menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

iPhone battery နဲ့ပါတ်သက်၍ ရှောင်သင့်သည်များ

iPhone battery နဲ့ပါတ်သက်၍ ရှောင်ကျဉ်သင့်သည်များ
===============
ကျွန်တော်တို့ဟာ နေစဉ်နဲ့အမျှ iPhone ကိုနှစ်သက်ခုံမင်စွာ သုံးစွဲနေကြပါတယ်။ ဒီလို သုံးစွဲရင်းပဲ သတိမူပဲပြုမူမိတဲ့ တချို့အမှားတွေကြောင့် iPhone များပျက်စီးခြင်းဖြစ်မဖြစ်မိအောင် သတိထားဖို့လည်းလိုပါတယ်။
အခု ဒီနေရာမှာ မှားယွင်းတဲ့ အားသွင်းမှုတွေကြောင့် iPhone ပျက်စီးမှုမဖြစ်စေဖို့ ရှောင်ကျဉ်သင့်တဲ့အချက်လေးများကို တင်ပြပေးလိုက်ပါတယ်ဗျာ ...
100% အားအပြည့်မသွင်းပါနဲ့ 
10% အောက်ဆို လုံးဝမသုံးတော့နဲ့

=================
iPhone ကို သာမာန်အားသွင်းရိုးသွင်းစဉ်အတိုင်း အားသွင်းစဉ် လောဘတကြီးနဲ့ 100% အပြည့်အားသွင်းတာမျိုးဟာ ရှောင်ကျဉ်သင့်ပါတယ်။
90% လောက်အားပြည့်ပြီဆိုရင် ဆက်မသွင်းသင့်တော့ပါဘူး။ 100% အားအပြည့်သွင်းခြင်းဟာ battery သက်တမ်းကို တိုတောင်းစေပါတယ်။
နောက်ပြီး iPhone သုံးစွဲတဲ့အခါမှာလည်း low battery သတိပေး noti တက်လာရင် အားသွင်းဖို့ဆောင်ရွက်ပါတော့။ ဒီလိုအခြေအနေမျိုးတွေမှာ ဖုန်းကို ဆက်လက်အသုံးပြုတာတွေ အမြဲတမ်းလိုလိုဖြစ်လာမယ်ဆိုရင် သင့် iPhone ရဲ့ ဘက်ထရီသက်တမ်းမြန်မြန်တိုတတ်ပါတယ်။
အကောင်းဆုံးကတော့ 30% နဲ့ 90% ကြားပဲ သတိထားပြီးအားသွင်းသင့်ပါတယ်။ Battery အား 30% အောက်ရောက်တာနဲ့ အားသွင်းပါ။ 90% ဖြစ်ရင်ဖြုတ်ပါ။
အားသွင်းစဉ် case/cover တို့ကိုတပ်ပြီးမသွင်းပါနဲ့
=================
iPhone မှာ သုံးစွဲထားတဲ့ Lithium-ion battery တွေဟာ အပူဒါဏ်မခံနိုင်ပါဘူး။ ဖုန်းကို cover တပ်ပြီးအားသွင်းမယ်ဆို ပိုမိုပူလာစေပါတယ်။
ဒီလိုမျိုးအမြဲတမ်းပြုလုပ်မူနေမိမယ်ဆိုရင် battery cells တွေပျက်စီးပြီးစွမ်းဆောင်ရည်တွေကျဆင်းနိုင်တဲ့အတွက် ဒီလိုမပြုမူမိဖို့ ရှောင်ရှားသင့်ပါတယ်။
တွေ့ကရာ အားသွင်းခေါင်းများကိုအသုံးမပြုပါနဲ့
==================
iPhone ကိုအားသွင်းတဲ့အခါ သူ့ရဲ့ Apple Original Charger ကိုပဲအသုံးပြုပြီးအားသွင်းပါ။ တွေ့ကရာ အားသွင်းခေါင်းကိုအသုံးပြုပြီးအားသွင်းမယ်ဆို iPhone ရဲ့ battery ကိုပျက်စီးစေနိုင်ပါတယ်။
Original အားသွင်းခေါင်းကပျက်သွားလို့ ၊ ပြန်ဝယ်လို့အဆင်မပြေတဲ့ အခြေအနေမျိုးဖြစ်နေရင်လည်း original နီးနီးကောင်းမွန်တဲ့ ပစ္စည်းများကို အသေချာရွေးချယ်ဝယ်ယူသုံးသင့်ပါတယ်။
iPhone တွေမှာ 2.1 A ထက်ပိုများတဲ့ speed ရှိတဲ့ အားသွင်း charger များနဲ့ လုံးဝအားမသွင်းမိပါစေနဲ့။ အထူးသဖြင့် ကားကနေတဆင့် အားသွင်းတာမျိုးကို လုံးဝလျှောင်ကျဉ်ပါ။

iPhone battery နဲ႔ပါတ္သက္၍ ေရွာင္က်ဥ္သင့္သည္မ်ား
===============
ကၽြန္ေတာ္တို႔ဟာ ေနစဥ္နဲ႔အမွ် iPhone ကိုႏွစ္သက္ခံုမင္စြာ သံုးစြဲေနၾကပါတယ္။ ဒီလို သံုးစြဲရင္းပဲ သတိမူပဲျပဳမူမိတဲ့ တခ်ိဳ႕အမွားေတြေၾကာင့္ iPhone မ်ားပ်က္စီးျခင္းျဖစ္မျဖစ္မိေအာင္ သတိထားဖို႔လည္းလိုပါတယ္။
အခု ဒီေနရာမွာ မွားယြင္းတဲ့ အားသြင္းမႈေတြေၾကာင့္ iPhone ပ်က္စီးမႈမျဖစ္ေစဖို႔ ေရွာင္က်ဥ္သင့္တဲ့အခ်က္ေလးမ်ားကို တင္ျပေပးလိုက္ပါတယ္ဗ်ာ ...
100% အားအျပည့္မသြင္းပါနဲ႔
10% ေအာက္ဆို လံုးဝမသံုးေတာ့နဲ႔

=================
iPhone ကို သာမာန္အားသြင္းရိုးသြင္းစဥ္အတိုင္း အားသြင္းစဥ္ ေလာဘတႀကီးနဲ႔ 100% အျပည့္အားသြင္းတာမ်ိဳးဟာ ေရွာင္က်ဥ္သင့္ပါတယ္။
90% ေလာက္အားျပည့္ၿပီဆိုရင္ ဆက္မသြင္းသင့္ေတာ့ပါဘူး။ 100% အားအျပည့္သြင္းျခင္းဟာ battery သက္တမ္းကို တိုေတာင္းေစပါတယ္။
နာက္ၿပီး iPhone သံုးစြဲတဲ့အခါမွာလည္း low battery သတိေပး noti တက္လာရင္ အားသြင္းဖို႔ေဆာင္ရြက္ပါေတာ့။ ဒီလိုအေျခအေနမ်ိဳးေတြမွာ ဖုန္းကို ဆက္လက္အသံုးျပဳတာေတြ အၿမဲတမ္းလိုလိုျဖစ္လာမယ္ဆိုရင္ သင့္ iPhone ရဲ႕ ဘက္ထရီသက္တမ္းျမန္ျမန္တိုတတ္ပါတယ္။
အေကာင္းဆံုးကေတာ့ 30% နဲ႔ 90% ၾကားပဲ သတိထားၿပီးအားသြင္းသင့္ပါတယ္။ Battery အား 30% ေအာက္ေရာက္တာနဲ႔ အားသြင္းပါ။ 90% ျဖစ္ရင္ျဖဳတ္ပါ။
အားသြင္းစဥ္ case/cover တို႔ကိုတပ္ၿပီးမသြင္းပါနဲ႔
=================
iPhone မွာ သံုးစြဲထားတဲ့ Lithium-ion battery ေတြဟာ အပူဒါဏ္မခံႏိုင္ပါဘူး။ ဖုန္းကို cover တပ္ၿပီးအားသြင္းမယ္ဆို ပိုမိုပူလာေစပါတယ္။
ဒီလိုမ်ိဳးအၿမဲတမ္းျပဳလုပ္မူေနမိမယ္ဆိုရင္ battery cells ေတြပ်က္စီးၿပီးစြမ္းေဆာင္ရည္ေတြက်ဆင္းႏိုင္တဲ့အတြက္ ဒီလိုမျပဳမူမိဖို႔ ေရွာင္ရွားသင့္ပါတယ္။
တြ႔ကရာ အားသြင္းေခါင္းမ်ားကိုအသံုးမျပဳပါနဲ႔
==================
iPhone ကိုအားသြင္းတဲ့အခါ သူ႔ရဲ႔ Apple Original Charger ကိုပဲအသံုးျပဳၿပီးအားသြင္းပါ။ ေတြ႔ကရာ အားသြင္းေခါင္းကိုအသံုးၿပဳၿပီးအားသြင္းမယ္ဆို iPhone ရဲ႕ battery ကိုပ်က္စီးေစႏိုင္ပါတယ္။
Original အားသြင္းေခါင္းကပ်က္သြားလို႔ ၊ ျပန္ဝယ္လို႔အဆင္မေျပတဲ့ အေျခအေနမ်ိဳးျဖစ္ေနရင္လည္း original နီးနီးေကာင္းမြန္တဲ့ ပစၥည္းမ်ားကို အေသခ်ာေရြးခ်ယ္ဝယ္ယူသံုးသင့္ပါတယ္။
iPhone ေတြမွာ 2.1 A ထက္ပိုမ်ားတဲ့ speed ရွိတဲ့ အားသြင္း charger မ်ားနဲ႔ လံုးဝအားမသြင္းမိပါေစနဲ႔။ အထူးသျဖင့္ ကားကေနတဆင့္ အားသြင္းတာမ်ိဳးကို လံုးဝေလွ်ာင္က်ဥ္ပါ။

===============

No comments:

Post a Comment

မင်္ဂလာပါ..