menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

Computer HDD နေရာလွတ်အများကြီးကျန်အောင်လုပ်နည်း


အခုခေတ်မှာ ဟာ့ဒ်ဒစ်တွေက ဖိုင်ဆိုက်တွေ ပိုများလာတယ်ဆိုပေမယ့်၊ ကွန်ပြူတာသုံးသူတိုင်း အမြဲကြုံတွေ့ရတဲ့ပြဿနာက Hard Disk နေရာလွတ်သိပ်မရှိတော့တဲ့ ပြဿနာပါ။ HDD တွေထက်စာရင် ဖိုင်ဆံ့တာပိုနည်းတဲ့ SDD သုံးတဲ့လူတွေဆိုရင် ပိုသိသာပါတယ်။

တကယ်လို့၊ ကွန်ပြူတာမှာ အရေးတကြီးဖိုင်တွေ၊ ဗီဒီယိုတွေ၊ ပရိုဂရမ်တွေ သိမ်းချင်ပေမယ့်၊ Hard disk သိပ်မလွတ်တော့တဲ့အတွက် ဒုက္ခရောက်နေသူတွေအတွက် ကွန်ပြူတာထဲက မလိုအပ်တဲ့ အပိုဖိုင်တွေကို ဖျက်ပြီး နေရာလွတ်များများရအောင် လုပ်နည်းကို မသိသေးသူတွေအတွက် ဝေမျှပေးလိုက်ပါတယ်။
နည်း (၁) – Disk Cleanup လုပ်ပေးပါ။


Windows တွေမှာ မလိုအပ်တဲ့ဒေတာတွေ၊ ခဏသိမ်းထားတဲ့ temporary file တွေကို ဖျက်ဖို့အတွက် tool တစ်ခု အစကတည်းက ပါလာပါတယ်။ ဒီ tool ကို သုံးမယ်ဆိုရင်၊ My Computer ထဲဝင်၊ ကိုယ် clean လုပ်ချင်တဲ့ drive ကို ရွေးပြီး၊ right-click နှိပ်၊ Properties ထဲ ဝင်လိုက်ပါ။

 

Box တစ်ခုကျလာပြီး၊ Disk Cleanup ဆိုတာကို ကလစ်လိုက်ရင် Windows က ဖျက်လို့ရမယ့်ဖိုင်တွေကို အလိုလိုတွက်ပေးပါလိမ့်မယ်။ ကိုယ်ဖျက်ချင်တဲ့ဖိုင်တွေကို အမှန်ခြစ်လိုက်ခြစ်ပေးပါ။ Temporaray ဖိုင်တွေ၊ log ဖိုင်တွေ၊ recycle bin ထဲကဖိုင်တွေနဲ့ တခြားအရေးမကြီးဖိုင်တွေကို ဖျက်ပစ်နိုင်ပါတယ်။

 

ဒီစာရင်းထဲမှာမပေါ်တဲ့ စစ်စတမ်ဖိုင်တွေကိုလည်း အောက်နားက Cleanup System files ဆိုတဲ့ ခလုတ်ကို နှိပ်ပြီး ဖျက်ပစ်နိုင်ပါတယ်။

 

ဒီနည်းနဲ့ဖိုင်တွေဖျက်ပြီးသွားရင်၊ နောက်ထပ် ‘More Options’ ဆိုတာထဲ ဝင်ပြီး၊ ‘System Restore and Shadow Copies’ ဆိုတဲ့ ခေါင်းစဉ်အောက်က၊ ‘Clean up’ ကို နှိပ်ပြီး၊ ကွန်ပြူတာစစ်စတမ်ကနေ restore သိမ်းထားတဲ့ဖိုင်တွေ ထပ်ဖျက်နိုင်ပါသေးတယ်။ တစ်ခုသတိပြုရမှာက- ဒါကိုဖျက်လိုက်ရင် ကွန်ပြူတာရဲ့ restore လုပ်ထားတဲ့အဆင့်တွေကိုလည်း ဖျက်သွားမှာဖြစ်တာကြောင့်၊ ကွန်ပြူတာ error တစ်ခုခု ကြုံရင်၊ ပုံမှန်လို ရက်တော်တော်ကြာကြာတစ်ချိန်က ကွန်ပြူတာစစ်စတမ်ဆီ ပြန်သွားလို့ရမှာမဟုတ်တော့ပါဘူး။

 

C ကို ဖျက်ပြီးရင်၊ အထက်ပါ Cleanup နည်းတွေအတိုင်း D ကိုလည်း ဖျက်ပေးပါ။
နည်းလမ်း(၂)- နေရာအများကြီးယူထားတဲ့ပရိုဂရမ်တွေကိုဖျက်ပစ်ပါ။
မလိုအပ်တဲ့ပရိုဂရမ်တွေကို uninstall လုပ်ပစ်ခြင်းကလည်း Hard Disk မှာ နေရာလွတ်တော်တော် ထွက်လာမယ့်နည်းပါ။

 

ဒီနည်းကတော့ Control Panel ထဲ အရင်ဝင်ပြီး၊ Programs and Features ကို နှိပ်လိုက်ပါ။ ညာဘက်ဘေးနားက Size ဆိုတာကိုနှိပ်ပြီး၊ ဖိုင်ဆိုက်အများဆုံးပရိုဂရမ်ကနေ အနည်းဆုံးအထိ အထက်အောက်ပေါ်အောင် ပြောင်းကြည့်နိုင်ပါတယ်။ (တစ်ချို့ပရိုဂရမ်တွေက သူတို့အမှန်တကယ်ယူထားတဲ့ space ကို တိတိကျကျမဖော်ပြတတ်ပါဘူး။ တခါတလေ ပြထားတာထက် ဖိုင်ဆိုက်ပိုယူထားတတ်ပါတယ်)။ ပေါ်လာတဲ့ ပရိုဂရမ်တွေထဲက၊ ကိုယ်သိပ်မသုံးဖြစ်တာတွေ၊ မလိုအပ်တဲ့ပရိုဂရမ်တွေကို uninstall လုပ်ပေးပါ။

နည်း(၃) ဖိုင်ရှင်းလင်းရေးလုပ်ပေးတဲ့ဆော့ဖ်ဝဲသုံးပါ။
Windows ကပါတဲ့ Disk Cleanup tool က တော်တော်အသုံးဝင်တယ်ဆိုပေမယ့်၊ တခြားပရိုဂရမ်တွေ (ဥပမာ – Firefox တို့ Chrome) တို့ကသုံးထားတဲ့ caches ဖိုင်တွေ၊ ယာယီဖိုင်တွေကို မဖျက်ပေးပါဘူး။ ဒီလိုဖိုင်တွေ ဖျက်ချင်ရင်တော့၊ အကောင်းဆုံးနဲ့ လူသုံးအများဆုံးဆော့ဖ်ဝဲက CCleaner ဖြစ်ပါတယ်။ ဒီကနေ ဒေါင်းလုဒ်ဆွဲနိုင်ပါတယ်။
CCleaner ဟာ တခြား third-part ပရိုဂရမ်တွေက မလိုတဲ့ဖိုင်တွေကို ဖျက်ပေးနိုင်သလို၊ Disk Cleanup က မဖျက်ပေးတဲ့ Windows ဖိုင်တွေကိုလည်း ဖျက်ပေးနိုင်ပါတယ်။

 

နည်း(၄) – System Restore အတွက်သုံးတဲ့ ဖိုင်ဆိုက်ပမာဏကို လျှော့ပေးပါ။
System Restore က ကွန်ပြူတာကို အရင်စစ်စတမ်အခြေအနေဆီ ပြန်သွားဖို့လိုအပ်တဲ့ restore point တွေအတွက် ဖိုင်ဆိုက်ပမာဏအများကြီးယူထားတယ်ဆိုရင်၊ ဒီပမာဏကို လျှော့ပေးပါ။ ကိုယ်က ဟိုကလိ၊ ဒီကလိလည်းမသုံးဘူးဆိုရင် System Restore က သိပ်မလိုဘူးလို့ပြောလို့ရပါတယ်။ ဒါကြောင့်၊ Control Panel ထဲက System ထဲဝင်၊ System protection ကိုရွေး ( Computer မှာ right-click ထောက်ပြီး၊ Properties ထဲဝင်လည်းရပါတယ်)

 

System Protection ထဲ ရောက်သွားပြီဆိုရင်၊ Configure ကိုရွေးလိုက်ပါ။ ဒါဆိုစခရင်တစ်ခုပေါ်လာမှာဖြစ်ပြီး၊ ဒီမှာ System Protection ကို လုံးဝပိတ်ပစ်နိုင်လို၊ အရင်မှတ်ထားတဲ့ restore points တွေလည်း အကုန်ဖျက်ပစ်နိုင်ပါတယ်။ System Restore မပိတ်ချင်ဘူးဆိုရင်တော့ အောက်ကဘားလေးမှာ ဖိုင်ဆိုက် နည်းနည်းဆွဲပြီး လျှော့ချလိုက်ပါ။ ပြီးရင် Apply လုပ်ပြီး၊ OK နှိပ်လိုက်ရင် ပြီးပါပြီ။

Ref: How to Geek

 Credit – digitaltimes.com.mm

No comments:

Post a Comment

မင်္ဂလာပါ..