menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

Virus ကိုက်နေသော Memory stick ထဲမှဖိုင်များ ပြန်ယူနည်း

Memory Card, Memory Stick ထဲက Virus ကြောင့် Hidden ဖိုင်များ ပြန်ယူနည်း
*************************************************
- အရင်ဆုံး Window + R ဖြင့် Run box ခေါ်ပါ။
- Run Box ထဲတွင် cmd ဟုရိုက် Enter ခေါက်ပါ ( သို့ ) Ok နှိပ်ပါ။
- Command Prompt ပွင့်လာပါက attrib -r -a -s -h /s /d e:\Smadav.exe ဟု ရိုက်ပါ။
- - ဖိုင်တွေ ပြန်ဖော်တာ
+ - ဖိုင်တွေ ဖျောက်တာ
r - Read Only File
a - archive File
s - System File
h - Hidden File
/s - Sub Directory
/d - Directory
e:\ - Drive Letter Name
Smadav.exe က ဖျောက်ချင်သော ဖိုင်ပေါ့
( ဥပမာ - attrib +r +a +s +h /s /d e:\smadav.exe ဒါဆို Drive Letter ( E ) ထဲက Smadav ကို ဖျောက်လိုက်တာ )
( ဥပမာ - attrib -r -a -s -h /s /d e:\smadav.exe ဒါဆို Drive Letter ( E ) ထဲက smadav ကို ပြန်ဖော်တာ )
smadav.exe နောက်က .exe က file Format ဖြစ်ပါတယ်။ smadav က နာမည်ပေါ့။ mp3 ဆိုလည်း နောက်က နာမည်နဲ့ .mp3 ထည့်ပေးပေါ့။
ကိုယ်က သူများစက်ထဲက Hidden File ဖော်ချင်တယ်။ ဘာတွေမှန်းမသိရင် attrib -r -a -s -h /s /d e:\*.* ထည့်၍ အကုန်ရှာပါ။ Drive Letter ( E ) ထဲက မည်သည့် နာမည် မည်သည့် Format မဆို အကုန်ရှာခိုင်းတဲ့ သဘောပါ။
ဒီလောက်ဆို သဘောပေါက်လိမ့်မယ် ထင်ပါတယ်။
#crd
အဆင်ပြေပါစေ
ကျောက်ဆည်သားလေး

No comments:

Post a Comment

မင်္ဂလာပါ..