဳလုပ္လို႔ ရမည္ ျဖစ္ပါသည္။

နံပတ္ ၁ ။ ။ ပထမဦးဆုံး iPhone အတြက္ဆို App Store ကေန Google My Business ရွာေဒါင္းလိုက္ပါ။ Android အတြက္ ဆိုရင္ Google Play Store ကေန Google My Business ရွာေဒါင္းလိုက္ပါ။ ျပီးရင္ Open ကို ႏွိပ္လိုက္ပါ။

နံပတ္ ၂ ။ ။ GET STARTED ကုိ ႏွိပ္ပါ။
နံပတ္ ၃ ။ ။ SKIP ကုိ ႏွိပ္ပါ။
နံပတ္ ၄ ။ ။ မိမိရဲ႕ Gmail ထည္႔ျပီး NEXT ကုိ ႏွိပ္ပါ။
နံပတ္ ၅ ။ ။ မိမိရဲ႕ Gmail Password ထည္႔ျပီး NEXT ကုိ ထပ္ႏွိပ္ပါ။
နံပတ္ ၆ ။ ။ ဒီေနရာမွာ ခဏေစာင္႔ေပးပါ။ ဘာမွ မလုပ္ပါနဲ႔။
နံပတ္ ၇ နဲ႔ နံပတ္ ၈ မွာ
မိမိရဲ႕ ဆုိင္နာမည္ ၊ လိပ္စာ အတိအက်ေတြ ၊ Postal Code ေတြ အတိအက် ျဖည္႔ေပးရပါမည္။ ဒီေနရာမွာ လြဲေခ်ာ္လို႔ မရပါဘူး။ ဘာလို႔ဆိုေသာ္ Google ကေန မိမိရဲ႕ ဆုိင္ကုိ စာတုိက္ကေန Verify လုပ္ဖို႔ Code ပုိ႔ေပးမွာ မလို႔ပါ။ တကယ္လုိ႔ ေနရာ အတိအက် မေပးထားခဲ႔ရင္ေတာ႔ မိမိရဲ႕ ဆုိင္လိပ္စာကုိ Google Maps မွာ Official ျမင္ေတြ႔ရမည္ မဟုတ္ပါ။ ဒါေၾကာင္႔ ဒါေလးကုိေတာ႔ အေလးေပးျပီး ေသခ်ာေလး ျဖည္႔ေပးေစခ်င္ပါသည္။
နံပတ္ ၉ ။ ။ Business name မွာ မိမိရဲ႕ ဆုိင္နာမည္ ထည္႔ပါ။ Country/ Region မွာေတာ႔ Myanmar (Burma) က Auto ေရြးျပီးသား
ျဖစ္ေနပါလိိမ္႔မည္။ ဒီအတုိင္း ထားလိုက္ပါ။ Street address မွာ မိမိရဲ႕ ဆုိင္လိပ္စာကုိ အတိအက် ထည္႔ေပးပါ။
ဒီေနရာမွာ ဘာမွ အၾကီးၾကီး စဥ္းစားေနစရာ မလိုပါဘူး။ အိမ္နံပတ္ ၊ လမ္း နဲ႔ ျမိဳ႕ ပါရင္ ရေနပါျပီ။
ဥပမာ မိမိရဲ႕ ေနရာက လမ္းမၾကီးေပၚမွာဆုိရင္ Road ပါပါေစ ။ လမ္းမေလးေတြ ပါေနရင္ေတာ႔ Street or st ေလး ထည္႔ေပးယုံပါဘဲ။
Street address မွာ လမ္းကုိဘဲ အတိအက် ထည္႔ေပးေနာ္။ ျမိဳ႕နယ္ နဲ႔ ျမိဳ႕ကေတာ႔ ေအာက္က City မွာ ထည္႔ပါမည္။
Postal code ကိုလည္း အတိအက် ထည္႔ေပးပါ။ မိမိျမိဳ႕နယ္ရဲ႕ Postal code က ဂဏန္း ၅လုံး ရွိပါသည္။ မိမိ ျမိဳ႕နယ္ရဲ႕ Postal code ေတြ မသိေသးရင္ google ကေန ရွာလို႔ ရပါသည္။ ဥပမာ ။ Latha Postal code ဆိုျပီး ရွာလို႔ ရပါသည္။
ဒါမွမဟုတ္ ျမန္မာႏုိင္ငံရဲ႕ Postal code အားလုံးကို တစ္ေနရာထဲမွာ ၾကည္႔ခ်င္ရင္ ဒီေနရာ (or) ဒီေနရာ  တုိ႔မွ သြားၾကည္႔ ႏုိင္ပါသည္။ ျပီးရင္ Postal code မွာ ျဖည္႔ပါ။ Main business phone မွာေတာ႔ ျမန္မာအလံ ဒီအတုိင္း ထားလိုက္ပါ။ Category မွာေတာ႔ မိမိဆုိင္နဲ႔ သင္ေတာ္တဲ႔ အရာ ေရြးပါ။ ကြ်န္ေတာ္ကေတာ႔ ဖုန္းဆုိင္ဆိုေတာ႔ Cell Phone Store ကုိဘဲ ေရြးလိုက္ပါသည္။ Website ရွိရင္ တစ္ခါထဲ ထည္႔လိ္ုက္ပါ။ ေနာက္မွ ထည္႔လည္း ရပါသည္။
နံပတ္ ၁၀ ။ ။ Yes ကုိ ေရြးျပီး Continue ကို ႏွိပ္ပါ။
နံပတ္ ၁၁ ။ ။ အမွန္ဆုိ အေရွ႕ကို ဆက္သြားရမွာ ျဖစ္ေပမဲ႔ Marker နဲ႔ Point Location ေရြးေပးရပါအုန္းမည္။ အဲ႔ဒီအတြက္ အနီနဲ႔ ေရးထားတဲ႔ Set marker location ကုိ ႏွိပ္လိုက္ပါ။
နံပတ္ ၁၂ ။ ။ ကိုယ္႔ရဲ႕ ေနရာေလးကုိ ေသခ်ာေလး ေရြးေပးပါ။ ကုိယ္႔ဆုိင္ရဲ႕ Location ေနရာကုိေတာ႔ ေရြးတတ္မယ္ ထင္ပါတယ္ေနာ္။ လက္ကေလးနဲ႔ ေရႊ႔ျပီး ေရြးေပးရမွာ ျဖစ္ပါသည္။
နံပတ္ ၁၃ ။ ။ မိမိဆုိင္ Location ေနရာကို ေသခ်ာေလး ျဖဲျပီး အနီးစပ္ဆုံး ေရြးေပးလိုက္ပါ။ အရမ္းၾကီး တိက်ခ်င္တယ္ဆုိရင္ေတာ႔ ေသခ်ာေလး ျဖဲျပီး Point လုပ္ေပးပါေနာ္။ ျပီးရင္ေတာ႔ Done ကုိ ႏွိပ္လိုက္ပါ။
နံပတ္ ၁၄ ။ ။ ဒါကေတာ႔ မွန္ ၊ မမွန္ ေသခ်ာ ျပန္စစ္ေဆးျပီး
Continue ကို ထပ္ႏွိပ္လိုက္ပါ။ ေနာက္တစ္ဆင္႔ ေရာက္သြားပါလိမ္႔မည္။
နံပတ္ ၁၅ ။ ။ Within 1 ထည္႔ပါ။ အဆင္ေျပတာ ထည္႔ပါ။ ကြ်န္ေတာ္ကေတာ႔ 1 ဘဲ ထည္႔လိုက္ပါတယ္။ Yangon ထဲ ဆုိရင္ ဘယ္ေလာက္ km ေနေန လာပုိ႔ေပးပါသည္။ နယ္ေတြကေတာ႔
ရန္ကုန္ နဲ႔ မိမိ နယ္ အကြာအေ၀းကုိ တြက္ခ်က္ျပီး ထည္႔ေပးပါ။ ကီလိုမီတာနဲ႔ ထည္႔လို႔ ရသလို ၊ မုိင္ နဲ႔လည္း ထည္႔လို႔ ရပါသည္။
ဒါေပမဲ႔ ဘာဘဲ ထည္႔ထည္႔ စာတုိက္ကေန လာပုိ႔ေပးပါလိမ္႔မည္။
နံပတ္ ၁၆ ။ ။ ဒီအဆင္႔ ပါခဲ႔ရင္ေတာ႔ This dosen’t match ကုိ ႏွိပ္လို္က္ပါ။
နံပတ္ ၁၇ ။ ။ ဒီေနရာမွာ မိမိလိပ္စာ မွန္ ၊ မမွန္ ျပန္ တုိက္ေပးပါသည္။ မွားေနရာ Back key ႏွိပ္ျပီး ျပန္ျပင္လို႔ ရေအာင္လို႔ပါ။ မွန္တယ္ဆုိရင္ေတာ႔ Continue ကုိ ႏွိပ္ပါ။
နံပတ္ ၁၈ ။ ။ Loading လုပ္ေနပါလိိမ္႔မည္။ ခဏေစာင္႔ေပးပါ။
နံပတ္ ၁၉ ။ ။ VERIFY NOW ကုိ ႏွိပ္ပါ။
နံပတ္ ၂၀ ။ ။ SEND POSTCARD ကုိ ႏွိပ္ပါ။
နံပတ္ ၂၁ ။ ။ မိမိရဲ႕ နာမည္ထည္႔ျပီး ညာဘက္ေထာင္႔ အေပၚက Sent ျမွားေလးကုိ ႏွိပ္ေပးလိုက္ပါ။
နံပတ္ ၂၂ ။ ။ OK ကုိ ႏွိပ္လိုက္ပါ။
နံပတ္ ၂၃ ။ ။ ADD PHOTO ကုိ ႏွိပ္ျပီး ဓါတ္ပုံ တစ္ပုံေလာက္ ထည္႔လိုက္ပါ။
နံပတ္ ၂၄ ။ ။ ADD HOURS ကုိ ႏွိပ္လိုက္ပါ။
နံပတ္ ၂၅ ။ ။ ကြ်န္ေတာ္ကေတာ႔ ပိတ္ရက္ မရွိတဲ႔အတြက္ အကုန္လုံးကုိ အျပာေတြေပးျပီး အခ်ိန္ကိုလည္း 9:00 AM – 9:00 PM ေပးလိုက္ပါသည္။ မိမိဆိုင္ရဲ႕ အခ်ိန္ေတြကိုေတာ႔ ကိုယ္႔ဘာသာ ျဖည္႔လိုက္ေနာ္။
နံပတ္ ၂၆ ။ ။ ADD CONTACT INFO ကုိ ႏွိပ္လိုက္ပါ။
နံပတ္ ၂၇ ။ ။ ဖုန္းနံပတ္ ထည္႔ေပးပါ။ ၂လုံး ရွိရင္ ၂လုံးထည္႔ပါ။ ၃လုံးရိွရင္ ၃လုံး ထည္႔ပါ။ ျပီးရင္ေတာ႔ SAVE ကို ႏွိပ္လိုက္ပါ။
နံပတ္ ၂၈ ။ ။ ADD URL ကို ႏွိပ္ပါ။
နံပတ္ ၂၉ ။ ။ ဒီမွာေတာ႔ မိမိမွာ Website ရွိရင္ Website ထည္႔ေပးလိုက္ပါ။ မရွိဘူး ဆုိရင္ မိမိဆီမွာေတာ႔ Page ေတာ႔ ရွိမွာပါ။ အဲ႔ဒီေတာ႔ Page လိပ္စာေလး ထည္႔ေပးလိုက္ပါ။ မရွိဘူးဆိုရင္လည္း မိမိရဲ႕ Facebook Profile Link ကိုထည္႔ေပးလုိက္ပါ။
နံပတ္ ၃၀ ။ ။ ADD PHOTOS ကို ႏွိပ္လိုက္ပါ။
နံပတ္ ၃၁ ။ ။ Cover Photo ျဖစ္တဲ႔အတြက္ မိမိဆုိင္နဲ႔ သက္ဆုိင္တဲ႔ ပုံ လွလွေလး ထည္႔ေပးေနာ္။
နံပတ္ ၃၂ ။ ။ Your code is on its way ( LEARN MORE ) ဆိုျပီး ေပၚလာရင္ OK ပါျပီ။
နံပတ္ ၃၃ ။ ။ ေနာက္ ၂ရက္ ၊ ၃ရက္ ေနရင္ Enter your verification code ဆိုျပီး ေပၚလာပါလိမ္႔မည္။ ဒါဆိုရင္ ထပ္ျပီး OK ပါျပီ။ ဆက္ၾကည္႔ပါအုန္းမည္။
ဒါဆုိရင္ Verify လုပ္ဖို႔အတြက္ Google Team ကေနျပီး ၁၅ ရက္ ကေန ရက္ ၃၀ အတြင္း မိမိ ဆိုင္လိပ္စာအတုိင္း ရန္ကုန္စာတုိက္ကေန ဆိုင္အေရာက္ Google My Business ဆိုျပီး စာအိတ္ကေလးနဲ႔ ေရာက္ရွိလာမည္ ျဖစ္ပါသည္။ အဲ႔ဒီ စာအိတ္ေလးကုိ ေဖာက္ျပီး အထဲမွာ code ရွိပါသည္။ အဲ႔ဒီ code ေလးေတြကုိ မိမိဖုန္းထဲက Google My Business မွာ လာထည္႔ေပးယုံပါဘဲ။ မိမိရဲ႕ Google My Business မွာလည္း Verify ျဖစ္ေၾကာင္း အမွန္ျခစ္ေလး လာျပပါလိမ္႔မည္။ ဒါဆုိရင္ Google Maps မွာ Official ျဖစ္သြားပါျပီ။ ဒါဆိုရင္ မိမိရဲ႕ ဆိုင္လိပ္စာေလးကုိ code ထည္႔ျပီး တစ္ပတ္အတြင္း Google Maps မွာ လာျမင္ရမည္ ျဖစ္ပါသည္။
မွတ္ခ်က္ ။ ။ လူၾကီးမင္းအတြက္ ဒီပုိ႔စ္ေလးဟာ အက်ိဳးရွိခဲ႔မယ္ဆုိရင္ အျပန္အလွန္အားျဖင္႔ ဒါေလးေတ႔ာ ကူညီခဲ႔ေပးၾကပါေနာ္။
အရမ္းၾကီလည္း မခက္ခဲပါဘူးခင္ဗ်ာ။
နံပတ္ ၁ ။ ။ Google Maps application ထဲ ၀င္ျပီး lint hit mobile ဆိုျပီး ရိုက္လိုက္ပါ။ Yan Pyae 19st & Yan Pyae 20st TharKayTa Township MM 11231 ေတြ႔ပါက ႏွိပ္လိုုက္ပါ။
ဒါမွမဟုတ္ ဒီလင္႔ေလးကို ႏွိပ္ျပီးေတာ႔လည္း Review ေပးလို႔ ရပါသည္။ ဒီမွာ
နံပတ္ ၂ ။ ။ Review မွာ 5 Star ေလးေပးျပီး စာေလး တစ္ေၾကာင္း ၊ ႏွစ္ေၾကာင္းေလာက္ ေရးေပးခဲ႔ပါေနာ္။
ဘာလို႔ Review လုပ္ခုိင္းရလဲ ဆိုရင္ Review မ်ားမွာ မိမိရဲ႕ ဆုိင္လိပ္စာက Google Maps မွာ ေထာက္ၾကည္႔လိုက္တာနဲ႔
Lin Thit Mobile ဆိုျပီး လာေပၚေနမွာမလို႔ပါ။ Review မမ်ားရင္ေတာ႔ Google Maps ထဲမွာ ဆုိင္နာမည္ ေရးျပီး ရွာမွ Point Location လာေပၚမွာပါ။ ဒါေလး Official ပါဘဲ။ မိမိက Google Maps ထဲကေန နာမည္ေရးျပီး ရွာရင္ေတာ႔ Location တန္းေပၚပါသည္။ မိမိက Google Maps ထဲမွာ နာမည္မေရးဘဲ ဒီအတုိင္း Google Maps ကုိ ျဖဲျပီး Point Location ရွာခ်င္ရင္ေတာ႔ သူငယ္ခ်င္းေတြကုိ ဒီနည္းလမ္းကို ေျပာျပျပီး Review ေတြ လုပ္ခုိင္းၾကပါေနာ္။ ဒါမွသာ Google Maps ထဲမွာ မိမိဆုိင္လိပ္စာက ျပဴးျပီး ေပၚေနမွာ မလို႔ပါ။

PDF ဖိုင္အျဖင္႔ သိမး္ထားလိုပါက ဒီလင္႔ကေန ေဒါင္းပါ။
Download >> ဒီမွာ <<
or
>> ဒီမွာ <<
အားလုံးဘဲ ေက်းဇူးတင္ပါတယ္ ခင္ဗ်ာ။ Credit;; ေအာင္မင္းဟန္

No comments:

Post a Comment

မင်္ဂလာပါ..