menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

MacBook ကီးဘုတ်ကျွမ်းကျင်စွာအသုံးပြုနည်း



Macbook User များအနေနဲ့ Keyboard shortcuts များကို ကျွမ်းကျင်စွာ သုံးတာဟာ Macbook သုံးစွဲခြင်းရဲ့ ကောင်းမွန်တဲ့အတွေ့အကြုံများဖြစ်မှာပါ။
Keyboard shortcuts တွေစုံစုံလင်လင်ဖော်ပြေပေးတာမို့ မိမိမသိသေးတဲ့ shortcuts တစ်ခုလောက်သိရရင်ပဲ ဖတ်ရကျိုးပါပြီ။

Windows မှ Macbook ကို စတင်ပြောင်းလဲသုံးစွဲသူများအနေနဲ့လည်း Keyboard အပြောင်းအလဲကြောင့် အနည်းငယ် အခက်တွေ့နိုင်ပါတယ်။ အခုပြောပြမယ့် Macbook Keyboard shortcuts တွေသိသွားရင်တော့ Windows မှာလို အဆင်ပြေချောမွေစွာ သုံးနိုင်ပါပြီ။ အမှန်တကယ်ဆို Mac က Windows ထက်ကို သုံးစွဲရ ပိုမိုလွယ်ကူပါသေးတယ်။


MacBook Keyboard က အဓိက symbols keys တွေကတော့ -

• Command ⌘

• Shift ⇧

• Option ⌥

• Control ⌃

• Caps Lock ⇪

• Fn

Keys တွေပါ။

ဒီ Keys တွေနဲ့ပေါင်းစပ်ပြီး Shortcuts အဖြစ်သုံးကြပါတယ်။

အဓိက မှတ်သားရမှာက Windows မှာဆို Ctrl (Control) နဲ့ တွဲသုံးတဲ့ shortcuts များကို Mac မှာတော့ Command (⌘) key နဲ့ တွဲပြီးသုံးပါတယ်။ ဒီတစ်ချက် သိရင်ပဲ တော်တော်အဆင်ပြေပါပြီ။ (ဥပမာ - Ctrl + C (windows) <=> Command(⌘) + C (Mac))။

ကဲ MacBook Keyboard Shortcuts Keys များကိုလေ့လာကြရအောင်။

⌘ + X - ဖြတ်တာ

⌘ + C - Copy ကူးတာ

⌘ + V - Paste လုပ်ရတာ

⌘ + Z - Undo လုပ်တာ

⌘ + ⇧ + Z - Redo လုပ်တာ

⌘ + A - Select All (အကုန် select လုပ်တာ)

⌘ + F - Find (ရှာဖွေတာ။ (file ရှာတာဖြစ်ဖြစ်၊ စကားလုံးရှာတာဖြစ်ဖြစ်သုံးတယ်)

⌘ + H - Hide လုပ်ရန် (လက်ရှိသုံးနေတဲ့ App window ကို Hide တာ)

⌘ + ⌥ + H - Hide လုပ်တယ် (လက်ရှိသုံးနေတဲ့ App window ကလွဲပြီး တခြားဖွင့်ထားတဲ့ Apps window တွေကို Hide တာ)

⌘ + M - Minimize လုပ်တာ (လက်ရှိသုံးနေတဲ့ App window)

⌘ + ⌥ + M - Minimize လုပ်တာ (လက်ရှိသုံးနေတာကလွဲပြီး တခြားဖွင့်ထားတဲ့ Apps window များ)

⌘ + N - New (File အသစ်ဖွင့်တာ)

⌘ + ⌥ + N - Folder အသစ်တည်ဆောက်တာ

⌘ + O - Open(File အဟောင်းဖွင့်တာ။ select လုပ်ထားတဲ့ folder(or) file ဖွင့်တာ)

⌘ + P - Print ထုတ်တာ

⌘ + S - Save သိမ်းလုပ်တာ

⌘ + W - Close ပိတ်တာ(ဖွင့်တားတဲ့ window ကိုပိတ်တာ)

⌘ + ⌥ + W - Close ပိတ်တာ(App တခုမှာ ဖွင့်ထားတဲ့ window အားလုံးပိတ်တာ)

⌘ + Q - ဖွင့်ထားတဲ့ App ကိုပိတ်တာ။

⌘ + ⌥ + Esc - Force Quit App လေးဖွင့်တာ။

⌘ + ⇧ + ⌥ + Esc - Force Quit. (Force Quit တခါတည်းတန်းလုပ်တာ)

⌘ + Space bar - Spotlight Search ခေါ်တာ

⌘ + Tab - ဖွင့်ထားတဲ့ Apps တွေ တစ်ခုကနေ တစ်ခုရွှေ့ပြောင်းတာ

⌘ + ⇧ + 3 - Screenshot (Screen တစ်ခုလုံး screenshot တာ။ ပြီးရင် desktop ပေါ်မှာသွားသိမ်းတယ်)

⌘ + ⇧ + 4 - Screenshot (လိချင်တဲ့အပိုင်းလေးလောက် နေရာလေးဆွဲမှတ်ပြီး screenshot တာ။ ပြီးရင် desktop ပေါ်မှာသွားသိမ်းတယ်)

⌘ + Comma (,) - Preferences (သက်ဆိုင်ရာ App ရဲ့ Preferences ကိုဖွင့်တာ)

⌘ + F - Find (File တွေရှာတာဖြစ်ဖြစ်, စာတွေရှာတာဖြစ်ဖြစ်သုံးတယ်)

⌘ + ⇧ + O - AirDrop folder ဖွင့်တာ (AirDrop နဲ့ Share ထားတဲ့ file တွေကြည့်တာ)

Space bar - Select မှတ်ထားတဲ့ file (or) folder ကို Preview ကြည့်တာ

⌘ + Y - Select မှတ်ထားတဲ့ file (or) folder ကို Preview ကြည့်တာ

⌘ + Double Click - ဖွင်လိုတဲ့ Folder ကို Tab အသစ်ယူပြီးဖွင့်တာ

⌘ + Delete - Select လုပ်ထားတဲ့ file or folder ကို Delete လုပ်တာ

⌘ + ⇧ + Delete - အမှိူက်ပုံးထဲကဟာတွေ အပြီးအပိုင် အကုန် delete လုပ်တာ

⌘ + ⇧ + Power button - Sleep လုပ်တာ

⌘ + ⇧ + Media Eject(ကီးဘုတ်ရဲ့ညာဘက် အပေါ်ထောင့်စွန်းက ပေါ်ထောင်နေတဲ့မျှားခေါင်း တြိဂံလေး) - Sleep လုပ်တာ

⌘ + ⌃ + Power button - Force Restart လုပ်တာ


Macbook User မ်ားအေနနဲ႔ Keyboard shortcuts မ်ားကုိ ကၽြမ္းက်င္စြာ သံုးတာဟာ Macbook သံုးစြဲျခငး္ရဲ႕ ေကာင္းမြန္တဲ့အေတြ႔အႀကံုမ်ားျဖစ္မွာပါ။
Keyboard shortcuts ေတြစံုစံုလင္လင္ေဖာ္ေျပေပးတာမို႔ မိမိမသိေသးတဲ့ shortcuts တစ္ခုေလာက္သိရရင္ပဲ ဖတ္ရက်ိဳးပါၿပီ။
Windows မွ Macbook ကို စတင္ေျပာင္းလဲသံုးစြဲသူမ်ားအေနနဲ႔လည္း Keyboard အေျပာင္းအလဲေၾကာင့္ အနည္းငယ္ အခက္ေတြ႔ႏိုင္ပါတယ္။ အခုေျပာျပမယ့္ Macbook Keyboard shortcuts ေတြသိသြားရင္ေတာ့ Windows မွာလို အဆင္ေျပေခ်ာေမြစြာ သံုးႏိုင္ပါၿပီ။ အမွန္တကယ္ဆို Mac က Windows ထက္ကို သံုးစြဲရ ပိုမိုလြယ္ကူပါေသးတယ္။

MacBook Keyboard က အဓိက symbols keys ေတြကေတာ့ -
• Command ⌘
• Shift ⇧
• Option ⌥
• Control ⌃
• Caps Lock ⇪
• Fn
Keys ေတြပါ။
ဒီ Keys ေတြနဲ႔ေပါင္းစပ္ၿပီး Shortcuts အျဖစ္သံုးၾကပါတယ္။
အဓိက မွတ္သားရမွာက Windows မွာဆို Ctrl (Control) နဲ႔ တြဲသံုးတဲ့ shortcuts မ်ားကို Mac မွာေတာ့ Command (⌘) key နဲ႔ တြဲၿပီးသံုးပါတယ္။ ဒီတစ္ခ်က္ သိရင္ပဲ ေတာ္ေတာ္အဆင္ေျပပါၿပီ။ (ဥပမာ - Ctrl + C (windows) <=> Command(⌘) + C (Mac))။
ကဲ MacBook Keyboard Shortcuts Keys မ်ားကိုေလ့လာၾကရေအာင္။
⌘ + X - ျဖတ္တာ
⌘ + C - Copy ကူးတာ
⌘ + V - Paste လုပ္ရတာ
⌘ + Z - Undo လုပ္တာ
⌘ + ⇧ + Z - Redo လုပ္တာ
⌘ + A - Select All (အကုန္ select လုပ္တာ)
⌘ + F - Find (ရွာေဖြတာ။ (file ရွာတာျဖစ္ျဖစ္၊ စကားလံုးရွာတာျဖစ္ျဖစ္သံုးတယ္)
⌘ + H - Hide လုပ္ရန္ (လက္ရွိသံုးေနတဲ့ App window ကို Hide တာ)
⌘ + ⌥ + H - Hide လုပ္တယ္ (လက္ရွိသံုးေနတဲ့ App window ကလြဲၿပီး တျခားဖြင့္ထားတဲ့ Apps window ေတြကို Hide တာ)
⌘ + M - Minimize လုပ္တာ (လက္ရွိသံုးေနတဲ့ App window)
⌘ + ⌥ + M - Minimize လုပ္တာ (လက္ရွိသံုးေနတာကလြဲၿပီး တျခားဖြင့္ထားတဲ့ Apps window မ်ား)
⌘ + N - New (File အသစ္ဖြင့္တာ)
⌘ + ⌥ + N - Folder အသစ္တည္ေဆာက္တာ
⌘ + O - Open(File အေဟာင္းဖြင့္တာ။ select လုပ္ထားတဲ့ folder(or) file ဖြင့္တာ)
⌘ + P - Print ထုတ္တာ
⌘ + S - Save သိမ္းလုပ္တာ
⌘ + W - Close ပိတ္တာ(ဖြင့္တားတဲ့ window ကိုပိတ္တာ)
⌘ + ⌥ + W - Close ပိတ္တာ(App တခုမွာ ဖြင့္ထားတဲ့ window အားလံုးပိတ္တာ)
⌘ + Q - ဖြင့္ထားတဲ့ App ကိုပိတ္တာ။
⌘ + ⌥ + Esc - Force Quit App ေလးဖြင့္တာ။
⌘ + ⇧ + ⌥ + Esc - Force Quit. (Force Quit တခါတည္းတန္းလုပ္တာ)
⌘ + Space bar - Spotlight Search ေခၚတာ
⌘ + Tab - ဖြင့္ထားတဲ့ Apps ေတြ တစ္ခုကေန တစ္ခုေရႊ႕ေျပာင္းတာ
⌘ + ⇧ + 3 - Screenshot (Screen တစ္ခုလံုး screenshot တာ။ ၿပီးရင္ desktop ေပၚမွာသြားသိမ္းတယ္)
⌘ + ⇧ + 4 - Screenshot (လိခ်င္တဲ့အပိုင္းေလးေလာက္ ေနရာေလးဆြဲမွတ္ၿပီး screenshot တာ။ ၿပီးရင္ desktop ေပၚမွာသြားသိမ္းတယ္)
⌘ + Comma (,) - Preferences (သက္ဆိုင္ရာ App ရဲ႕ Preferences ကိုဖြင့္တာ)
⌘ + F - Find (File ေတြရွာတာျဖစ္ျဖစ္, စာေတြရွာတာျဖစ္ျဖစ္သံုးတယ္)
⌘ + ⇧ + O - AirDrop folder ဖြင့္တာ (AirDrop နဲ႔ Share ထားတဲ့ file ေတြၾကည့္တာ)
Space bar - Select မွတ္ထားတဲ့ file (or) folder ကို Preview ၾကည့္တာ
⌘ + Y - Select မွတ္ထားတဲ့ file (or) folder ကို Preview ၾကည့္တာ
⌘ + Double Click - ဖြင္လိုတဲ့ Folder ကို Tab အသစ္ယူၿပီးဖြင့္တာ
⌘ + Delete - Select လုပ္ထားတဲ့ file or folder ကို Delete လုပ္တာ
⌘ + ⇧ + Delete - အမႉိက္ပံုးထဲကဟာေတြ အၿပီးအပိုင္ အကုန္ delete လုပ္တာ
⌘ + ⇧ + Power button - Sleep လုပ္တာ
⌘ + ⇧ + Media Eject(ကီးဘုတ္ရဲ႕ညာဘက္ အေပၚေထာင့္စြန္းက ေပၚေထာင္ေနတဲ့မွ်ားေခါင္း ျတိဂံေလး) - Sleep လုပ္တာ
⌘ + ⌃ + Power button - Force Restart လုပ္တာ

No comments:

Post a Comment

မင်္ဂလာပါ..