menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

Chrome Browser ကို နောက်မှာ Run မနေအောင်

Chrome Browser ကို အသုံးမပြုတဲ့အခါမှာ Background မှာ run နေတာကို ပိတ်ထားချင်တယ်ဆိုရင် ပြုလုပ်နိုင်မယ့် နည်းလမ်းဖြစ်ပါတယ်။ Browser ကို ပိတ်လိုက်တဲ့အခါမှာ နောက်ကွယ်မှာ run နေတာဟာ ကောင်းကျိုးရော ဆိုးကျိုးပါရှိပါတယ်။ ကောင်းကျိုးအနေနဲ့ web service တစ်ခုခုကို အသုံးပြုနေတယ်ဆိုရင် notification တွေ နဲ့ update တွေကို နောက်ကွယ်ကနေ လုပ်ဆောင်ပေးနေ ပါလိမ့်မယ်။
မကောင်းတဲ့ အချက်အနေနဲ့ကတော့ Chrome browser ဟာ နောက်ကွယ်မှာ run နေတဲ့အတွက် system ပိုင်းမှာ အလုပ်လုပ်ဆောင်တဲ့အခါ အနည်းငယ်နှေးစေမှာဖြစ်ပါတယ်။ တစ်ကယ်လို့ သင်ဟာ ဂိမ်းကစားမယ်ဆိုရင် Chrome browser ကနောက်ကွယ်ကနေ run နေတဲ့အတွက် အနည်းငယ် ပိုမိုလေး နေပါလိမ့်မယ်။

Browser ကို ပိတ်ထားချိန်မှာ Background မှာ run မနေစေဖို့အတွက် Chrome browser ရဲ့ Main menu ကို နှိပ်ပါ။ ပြီးရင် Settings ဆိုတာကို ရွေးရပါမယ်။

Settings ထဲကမှ Show advanced settings ဆိုတာကို ထပ်မံနှိပ်ပါ။

 System အောက်က Continue running background apps when Google Chrome is closed ဆိုတဲ့နေရာမှာ အမှန်ခြစ်ကို ဖြုတ်ထားလိုက်တယ်ဆိုရင် Chrome browser ကို ပိတ်လိုက်တဲ့အခါမှာ background မှာ run နေမှာမဟုတ်တော့ပါဘူး။

Zawgyi 


No comments:

Post a Comment

မင်္ဂလာပါ..